နိုင်ငံခြားကျောင်းသား၊‌ ကျောင်းသူတွေအနေနဲ့ အချိန်ပိုင်းအလုပ်လျှောက်တဲ့အခါ အိမ်မှအလုပ်သို့လာသည့်ကြာချိန် ကို ဘယ်လိုရေးကြမလဲ(How to write commuting time for part-time job resume for international students)

နိုင်ငံတကာမှ ကျောင်းသား၊ကျောင်းသူ‌ တွေ အချိန်ပိုင်းအလုပ်အတွက် ကိုယ်ရေးရာဇဝင် တင်ပြဖို့လိုပါတယ်။ ဂျပန်စာ CV ကို ပထမဆုံးရေးတဲ့အခါ အချို့လူတွေအတွက် အိမ်မှအလုပ်သို့ကြာချိန်ကို ဘယ်လိုရေးရမလဲဆိုတာ သိချင်နေကြပါလိမ့်မယ်။

 အိမ်မှအလုပ်သို့ကြာချိန်ဆိုတာ မိမိနေအိမ်မှ အလုပ်ကိုသွားတဲ့ကြာချိန် (အလုပ်မှ နေအိမ်သို့အပြန်ကြာချိန်မပါ) ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီစာမျက်နှာမှာတော့ သယ်ယူပို့ဆောင်ရေးနဲ့ နေအိမ်မှ အလုပ်ကိုသွားတဲ့ကြာချိန်ကို ဘယ်လိုဖြည့်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။ ဒါကြောင့် မိမိကိုယ်ရေးရာဇဝင်မှာ ဘယ်လိုဖြည့်စွက်ရေးသင့်လဲဆိုတာ ဒီစာကိုဖတ်ပြီးလေ့လာကြည့်ကြပါစို့။

မာတိကာ

၁။နေအိမ်မှ အလုပ်ကိုသွားတဲ့ကြာချိန်ကိုရေးဖြည့်ခြင်း

၂။ဘယ်လိုပုံစံရေးရမလဲဆိုတာ ကိုယ်ရေးရာဇဝင်ဖြည့်သည့်ဖောင်ပေါ်မူတည်ခြင်း

၃။CV ‌ဖောင်ဖြည့်တဲ့အခါ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဂရုစိုက်ပါ

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

၁။နေအိမ်မှ အလုပ်ကိုသွားတဲ့ကြာချိန်ကိုရေးဖြည့်ခြင်း

CV ဖြည့်စွက်‌ရေးသားတဲ့အခါ အလုပ်သွားရန်ကြာချိန်ကို ဖြည့်ဖို့နေရာမှာ မိမိနေအိမ်မှ အချိန်ပိုင်းအလုပ်နေရာသို့ ရောက်ရှိဖို့ကြာချိန် အစမှဖြည့်ပေးရမှာဖြစ်ပါတယ်။ တခါတ‌လေ လူတွေက ကား (သို့မဟုတ်) ရထားစပြီးစီးတဲ့အချိန်ကို အလုပ်သွားကြာချိန်အဖြစ် မှတ်မှားရေးမိတတ်ကြပါတယ်။ ယာဉ်နဲ့သွားတဲ့ကြာချိန်ကို အဓိကမထားဘဲ အိမ်မှစတင်ထွက်တဲ့အချိန်မှစပြီး အချိန်ပိုင်းအလုပ်ရောက်ချိန်အထိ စုစုပေါင်းကြာချိန်အားလုံးကို ဖြည့်စွက်ရေးသားမှသာ မှန်ကန်ပါလိမ့်မယ်။ ပြီးနောက် အလုပ်သွားရန်ကြာချိန်ကို တွက်ချက်တဲ့အခါ အိမ်မှအလုပ်သို့ရောက်ရှိရန် ကြာချိန်ကိုသာ တွက်ပြီးဖြည့်ပေးရမှာဖြစ်ပါတယ်။ အလုပ်မှအိမ်သို့အပြန်ကြာချိန် ကို ထည့်သွင်းပေးဖို့ မလိုအပ်ပါ။ ဥပမာ။ ။ တကယ်လို့ အိမ်မှ ရထားဂိတ်ကို ရောက်ဖို့ကြာချိန်က ၁၀မိနစ်၊ ရထားစီးဖို့ကြာချိန်က ၂၀မိနစ်၊ ရထားမှ အချိန်ပိုင်းအလုပ်သို့ကြာချိန် ၁၀မိနစ်ဆိုရင် စုစုပေါင်း အလုပ်သွားရန်ကြာချိန် ၄၀မိနစ် ဖြစ်ပါတယ်။ 

အလုပ်သွားရန်ကြာချိန်နေရာမှာ ဖြည့်ဖို့အတွက် နာရီနဲ့ မိနစ်ကို အဆင်သင့်ရိုက်နှိပ်ထားပြီးဖြစ်တာမို့ ကွက်လပ်ချန်ထားတဲ့နေရာမှာ နံပါတ်တွေဖြည့်စွက်ပေးရန်သာလိုအပ်ပါတယ်။ ဥပမာ ။ ။ အလုပ်သွားရန်ကြာချိန်က ၂နာရီထက်နည်းတယ်ဆိုရင် ၀နာရီနဲ့ ၄၀မိနစ် လို့ဖြည့်ပေးရပါမယ်။ ဒါ့ပြင် အဲဒီကြာချိန်ကိုဖြည့်တဲ့အခါမှာ ၅မိနစ်တိုးပြီး ရေးလေ့ရှိတာကြောင့် ၂၃မိနစ် ဆိုရင်၂၅မိနစ် နဲ့ ၃၁မိနစ်ဆိုရင် ၃၀မိနစ်ဟု ပတ်လည်တွက်ရေးပေးရပါမယ်။ တကယ်လို့ အချိန်ပိုင်းအလုပ်ကိုရောက်‌စေဖို့ သွားနိုင်တဲ့လမ်းကြောင်းများပါက အတိုဆုံးကြာချိန်ကို ဖြည့်ပေးရပါမယ်။ 

၂။ဘယ်လိုပုံစံရေးရမလဲဆိုတာ ကိုယ်ရေးရာဇဝင်ဖြည့်သည့်ဖောင်ပေါ်မူတည်ခြင်း

အလုပ်သွားရန်ကြာချိန်ကို 0နာရီ 0မိနစ် ဟု‌ဖော်ပြလေ့ရှိပြီး ကိုယ်ရေးရာဇဝင်ဖြည့်ရမယ့် ဖောင်ပေါ်မူတည်ပြီး အနီးဆုံးဘူတာကိုရေးဖို့ ကော်လံထားရှိလေ့ရှိပါတယ်။ 

ဒီပုံစံက ကိုယ်ရေးရာဇရာဝင် ဖြည့်ဖောင်မှာ ဖြစ်နိုင်ခြေရှိတဲ့ပုံစံအနေအထားဖြစ်တာမို့ ကိုးကားပြီး အလုပ်သွားကြာချိန်ကို ရေးနိုင်ပါတယ်။

 အနီးဆုံးဘူတာနဲ့ သယ်ယူပို့ဆောင်ရေးအကြောင်း ဖော်ပြတဲ့ကိစ္စ 

အနီးဆုံးဘူတာနဲ့ ပို့ဆောင်ရေးနည်းလမ်း ကို ဖောင်မှာဖြည့်တဲ့အခါ ဝင်ခွင့်အကွက်ပါတဲ့ ကိုယ်ရေးအကျဉ်းတစ်ခုမှာဖြည့်ရပါမယ်။ ကိုယ့်အိမ်နဲ့ အနီးဆုံးဘူတာနာမည် နဲ့ ကိုယ်အသုံးပြုနေတဲ့ပို့ဆောင်ရေးယာဥ်အမျိုးအစားဖြစ်တဲ့ ရထား၊ ဘတ်စ်ကား၊ စက်ဘီး စသဖြင့် သွားကြောင်းရေးပေးပါ။ တကယ်လို့ ကိုယ်ကလမ်းလျှောက်လိုပါက လမ်းလျှောက် လို့ရေးပြီး အနီးဆုံးဘူတာနေရာကို ကွက်လပ်ချန်ခဲ့ပါ။

 တကယ်လို့ ကိုယ်က ပို့ဆောင်ရေးနည်းလမ်းမျိုးစုံကို အသုံးပြု‌နေရင် ဘတ်စ်၊ ရထား ၁နာရီ ၃၀မိနစ် စသဖြင့် ပို့ဆောင်ရေးယာဉ်အမျိုးအစား အားလုံးကိုထည့်သွင်းရေးသားဖို့လိုပါတယ်။ 

တကယ်လို့ ကိုယ်ကရုံးခန်းအခွဲများစွာရှိပြီး ဘယ်‌ နေရမှာ အလုပ်လုပ်ရမလဲ မသိတဲ့အခါ အလုပ်သွားချိန်ကော်လံမှာ နံပါတ်တစ်ခုဖြည့်ဖို့မလိုအပ်ပါ။ တကယ်လို့ကိုယ်က ကွက်လပ်အဖြစ် ချန်ထာပါကလည်း ဝင်ခွင့်အတွက်ပယ်ချန်ထားခြင်းခံရနိုင်ပါတယ်။ ဒါကြောင့် ဘားတစ်ခုဆွဲကြည့်ဖို့ အကြံပြုပါရစေ။

ဥပမာ

  • နာရီ-မိနစ်


တကယ်လို့ အိမ်ပြောင်းမယ်ဆိုရင်

တကယ်လို့ အိမ်ပြောင်းဖို့အစီအစဥ်ရှိရင် အချိန်ပိုင်းအလုပ်နဲ့ အိမ်အသစ်ရောက်သည်အထိ ကြာချိန်ကိုဖြည့်ရမှာဖြစ်ပါတယ်။ ယခုနေအိမ်ကြာချိန်ကိုဖြည့်ရမှာမဟုတ်ပါဘူး။ ဒီလိုအနေအထားမှာဆိုရင် အဲဒီကြာချိန်က အိမ်ပြောင်းပြီးရင် ကြာမယ့်အချိန်ဖြစ်ကြောင်း ကြာချိန်ရေးပြီးဘေးမှာ ထပ်ဖြည့်စွက်ပေးဖို့နဲ့ မှတ်ချက်ကော်လံ အနေနဲ့လည်းဖြည့်ထားပေးနိုင်ပါတယ်။ သို့မှသာ မိမိက ‌အခြေအနေတွေကို နားလည်နိုင်မှာဖြစ်ပါတယ်။ 

တကယ်လို့ ကိုယ်ကကြာချိန်ဖြည့်ဖို့ ကော်လံမပါခဲ့ဘူးဆိုရင် 

တကယ်လို့ ကိုယ့်ရဲ့ CV မှာ အလုပ်သွားရန်ကြာချိန်ဖြည့်ဖို့ နေရာပါမလာဘူးဆိုရင် အင်တာဗျူးဖြေဆိုတဲ့အခါ မိမိကို ကြာချိန်နဲ့ သွားလာရေးစာရိတ်တွေကို မေးမြန်းနိုင်ခြေရှိပါတယ်။ 

 မိမိနေအိမ်မှ အချိန်ပိုင်းအလုပ်သို့ သွားရန်လမ်း‌ ‌ ကြောင်းနဲ့ သွားလာရေးစာရိတ်ကို သိရှိထားရပါမယ်။ ဒါမှသာ အင်တာဗျူးအမေးခံရတဲ့အခါ မှန်ကန်စွာ‌‌ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

 အလုပ်ခန့်ထားသူများက အလုပ်သွားချိန်ကို ဘာကြောင့် စစ်ဆေးကြတာလဲ

 အလုပ်ရှင်တွေက အလုပ်‌‌လျှောက်ထားသူတွေ အချိန်ပိုင်းအလုပ်ကို အလွယ်တကူရရှိဖို့ နဲ့ သွားလာကုန်ကျစာရိတ်ကို ‌တွက်ချက်နိုင်ရန် စစ်ဆေးကြပါတယ်။ 

တကယ်လို့ အချိန်ပိုင်းအလုပ်က အိမ်နဲ့ဝေးလွန်းပါက မိမိက ပြောင်းရွှေ့ရန်ကိစ္စတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်နေတတ်ပြီး အလုပ်ကိုကောင်းစွာမလုပ်နိုင်မှာကို စိုးရိမ်နေပေလိမ့်မယ်။

တစ်ဖက်ကိုကြည့်မယ်ဆိုရင် တကယ်လို့ မိမိအချိန်ပိုင်းအလုပ်နဲ့ အိမ် နီးနီးကပ်ကပ်ရှိရင် အလုပ်ရှင်က တခြားပျက်ကွက်ဝန်ထမ်းအစား ချက်ချင်းအစားထိုး ခေါ်နိုင်ရန်အတွက် အခွင့်အရေးရရှိနိုင်ပါတယ်။

ဒါ့အပြင် သွားလာစာရိတ်ကို ပေးတတ်တဲ့ လုပ်ငန်းခွင်မှာဆိုရင် သွားလာကုန်ကျစာရိတ်တွေပေါ်မူတည်ပြီး အလုပ်ခန့် အပ်မှုစံနှုန်းတွေ ကွာသွားနိုင်ပါတယ်။ သွားလာစာရိတ်တစ်မျိုးထဲက အလုပ်ခန့်အပ်ခြင်း (သို့မဟုတ်) ငြင်းဆန်ခြင်းပေါ် မူတည်တာမဟုတ်ပေမယ့် တကယ်လို့ သွားလာစာရိတ်များလွန်းပါက အလုပ်ခန့်ခြင်းအပေါ်ထိခိုက်နိုင်ပါတယ်။

၃။CV ‌ဖောင်ဖြည့်တဲ့အခါ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဂရုစိုက်ပါ

အခုဆိုရင် အိမ်မှအလုပ်သို့သွားဖို့ကြာချိန် ဘယ်လိုရေးရမလဲ မိတ်ဆက်ပြီးချိန်မှာ CV ဖောင်ထဲမှာ ကိုယ်ရေးရာဇဝင်ကို မှန်ကန်စွာဖြည့်နိုင်မယ်ဆိုရင် ပိုပြီးအထင်ကြီးစရာကောင်းလာပါလိမ့်မယ်။ 

 မိမိရဲ့ကိုယ်ရေးအကျဉ်းကို ရေးတဲ့အခါ အောက်ပါအချက်များကို သတိပြုပေးပါ။ 


ကွက်လပ်တွေမချန်ခဲ့ပါနဲ့

 တကယ်လို့ ကိုယ်ကဖောင်ကိုပြည့်စုံစွာမဖြည့်ဘဲ ကွက်လပ်ချန်ထားခဲ့မယ်ဆိုရင် "ဖြည့်ဖို့မေ့ကျန်ခဲ့သလား" ဒါမှမဟုတ် "မရေးချင်လို့ထားခဲ့သလား" ဟု မေးမြန်းခံရပါလိမ့်မယ်။ ဒါကြောင့် ကွက်လပ်တွေကို အကုန်ဖြည့်ပေးပါ။ တကယ်လို့ အရည်အချင်းနဲ့ လိုင်စင်ကော်လံ ဖြည့်စရာမရှိပါက " ထွေထွေထူးထူးဖြည့်စရာမရှိပါ" ဟု ဖြည့်လိုက်ပါ။

အမှားမပြင်ပါနဲ့ 

တကယ်လို့ ကိုယ်ကအမှားလုပ်ခဲ့မိရင် အမှန်ပြင်ထားတဲ့ အမှတ်အသားတွေ မချန်ထားခဲ့တာက ကောင်းမွန်တဲ့အမူအကျင့် ဖြစ်ပါတယ်။ အလုပ်မအားလို့ ကလီလင်တနိုင်ပေမယ့် CV မှာ မှားဖြည့်ခဲ့မိရင် မင်ဖျက်ဆေးရည် (သို့မဟုတ်)မင်ဖျက်တိတ်တွေကို မသုံးဘဲ အသစ်စာရွက်မှာ အစအဆုံးပြန်ရေးပါ။ အမှားစာလုံးတွေကို မျဉ်းနှစ်ကြောင်းဖြင့် ဖျက်တာမျိုးတွေ ရှောင်ကြဉ်သင့်ပါတယ်။ 

စာကိုသေချာရေးပါ

ကိုယ်ရေးရာဇဝင်ဖြည့်တဲ့အခါ အကြောင်းအရာတွေသာမက ခံစားချက်တွေကိုပါ ဘယ်လိုထည့်သွင်းဖြည့်စွက်ထားလဲဆိုတာ အကဲဖြတ်ကြပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းအရာဖြစ်ဖြစ် ဘယ်လောက်အလျင်လိုနေပါစေ မသပ်မရပ်မရေးပါနဲ့။ ကိုယ်က Kanji နဲ့ Hiragana ကို သပ်သပ်ရပ်ရပ်ရေးရန် အခက်အခဲရှိနိုင်ပေမယ့် စာရေးကောင်းဖို့မလိုအပ်ပါဘူး။ ဂရုတစိုက်နဲ့ အမှားကင်းအောင် ရေးနိုင်ဖို့လိုအပ်ပါတယ်။

တကယ်လို့ ကိုယ့်ရဲ့ကိုယ်ရေးရာဇဝင်စာရွက်က ရှုပ်ပွ (သို့မဟုတ်) ကျိုးကြေနေတယ်ဆိုရင် အထင်အမြင်သေးစရာဖြစ်နေလိမ့်မယ်။ဒါကြောင့် စာရွက်ကို သန့်သန့်ရှင်းရှင်းနဲ့ ထားဖို့ အရေးကြီးပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အချိန်ပိုင်းအလုပ်/ နိုင်ငံခြားကျောင်းသား၊‌ ကျောင်းသူတွေအနေနဲ့ အချိန်ပိုင်းအလုပ်လျှောက်တဲ့အခါ အိမ်မှအလုပ်သို့လာသည့်ကြာချိန် ကို ဘယ်လိုရေးကြမလဲ(How to write commuting time for part-time job resume for international students)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ