外国人留学生向け!介護職アルバイトから就職する方法 နိုင်ငံတကာမှကျောင်းသား ကျောင်းသူများ အတွက် သူနာပြု (Kaigo ပြုစုစောင့်ရှောက်နည်း) အချိန်ပိုင်းအလုပ်ကို ဘယ်လိုရှာကြမလဲ For international students! How to get a job from a part-time job

အချို့နိုင်ငံတကာမှကျောင်းသား ကျောင်းသူတွေက ဂျပန်နိုင်ငံရဲ့ Kaigo ပြုစုစောင့်ရှောက်ရေး နဲ့ လူမှုဖူလုံရေးအကြောင်းအရာကို လာရောက်လေ့လာကြပါတယ်။ 

တကယ်လို့ မိမိရဲ့ဘွဲ့က အဲဒီအကြောင်းအရာနဲ့ဆက်စပ်ခြင်း မရှိပေမယ့် ဂျပန်နိုင်ငံရဲ့ Kaigo ပြုစုစောင့်ရှောက်ရေးစနစ်ကို စိတ်ဝင်တစားရှိနိုင်ပါတယ်။ 

အခုလက်ရှိ Kaigo ပြုစုစောင့်ရှောက်ရေးအခြေအနေ ကို သိရှိရန် လက်တွေ့အလုပ်သွားလုပ်ခြင်းက အကောင်းဆုံးနည်းလမ်းဆိုပေမယ့် ‌နိုင်ငံခြားသားတွေအတွက် အဲဒီနေရာမှာ အချိနိပိုင်းအလုပ်ကို ရှာနိုင်ပါ့မလား။

ဒီစာမျက်နှာကော်လံမှာ Kaigo ပြုစုစောင့်ရှောက်ရေးရဲ့အချိန်ပိုင်းအလုပ်ရှာနည်း၊ အလုပ်လုပ်ခြင်းရဲ့အားသာချက် နဲ့ အချိန်ပြည့်ဝန်ထမ်းဖြစ်ဖို့ အလုပ်ရှာနည်းလမ်းအချက်များကို အတိုချုံးပြောပြပေးသွားပါမယိ။

ဂျပန်နိုင်ငံ Kaigo ပြုစုစောင့်ရှောက်ရေး ကို နက်နက်နဲနဲသိချင်သူတွေ နဲ့ အလုပ်လုပ်ချင်သူတွေအတွက် ဒီစာမျက်နှာကို ကိုးကားလေ့လာနိုင်ပါတယ်။

မာတိကာ 

၁။နိုင်ငံခြားကျောင်းသား/သူတွေအတွက် Kaigo ပြုစုစောင့်ရှောက်ရေးမှာ အချိန်ပိုင်းအလုပ်ဘယ်လိုလုပ်ကြလဲ

၂။အသိအမှတ်ပြုထားတဲ့လုပ်သား သင်တန်းကျောင်းတွေမှာ အချိန်ပိုင်းအလုပ်လုပ်မယ်ဆိုရင် ရရှိလာမယ့်အကျိုးကျေးဇူးများ

၃။နိုင်ငံခြားသားများအတွက် ပြုစုစောင့်ရှောက်သူဖြစ်လာဖို့ နည်းလမ်း ၄မျိုး

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

၁။နိုင်ငံခြားကျောင်းသား/သူတွေအတွက် Kaigo ပြုစုစောင့်ရှောက်ရေးမှာ အချိန်ပိုင်းအလုပ်ဘယ်လိုလုပ်ကြလဲ

အချို့နိုင်ငံခြားကျောင်းသား/သူတွေက Kaigo ပြုစုစောင့်ရှောက်ရေးလုပ်ငန်းအ‌ ကြောင်းနဲ့ အဲဒီလုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင်သိရှိဖို့ ဂျပန်တွေရဲ့ Kaigo ပြုစုစောင့်ရှောက်ရေးလုပ်ငန်း တွေမှာ အချိန်ပိုင်းအလုပ်လုပ်ချင်ကြပါတယ်။

နိုင်ငံတကာမှ ကျောင်းသား/သူတွေကြားမှာနိုင်ငံခြားမှာ လာရောက်ပြီး Kaigo ပြုစုစောင့်ရှောက်ရေးနဲ့ လူမှုဖူလုံရေးသင်တန်းကျောင်းမှာ ဒီလိုပြုစုစောင့်ရှောက်ရေးဆိုင်ရာ အချိန်ပိုင်းအလုပ်ကိုရွေးချယ်ရတဲ့ ကိစ္စတွေအများကြီးရှိနိုင်ပါတယ်။ 

မိမိသင်ယူခဲ့တဲ့ ဘာသာရပ်ကို လက်တွေ့အလုပ်လုပ်ရင်း ပိုပြီးကျွမ်းကျင်စေဖို့အတွက် လျှောက်ထားခြင်း အကြောင်းအရာတစ်ခု ဖြစ်နိုင်ပါတယ်။

သို့သော်လည်း Kaigo ပြုစုစောင့်ရှောက်ရေးအချိန်ပိုင်းအလုပ်တွေက အသိအမှတ်ပြုထားတဲ့လုပ်သား‌သင်တန်းကျောင်းမှ ကျောင်းသား/သူတွေအတွက်ပဲ ကန်သတ်ထားတာမဟုတ်ပါဘူး။

ဘာသာရပ်မတူတဲ့နိုင်ငံတကာမှ ကျောင်းသား/သူတွေ ဖြစ်တဲ့ ဂျပန်ဘာသာစကားလေ့လာရေးကျောင်းနဲ့ တက္ကသိုလ်ကဲ့သို့ဘာသာရပ်မှလည်း သူတို့စိတ်ဝင်စားတယ်ဆိုရင် အလုပ်လုပ်နိုင်ပါတယ်။

မိမိက ကျောင်းတက်နေဆဲဆိုရင် နေထိုင်မှုအခြေအနေ အပြင်လှုပ်‌ရှားမှုကိုမဆို လူမှုကြီးကြပ်ရေးဗျူရိုထံမှ ခွင့်ပြုချက်ယူပြီး တစ်ပတ်ကို ၂၈နာရီအထိ အချိန်ပိုင်းအလုပ်လုပ်ကိုင်နိုင်ပါတယ်။

ဒါဆိုရင် နိုင်ငံတကာကကျောင်းသား/သူတွေအနေနဲ့ အသိအမှတ်ပြုလုပ်သားသင်တန်းကျောင်းမှာ အချိန်ပိုင်းအလုပ်ကို ဘယ်လိုရှာကြမလဲ။

တကယ်လို့ မိမိက နိုင်ငံခြား‌မှာကျောင်းတက်နေဆဲမှာ Kaigo ပြုစုစောင့်ရှောက်ရေးဆောင်ရွက်မှုတွေမှာ အချိန်ပိုင်းအလုပ်ကိုလျှောက်ထားနိုင်ဖို့ ကျောင်းကိုဆက်သွယ်ထားဖို့ ထောက်ခံချင်ပါတယ်။

အချို့နိုင်ငံခြားကျောင်းသား/သူများ အတွက် အချိန်ပိုင်းအလုပ်တွေအပြင် အလုပ်များစွာကို ကမ်းလှမ်းထားတာရှိပါတယ်။ 

ဒါ့ပြင် ကျောင်းနဲ့ဆက်စပ်နေတဲ့ သူနာပြုစောင့်ရှောက်မှုဌာန နဲ့ NPO များလည်းရှိနိုင်ပါတယ်။ တကယ်လို့ ကိုယ်ကပါတနာတစ်ယောက်ဖြစ်ပါက ဌာနတွေရဲ့ ဝိသေသထူးခြားချက်တွေ နဲ့ ကျောင်းသားလက်ခံရေးစနစ်ကိုလည်း နားလည်နိုင်ပြီး အချိန်ပိုင်းအလုပ်ကို လုပ်ကိုင်နိုင်ဖို့လွယ်ကူစေပါတယ်။ 

နိုင်ငံတကာကကျောင်းသား/သူတွေဖြစ်ပေမယ့် တကယ်လို့ မိမိဘာသာသီးသန့် အချိန်ပိုင်းအလုပ်ကိုရှာမယ်ဆိုရင် ပြဿနာမရှိနိုင်ပါဘူး။ ဒါပေမယ့် အလုပ်လုပ်ချိန်အပေါ် ကန့်သတ်ချက်တွေရှိနိုင်တာကြောင့် ဒါလေးကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ 

တကယ်လို့ မိမိကကျောင်းတက်နေတယ်ဆိုရင် နိုင်ငံတကာကကျောင်းသား/သူတွေ လုပ်ကိုင်နိုင်တဲ့ အချိန်ပိုင်းအလုပ်တွေကို စတင်ကမ်းလှမ်းခံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကစိတ်ချလက်ချအလုပ်ကို လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

၂။အသိအမှတ်ပြုထားတဲ့လုပ်သား သင်တန်းကျောင်းတွေမှာ အချိန်ပိုင်းအလုပ်လုပ်မယ်ဆိုရင် ရရှိလာမယ့်အကျိုးကျေးဇူးများ

 

အသိအမှတ်ပြုထားတဲ့လုပ်သား သင်တန်းကျောင်းမှ နိုင်ငံခြားကျောင်းသား/သူများက အပြင်ကအချိန်ပိုင်း Kaigo ပြုစုစောင့်ရှောက်ရေး အလုပ်တွေကို‌ တောင်မှ လုပ်ကိုင်ခွင့်ရှိပါတယ်။ 

သို့သော် Kaigo ပြုစုစောင့်ရှောက်တဲ့အလုပ်ကို အချိန်ပိုင်းလုပ်ကိုင်ခြင်းကြောင့်‌ အောက်ပါအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

ဂျပန် Kaigo ပြုစုစောင့်ရှောက်ခြင်းနယ်ပယ်မှာ အတွေ့အကြုံရရှိနိုင်ခြင်း

အသိအမှတ်ပြုလုပ်သားသင်တန်းကျောင်းကို တက်ရောက်ခြင်းက မိမိရဲ့ ဂျပန် Kaigo ပြုစုစောင့်ရှောက်နည်းတွေအ‌ ပေါ် စိတ်ဝင်စားမှုနည်းပါးတယ်လို့ ယူဆလို့မရတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အချိန်ပိုင်းအလုပ်လုပ်ခြင်းဖြင့် မိမိကစာတွေ့အပြင် လက်တွေ့သူနာပြုစောင့်ရှောက်မှုအပိုင်းကို အတွေ့အကြုံရယူနိုင်တဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။

ကိုယ်တိုင်စာတွေ့သင်ယူထားတဲ့ အရာတွေကို လက်တွေ့လေ့လာခြင်းဖြင့် အသိပညာတွေကို ဖြန့်ကျက်နိုင်မယ့်အခွင့်အရေးတွေရရှိနိုင်ပါတယ်။  တကယ်လို့ ဒီနယ်ပယ်ကို လက်တွေ့‌ လေ့လာမှသာ သေချာနားလည်နိုင်တယ်ဆိုတာ သိလာစေပါတယ်။

ဂျပန်ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို သင်ယူခြင်း

ဝန်ထမ်းများနဲ့ သူနာပြုဌာနကိုအသုံးပြုသူများက ဂျပန်တွေဖြစ်ကြတယ်။ ဒါကြောင့် ဂျပန်ဘာသာစကားကို အသုံးပြုကြတယ်။

ဂျပန်ဘာသာစကားကို အသုံးပြုချခွင့်ပိုရလေ မိမိရဲ့ဘာသာစကားကျွမ်းကျင်မှုတွေ တိုးတက်လာနိုင်ပါတယ်။ သူနာပြုစုရေးနယ်ပယ်မှာ လက်တွေ့အသုံးပြုတဲ့ အခေါ်အဝေါ်တွေနဲ့ အတိုကောက်စာလုံးအသုံးပြုပုံတွေကို ကိုယ်တိုင်ရှာတွေ့နိုင်လာပါလိမ့်မယ်။ 

ဒါ့အပြင် Kaigo ပြုစုစောင့်ရှောက်ရေးဌာနတွေမှာ ကျင်းပတဲ့ ဂျပန်နိုင်ငံယဉ်ကျေးမှု ရာသီပွဲတော်တွေကို လှုပ်ရှားတက်ကြွစွာ ကျင်းပနိုင်မှာဖြစ်ပါတယ်။ ဥပမာ။ ။ New Year နဲ့ Setsubun နေ့တွေမှာ Kaigo ပြုစုစောင့်ရှောက်ရေးဌာနတွေမဇာ ပွဲတော်များကျင်းပခဲ့ကြတယ်။ နေထိုင်သူများနဲ့အတူ နှစ်သစ်ကူးအစားအစားများနဲ့ Setsubun ပွဲတော်မှာကျင်းပ‌တဲ့ ပဲလုံးတွေကို စားသုံးပြီး ကျဲခြင်းဖြင့် ဂျပန်ယဉ်ကျေးမှုအတွေ့အကြုံကိုရရှိစေပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းတွေ များလာခြင်း

မကြာသေးမီနှစ်များက ပြုစုစောင့်ရှောက်တဲ့ဝန်ထမ်းတွေ ဂျပန်မှာ နည်းပါးလာတဲ့အတွက် ဝန်ထမ်းမလုံလောက်မှုကြောင့် Kaigo ပြုစုစောင့်ရှောက်ရေးလုပ်ငန်းတွေထိခိုက်လာကြတယ်။

တချို့ဌာနတွေက သင်တန်းကျောင်းကကျောင်းသး/သူတွေကို ကျောင်းတက်နေစဉ် အချိန်ပိုင်းအလုပ်ခန့်ပြီး ဘွဲ့ရတဲ့အခါ အချိန်ပြည့်ဝန်ထမ်းအဖြစ်ခန့်ခဲ့ကြတယ်။ 

တကယ်လို့ ကိုယ်ကဘွဲ့ရပြီး အရေအချင်းပြည့်မီကြောင်း အသိအမှတ်ပြုလက်မှတ်နဲ့ ဂျပန်တွင်ဆက်ပြီးအလုပ်လုပ်နိုင်ပါတယ်။

ဒါကြောင့် ကျောင်းတက်နေကတည်းက အချိန်ပိုင်းအလုပ်ကိုလုပ်ထားဖို့ ထောက်ခံပေးချင်ပါတယ်။

၃။နိုင်ငံခြားသားများအတွက် ပြုစုစောင့်ရှောက်သူဖြစ်လာဖို့ နည်းလမ်း ၄မျိုး

နောက်ဆုံးအနေနဲ့ Kaigo ပြုစုစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ အလုပ်ရစေဖို့ နည်းလမ်း၄မျိုး နဲ့စတင်မိတ်ဆက်ပေးပါမယ်။

အောက်ဖော်ပြပါအချက်တွေမှာ နေထိုင်တဲ့အချိနိနဒြ ဦးတည်ထားတဲ့ လူများမတူညီတဲ့အတွက်ကြောင့် ကွဲပြားမှုနဲ့ ထူးခြားတဲ့လက္ခဏာ တစ်ခုစီကိုသေချာစစ်ဆေးဖိူ့လိုအပ်ပါတယ်။

အသိအမှတ်ပြုနိုင်ငံခြားပြုစုစောင့်ရှောက်ရေးလုပ်သားဖြစ်လာစေဖို့အတွက် PA(Economic Partnership Agreement) 

EPA ဆိုတာ ဂျပန်နဲ့ မိတ်ဖက်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းညှိနှိုင်းရေးနဲ့ ခိုင်မာလာစေရန် ဖွဲ့စည်းထားတဲ့ စနစ်တခုဖြစ်ပါတယ်။

Kaigo ပြုစုစောင့်ရှောက်ရေးနယ်ပယ်မှာ အလုပ်လုပ်နေချိန်ဖြစ်စေ (သို့မဟုတ်) သင်တန်းလေ့ကျင့်ရယူနေချိန်ဖြစ်စေ မိမိကနောက်ဆုံးမှာ အသိအမှတ်ပြုပြုစုစောင့်ရှောက်ရေး " certified certified care worker" ကိုရရှိမှာဖြစ်ပါတယ်။

‌အောက်ဖော်ပြပါ အချက်၃ချက်ကို EPA ရဲ့ထူးခြားတဲ့ ဝိသေသလက္ခဏာအဖြစ် ဖော်ပြလို့ရပါတယ်။

  • မိခင်နိုင်ငံရှိ သူနာပြုနဲ့ သူနာပြုလုပ်ငန်းများတွင် အသိပညာနဲ့ အတွေ့အကြုံရှိသူများအတွက်

  • ဂျပန်နိုင်ငံသို့ဝင်ရောက်ပြီး ၄နှစ်အတွင်း အသိအမှတ်ပြုပြုစုစောင့်ရှောက်ရေးလုပ်သားအတွက် အမျိုးသားစာမေးပွဲကိုဖြေဆိုရပါမယ်။

  • တကယ်လို့ စာမေးပွဲအောင်မြင်ပါက မိမိရဲ့ နေထိုင်မှုနဲ့ အလုပ်ကာလကို အမြဲတမ်းသက်တမ်းတိုးနိုင်ပါမယ်။

  • သို့သော် ဖိလစ်ပိုင်၊ ဗီယက်နမ် နဲ့ အင်ဒိုနီရှီယားလူမျိုးတွေအတွက်သာ နှစ်ရှည် Kaigo ပြုစုရေးအတွက် EPA ကိုရရှိမှာဖြစ်ပါတယ်။

  • ဒါ့အပြင် တကယ်လို့ မိမိကစာမေးပွဲမအောင်မြင်ပါက နေရပ်သို့ပြန်ရပါမယ်။ 

  • နောက်ထပ်အင်္ဂါရပ်အနေနဲ့ ထောက်ပံ့ပေးထားတဲ့ နှစ်ရှည် Kaigo ပြုစုစောင့်ရှောက်ရေးမှာကန့်သတ်ချက်များရှိပါတယ်

နှစ်ရှည် Kaigo ပြုစုစောင့်ရှောက်ရေးကို နေအိမ်အဆင်အတန်းထိရယူခြင်း

နိုင်ငံခြား‌ ကျောင်းသား/သူတွေ လူမှုဖူလုံရေးအသင်မွေးဝမ်းကျောင်းမှ ဘွဲ့ရထားပြီး အသိအမှတ်ပြုလုပ်သားပြုစုစောင့်ရှောက်ရေးသင်တန်းကျောင်း မှ အသိအမှတ်ပြုလုပ်သားအရည်အချင်းရှိသူများ လျှောက်ထားနိုင်တဲ့ စနစ်ဖြစ်ပါတယ်။

အရှေ့အပိုင်းမှာ စမိခဲ့တဲ့ အချိန်ပိုင်းအလုပ်နဲ့ချိတ်ဆက်လုပ်ကိုင်ခြင်း ကိစ္စတွေပါ အကျုံးဝင်ပါတယ်။

မိမိက အသိအမှတ်ပြုလုပ်သားပြုစုစောင့်ရှောက်ရေးကို တစ်ကြိမ်ရရှိပြီးတာနဲ့ နိုင်ငံခြားပညာသင်ကြားမှု နှစ်ရှည်ပြုစုစောင့်ရှောက်မှု သို့ပြောင်းလဲသွားမှာဖြစ်ပါတယ်။

နှစ်ရှည် Kaigo ပြုစုစောင့်ရှောက်ရေးကိစ္စမှာ မိမိက ကျွမ်းကျင်တဲ့ပညာရှင်တစ်ယောက် ဖြစ်လာပြီး မိမိနေထိုင်တဲ့ကာလကို ဆန္ဒရှိသလောက်ထပ်ခါထပ်ခါ အသစ်ပြန်လျှောက်လို့ရပါတယ်။ ဒါ့အပြင် EPA ပြီးစီးစေဖို့ အလုပ်ကန့်သတ်ချက်တွေရှိပေမယ့် နှစ်ရှည် Kaigo ပြုစုစောင့်ရှောက်ရေး ကိစ္စရပ်များနဲ့ပတ်သက်ပြီး လည်ပတ်ခြင်းနဲ့ သက်ကြီးရွယ်အိုအိမ်ရာအတွက် ဝန်ဆောင်မှုအတွက် အလုပ်ကန့်သတ်ချက်များ မရှိတဲ့အတွက် အလုပ်ကိုကျယ်ကျယ်ပြန့်ပြန့် အတွေ့အကြုံရယူနိုင်ပါတယ်။

မည်သည်နိုင်ငံမှနိုင်ငံခြားသားမဆို အသိအမှတ်ပြု လုပ်သားပြုစုစောင့်ရှောက်ရေး သင်တန်းကျောင်းကို အထူးပြု သင်ယူထားတဲ့ အသိပညာရှိထားတာကြောင့် စိန်ခေါ်မှုကိုလက်ခံနိုင်တာရယ်၊ အတွေ့အကြုံရှိထားဖို့ မလိုအပ်တာကြောင့် လျှောက်ထားသူဦးရေ တိုးပွားလာတဲ့စနစ်ဖြစ်ပါတယ်။

နည်းပညာအလုပ်သင်သင်တန်းစနစ်ကို အသုံးပြုခြင်း

ဂျပန်မှကျွမ်းကျင်မှုပညာတွေကို နိုင်ငံခြားတိုင်းပြည်တွေကို လွှဲပြောင်းပေးနိုင်ဖို့ နည်းပညာအလုပ်သင်သင်တန်းစနစ်ကို အချိန်ကာလတခုအထိရည်ရွယ်ပြီး လက်ခံထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံခြားသားများ သူတို့နိုင်ငံရဲ့ စက်မှုနဲ့ စီးပွားရေး တိုးတက်စေဖို့ ဂျပန်ရဲ့ နည်းပညာ၊ ကျွမ်းကျင်ခြင်း နဲ့ အသုံးချနိုင်စေရန်ဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံရဲ့ ဝိသေသလက္ခဏာတွေကြောင့် အများဆုံး ၅နှစ်နေထိုင်နိုင်ပြီး မိမိက ဂျပန်ဘာသာစကားကျွမ်းကျင်မှုအတွက် ဂျပန်ရောက်ပြီးတစ်နှစ်အတွင်း N3 စာမေးပွဲကို ဖြေဆိုရမှာဖြစ်ပါတယ်။ဒါ့အပြင် ‌ပေးဆောင်ထားတဲ့ ဝန်ဆောင်မှုအပေါ် ကန့်သတ်ချက်များရှိပြီး လာရောက်လည်ပတ်တဲ့ ဝန်ဆောင်မှုမျိုးတွင် မဖြစ်နိုင်ပါ။

သို့သော် တကယ်လို့ နည်းပညာအလုပ်သင်သင်တန်း အတွင်း နိုင်ငံသားနည်းပညာဆိုင်ရာ အရည်အချင်း အသိအမှတ်ပြုလုပ်သားပြုစုရေး မှာ နှစ်ရှည် Kaigo ပြုစုစောင့်ရှောက်ရေး နဲ့ အမြဲတမ်းအလုပ်နိုင်ခြင်း (သို့မဟုတ်) ကန့်သတ်ချက်တစုံတရာမရှိဘဲ နှစ်ရှည် Kaigo ပြုစုရေးဝန်ဆောင်မှုကို ပေးနိုင်ပါတယ်။

"Specific Skill No.1" ရတဲ့နေထိုင်သူများအခြေအနေ

"Specific Skill No.1" စနစ်က နိုင်ငံခြားသားအလုပ်အကိုင်ခန့်အပ်ရာတွင် အသုံးပြုရန်ရည်ရွယ် လက်ခံထားကြပါတယ်။ တကယ်လို့ မိမိက ကျွမ်းကျင်စစ်ဆေးရေးနဲ့ ဂျပန်ဘာသာစကားစာမေးပွဲတွေကို အောင်မြင်ပါက Kaigo ပြုစုစောင့်ရှောက်ရေးဌာနမှာ ၅နှစ်အထိ အလုပ်လုပ်ကိုင်နိုင်ပါတယ်။

နည်းပညာဆိုင်ရာအလုပ်သင် လေ့ကျင့်ရေးစနစ်တွေလို အိမ်အထိဝန်ဆောင်တွေ မပေးနိုင်သော်လည်း ဒီကာလအတွင်း အသိအမှတ်ပြုစောင့်ရှောက်မှုလုပ်သားတို့ အရည်အချင်းပြည့်မီပါက နေထိုင်မှုအဆင့်အတန်းကို ရေရှည်ပြုစုစောင့်ရှောက်ရေး ပြောင်းလဲနိုင်ပါတယ်။

တတိယနှစ်‌အထိ နည်းပညာဆိုင်ရာအလုပ်သင်လေ့ကျင့်မှု စနစ် ပြီးထားသူတွေအတွက် Specific Skill No.1 အတွက် လိုအပ်တဲ့စာမေးပွဲကို ကင်းလွတ်ခွင့်ရပါတယ်။ ဒါကြောင့် နည်းပညာဆိုင်ရာအလုပ်သင်သင်တန်းပြီးပါက သတ်မှတ်ထားတဲ့ ကျွမ်းကျင်မှု နံပါတ် (၁) ပြောင်းနေဖို့နဲ့ စုစုပေါင်း ၈နှစ် နေထိုင်နိုင်ရပါမယ်။

တကယ်လို့ ဂျပန် Kaigo ပြုစုစောင့်ရှောက်ရေးလုပ်ငန်းပိုင်းမှာ အချိန်ပိုင်းအလုပ်လုပ်လိုသူများ နိုင်ငံခြားမှာရှိတဲ့ လူမှုဖူလုံရေးကျောင်းမှာ စာသင်ကြားဖို့ က ပုံမှန်လိုဖြစ်ပြီး နဲ့ အရည်အချင်းပြင်ပလှုပ်ရှားမှုအတွက် ခွင့်ပြုချက်ရယူရပါမယ်။

ဒီနောက်မှာတော့ ကိုယ်က အသိအမှတ်ပြုပြုစုစောင့်ရှောက်ရေးလုပ်သား ဖြစ်လာနိုင်ပြီး အသိအမှတ်ပြုထားတဲ့ ပြုစုစောင့်ရှောက်ရေးလုပ်သာူအဖြစ် ဆက်ပြီးအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ .

အမျိုးသား အရည်အချင်းပြည့်မီဖို့ မလွယ်ကူပေမယ့် တကယ်လို့ အနာဂတ်မှာ ကိုယ်ကပြုစုစောင့်ရှောက်ရေးလုပ်ငန်းပိုင်းဆိုင်ရာကို တက်ကြွစွာပါဝင်လိုပါက စိန်ခေါ်ကြည့်ကြလိုက်စို့နော်။







 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ မိမိနှင့်ကိုက်ညီသောအလုပ်/ 外国人留学生向け!介護職アルバイトから就職する方法 နိုင်ငံတကာမှကျောင်းသား ကျောင်းသူများ အတွက် သူနာပြု (Kaigo ပြုစုစောင့်ရှောက်နည်း) အချိန်ပိုင်းအလုပ်ကို ဘယ်လိုရှာကြမလဲ For international students! How to get a job from a part-time job

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ