ဂျပန်မှာ အိမ်ပြောင်းတော့မယ်ဆိုရင် လုပ်ရမယ့် လုပ်ထုံးလုပ်နည်းများ

 ဂျပန်မှာ အိမ်ပြောင်းတော့မယ်ဆိုရင် လုပ်ရမယ့် အချက်တေါ အများကြီးရှိပါတယ်။ အကြမ်းအားဖြင့်ပြောရရင် မပြောင်းခင်လက်ရှိအိမ်အတွက်လုပ်ရမယ့် အရာတွေအတွက်၊ ပြောင်းမယ့် အိမဘ်အတွက်လုပ်ရမယ့်အရာတွေဆိုပြီးတော့ ခွဲခြားနိုင်ပါတယ်။ အိမ်ပြောင်းဖို့ပစ္စည်းသိမ်းတာ၊ စာချုပ်ချုပ်တာ၊ လိပ်စာပြောင်းတာတွေ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ ဘယ်ကနေစပြီး ဘယ်လို အစီအစဥ်နဲ့ သွားရမလဲ ဆိုတာကို စဥ်းစားဖို့ တော်တော်ခက်ခဲပါတယ်။ ဒီဆောင်းပါးမှာတော့ အိမ်ပြောင်းတဲ့ အချိန်မှာ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ အပြီးသတ်နိုင်အောင် အဆင့်တစ်ခုချင်းစီကိုရှင်းပြပေးသွားပါ့မယ်။ 

မာတိကာ 

  1. အိမ်ပြောင်းတဲ့ အချိန်မှာလုပ်ရမယ့်အရာများ။
  2. အိမ်ပြောင်းပြီးတာနဲ့ လိပ်စာပြောင်းရမယ့် အရာများ။
  3. အိမ်မပြောင်းခင် လုပ်ထားရမယ့် အရာများ။
  4. အိမ်ပြောင်းပြီးနောက်ပိုင်းလုပ်ရမယ့်အရာများ။
  5. နိုင်ငံခြားသားတွေအတွက် အဆင်ပြေမယ့် အိမ်ပြောင်းဝန်ဆောင်မှုများ။။
  6. အကျဥ်းချုပ်။

အိမ်ပြောင်းတဲ့ အချိန်မှာလုပ်ရမယ့်အရာများ။

အရင်ဆုံး အိမ်ပြောင်းတဲ့ အချိန်မှာ လုပ်ရမယ့် စာချုပ်၊စာရွက်စာတမ်းများ၊ နေထိုင်မှုနဲ့ ပတ်သက်တဲ့ ရေမီးဂစ်များ၊ ရပ်ကွက်ရုံးနှာ အ‌ရွေးအပြောင်းများ၊အစသဖြင့် လုပ်ဆောင်ရမယ့် အရာတွေအများကြီးရှိပါတယ်။ အောက်မှာ လုပ်ဆောင်းရမယ့်အရာ အသေးစိတ်ကိုဖော်ပြသွားပါ့မယ်။

အိမ်ဟောင်းစာချုပ်ဖျက်ပြီး အိမ်အသစ်စာချူပ်ချုပ်ခြင်း။

အိမ်ပြောင်းဖို့ သေချာပြီဆိုရင် လက်ရှိနေနေတဲ့ အိမ်ကို စာချုပ်ဖျက်သိမ်းဖို့လိုအပ်ပါတယ်။ ကျောင်းအဆောင်မှာ နေနေတယ်ဆိုရင်လဲ ကျောင်းအဆောင်မှာရှိတဲ့ အဆောင်မှုးကို ကြိုတင်ပြီးတော့ ပြောရပါတယ်။ အိမ်ပြောင်းဖို့သေချာပါက ပုံမှန်အားဖြင့် ၁လကနေ ၂ လအတွင်းကြိုတင်ပြီးတော့ ပြောရမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ချုပ်ဆိုတဲ့ စာချုပ်ထဲမှာကြည့်နိုင်ပါတယ်။ အိမ်ပြောင်းဖို့လဲသေချာပြီး အိမ်ရှာပြီးတော့ အိမ်လဲ တွေ့သွားပြီဆိုရင်တော့ အဲဒါအိမ်အတွက်လဲ အိမ်စာချုပ်ကိုချုပ်ဖို့လိုအပ်ပါတယ်။ 

ရေ၊ လျှပ်စစ်၊ဂစ် စာချုပ်ဖျက်ခြင်း၊ အသစ်ချုပ်ခြင်း

အိမ်ငှားနေတဲ့ သူတွေအတွက်ကတော့ ရေ၊ လျှပ်စစ်၊ဂစ် စာချုပ်တွေကို အိမ်ပြောင်းတဲ့ အချိန်မှာ ဖျက်သိမ်းဖို့လိုအပ်ပါတယ်။ တကယ်လို စာချူပ်မဖျက်ဘဲ ဒီအတိုင်းထားထားမယ် ဆိုရင် ရေ၊ လျှပ်စစ်၊ဂစ် ဘေလ်တွေအဖြတ်ခံရနိုင်ပါတယ်။ နောက်ပြီးတော့ စာချုပ်ဖျက်တဲ့ အချိန်မှာပဲ တခါတည်း လိပ်စာအသစ်အတွက် တခါတည်းရေ၊ လျှပ်စစ်၊ဂစ် စာချုပ်ချုပ် လိုက်တာပိုပြီးတော့ သက်သာပြီးတော့ မြန်ဆန်ပါတယ်။ စာချုပ်ဖျက်ဖို့အတွက်ဆို ဖုန်းနဲ့ ဖြစ်စေ အင်တာနက်ကနေတဆင့်ဖြစ်စေ ကိုယ်စာချုပ်ချုပ်ထားတဲ့နေကုမ္ပဏီကိုဖုန်းခေါ်ပြီးတော့လုပ်ဆောင်နိုင်ပါတယ်။ 

အင်တာနက်နှင့် ရုပ်မြင် သံကြားလိုင်းများကို ဖျက်သိမ်းခြင်း လိပ်စာပြောင်းခြင်း၊

အိမ်ဟောင်းမှာသုံးနေတဲ့ အင်တာနက်လိုင်းကို ဒီအတိုင်း အိမ်အသစ်မှာလဲပြန်သုံးမယ်ဆိုရင် စာချုပ်ချုပ်ထားတဲ့ အော်ပရေတာကို ဆက်သွယ်ဖို့လိုအပ်ပါတယ်။ အိမ်အသစ်ပြောင်းမယ့်နေရာမှာ အင်တာနက်တပ်ဖို့အတွက် အဆင့်အသင့်မဖြစ်သေးဘူးဆိုရင် အင်တာနက်တပ်ဆင်ဖို့အတွက်အပေါက်ဖောက်တာတို့ လုပ်ရတဲ့အတွက် အချိန်ကြာပါတယ်။ တကယ်လို့အပေါက်ဖောက်ဖို့လိုမယ်ဆိုရင်လဲ ၁လလောက်ကြိုပြီးဆက်သွယ်သင့်ပါတယ်။

အိမ်ထိုင်ဖုန်းသုံးနေရင်လဲအလားတူပဲ ဖုန်းဆက်ပြီးဖြစ်စေ၊ အင်တာနက်ကနေဖြစ်စေ လုပ်ဆောင်နိုင်ပါတယ်။ နောက်ပြီး ရုပ်မြင်သံကြားလိုင်းတွေ စာချုပ်ချုပ်ထားရင်လဲ အိမ်မပြောင်းခင့် ဝက်ဘ်ဆိုက်ကနေပြီးတော့ လိပ်စာပြောင်းဖို့လိုအပ်ပါတယ်။

ရပ်ကွက်ရုံးမှာ အိမ်ပြောင်းအကြောင်းအကြားစာတင်ပါ 

အိမ်ပြောင်းတဲ့အခါ ရပ်ကွက်ရုံးမှာ အိမ်ပြောင်းတဲ့ အကြောင်းအကြားစာ တင်ဖို့လိုအပ်ပါတယ်။ ရပ်ကွက်ရုံးမှာ 転出届 (tenshutsutodoke) သို့မဟုတ် 転居届 (tenkyotodoke) ကိုသွားထပ်ပါ။ တံဆိတ်တုံးမှတ်ပုံတင်ထားရင်လဲ ဖျက်သိမ်းဖို့နဲ့ ကျန်းမာရေးအာမခံဝင်ထားရင်လဲ ဖျက်သိမ်းဖို့ကိုတခါတည်းလုပ်ခဲ့ပါ။ 

တကယ်လို့ မြို့နယ် အတူတူထဲမှာပဲအိမ်ပြောင်းတယ်ဆိုရင်လဲ 転居届 (tenkyotodoke) ကိုတင်ပြီးတော့ တံဆိပ်တုံးအတွက်ကို လိပ်စာအသစ်ပြောင်းဖို့မလိုတော့ပါဘူး။ ကျန်းမာ‌ရေးအာမခံအတွက်ကိုတော့ လိပ်စာအသစ်ပြောင်းဖို့လိုပါတယ်။ နောက်ပြီး နေထိုင်ခွင့်ကတ်နဲ့ My Number Card ကိုလဲ လိပ်စာပြောင်းဖို့မမေ့ပါနဲ့။ 

စာတိုက်ပစ္စည်းတွေအတွက် လိပ်စာပြောင်းခြင်း။

စာတိုက်အတွက်လဲ လိပ်စာပြောင်းဖို့လိုအပ်ပါတယ်။ မဟူတ်ရင် ကိုယ့်ဆီကိုပို့လာတဲ့ စာရွက်စာတမ်းတွေ မရောက်ဘဲဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ စာတိုက်ကိုသွားပြီးတော့ 転送届

(tensoutodoke) ကိုသွားလုပ်ထားဖို့လိုအပ်ပါတယ်။転送届လုပ်ထားရင်တော့ တစ်နှစ်တာ အိမ်အဟောင်းကိုပို့လာတဲ့ ပစ္စည်းတွေကို အိမ်အသစ်ကိုပို့ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် စာတိုက်မဟုတ်တဲ့ တခြား Amazon တို့လို ကိုယ့်ဘာသာအသုံးပြုနေတဲ့ app တွေကိုတော့ app ကနေတဆင့် လိပ်စာပြောင်းဖို့လဲမမေ့ပါနဲ့။ 

ကလေးတွေကျောင်းပြောင်းဖို့အတွက် လုပ်ခြင်း

တကယ်လို့ကလေးရှိရင်ဲ ကလေးအတွက်ကျောင်းပြောင်းဖို့အတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လိုအပ်တဲ့ အဆင့်တွေကတော့ ကျောင်းအပေါ်မူတည်တဲ့ အတွက်ကြောင်မို့လို့ ကျောင်းကိုအသေးစိတ် ဆက်သွယ်ပြီးမေးမြန်းဖို့ အကြံပြုပါတယ်။ 

အိမ်ပြောင်းပြီးတာနဲ့ လိပ်စာပြောင်းရမယ့် အရာများ။

အိမ်ပြောင်းဖို့အဆင်အသင့်ဖြစ်တာနဲ့ ရုံးက တာဝန်ရှိတဲ့ ဌာနကို ဆက်သွယ်ပြီးတော့ အိမ်လိပ်စာအသစ်နဲ့ အိမ်ပြောင်းဖို့အတွက် လိပ်စာကို အကြောင်းကြားရပါမယ်။ ဒါအပြင် အိမ်ပြောင်းတာနဲ့ လိပ်စာပြောင်းဖို့လိုအပ်တဲ့ အရာတွေကို အောက်ပါအတိုင်းဖော်ပြပါ့မယ်။ 

  1. Credit Card
  2. ဘဏ် 
  3. လက်ကိုင်ဖုန်း
  4. ဝိုင်ဖိုင်
  5. အာမခံကုမ္ပဏီ 
  6. သတင်းစာ
  7. ကားမောင်းလိုင်စင် 
  8. ကားထောက်ခံစာ 
  9. အွန်လိုင်းရှောပင် ဝက်ဘ်ဆိုက်၊ အက်ပလီကေးရှင်း
  10. My Number Card
  11. နေထိုင်ခွင့်ကတ်ပြား

အိမ်မပြောင်းခင် လုပ်ထားရမယ့် အရာများ။

အပေါ် ကလုပ်ထားရမယ့် အရာတွေပြီးပြီဆိုရင် အိမ်မပြောင်းခင် ရက်ပိုင်းအတွင်းမှာလုပ်ဆောင်ရမယ့် အရာတွေရှိပါတယ်။ အကြမ်းအားဖြင့်ကြည့်ရရင် အိမ်ဟောင်းမှာ ပစ္စည်းတွေသိမ်းတာနဲ့ အိမ်အသစ်မှာပစ္စည်းတွေ ချဖို့အတွက်စီစဥ်ဖို့ဖြစ်ပါတယ်။ အသေးစိတ်ကိုကြည့်လိုက်ကြရအောင်။

အိမ်ပြောင်းဖို့အတွက် အသုံးပြုမယ့် ကတ္ထူစက္ကူပုံးတွေကိုပြင်ပါ။

ပစ္စည်းတွေသိမ်းဖို့အတွက် ကတ္ထူစက္ကူပုံးတွေကို ဝယ်ပြီးတော့ ပစ္စည်းထည့်ဖို့ပြင်ရမှာဖြစ်ပါတယ်။ တကယ်လို့ အိမ်ပြောင်းတဲ့ ဝန်ဆောင်မှုကိုအသုံးပြမယ်ဆိုရင်တော့ အခမဲ့ရယူနိုင်ပါတယ်။ ကိုယ်ပါတယ် ပြင်မယ်ဆိုရင်တော့ Home Center မှာဝယ်တာတို့၊ ကွန်ဘီနီတို့ စူပါတို့မှာ အသုံးမလိုတော့တဲ့ အရာတွေကို တောင်းတာတို့လုပ်လို့ရပါတယ်။ ပစ္စည်းထုပ်ပြီးရင်လဲ တစ်ပုံးချင်းစီမှာ သေချာလေး ဘာတွေထည့်ထားလဲ ဆိုတာကိုလဲ ရေးထားဖို့အကြ့ပေးချင်ပါတယ်။ အိမ်အသစ်ကိုရောက်တဲ့ အချိန်မှာ ပစ္စည်းတွေကို အလွယ်တကူရှာနိုင်မှာဖြစ်ပါတယ်။ 

အိမ်အဟောင်းမှာ သန့်ရှင်းရေးလုပ်ပါ။

အိမ်မပြောင်းခင်မှာတော့ အိမ်အဟောင်းမှာ ညစ်ပတ်နေတဲ့ အရာတွေကိုသိမ်း၊ ပစ္စည်းတွေကို သိမ်းရမှာဖြစ်ပါတယ်။ အမှိုက်အကြီးစားတွေ ပစ်ဖို့ကိုလဲ ကြိုတင်ပြီးတော့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ အမှိုက်ပစ်နည်းကတော့ နေရာ အပါ်မူတည်ပြီးကွာခြားတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်နေတဲ့ နေရာကိုလိုက်ပြီးတော့ စည်းမျဥ်းစည်းကမ်းကိုလိုက်နာပြီးတော့ အမှိုက်ပစ်ဖို့ အကြံပြုချင်ပါတယ်။ တကယ်လို့ ဒီအတိုင်း သန့်ရှင်းရေးမလုပ်ဘဲ သွားမှာဆိုရင်တော့ စပေါ်ငွေထဲကနေပြီးတော့ သန့်ရှင်းရေးခကို အနုတ်ခံရမှာဖြစ်ပါတယ်။ 

အိမ်အသစ်မှာ နေရာကြည့်ပြီး ပစ္စည်းချဖို့စီစဥ်ပါ။ 

အိမ်အသစ်ကိုကြည့်တဲ့ အချိန်မှာတော့ အနာတွေပြင်၊ ပေစွန်းတွေရှိမရှိကိုသေချာကြည့်ရှုစစ်ဆေးပါ။ ကြည့်ပြီးတော့ တကယ်လို့ အပျက်စီးနှင့် ပေးစွန်းတာတွေရှိနေပါက ဓာတ်ပုံရိုက်ထားပြီးတော့ အိမ်ပွဲစားကုမ္ပဏီကိုဆက်သွယ်ထားဖို့လိုအပ်ပါတယ်။ နောက်ပြီး အိမ်အသစ်မှာ အိမ်ထောင်ပရိဘောဂတွေ ကိုဘယ်လိုနေရာချရမလဲ ဆိုတာကိုကြိုတင်ပြီးတော့ ကြည့်ထားဖို့လိုအပ်ပါတယ်။ အတိုင်းတာတွေကိုသေချာ ကြည့်ထားရင် ပစ္စည်းတွေဝယ်တဲ့ အချိန်မှာ ပိုပြီးတော့ လွယ်ကူအဆင်ပြေပါတယ်။ 

အိမ်ပြောင်းပြီးနောက်ပိုင်းလုပ်ရမယ့်အရာများ။

အိမ်ပြောင်းပြီးအနောက်ပိုင်းမှာတော့ ရပ်ကွက်ရုံးကိုသွားပြီးတော့ အိမ်ပြောင်းတဲ့ အချိန်မှာ 「転出証明書」ကိုယူပြီးတော့ 「転入届」tennyuutodoke လို့ခေါ်တဲ့ အိမ်လိပ်စာ စတင်ပြောင်းတဲ့ လုပ်ထုံးကိုစတင်လုပ်ရမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တံဆိပ်တုံးလိပ်စာပြောင်းတာနဲ့ ကျန်းမာရေးအာမခံတို့ကို လိပ်စာပြောင်းပါ။ နောက်ပြီးတော့ လိပ်စာအဟောင်းကနေ ပိုက်ဆံပြန်ရမယ့် စပေါ်ငွေကို ဘဏ်ကနေလွဲမယ်ဆိုရင် ဘဏ်ကိုသေချာကြည့်ပါ။ လက်ပေးဆိုရင်လဲ လက်ခံဖို့လဲ မမေ့ပါနဲ့။ 

နိုင်ငံခြားသားတွေအတွက် အဆင်ပြေမယ့် အိမ်ပြောင်းဝန်ဆောင်မှုများ။

အိမ်ပြောင်းတဲ့ အချိန်မှာ တချို့ဝန်ဆောင်မှု တွေကတော့ အင်္ဂလိပ်လိုရတဲ့ ဝန်ဆောင်မှုကုမ္ပဏီတွေလဲရှိပါတယ်။ အဲဒီထဲမှာ နာမည်ကြီးတဲ့ နေရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

  • サカイ引越センター - တစ်နိုင်ငံလုံးမှာ နေရာခွဲ ၂၀၀ ကျော်ရှိပြီးတော့ အင်္ဂလိပ်လိုနဲ့လဲဝန်ဆောင်မှုယူနိုင်ပါတယ်။
  • 日本通運 - အင်္ဂလိပ်လိုနဲ့ တရုတ် အပြင် တခြားဘာသာစကား ၁၄ မျိုးနဲ့ ဝန်ဆောင်မှုရယူနိုင်ပါတယ်။
  • クロネコヤマト - အိမ်ပြောင်းတဲ့ အဆင့်တွေကို အင်္ဂလိပ်ဘာသာစကားနှင့် ရှင်းပြပေးတဲ့ ဝန်ဆောင်မှုတွေရှိပါတယ်။ 

အကျဥ်းချုပ်။

ဒီဆောင်းပါးမှာတော့ အိမ်ပြောင်းတဲ့ အချိန်မှာ လိုအပ်တဲ့ လုပ်ဆောင်မှုတွေနဲ့ သတိထားရမယ့် အချက်တွေကို အသေးစိတ်ဖော်ပြလိုက်ပါတယ်။ အိမ်ပြောင်းတဲ့ အချိန်မှာတော့ တော်တော်လေးကိုလုပ်ရမယ့် အချက်တွေ အများကြီးရှိပါတယ်။ များလွန်းတဲ့ အတွက်ကြောင့်မို့လို့ ဘယ်ကနေ စပြီးတော့ လုပ်ရမလဲနဲ့ လုပ်ရမယ့် အချက်တွေ ကျန်ခဲ့သည် မရှိရလေ့အောင် ဒီဆောင်းပါးကိုသေချာဖတ်ပြီးတော့ စီစဥ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အိမ် / နေရေးထိုင်ရေး/ ဂျပန်မှာ အိမ်ပြောင်းတော့မယ်ဆိုရင် လုပ်ရမယ့် လုပ်ထုံးလုပ်နည်းများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ