အထူးကျွမ်းကျင်လုပ်သား(တိုခုတဲဂိနိုး)ဆိုတာဘာလဲ(What is a Special Skill Worker?)

ပြန်ပြီးပြင်ဆင်လိုက်တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေက ၂၀၁၉ခုနှစ် ဧပရယ်လ (၁)ရက်နေ့မှာ စတင်သက်ရောက်ခဲ့ပြီး "Special Skill Worker" နေထိုင်မှုအခြေအနေသစ်ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ရလဒ်အနေဖြင့် အလုပ်သမားရှားပါးမှုများခြင်းဟု အသိအမှတ်ပြုထားတဲ့ နယ်ပယ် (၁၄) ခုမှာ နိုင်ငံခြားအလုပ်သမားတွေဖြစ်နိုင်စေဖို့ ရှိလာခဲ့ပါတယ်။ 

ဒါဆို ကုမ္ပဏီတစ်ခုက ကျွမ်းကျင်တဲ့နိုင်ငံခြားသားတစ်ယောက်ကို ဘယ်လိုငှားရမ်းမလဲ။ ဒီဆောင်းပါးမှာ နေထိုင်မှုအခြေအနေ "Specific Skills" ကို အသုံးချနိုင်ဖို့ ကုမ္ပဏီတစ်ခုအတွက် အနည်းဆုံးလိုအပ်ချက်တွေကို ရှင်းပြ‌ ပေးသွားပါမယ်။

မာတိကာ

၁။နေထိုင်မှုအခြေအနေအသစ် "Special Skill Worker" ကိုဘာကြောင့်လုပ်ခဲ့ရလဲ

၂။ နည်းပညာအလုပ်သင်သင်တန်း (ဂျစ်ရှူးဆဲအလုပ်သင်သင်တန်း) နဲ့ဘာတွေကွာခြားချက်ရှိလဲ

၃။နိုင်ငံခြားသားတွေအတွက် "Special Skill Worker  ( အထူးကျွမ်းကျင်မှု) " ဦးတည်ထားတဲ့အလုပ်အကိုင်တွေကဘာတွေလဲ

၄။နိုင်ငံခြားသားတွေအတွက် "Special Skill Worker  ( အထူးကျွမ်းကျင်မှု) ရဲ့ ငှားရမ်းခြင်းစီးဆင်းမှုဆိုတာဘာလဲ

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

 ၁။နေထိုင်မှုအခြေအနေအသစ် "Special Skill Worker" ကိုဘာကြောင့်လုပ်ခဲ့ရလဲ

အပေါ်ပုံမှာပြထားတဲ့ နယ်ပယ် (၁၄)ခုကို ကျွမ်းကျင်မှုမရှိတဲ့လုပ်သားအဖြစ် သတ်မှတ်ပြီး အခုချိန်အထိ နိုင်ငံခြားသားလုပ်သားတွေကို အခြေခံဥပဒေလုပ်သားစေ့စပ်ညှိနှိုင်းခြင်းမှာ ပါဝင်ခြင်းမပြုရန် တားမြစ်ခဲ့ကြတယ်။

သို့‌ပေမယ့် တူညီတဲ့နယ်ပယ်မှာ မွေးဖွားနှုန်းနဲ့ သက်ကြီးရွယ်အိုဦးရေ ကျဆင်းလာခြင်းကြောင့် လုပ်သားရှားပါးမှုပိုပြင်းထန်လာခဲ့တယ်။ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ လုံခြုံစေရေး ကြိုးပမ်းဆောင်ရွက်အားထုတ်ထားပေမယ့် အခြေအနေက လုံလုံလောက်လောက် တိုးတက်လာခြင်းမရှိပါဘူး။ လုပ်သားတွေလက်ခံခြင်း တားမြစ်ချက်တွေကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။

"Special Skill Workerနံပါတ် (၁) " ဆိုတာဘာလဲ။

"Special Skill Worker" မှာ နံပါတ် (၁) နဲ့ (၂) ရှိပါတယ်။ Special Skill Worker No.1" ကသက်ဆိုင်တဲ့နယ်ပယ်မှာ (၅) နှစ်သာတာဝန်ထမ်းဆောင်နိုင်ပြီး နယ်ပယ်တစ်ခုစီအတွက် "Skill Test ( ကျွမ်းကျင်မှုစစ်ဆေးခြင်း)" နဲ့ "Japanese Language Test (ဂျပန်ဘာသာစစ်ဆေးစာမေးပွဲ)" ကိုသတ်မှတ်ခဲ့တယ် (သို့မဟုတ်) ဖြစ်နိုင်မယ့်အရည်အချင်းတွေဖြစ်တဲ့ ဂျစ်ရှူးဆဲအလုပ်သင် နံပါတ် (၂) ကို အောင်မြင်စွာပြီးမြောက်စေပါတယ်။

အရင်အလုပ်အရည်အချင်းနဲ့ကွဲပြားခြားနားချက်က နေထိုင်မှုအခြေအနေရဲ့ သဘောတူညီချက်ဖြစ်တဲ့ "ပညာရေးနောက်ခံအခြေအနေ" သို့မဟုတ် " ဇာတိနိုင်ငံမှာရှိတဲ့သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ" တွေမလိုအပ်ပါဘူး။ အသေးစိတ်စည်းကမ်းချက်တွေကို လက်ခံပေးမယ့်ကုမ္ပဏီက သတ်မှတ်ထားတာဆိုပေမယ့် ရယူလိုတဲ့ဆန္ဒရှိသူတွေအတွက် အလွန်ကိုနိမ့်ချပေးထားတဲ့စံသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။

၂။ နည်းပညာအလုပ်သင်သင်တန်း (ဂျစ်ရှူးဆဲအလုပ်သင်သင်တန်း) နဲ့ဘာတွေကွာခြားချက်ရှိလဲ

ဒီအကြောင်းအရာကိုပြောဖို့အတွက် အဓိကအချက်(၃)ချက်ရှိပါတယ်။ ပထမအချက်က စနစ်ရဲ့ရည်ရွယ်ချက်က ကွာခြားတယ်။ ဒုတိယအချက်က "Special Skill Worker (အထူးကျွမ်းကျင်မှု)" အရည်အချင်းကိုင်ဆောင်ထားသူက တူညီတဲ့နယ်ပယ်ကြား အလုပ်အကိုင်တွေကိုပြောင်းလဲနိုင်ပြီး တတိယအချက်မှာ လက်ခံနိုင်မယ့် လူဦးရေအရေအတွက်ကို ကန့်သတ်ချက်မရှိခြင်းဖြစ်ပါတယ်။

၁) စနစ်ရဲ့ရည်ရွယ်ချက်က ပထမနေရာမှာ ကွဲပြားခြားနားချက်ရှိပါတယ်

စနစ်ရဲ့ရည်ရွယ်ချက် "နည်ပညာအလုပ်သင်သင်တန်း (ဂျစ်ရှူးဆဲအလုပ်သင်သင်တန်း) ကနေ " နည်းပညာပြောင်းလဲခြင်းမှတဆင့် နိုင်ငံတကာပံ့ပိုးကူညီမှု" နဲ့ " သတ်မှတ်ကျွမ်းကျင်မှု" ကနေ လုပ်သားအင်အားလုံခြုံစေတယ်အထိ ဖြစ်ပါတယ်။ အခုလက်ရှိမှာ နည်းပညာအလုပ်သင်သင်တန်းစနစ် ပထမသတ်မှတ်ထားတဲ့ရည်ရွယ်ချက်ကို သွေဖယ်ခြင်းကြောင့် ဂျစ်ရှူးဆဲ အလုပ်သင်သင်တန်းသားတွေကို လုပ်သားအင်အားအဖြစ်အသုံးပြုဖို့ ခက်ခဲသွားနိုင်ပါတယ်။

၂) အလုပ်ပြောင်းနိုင်ပါတယ်။

ယေဘူယျအားဖြင့်ဆိုရင် နည်းပညာအလုပ်သင်သင်တန်းသား (ဂျစ်ရှူးဆဲအလုပ်သင်သင်တန်း) က အလုပ်တွေပြောင်းလို့မရပါ။ အခြားတစ်ဖက်ကဆိုရင် "Specific Skills (အထူးကျွမ်းကျင်မှု)" ဒီလိုအရည်အချင်းရှိတဲ့သူတွေက နယ်ပယ်တူမှာ အလုပ်ပြောင်းလုပ်နိုင်ပါတယ်။ ဒါကြောင့် အလုပ်သမားနဲ့ စီမံခန့်ခွဲမှုကြား ဆက်ဆံရေးတည်ဆောက်ခြင်းက နည်းပညာအလုပ်သင်သင်တန်းသား(ဂျစ်ရှူးဆဲ)တွေထက် " Specific skills( အထူးကျွမ်းကျင်မှု) အရည်းအချင်းရှိသူတွေက ပိုပြီးအရေးကြီးတယ်လို့ ယူဆရပါတယ်။

၃) လက်ခံနိုင်တဲ့လူဦးရေ အရေအတွက် ကန့်သတ်ချက်မရှိပါ။

ဒီကိစ္စမှာ "နည်းပညာအလုပ်သင်သင်တန်း (ဂျစ်ရှူးဆဲအလုပ်သင်သင်တန်း) မှာ အချိန်ပြည့်စုစုပေါင်းဝန်ထမ်းအရေအတွက်အရ လူဦးရေအရေအတွက် (အသေးစိတ်အတွက် ဒီနေရာမှာကြည့်ပါ) ရှိပါတယ်။ အခြားတစ်ဖက်မှာဆိုရင် ထူးခြားတဲ့ကျွမ်းကျင်မှုကိစ္စမှာ "သူနာပြုစောင့်ရှောက်မှု" နဲ့ "ဆောက်လုပ်ရေး" နယ်ပယ်မှလွဲပြီး လက်ခံနိုင်တဲ့ လူဦးရေအရေအတွက်ကို ကန့်သတ်ထားခြင်းမရှိပါ။

အခြားတဖက်မှာ "Specific Skill No 1 (ထူးခြားတဲ့ကျွမ်းကျင်မှု နံပါတ် (၁)) မှာ မိသားစုဝင်တွေကိုခွင့်မပြုတဲ့အချက်က "နည်းပညာအလုပ်သင်သင်တန်း (ဂျစ်ရှူးဆဲအလုပ်သင်သင်တန်း) နဲ့အတူတူပဲဖြစ်ပါတယ်။

ပိုပြီးအသေးစိတ်ကွဲပြားမှုကို အောက်ပါဆောင်းပါးတွေမှာတွေ့မြင်နိုင်ပါတယ်။

Special Skill Worker No.2" ဆိုတာဘာလဲ

"Special Skill WorkerNo.2" ရဲ့ နေထိုင်မှုအခြေအနေက "Special Skill Worker No 1" ကိုပြောင်းလဲနိုင်ပါတဲ့ အရည်အချင်ကိုင်ဆောင်သူများဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် အောက်ပါအချက် (၄)ချက် ရှိပါတယ်။ 

၁) "Special Skill Worker No.2" ကိုကူးပြောင်းဖို့အခြေအနေများ 

"Special Skill Worker No. 2" နေထိုင်မှုအခြေအနေကို "Special Skill Worker No 1" ထက် နည်းပညာအဆင့်မြင့်သူတွေကို ပေးအပ်တဲ့ နေထိုင်မှုအခြေအနေ‌တစ်ခုဖြစ်ပါတယ်လို့ အတည်ပြုပါလိမ့်မယ်။ ဒါကြောင့် "Specific Skill No 1" ပြီးမြောက်သူတွေက "Special Skill Worker No 2" ကိုအလွယ်တကူအလိုလျောက်ပြောင်းလို့မရနိုင်ပါ။ တကယ်လို့ စာမေးပွဲအောင်ပြီး နည်းပညာဆိုင်ရာမြင့်မားမှုရှိထားပါက "Special Skill Worker No 2" ကို အသိအမှတ်ပြုပါတယ်။ "Special Skill Worker No 1" ကာလအတွင်းတောင်မှ "Special Skill Worker No 2" ကိုပြောင်းလဲနိုင်တဲ့အရည်အချင်းရှိပါတယ်။ (အခြားတဖက်မှာမူ ဒီလိုစာမေးပွဲ အခြေအနေမျိုးကို ၂၀၂၁ခုနှစ်အထိ ဘယ်နယ်ပယ်ကမှ မဆောင်ရွက်နိုင်သေးပါဘူး။။ အမှန်တော့ အခြေအနေတွေကို "Special Skill Worker No 2" အရည်အချင်းပြောင်းလဲဖို့ ပြင်ဆင်ထားခြင်းမရှိပါ။)

၂) နေထိုင်ဖို့ကန့်သတ်ထားတဲ့ အချိန်အကန့်အသတ် မရှိပါ

"Special Skill Worker No 2 ( အထူးကျွမ်းကျင်မှုနံပါတ် (၂)) မှာ နေထိုင်ဖို့သတ်မှတ်ထားတာမရှိပါ။ ဒါကြောင့် မိမိက အလုပ်နေရာရှိတဲ့အထိ နေထိုင်နိုင်ပါတယ်။ ဒါကြောင့် မိမိက "Special Skill Workerl No 2" ကိုရရှိထားမယ်ဆိုရင် ဂျပန်မှာ (၁၀)နှစ်နေထိုင်ခွင့်ရှိတဲ့ "အမြဲတမ်းနေထိုင်ခွင့်" ရရှိမှာဖြစ်ပါတယ်။ 

၃) မိသားစုအတူတကွလိုက်ပါခွင့်ရရှိမှု

"Special Skill Worker No 2" ဆိုရင် မိသားစုဝင်တွေကို လိုက်ပါခွင့်ပြုခြင်းက လူသားအရင်းအမြစ်အတွက် နေထိုင်ခြင်းအခြေအနေကို အတော်လေးဆွဲဆောင်နိုင်မှုရှိစေပါတယ်။

၄) "Special Skill Worker No 2 ( အထူးကျွမ်းကျင်မှု နံပါတ် (၂)) အကူးအပြောင်းပစ်မှတ်နယ်မြေ 

 ၂၀၂၁ခုနှစ်အထိ ဆောက်လုပ်ရေးနဲ့ သ‌င်္ဘောတည်ဆောက်ရေး/ လုပ်ငန်း နယ်ပယ် (၂)ခုသာ နံပါတ် (၁)မှ လွှဲပြောင်းနိုင်ပါတယ်။

သို့သော်လည်း ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ "Special Skill Worker No 2 ( အထူးကျွမ်းကျင်မှု နံပါတ် (၂)) ရဲ့ပစ်မှတ်နယ်ပယ်ကို ချဲ့ထွင်ဖို့ တရားရေးဝန်ကြီးဌာနက အစီရင်ခံတင်ပြထားခဲ့ပါတယ်။ 

ဒီအစီရင်ခံတင်ပြချက်ကို ၂၀၂၂ နွေဦးကာလမှာတရားဝင်ဆုံးဖြတ်နိုင်ဖွယ်ရှိပြီး တကယ်လို့ မိမိက " ဆောက်လုပ်ရေး" နဲ့ "သင်္ဘောတည်ဆောက်ရေး/လုပ်ငန်းမှာ သဘောတူအတည်ပြုပြီးသားဆိုပါက "Specific Skill No.2 ( အထူးကျွမ်းကျင်မှု နံပါတ် (၂)) ကို ရည်ရှည်စောင့်ရှောက်ရေးမှလွဲပြီး အခြားအလုပ်အကိုင်အားလုံးအတွက် သဘောတူအတည်ပြုပါလိမ့်မယ်။ "ရည်ရှည်စောင့်ရှောက်မှု နဲ့ပတ်သက်ပြီး ရည်ရှည်အလုပ်အကိုင်တွေကို အခြားနေထိုင်မှုအခြေအနေတွေနဲ့ ခွင့်ပြုပေးတဲ့ လမ်းကြောင်းတွေရှိပါတယ်။။ ဒါကြောင့် ကျွန်တော်တို့က နိုင်ငံခြားလူ့အရင်းအမြစ်တွေ အတွက်လုပ်ကိုင်နိုင်တဲ့ စက်ရုံ (၁၄)မျိုးကို သတ်မှတ်ရက်မရှိဘဲနဲ့ အလုပ်လုပ်နိုင်တဲ့ လမ်းကြောင်းဆီကို ဦးတည်ထားပါတယ်။

၃။နိုင်ငံခြားသားတွေအတွက် "Special Skill Worker  ( အထူးကျွမ်းကျင်မှု) " ဦးတည်ထားတဲ့အလုပ်အကိုင်တွေကဘာတွေလဲ

အပေါ်ကပုံမှာပြောပြခဲ့တဲ့အတိုင်း နယ်ပယ် (၁၄) ခုက အောက်ပါအတိုင်းဖြစ်ပါတယ်။ အလုပ်အမျိုးအစားတွေကို နယ်ပယ်အလိုက်အသေးစိတ်ခွဲခြားထားပါတယ်။ (ဆောက်လုပ်ရေးနယ်ပယ်မှာ အင်္ဂတေလုပ်တဲ့အလုပ်မျိုး ကိုဆိုလိုပါတယ်)။

သူနာပြုစောင့်ရှောက်မှု၊ အဆောက်အဦးသန့်ရှင်းရေး၊ ကုန်ကြမ်းလုပ်ငန်း၊ စက်မှုစက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်/အီလက်ထရွန်နစ်သတင်းအချက်အလက်ဆိုင်ရာ စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေး၊ သင်္ဘောတည်ဆောက်ရေး/ရေကြောင်းလုပ်ငန်း၊ မော်တော်ယာဥ်ပြုပြင်ထိန်းသိမ်းရေး၊ လေကြောင်း၊ တည်းခိုနေထိုင်ရေး၊ စိုက်ပျိုးရေး၊ တံငါ၊ အစားအစာနဲ့ အဖျော်ယမကာ ထုတ်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း စတဲ့အလုပ်အမျိုးအစားအမျိုးမျိုးကိုခွဲခြားထားပါတယ်။

အခုလက်ရှိမှာ နယ်ပယ် (၁၄) ခုရှိပေမယ့် လုပ်ငန်းအုပ်စုတစ်ခုစီက တောင်းဆိုမှုရှိလာခဲ့ရင် ပစ်မှတ်နယ်ပယ်နဲ့ အလုပ်အကိုင်တွေကိုထည့်သွင်းနိုင်ပါတယ်။ လက်ရှိမှာတော့ ထပ်ပြီးဖြည့်စွက်စဉ်းစားဖို့အတွက် ထည့်သွင်းစဉ်းစားနေတဲ့နယ်ပယ် (၃)ခုရှိပါတယ်။ "ကုန်စုံဆိုင်တွေ" ၊ "ထရပ်ကားမောင်းသူတွေ"၊ "အမှိုက်စွန့်ပစ်ခြင်းတွေ" ဖြစ်ကြပါတယ်။ ‌အထူးသဖြင့် "အလွယ်တကူအစုံရနိုင်တဲ့စတိုးဆိုင်" လုပ်ငန်းအတွက် အဆိုပြုချက်တွေကို အချိန်အတော်ကြာပြုလုပ်ထားပြီး ပညာရပ်နယ်ပယ်နဲ့ အလုပ်အကိုင်တွေအဖြစ်အနာဂတ်မှာ အလေးထား ထည့်သွင်းပေးနိုင်ဖွယ်ရှိပါတယ်။

၄။နိုင်ငံခြားသားတွေအတွက် "Special Skill Worker  ( အထူးကျွမ်းကျင်မှု) ရဲ့ ငှားရမ်းခြင်းစီးဆင်းမှုဆိုတာဘာလဲ

လက်ခံသွားမယ့် စီးဆင်းမှုအကြမ်းကို အောက်မှာဖော်ပြပေးထားပါတယ်။ 

၁) လူသစ်စုဆောင်းခြင်း/ ဖောက်သည်တွေကိုဆွဲဆောင်ခြင်း

၂) ရွေးချယ်ခြင်း/ တရားမဝင်ဆုံးဖြတ်ခြင်း

၃) အလုပ်စာချုပ်ကို အဆုံးသတ်ခြင်း

၄) ပံ့ပိုးမှုအစီအစဉ်ရေးဆွဲခြင်း ( နံပါတ် (၁) သတ်မှတ်ထားတဲ့ နိုင်ငံခြားသားကျွမ်းကျင်မှု)

၅) ဗီဇာလျှောက်လွှာ/ ခွင့်ပြုချက်

၆) ဘဝအတွက်အထောက်အကူပြု အကောင်အထည်ဖော်ခြင်း

၇) အလုပ်စလုပ်ခြင်း

"ပံ့ပိုးမှုအစီအစဉ်တစ်ခုဖော်ထုတ်ရန်" နဲ့ "ဗီဇာလျှောက်ထားရန်" လိုအပ်ခြင်းမှလွဲပြီး ဂျပန်လူမျိုးတွေနဲ့ အထူးကွာခြားခြင်းမရှိပါ။ ဒီအစီအစဉ်မှာ မှတ်တမ်းတင်ခြင်းဆိုင်ရာ ပံ့ပိုးကူညီမှုအဖွဲ့အစည်းတစ်ခုကို ပြင်ပဇစ်မြစ်ကနေရနိုင်ပါတယ်။ ပြင်ပဇစ်မြစ်ကို မှတ်ပုံတင်ခြင်းဆိုင်ရာ ပံ့ပိုးကူညီမှုအဖွဲ့အစည်းက ရွေးချယ်ခြင်းနဲ့ အလွတ်သဘောအလုပ်ခန့်ခြင်းမှလွဲပြီး အခြားအလုပ်ကို တာဝန်ယူသွားမှာဖြစ်တာမို့ လူဝင်ချိန်တွေကိုလျှော့ချပေးသွားနိုင်မှာ ဖြစ်ပါတယ်။

အပေါ်မှာဖော်ပြတဲ့ စီးဆင်းမှုတွေအပြင် နယ်ပယ်ပေါ်မူတည်ပြီး ဖြစ်စဉ်တွေကွဲပြားခြားနားတတ်တာ သတိထားဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး မြေယာကြီးကြပ်ရေး၊ အခြေခံအဆောက်အဦး၊ ပို့ဆောင်ရေးနဲ့ခရီးသွားလာရေး တို့ရဲ့ လက်ခံသဘောတူ ခွင့်ပြုချက်လိုအပ်ပါတယ်။ ဗျူရိုကြီးကြပ်ရေး‌ မှူးထက် ‌လုပ်ငန်းဖြစ်စဉ်ရဲ့ကန်သတ်ချက်တွေဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရဲ့ခွ့င်ပြုချက်ကိုရယူဖို့ တာဝန်နဲ့ လစာအခြေအနေ စတာတွေကိုတိုးတက်စေပါတယ်။ 



 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ ဂျပန်မှာအလုပ်လုပ်ရတဲ့အကြောင်းအရင်း/ အထူးကျွမ်းကျင်လုပ်သား(တိုခုတဲဂိနိုး)ဆိုတာဘာလဲ(What is a Special Skill Worker?)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ