ဂျပန်နိုင်ငံတွင် ဂျပန်စကားကိုသင်ယူလေ့လာပါက မည်သည့်အကျိုးကျေးဇူးတွေရနိုင်မလဲ(Benefits of studying Japanese in Japan)

ဂျပန်ဘာသာစကားပြောကို ဂျပန်နိုင်ငံတွင် သင်ယူခြင်းထက် ကောင်းမွန်တဲ့နေရာမရှိနိုင်ပါ။ ဘာသာစကားသင်ယူခြင်းကြောင့် အခွင့်အရေးများစွာရရှိနိုင်ခြင်း၊ ဘဝအတွက်လိုအပ်နေတဲ့ ပေါင်းသင်းဆက်ဆံရေးမျိုးရရှိနိုင်ခြင်း၊ နိုင်ငံခြားတွင် လက်တွေ့သင်ကြားနိုင်ခြင်းက အဖိုးမဖြတ်နိုင်ခြင်း စတဲ့ အခွင့်အရေးတွေကို ရရှိနိုင်ပါသည်။ 

အောက်ပါအချက်များသည် ဂျပန်စကားကို ဂျပန်နိုင်ငံတွင်သွားရောက်သင်ကြားသင့်ကြောင်း ရှင်းပြထားပါသည်။

မာတိကာ

၁။ဂျပန်စကားသင်ကြားခြင်း ၏ ကောင်းကျိုးများ

၂။ဂျပန်နိုင်ငံသို့လာရောက်ပြီးဂျပန်စာသင်ကြားခြင်း၏အကျိုးကျေးဇူးများ

၃။တခြားအကြောင်းအရာများကြောင့် ဂျပန်စာသင်ကြားခြင်း

၄။ဘာသာစကားသင်တန်းကျောင်းမှာဘာကိုမျှော်လင့်ထားကြလဲ 

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

၁။ဂျပန်စကားသင်ကြားခြင်း၏ကောင်းကျိုးများ

အောက်ပါအချက်များသည် ဂျပန်စကားသင်ကြားခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြထားပါသည်။

(၁)  ဂျပန်ဘာသာစကားကျွမ်းကျင်ခြင်းက အခြားသူများထက် ခြေတစ်လှမ်းသာစေခြင်း

ဘာသာစကားအသစ်ကို သင်ယူခြင်း၊ အရည်အချင်းတိုးတက်စေမည့် သင်တန်းများကို တက်နေရခြင်းက တကယ်တော့ ဂုဏ်ယူစရာဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံသည် နေရာအနှံ့တွင်ရှိနေသောကြောင့် ဂျပန်စကားကျွမ်းကျင်ခြင်းသည် ကမ္ဘာပေါ်တွင် ဆရာတဆူဖြစ်နိုင်သည်အထိစွမ်းဆောင်နိုင်ပါသည်။ ဘာသာစကားဖြင့် အသိပညာများကို အဆင့်မြင့်မြင့်လေ့လာနိုင်သည်အထိ အခွင့်အရေးကောင်းရရှိနိုင်ပါသည်။ အသိပညာတိုးပွားလေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပြီး ရင့်ကျက်တည်ငြိမ်စေပါသည်။

(၂) ဂျပန်စကားတတ်ကျွမ်းခြင်းက ၎င်းတို့ ယဉ်ကျေးမှုတို့နဲ့ ရင်းနှီးကျွမ်းဝင်စေပါသည်။ ဂျပန်ကာတွန်းသည် လူကြိုက်များကြသည်။ ဂျပန်အရောင်းဆိုင်များသည်နေရာအနှံ့တွင် ရှိသည်။ ထိုကြောင့် ဂျပန်စကားနားလည်ပါက ၎င်းတို့၏ စိတ်ဝင်စားဖွယ် ‌ယဉ်ကျေးမှု ဓလေ့များကို နေ့စဉ်လေ့လာနိုင်ပါသည်။

(၃) ဂျပန်တွင် ကိုယ်ပိုင်လုပ်ငန်းလုပ်ငန်းလုပ်ချင်၍ဖြစ်စေ၊ ဝန်ထမ်းအနေဖြင်လုပ၍ဖြစ်စေ၊ နည်းပညာကို လေ့လာချင်၍ဖြစ်စေ အသုံးဝင်ခြင်း။ဂျပန်နိုင်ငံမှမဟုတ် နိုင်ငံအနှံ့အပြားတွင် ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သည့်အခါ ဂျပန်စကားကိုနားလည်ထားသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဂျပန်ပစ္စည်များသည် ကမ္ဘာအရည်အသွေးမီပစ္စည်းများ ဖြစ်ကြရာ ၎င်းတို့ပစ္စည်းများသည် နိုင်ငံအနှံ့တွင်ကျော်ကြားသည့် ပစ္စည်းများဖြစ်ကြသည်။ အကယ်၍ ၎င်းတို့ပစ္စည်း‌အကြောင်းကို သိလိုသည့်အခါ ဂျပန်စာဖြင့်ရှင်းပြသည်ကများသည်။ ထိုအခါ ဂျပန်စကားနှင်းရင်းနှီးပြီးသားသူများအတွက် တပန်းသာစေပါသည်။ထို့ပြင် ဂျပန်တွင် အလုပ်လုပ်ချင်၍ဖြစ်စေ (သို့မဟုတ်) ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ချင်၍ဖြစ်စေ ဂျပန်စကားပြောနိုင်ခြင်းသည် အခွင့်အရေးများစွာရှိစေနိုင်သည်။ ဂျပန်သည် အဆင်မြင့်နည်းပညာများစွာရှိကြသေးသည်။

(၄) အသိအကျွမ်းရှာရပိုမိုလွယ်ကူစေခြင်း

ဂျပန်တွေနှင့် မိတ်‌ဆွေဖွဲ့တဲ့အခါ ဘာသာစကားကျွမ်းကျင်ခြင်းက ပိုပြီးအဓိကကျတယ်ဆိုတာ သတိထားမိလာပါလိမ့်မည်။ ဂျပန်နိုင်ငံသားတွေမှာ ၎င်းတို့ဘာသာ၊ ယဉ်ကျေးမှု အစဉ်အလာ‌တွေကို တလေးတစားအလေးထားကြပါသည်။ ဂျပန်လူမျိုးတစ်ယောက်သည် အင်္ဂလိပ်ဘာသာကို နှစ်နဲ့ချီလေ့လာပြီးသော်လည်း တကယ်လက်တွေ့ပြောဆိုသည့်အချိန်တွင် ရှက်ရွံ့နေတတ်ကြပါသည်။ အကယ်၍ ဂျပန်စကားကိုတတ်ထားမည်ဆိုပါက ဂျပန်မိတ်ဆွေရရှိစေရန်အလွန်လွယ်ကူပါလိမ့်မည်။

၂။ဂျပန်နိုင်ငံသို့လာရောက်ပြီးဂျပန်စာသင်ကြားခြင်း၏အကျိုးကျေးဇူးများ

အောက်ပါအချက်များသည် ဂျပန်နိုင်ငံသို့လာရောက်ပြီး ဂျပန်စာသင်ကြားမည်ဆိုပါက ရရှိလာစေမည့် အကျိုးကျေးဇူးများဖြစ်ပါသည်။

(၁) ဂျပန်စကားကို ပိုပြီးလေးနက်စွာနားလည်နိုင်စွမ်းရှိလာပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းနေထိုင်နေသည့် ပတ်ဝန်းကျင်နှင့်ဆက်စပ်နေတဲ့ စကားလုံးတွေကို မေးပြီး လက်တွေ့လေ့လာသင်ယူနိုင်တာကြောင့် ဖြစ်ပါတယ်။

(၂) သင်ယူထားသော စကားလုံးတွေကို လက်တွေ့အသုံးချပြောဆိုနိုင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဂျပန်လူမျိုးတွေနှင့်ဆက်စပ်ပြီး သက်ဆိုင်ရာစကားလုံးတွေကို ချက်ချင်း အသုံးချပြီးပြောဆိုရတာကြောင့် ပို၍လွယ်ကူစွာတတ်မြောက်နိုင်ပါသည်။

(၃) စိတ်ကိုအာရုံမှာနှစ်ပြီး ပိုမိုကောင်းမွန်လာစေခြင်း

ဂျပန်နိုင်ငံ၏ ပညာရေးသင်ကြားပုံသည် အွန်လိုင်းနှင့်သင်ကြားပုံကွားခြားပါသည်။ ကျောင်းတွင် ၎င်း၏တိုးတက်မှုကို သေချာစောင့်ကြည့်သုံးသပ်ပေးနိုင်ပြီး စိတ်အားရုံကိုနှစ်ပြီး လက်တွေ့အသုံးချနိုင်ပါသည်။

(၄) ဘာသာစကားလေ့လာနည်းကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်နိုင်ခြင်း

အကယ်၍ သင်ယူခြင်းတွင် အခက်အခဲများရှိလာပါက ဆက်သွယ်မေးမြန်းပြီး မည်သည့်သင်ကြားမှု နည်လမ်းက ပိုမိုလွယ်ကူပြီး ပျော်စရာကြောင်း အကြံပြုရွေးချယ်နိုင်ပါသည်။

(၅) ဂျပန်နိုင်ငံတွင် ဘာသာစကားကို လက်တွေ့သင်ယူလေ့လာနိုင်တာကြောင့် ဘာသာစကားကျွမ်းကျင်စွာတတ်မြောက်လာနိုင်ပါသည်။ ပတ်ဝန်းကျင်တွင်လက်တွေ့လေ့လာနိုင်တဲ့အတွက် ကွဲပြားခြားနားမှုအားလုံးကို သိနိုင်ပါသည်။ အလေ့အကျင့်ရှိခြင်းသည် ပြီးပြည့်စုံစေပါသည်။ နေတိုင်းမြင်နေရသော အရာများကို တန်ဖိုးထားတတ်ရန်လိုအပ်ပြီး လေ့ကျင့်ပေးရန်လို့အပ်ပါသည်။ 

(၆) သင်ယူနိုင်တဲ့နည်းလမ်းအမျိုးမျိုးကြောင့် မတူညီတဲ့ခံစားမှုကိုရရှိစေပါသည်။ ဘာသာစကားသင်ကြားသောဆရာ၊ ဆရာမများသည် ၎င်း၏တိုးတက်မှုကို ပိုမိုကောင်းမွန်စွန် ထောက်ပြပေးနိုင်ပါသည်။ လိုအပ်သော နည်းလမ်းအမျိုးမျိုးကို အလွယ်တကူရှာဖွေအသုံးချနိုင်ပါသည်။

(၇) ဘာသာစကားတွေကို နေ့စဉိနေတိုင်းကြားနေရခြင်းသည် အလွတ်ကျက်မှတ်နေရုံထက် သင်ယူခြင်းက ပိုမိုလွယ်ကူစပါသည််/

(၈) ဂျပန်နိုင်ငံတွင် ဂျပန်စာသင်ကြားခြင်းက ဗဟုသုတပိုမိုရရှိစေရန် ကျောင်းများနှင့် ၎င်းတို့၏ အရငိးအမြစ်များကို ရှာဖွေနိုင်သည်။ ၎င်းကိုယ်တိုင်သင့်တော်သည့်‌ကျောင်းနှင့် ကျောင်းအတွင်း အရင်းအမြစ်များကို ရှာဖွေနိုင်ပါသည်။ ကျောင်းဝင်းပြင်ပနှင့် ကျောင်းဝင်းအတွင်း ရွေးချယ်မှုတွင် မတူကွဲပြားသော ရွေးချယ်မှုများစွာပြုလုပ်နိုင်သည်။

၃။တခြားအကြောင်းအရာများကြောင့် ဂျပန်စာသင်ကြားခြင်း

(၁) အပန်းဖြေခြင်း

ဘာသာစကားကို သင်ယူခြင်းသည် ဘာသာအနှစ်သာရကို သဘောပေါက်ပြီးဖြစ်ခြင်းကြောင့် ထိတွေ့ခံစားရသောအရသာကို ပိုမိုလေးနက်စေသည်။ ဥပမာအားဖြင့် ၎င်းသည်ဂျပန်စကားကိုလေ့လာထားလျှင် ဂျပန် anime ကို ကြည်နူးစွာကြည့်ရှုခံစားရစေပါသည်။ အကယ်၍ ဘာသာစကားနားမလည်ပါက စာတန်းထိုးထားသည်များကို လိုက်လံဖတ်ရှုရင်း ခံစားမှုအရသာကို ပျက်ပြားသွားစေနိုင်ပါသည်။ ထို့အတူ ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့နှင့် ဆက်စပ်သောနေရာများကို သွားရောက်လည်ပတ်လျှင် ဘာသာစကားတတ်ထားပါက စိတ်လှုပ်ရှားဖွယ်ကောင်းသော လှပတဲ့အနုပညာအစိတ်အပိုင်းအသေးစိတ်ကို ဆက်စပ် လေ့လာခံစားနိုင်ပါလိမ့်မည်။

(၂) ဗဟုသုတပိုမိုရရှိခြင်း

ဂျပန်နိုင်ငံ၏သမိုင်းသည် အလွန်ကျယ်ပြန့်ပြီး စိတ်ဝင်စားစရာကောင်းလှပါသည်။ ၎င်းတို့တွင် အသုံးပြုသော နည်းပညာ များရှိပြီး ကွဲပြားခြားနားသော်လည်း တကယ့်နေ့စဉ်နေထိုင်မှုဘဝတွင် ပို၍ လက်တွေ့ကျသောနေထိုင်ပုံစံကို ကျင့်သုံးကြပါသည်။

၄။ဘာသာစကားသင်တန်းကျောင်းမှာဘာကိုမျှော်လင့်ထားကြလဲ

တချို့ကျောင်းတွေက သင်တန်းသားတွေအတွက် ဘာသာရပ်နဲ့ ခေါင်းစဉ်တွေကို ထုတ်ပေးတတ်ကြတယ်။ သင်တန်းသားတွေရဲ့ စိတ်နှစ်၍ ကြိုးစားအားထုတ်မှုရှိစေရန် သေချာရပါမည်။ တချို့ဂျပန်ကျောင်းတွေကိုကျောင်းသာယာရေးအဖွဲ့များက ပံ့ပိုးထားကြသည်။ ထိုကျောင်းများတွင် beginner အတန်းမှစ၍ အဆင့်မြင့်သင်တန်းများအထိ ရွေးချယ်စရာများစွာရှိကြသည်။ ထို့ပြင် ဘာသာစကားနည်းနည်းပါးပါးတတ်ကျွမ်းထားသူများအတွက် ပြန်လည်ပြင်ဆင်ပေးသည့်သင်တန်းများလည်းရှိပါသည်။ ဘာသာစကား ကျောင်းများ၏ ပတ်ဝန်းကျင်များသည် ရွေးချယ်စရာများပြားလှပါသည်။ ကျောင်းသားအများစုမှာ အလုပ်အကိုင်အတွက် လာရောက်လေ့လာကြသောကြောင့် သင်ကြားပေးကြသော ဆရာ၊ ဆရာမများကလည်း စည်းကမ်းတင်းကျပ်သော်လည်း တရားမျှတမှုရှိကြစေရန် မျှော်လင့်ထားကြပါသည်။ တက်ရောက်နေကြသော ကျောင်းသားအများစုမှာ အောင်မြင်ခြင်းပန်းတိုင်ကို ရရှိစေရန် ကြိုးစားအားထုတ်နေကြပါသည်။ ထို့ကြောင့် အောင်မြင်ခြင်းပန်းတိုင်ကို တက်လှမ်းနိုင်မည့် ကျောင်းသားများပေါ်ထွက်လာစေရန် မျှော်လင့်နေကြပါသည်။

သင်ယူခြင်းသည် တူညီသောရည်မှန်းချက်ရှိသူများကို အတူတကွစုစည်းထားခြင်းဖြစ်သည်။ အုပ်စုဖွဲ့လေ့လာခြင်းသည် ဘာသာစကားသင်ယူရာတွင် မရှိမဖြစ်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်တန်းသားများကို ပိုမိုတတ်မြောက်စေရန်အထောက်အကူပြုပါသည်။ နိုင်ငံခြားသားများထံမှ သူတို့၏ ယဉ်ကျေးမှုအကြောင်းအရာများကို ဂျပန်ဘာသာစကားဖြင့်မျှဝေရန် အခွင့်အရေးကောင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံသို့သွားရောက်ပညာသင်ကြားခြင်းသည် အွန်လိုင်းမှသင်ယူခြင်းထက် ဈေးကြီးသော်လည်း ၎င်းသည် အနာဂတ်အတွက် ပိုမိုကောင်းမွန်သော ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ပါသည်။ 

ဂျပန်ဘာသာစကားကို ပိုမိုထိရောက်၍ အဓိပ္ပာယ်ရှိရှိလေ့လာနိုင်စေရန် အကြံပြုချက်များ

ဂျပန်ဘာသာစကားကို အခြားသူများနှင့် များများပြောဆိုဆက်ဆံပါ။ မရှက်ပါနဲ့။ ၎င်းသည် အချိန်တိုအတွင် ဘာသာစကားကျွမ်းကျင်စေရန် ကူညီပေးရုံသာမက ၎င်းတို့၏ ယဉ်ကျေးမှုနှင့် အလေ့အကျင့်များကို သိစေရန်အခွင့်အရေးကောင်းတစ်ခုဖြစ်လာပါလိမ့်မည်။

သင်ကြားပေးသော ဆရာ၊ ဆရာမများမှလွဲ၍ ၎င်းအနီးအနားတွင်ရှိပြီး ဘာသာစကားကို ၎င်းထက်ပိုကျွမ်းကျင်သော သူငယ်ချင်းအသစ်များနှင့် လေ့ကျင့်ခြင်းဖြင့် သဒ္ဒါအမှားများကို မှန်ကန်လာအောင် ပြုပြင်နိုင်ပါလိမ့်မည်။ 

ဂျပန်လူမျိုးများသည် စကားလုံးများ၏အဓိပ္ပာယ်နှင့် ၎င်းတို့၏ ဇစ်မြစ်နှင့်ပတ်သတ်၍ အလွန်အလေးထားကြပါသည်။ ထို့ကြောင့် စကားလုံး၏ဝေါဟာရအရင်းအမြစ်ကို ပိုပြီးအဓိပ္ပာယ်အပြည့်အဝသိရှိစေရန် လေ့လာနိုင်ပါသည်။

အကျဉ်းချုပ်

ဂျပန်တွင် ဂျပန်ဘာသာစကားကို လေ့လာခြင်းသည် ထိုက်တန်သောအတွေ့အကြုံဖြစ်ပါသည်။ ၎င်းသည် အခွင့်အလမ်ကောင်းနှင့် ကိုယ်ပိုင်တိုးတက်မှုလမ်းကြောင်းဖြစ်ပါသည်။ ၎င်းတို့၏ဘာသာစကားကို အွန်လိုင်းတွင်လေ့လာနိုင်သော်လည်း၊ ၎င်း၏အတွေ့အကြုံကို လက်ဝယ်ခံစားပြီး ရရှိလာစေသော သင်ယူမှုသည်ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်ပါသည်။ ၎င်းသည် ဂျပန်ဘာသာစကားကို ကျွမ်းကျင်မှုရှိစေခြင်းနှင့် ၎င်း၏နေ့စဉ်ဘဝတွင် လက်တွေ့အသုံးချနိုင်စေခြင်းဖြစ်ပါသည်။ အရေးကြီးဆုံးအချက်ကတော့ ၎င်းသည် ဂျပန်လူမျိုးတို့၏ ယဉ်ကျေးမှု နှင့် လူမျိုးအကြောင်းကို ပိုသိရှိခွင့်ရစေပြီး ၎င်းတို့လူမျိုးကို ပိုချစ်ခင်လာစေပါတယ်။ ထို့ပြင် ဂျပန်လူမျိုးများ၏ ပေးသောအခွင့်အရေးကို လက်လွတ်မခံဘဲ ဝမ်းမြောက်ဝမ်းသာ လက်ခံနိုင်စေရန် အသင့်အနေအထားရှိရန် ပြင်ဆင်ထားသင့်ပါသည်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ ဂျပန်မှာအလုပ်လုပ်ရတဲ့အကြောင်းအရင်း/ ဂျပန်နိုင်ငံတွင် ဂျပန်စကားကိုသင်ယူလေ့လာပါက မည်သည့်အကျိုးကျေးဇူးတွေရနိုင်မလဲ(Benefits of studying Japanese in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ