ဂျပန်မှာလက်ရှိနေထိုင်ချက်ရှိတဲ့ နိုင်ငံခြားသားတွေအတွက် ဝန်ဆောင်မှု

အခမဲ့

ပထမဆုံး ဝန်ဆောင်မှု ရယူနိုင်ရန် မှတ်ပုံတင်မည်

အလုပ်ပြောင်းချင်တဲ့ အချိန်ကိုရွေးပါ။

နိုင်ငံခြားသား‌သီးသန့် အလုပ်ရှာဖွေရေးဝန်ဆောင်မှုပေးနေတဲ့ WeXpats Jobs မှ
စတင်လိုက်တဲ့ အလုပ်ပြောင်းတဲ့ ဝန်ဆောင်မှု

POINT 01

နိုင်ငံခြားသား‌တွေကို ခန့်တဲ့ အလုပ်ခေါ်စာတွေ ချည်းပဲမို့
သင်နဲ့ကိုက်ညီတဲ့ အလုပ်ခေါ်စာကိုချက်ချင်းအကြံပြုနိုင်ခြင်း

အလုပ်ခေါ်စာတွေအားလုံးက နိုင်ငံခြားသားတွေကို မိတ်ဆက်ပေးဖို့အတွက် ရည်ရွယ်ပြီးလက်ခံထားတာကြောင့် ချက်ချင်း အလုပ်အကိုင်တွေကို အကြံပြုနိုင်ပါတယ်။
ဒါကြောင့် career advisor ကနေပြီးတော့ သင်နဲ့ လုံးဝကိုက်ညီတဲ့ အလုပ်ခေါ်စာတွေကို အကြံပြုနိုင်ပါတယ်။

POINT 02

ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ ၂ မျိုးဖြင့် ဆွေးနွေးနိုင်ခြင်း

ဘာသာစကား ၂ မျိုးတတ်ကျွမ်းတဲ့ career advisor ကနေပြီးတော့ ဆွေးနွေးပေးမှာ ဖြစ်တာကြောင့် ဆွေးနွေးတဲ့အချိန်မှာ ဂျပန်စာအရမ်းမကျွမ်းကျင်လဲ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
မိမိလိုလိုချင်တဲ့အချက်အလက်တွေကို သေချာပြောပြပြီး လွတ်လွတ်လပ်လပ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

လက်ရှိမှာတော့ ဂျပန်ဘာသာစကားနှင့် အင်္ဂလိပ် ဘာသာစကား ၂မျိုးသာ ဝန်ဆောင်မှုလျက်ရှိပါတယ်။

အလုပ်အကိုင်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ အကြံပေးပုဂ္ဂိုလ် များမှ သေသေချာချာ သင့်ကိုအကြံညဏ်ပေးခြင်း

WeXpats Agentအခမဲ့အသုံးပြုနိုင်ပါပြီ။

အခမဲ့ ဆွေးနွေးတိုင်ပင်မှုကို ရယူမည်။

Career Advisor များ

လုပ်ငန်းပိုင်းနှင့်ပတ်သက်ပြီး သိကျွမ်းနားလည်တဲ့ အကြံပေးပုဂ္ဂိုလ်များ ရှိပါတယ်။

長谷部 考則

Hasebe Takanori

宇野 真和

Uno Mao

比嘉 みちよし

Higa Michiyoshi

岩渕 美咲

Iwabuchi Misaki

西尾 榛夏

Nishio Haruka

အသုံးပြုပုံအသုံးပြုနည်း

STEP

01

မှတ်ပုံတင်ပါ

အရင်ဆုံး နာမည်၊ အီးမေးလ်လိပ်စာ၊ နေထိုင်ခွင့် အမျိုးအစား စတဲ့အရာတွေကို ဖြည့်ပြီးအဖွဲ့ ဝင်အဖြစ် မှတ်ပုံတင်ပါ။ မှတ်ပုံတင်ပြီးပါက career advisor ဆီကနေပြီးတော့ မှတ်ပုံတင်ထားတဲ့ဖုန်း သို့မဟုတ် အီးမေးလ် ကနေ တဆင့် ဆက်သွယ် လာပါလိမ့်မယ်။

STEP

02

ဆွေးနွေးတိုင်ပင်ပါ။

သင့်လိုချင်တဲ့ အချက်အလက်တွေကိုမေးမြန်းပြီး သင့်နဲ့ကိုက်ညီတဲ့ အလုပ်ကိုမိတ်ဆက်ပေးပါမည်။

STEP

03

လျှောက်လွှာတင်ပါ။

အလုပ်အကိုင်ရှာဖွေနေတဲ့ သူ အများစုအခက်အခဲတွေ့ လေ့ရှိကြတဲ့ ကိုယ်ရေးရာဇဝင်ရေးခြင်း၊ အင်တာဗျူးဖြေဆိုခြင်း၊ အချိန်ဇယားညှိနှိုင်းခြင်းတို့နဲ့ ပတ်သက်ပြီး သေချာဆွေးနွေးပေးပါ့မည်။

STEP

04

အင်တာဗျူးနဲ့ပတ်သက်ပြီးလေ့ကျင့်ခြင်း

သင့်ရဲ့ အားသာချက်တွေကိုအသုံးချနိုင်တဲ့ သင်နဲ့ကိုက်ညီတဲ့ အင်တာဗျုးလေ့ကျင့်မှုတွေကို ပြုလုပ်ပေးသွားပါ့မည်။

STEP

05

Offer လက်ခံခြင်း/အလုပ်ဝင်ခြင်း

အလုပ်ဝင်တဲ့အချိန်အထိ သေချာကူညီ ဆောင်ရွက်ပေးသွားပါ့မယ်။

အလုပ်အကိုင်ပြောင်းတဲ့စျေးကွက် အခြေအနေနှင့် အချိန်အနေအထားအပေါ်မူတည်ပြီး သင်လိုချင်တဲ့အလုပ်ကို မိတ်ဆက်ပေးလို့မရတဲ့ အလုပ်တွေလဲရှိတာကြောင့် ဒီအချက်နဲ့ပတ်သက်ပြီး ကြိုတင် သတိပြူထားပါ။

အလုပ်ခေါ်စာရှာဖွေခြင်း

သင်နဲ့ ကိုက်ညီတဲ့ အလုပ်ကိုရှာတွေ့မယ်။

အလုပ်တည်နေရာ

အလုပ်အကိုင်အမျိုးအစား

ဂျပန်စာအရည်အချင်း (JLPT)

အလုပ်ပြောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှုကနေ အစ သင်နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်ကိုအကြံပေးခြင်းအထိ
career advisorတွေမှ သေသေချာချာ ကူညီ ဆောင်ရွက်ပေးသွားပါမည်။

အခမဲ့ ဆွေးနွေးတိုင်ပင်မှုကို ရယူမည်။

အလုပ်အကိုင်ပြောင်းအေဂျင်စီဆိုတာ ဘယ်လိုမျိုးလဲ?

အလုပ်အကိုင်ပြောင်းအေဂျင်စီဆိုတာ ဂျပန်မှာလက်ရှိနေထိုင်နေပြီး အလုပ်အကိုင်ရှာဖွေချက်ရှိ နိုင်ငံခြားသားတွေနဲ့ အလုပ်အကိုင်ခန့်ဖို့အတွက် စဥ်းစားနေသော လုပ်ငန်း ကြားထဲဝင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
အတွေ့အကြုံတွေများပြားလှတဲ့ ကျွမ်းကျင်သူတွေထံမှ အကြံညဏ် ရယူနိုင်သောကြောင့် အလုပ်အကိုင်ရနိုင်ချေလဲ ပိုပြီးတော့ များပါတယ်။ နောက်ပြီး အလုပ်ခန့်ဖို့ ရှာဖွေနေတဲ့ လုပ်ငန်းတွေအနေနဲ့လဲ သင့်တော်တဲ့ သူတွေကို အလုပ်ခန့်ထားနိုင်တယ်။

WeXpats မှာတော့ အလုပ်ရှာဖွေနေသူတစ်ယောက်ကို အလုပ်မိတ်ဆက်ပေးနိုင်ပါက လုပ်ငန်းဘက်ကနေ ဝန်ဆောင်ခကို လက်ခံယူနေတဲ့အတွက်ကြောင့် အလုပ်ရှာဖွေနေတဲ့သူထံမှ ဝန်ဆောင်မှု အခကြေးငွေ တပြားမှာ တောင်းခံခြင်းမရှိပါ။

အလုပ်အကိုင်ပြောင်းအေဂျင်စီ ရဲ့ အားသာချက်များ

ကျွမ်းကျင်တဲ့ career advisorများဆီမှ အကြံညဏ်ရယူနိုင်မည်။

အလုပ်ပြောင်းတော့မယ် ဆိုရင် အများစုက အလုပ်ပြောင်းဝက်ဘ် ဆိုက်တွေကို တစ်ကြိမ်လောက်တော့ ကြည့်ကြမယ် ထင်ပါတယ်။ လွယ်လွယ်ကူကူနဲ့ အချက်အလက်တွေအများကြီးကိုစုဆောင်းနိုင်ပြီး ကိုယ်ကြိုက်သလို အလုပ်အကိုင် ပြောင်းတဲ့ အစီစဥ် ကိုချနိုင်တာတော်တော် ကောင်းတဲ့ အချက်ပါ။ အကောင်းဆုံးအချက်ကတော့ ကျွမ်းကျင်တဲ့ သူတယောက် အမြဲ ကိုယ်နဲ့အတူရှိနေမယ်ဆိုတဲ့ အချက်ပါ။

WeXpats Agent မှာတော့ 「Career Advisor」လို့ခေါ်ပေမယ့် ၊ ဒီလို အကြံပေးတဲ့ ပုဂ္ဂိုလ်တွေမှ လွယ်ကူချော့မွေ့စွာ အလုပ်ပြောင်းနိုင်ဖို့ အကြံပေးသွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ကတော့ သေချာ တိုင်ပင်တွေးနွေးပြီး သင်လိုအပ်တဲ့ အချက်အလက်တွေ ကို သေချာပြောပြဖို့ဖြစ်ပါတယ်။ သင်ရဲ့ အားသာချက် အတွေးအမြင် စတဲ့အရာတွေကိုသေချာပြောပြခြင်းဖြင့် သင်နဲ့ ကိုက်ညီတဲ့အလုပ်ကိုသေချာရှာတွေ့နိုင်မှာ ဖြစ်သလို သက်နဲ့ မကိုက်ညီတဲ့ အလုပ်တွေကိုလည်း သေချာရှော‌င်ဖယ်ပြီး မိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။

အင်တာဗျူးနဲ့ပတ်သက်ပြီး လိုအပ်တဲ့အချက်တွေကို ပြင်ဆင်ပေးမည်။

ပုံမှန်အလုပ်ပြောင်းဝက်ဆိုက်တွေမှာ အလုပ်လျှောက်ထားသည့်အခါ အင်တာဗျူးကို အချိန်ဇယားဆွဲပြီး ကိုယ်လိုချင်သော အလုပ်အခြေအနေများကို ကိုယ်တိုင်ညှိနှိုင်းရပါမည်။ သို့သော် သင်သည် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကို အသုံးပြုပါက၊အကြံပေးပုဂ္ဂိုလ်များမှ သင့်အတွက် ဒီလိုအရာတွေကို အကြံပေးရင်း လုပ်ဆောင်ပေမည် ဖြစ်ပါသည်။

အကယ်၍ သင်သည် လက်ရှိအလုပ်ကို လုပ်ကိုင်နေရင် အလုပ်ပြောင်းဖို့ စဥ်းစားနေပါက အင်တာဗျူး အချိန်ဇယားဆွဲရန်နှင့် သင်လိုချင်သောအခြေအနေများကို ညှိနှိုင်းရန် အချိန်ခက်ခဲနိုင်သောကြောင့် အလုပ်အကိုင်ပြောင်းအေဂျင်စီများမှ သင့်အစား စာရွက်စာတမ်း များကို ပြင်ဆင်ပေးမှာဖြစ်ပါသည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း အကြံပေးပုဂ္ဂိုလ် များသည် အလုပ်ခန့်မည့် ဂျပန်ကုမ္ပဏီများနှင့်ပတ်သက်သော ဗဟုသုတများ ရှိသည့်အပြင် HRဘက်မှ လူတွေအကြောင်းလဲ သေချာသိတာမို့လို့ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်နည်းနှင့် ဖြေဆိုပုံဖြေဆိုနည်းတို့ကိုပါ သေချာ အကြံပေးနိုင်တာမို့ အဲဒီအချက်က ကြီးမားတဲ့ အားသာချက် တစ်ခုပါ။

နိုင်ငံခြားသားများ အခက်အခဲတွေ့လေ့ရှိသာ အချက်များဖြစ်တဲ့ ကိုယ်ရေးရာဇဝင်အကျဥ်းရေးနည်းနဲ့ပတ်သက်တဲ့ အကြံညဏ်များ၊ အင်တာဗျုး ကြိုတင်ပြင်ဆင်ပုံများ မရှင်းလင်းတဲ့အချက်တွေကို ကျွမ်းကျင်တဲ့သူတွေမှ သေချာရှင်းလင်းပြတဲ့အချက်ကလဲ အရမ်းကိုဆွဲဆောင်မှုရှိတဲ့ အချက်တချက် ဖြစ်ပါတယ်။

အလုပ်အကိုင်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ အကြံပေးပုဂ္ဂိုလ် များမှ သေသေချာချာ သင့်ကိုအကြံညဏ်ပေးခြင်း

WeXpats Agentအခမဲ့အသုံးပြုနိုင်ပါပြီ။

အခမဲ့ ဆွေးနွေးတိုင်ပင်မှုကို ရယူမည်။

လူမှုဆက်ဆံရေး

©Leverages Co., Ltd.