ဂျပန်နိုင်ငံတွင် လုပ်ငန်းခွင်ဘဝဟန်ချက် ညီမျှစေခြင်းကြိုးပမ်းချက်ကြောင့်ရရှိစေသောအကျိုးကျေးဇူးများ(The goal of balancing work and life helps Japanese workers)

ဂျပန်အစိုးရသည် ၂၀၁၈ခုနှစ်ကတည်းက လုပ်ငန်းခွင်ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ လုပ်ငန်းခွင်ဘဝဟန်ချက်ညီမျှလာသည့်အပြင် ဝန်ထမ်း၊ အလုပ်သမားများသည် ပိုမိုကောင်းမွန်သောလုပ်သားဘဝ၊ လုပ်ငန်းခွင်ရေရှည်တည်တံ့ခြင်း၊ အလုပ်နဲ့မိသားစုဘဝဆက်ဆံရေးတိုးတက်ကောင်းမွန်ခြင်း အစရှိသည်များမှာတိုးတက်လာခဲ့သည်။ ထိုလုပ်ဆောင်ချက်များကြောင့် လုပ်သားအများစုသည် အလိုက်သင့်ပြုပြင်နေထိုင်နိုင်မှု နှင့် လွတ်လပ်မှုများတိုးတက်လာခဲ့ကြသည်။

မာတိကာ

၁။ဂျပန်နိုင်ငံ၏လုပ်ငန်းခွင်နှင့် ဘဝညီမျှစေရေးထုတ်ပြန်ချက်များအပေါ် အငြင်းပွားမှုများကြောင့် လိုအပ်ချက်များကိုပြဌာန်းထုတ်ပြန်ခြင်း

၂။အလုပ်သမားအများစုသည် လုပ်ငန်းခွင်ဟန်ချက်ညီမျှစေရေးကို ပြန်လည်ဖွဲ့စည်းရေးအောင်မြင်စေရန် ဂျပန်တွင် အလျင်အမြန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိခြင်း

၃။လုပ်ငန်းခွင်ဟန်ချက်ညီမျှစေရန် စိန်ခေါ်မှုများဆက်လက်ဖြစ်ပေါ်နေဆဲ

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

၁။ဂျပန်နိုင်ငံ၏လုပ်ငန်းခွင်နှင့် ဘဝညီမျှစေရေးထုတ်ပြန်ချက်များအပေါ် အငြင်းပွားမှုများကြောင့် လိုအပ်ချက်များကိုပြဌာန်းထုတ်ပြန်ခြင်း

၁၉၇၀ပြည့်နှစ်အစောပိုင်းကတည်းက လုပ်ငန်းရှင်များသည် စီးပွားရေးထုတ်ကုန်များပိုမိုတိုးတက်စေရေး အကြောင်းပြကာ အလုပ်သမားများကို စနေ၊ တနင်္ဂနွေနေ့များတွင် နားရက်မပေးချင်ကြပေ။ ထို့ပြင် ဝန်ထမ်းများ လုပ်ငန်းဘဝညီမျှစေရေးနှင့် အားအင်ပြည့်ဝစွာ အနားယူနိုင်စေရေး အတွက် ဥပဒေထုတ်ပြန်ချက်သဘောထားများအပေါ် ဆန့်ကျင်ခဲ့ကြသည်။ ၂၀၁၈ခုနှစ်တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ဝန်ကြီးချုပ်ဟောင်း Abe Shinzo မှ လုပ်ငန်းခွင်အခြေအနေပိုမိုကောင်းမွန်စေရေးကို ကြိုးပမ်းနေသော်လည်း ယနေ့တွင် ၎င်းနှင့်ပတ်သတ်၍အငြင်းပွားမှုများ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

အလုပ်ပိုလုပ်ကိုင်ရခြင်းပြဿနာသည် အရှေ့အာရှတခွင်အနှံ့အပြား‌တွင် ဖြစ်ပွားကြသည်။ အထူးသဖြင့် ဖွံ့ဖြိုးသောနိုင်ငံအများစုဖြစ်သည့် တောင်ကိုရီးယားတွင် ပျမ်းမျှ ၃၃ရာခိုင်နှုန်းသောလုပ်သားများသည် တစ်ပတ်လျှင် ၄၉နာရီအလုပ်လုပ်ချိန် နှင့် ဂျပန်တွင် အကြမ်းအားဖြင့် ၂၂ရာခိုင်နှုန်း တို့သည် ၁၀ရာခိုင်နှုန်း မှ ၁၇ရာခိုင်နှုန်းအထိသာ ရှိသော အမေရိကန်၊ ဂျာမနီ နှင့် ပြင်သစ် စသည့် အနောက်နိုင်ငံများထက်ကျော်လွန်ခဲ့ကြသည်။ ထိုကွာခြားချက်သည် လုပ်ငန်းခွင် ဘဝဟန်ချက်ညီစေရန် လုပ်ဆောင်ချက်များကို ကျရှူံးစေသည်။ ယခင်ရှေးရာစုများက အောင်မြင်ခဲ့ဖူးသော စီးပွားရေးတိုးတက်မှုခြေလှမ်းများသည် ‌အထက်ပါ ခြေလှမ်းသစ်များဆီသို့ ဦးတည်သွားနေကြပါသည်။ 

*အာရှပစိဖိတ်ဂျာနယ်မှ " ဂျပန်၏ လုပ်ငန်းခွင်ဘဝညီမျှရေးနှင့် အလုပ်ကြောင့်သေဆုံးမှု အကြောင်းမပြီးဆုံးနိုင်သော အငြင်းပွားဆွေးနွေးပွဲ" မှ ကောက်နှုတ်ထားပါသည်။၎င်းသတင်းကို Tokyo Review in 2017 က ထုတ်ပြန်ခဲ့သည်။

၂။အလုပ်သမားအများစုသည်လုပ်ငန်းခွင်ဟန်ချက်ညီမျှစေရေးကိုပြန်လည်ဖွဲ့စည်းရေးအောင်မြင်စေရန်ဂျပန်တွင်အလျင်အမြန်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိခြင်း

ဂျပန်အခေါ်အဝေါ်ဖြစ်သည့် " karoshi" အလုပ်အလွန်အကျွံလုပ်ခြင်းကြောင့် သေဆုံးမှု သည် ၁၉၆၉ခုနှစ် တွင် ဖြစ်ပွားခဲ့သည့် ဆိုးရွားသည့်ဖြစ်ရပ်အဖြစ် အမြစ်တွယ်လျက်ရှိခဲ့သည်။ ၎င်းသည် လုပ်ငန်းခွင်ဟန်ချက်မညီမျှမှုတွေကြောင့် လူ့ခန္ဓာကိုယ်နဲ့ စိတ်အတွက် လုံလောက်သည့် အနားမရသောကြောင့်ဖြစ်ခဲ့ရသည်။ အခြားနိုင်ငံများတွင် ဖြစ်ခဲ့သည့် ထိုအကြောင်းချက်များကို သင်ခန်းစာဥပမာယူ၍ ဂျပန်နိုင်ငံတွင် ပြောင်းလဲပြင်ဆင်မှုများပြုလုပ်ခဲ့ကြသည်။ ဂျပန်တွင် တစ်ပတ်လျင် စနေ၊တနင်္ဂနွေနေ့များကို ကိုယ်ရေးကိုယ်တာကိစ္စ (သို့မဟုတ်) မိသားစုအလည်အပတ်အတွက် ပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ကြသည်။ ကုမ္ပဏီအများစုသည် ရည်ရှည်အကျိုးရှိသည့်အလေ့အထဖြစ်ကြောင်း သဘောပေါက်လာခဲ့ကြသည်။ ၎င်းသည် ကျန်းမာရေးနှင် မိသားစုဘဝတိုးတက်ရေး အတွက် လုပ်ဆောင်နိုင်ခြင်း၊အပန်း‌‌ ဖြေစခန်းများသို့လည်ပတ်ခြင်း၊ စိတ်ပျော်ရွှင်စေသည့် အားကစားများ၊ လူမှုအဖွဲ့အစည်းလှုပ်ရှားမှုများ၊ ပြင်ပအားကစားလှုပ်ရှားမှုများ (သို့မဟုတ်) မိသားစု၊ သူငယ်ချင်းများနှင့်တွေ့ဆုံခြင်း (သို့မဟုတ်) အိပ်ရေးဝဝအိပ်စက်ခြင်းများလုပ်ဆောင်နိုင်သည်။

အခြားအကောင်းဘက်မှတိုးတက်‌စေသောအချက်မှာ တချို့ကုမ္ပဏီများသည် ၎င်းတို့လုပ်သားများကိုအချိန်ပိုကြေးမပေးဘဲ ပျက်ကွက်မှုများအတွက် လျော်ကြေးပေးရန်သတ်မှတ်လိုက်သည်။ အာဏာပိုင်များမှ ထိုကဲ့သို့ တရားဝင်သတ်မှတ်လိုက်ခြင်းကြောင့် ဝန်ထမ်း၊ အလုပ်သမားများသည် ၎င်းတို့ရသင့်ရထိုက်သည့် အခွင့်အရေးနှင့် လွတ်လပ်စွာပြောရေးဆိုခွင့်များကို ပိုမိုသိရှိလာကြသည်။ ထိုအခွင့်အရေးများသိရှိလာခြင်းကြောင့် ယခင်ကတောင်းဆိုရန်ကြောက်ရွံ့နေသည့်ကိစ္စများအတွက် သတ္တိရှိစွာ တောင်းဆိုရဲလာကြသည်။

ဝန်ထမ်းများသည် အချိန်ပိုကြေးအပေါ် ဥပဒေဖြင့် နစ်နာကြေးများကို ရရှိစေသည့်အပြင် ဝန်ထမ်းတွေအကျိုး‌ရှိစေမည့်ကိစ္စများကို အလုပ်ရှင်နှင့်ဖျောင်းဖျပြောဆိုခဲ့ကြသည်။ သာမန်တစ်လအလုပ်ချိန်ထက်ပိုသည့်အချိန်များကို အချိန်ပိုအဖြစ်သတ်မှတ်ပြီး ၎င်းနှုန်းထားကို နှစ်ဆအဖြစ်တိုးမြှင့်ထားသည်။ ထို့ပြင် အလုပ်ရှင်များဘက်မှ အချိန်ပိုနှင့် အလုပ်ပိတ်ရက်များကို သဘောတူညီကြောင်း စာရွက်စာတမ်းများကို အလုပ်သမားရုံးသို့ ပေးပို့ကြရသည်။ ထိုသို့ပြုလုပ်ခြင်းသည် အချိန်ပိုအလုပ်ချိန်ကို ပုံမှန်အလုပ်ချိန်တွင် လုပ်ငန်းအတွေ့အကြုံလေ့လာရန်အတွက်အချိန် ဖြစ်ကြောင်းသတ်မှတ်လိုက်ခြင်းမှ ကာကွယ်ရာရောက်စေသည်။ ထို့ပြင် အချိန်ပိုသတ်မှတ်သည့်အခါတွင် သတ်မှတ်ထားသော အချိန်ပိုအချိန်ကာလထက်ကျော်လွန်ခြင်းမှ ကန့်သတ်လိုက်စေသည်။ 

Japan External Trade Organization Website, “Section 4, Human Resource Management”

အလုပ်တွင်နှစ်နာကြေးပေးခြင်းထက် ဂျပန်အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများသည် လုပ်ငန်းခွင်တွင် လုပ်သားများ၏ စိတ်ကျန်းမာရေးအခြေအနေများကိုကာကွယ်ပေးနိုင်ရန်လက်တွဲလုပ်ဆောင်ကြသည်။ လူမှုရေးဆိုင်ရာများနှင့် အရေးပါ‌ သောအနားယူခြင်းများကို ညီမျှစွာလုပ်ဆောင်နိုင်ရန် အရေးကြီးသည်။ ထို့ပြင်လုပ်ငန်းခွင်အတွင်း အလုပ်ရှင်နှင့်ဝန်ထမ်းများ၏အကျိုးအမြတ်ဆီသို့ တဖြည်းဖြည်းရွေ့လျားလျက်ရှိသည်။ 

လုပ်ငန်းတွင် အရည်အချင်းနှင့် ကျွမ်းကျင်မှုရှိမှုအပေါ် တူညီသောလစာပေးရန်ရှိသော်လည်း ကျွမ်းကျင်မြင့်မားသော (သို့မဟုတ်) ထိပ်တန်းရောက်ပရော်ဖက်ရှင်နယ် များသည် အခြားအခန်းကဏ္ဍများကိုပါ ကျယ်ပြန့်စေရန်ဆန္ဒကြီးမားကြသည်။ လုပ်ငန်းခွင်လုပ်သားများ အလားအလာကောင်းစေရန် ကျွမ်းကျင်မှုအရည်အချင်းကို အဓိကမထားဘဲ လုပ်ငန်စးခွင်ပြင်ပတွင် လိုအပ်သော လူမှုဆက်ဆံရေးနှင့် လက်တွေ့ကျသောလိုအပ်ချက်များအပေါ်တွင် စဉ်းစားဆုံးဖြတ်ကြသည်။ 

ဝန်ထမ်း၊လုပ်သားများသည် တစ်နှစ်အတွက် ခွင့်ရက်ပိုမိုရရှိရေးကို အာရှနိုင်ငံသားအများစုသည် တောင်းဆိုလာကြသည်။ ယခုဆိုလျှင် အိမ်နီးချင်းနိုင်ငံများသည် ကမ္ဘာ့ခရီးသွားများကိုဆွဲဆောင်လျက်ရှိကြသည်။ ၎င်းခရီးစဉ်အတွက် လေယာဉ်စီးချိန် ကြာမြင့်မှုမရှိခြင်း၊ နေရာထိုင်ခင်းနှင့် ခရီးစာရိတ်သက်သာခြင်း အစရှိသည်တို့ကြောင့် လည်ပတ်မှုနှုန်းများပြားကြသည်။ ဂျပန်နိုင်ငံ၏အလုပ်အမှုဆောင်များသည် စနေ၊ တနင်္ဂနွေနေ့များတွင် အာရှနိုင်ငံများဖြစ်ကြသည့် ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဂေါက်ရိုက်လေ့ကျင့်ကြသည်။ သို့သော် လစာနည်းပါးသည့်လုပ်သားများ အနေဖြင့် ဂျပန်နိုင်ငံအတွင်း မိသားစုအလည်အပတ်သွားကြသည်။

၃။လုပ်ငန်းခွင်ဟန်ချက်ညီမျှစေရန် စိန်ခေါ်မှုများဆက်လက်ဖြစ်ပေါ်နေဆဲ

 

လုပ်ခလစာမြင့်မားစွာရရှိကြသည့် သုတေသနလုပ်ငန်း၊ ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းနှင့်ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်း လုပ်ကိုင်ကြသည့် အရည်အချင်းရှိကြသည့် ဝန်ထမ်းများကို တစ်နှစ်လျှင် အားလပ်ရက် ၁၀၄ရက် ရရှိကြောင်း ၂၀၁၈ခုနှစ်ဥပဒေတွင် တိုးတက်ပြောင်းလဲခဲ့ကြသည်။ အလားတူပင် ကျန်းမာရေးနှင့်လူမှုဖူလုံမှုဝန်ကြီးဌာနက သတ်မှတ်ထားသော တစ်လလျှင် နာရီ (၂၀) ပိုသော်လည်း နာရီ(၁၀၀)အဖြစ်သတ်မှတ်ကာ အချိန်ပိုအလုပ်ဆင်းရန်သတ်မှတ်ကြသည်။ ထို့အပြင် ပရီမီယယ်သောကြာနေ့တွင် အလုပ်ရှင်များသည် ဝန်ထမ်းများကို တစ်လလုံး၏နောက်ဆုံးသောကြာနေ့တွင် အချိန်ပိုမလုပ်ခိုင်းခြင်းနှင့် စာချုပ်ပါအချက်အရ "Teji" လို့အမည်ရသည့် လုပ်သားများအလုပ်ပြီးမြောက်ရေးအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို တစ်လတွင်တစ်ရက်ရရှိစေရန် သတ်မှတ်ကြသည်။

တရားဝင်အငြင်းပွားမှုများသည် ပြီးဆုံးသွားနိုင်သော်လည်း အချို့ခိုင်မာသည့်ပြုပြင်ပြောင်းလဲမှုများသည် "karoshi" ပြဿနာများကို ဖြေရှင်းရန်နှင့် စစ်မှန်အကျိုးရှိသောလုပ်သားဥပဒေ အလင်းရောင်များပေးခဲ့ကြသည်။ ကုမ္ပဏီအများစုသည် လုပ်သားများလုပ်ငန်းခွင် ဟန်ချက်ညီမျှစေရေးအတွက် နည်းလမ်းများကို တဖြည်းဖြည်းရှာဖွေလာကြသည်။ သို့သော်ထိုကဲ့သို့ ပြောင်းလဲမှုများကို ထိရောက်စေရန် အမှန်တကယ်အလုပ်လုပ်သည့် အချိန်ဇယားကို တိတိကျကျတင်ပြပေးရန်နှင့် ပူးတဲ့စာရင်းစစ်များကို အခွင့်အာဏာအချို့ကိုပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော အကာအကွယ်ပေးနိုင်ရန်ဖြစ်သည်။ စိန်ခေါ်မှုတွေဖြစ်တဲ့ ဂလိုဘယ်လိုင်ဇေရှင်း အရ ငယ်ရွယ်ပြီသွက်လက်သော လုပ်သားများရှားပါးလာခြင်းကြောင့် အခြားနိုင်ငံမှ အရည်အချင်းရှိကြသည့် ဖိတ်ခေါ်ရန်ကြိုးပမ်းကြသည်။

ပုဂ္ဂလိကကုမ္ပဏီများနှင့် နိုင်ငံခေါင်းဆောင်များရင်ဆိုင်နေရသည်မှာ လုပ်ငန်းခွင်အတွင်းရှိလူများ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခနွာပိုင်းဆိုင်ရာ တိုးတက်စေရုံသာမက ၎င်းတို့၏ ကျွမ်းကျင်မှုဆိုင်ရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ၊ မိသားစုဆိုင်ရာ ကိစ္စများ ဟန်ချက်ညီမျှစေရန် ပြုပြင်ပြောင်းလဲပြီးချက်ချင်အကောင်အထည်ဖော်ဆောင်ရွက်ကြရသည်။

အကျဉ်းချုပ်

ဂျပန်နိုင်ငံတွင် စီးပွားရေးတိုးတက်စေရန် စိန်ခေါ်မှုများစွားကို နေရာနှံ့ရင်ဆိုင်နေကြရသည်။ ထုတ်ကုန်များတိုးတက်စေရးနှင့် တည်ငြိမ်စေရေးအတွက် လုပ်သားဥပဒေပြောင်းလဲပြင်ဆင်မှုများ လုပ်ဆောင်ရန်လိုအပ်နေကြသည်။ အချိန်ကြာလာသည်နှင်အမျှ ဂျပန်သည် ဘဏ္ဍာရေးလုံခြုံစိတ်ချရုံသာမကဘဲ စီးပွားရေးကဏ္ဍတိုးတက်ကောင်းမွန်စေရေးအတွက် ဟန်ချက်ညီသောလုပ်ငန်းခွင်တည်ရှိရန်လိုအပ်ပါသည်။ ထိုကဲ့သို့အစီအစဉ်များသည် ရေရှည်အတွက်အကျိုးရှိစေပြီး ရေတိုတွင်သိသာထင်ရှားမှုမရှိပေ။ 

သို့သော် လက္ခဏာရပ်များအားလုံးသည် ကောင်မွန်သောဆုံးဖြတ်ချက်များဖြစ်ကြသည်။ ဥပမာအားဖြင့် အချို့အလုပ်တာဝန်များကို စက်ရုပ်များက ထုတ်ကုန်များစွာကိုအချိန်တိုအတွင်းထုတ်လုပ်နိုင်ကြသည်။ သို့သော် လုပ်ငန်းခွင်အတွင်း လူသားအစားထိုးခိုင်းစေနိုင်ပါမည်လား။ အငြင်းပွားဖွယ်ရာကိစ္စအသစ်များထပ်မံပေါ်စေမည့် နေ့့တစ်နေ့ရောက်ရှိလာပါပြီ။ လက်ရှိအချိန်အတွင်းတွင် လုပ်ငန်းခွင်ဟန်ချက်ညီစေရန် ကြိုးပမ်းရှာဖွေနေကြဆဲဖြစ်ပါသည်။ 


 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ မိမိနှင့်ကိုက်ညီသောအလုပ်/ ဂျပန်နိုင်ငံတွင် လုပ်ငန်းခွင်ဘဝဟန်ချက် ညီမျှစေခြင်းကြိုးပမ်းချက်ကြောင့်ရရှိစေသောအကျိုးကျေးဇူးများ(The goal of balancing work and life helps Japanese workers)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ