နိုင်ငံခြားသားများအတွက်ဘဏ်အကောင့်ဖွင့်နည်းကိုရှင်းပြခြင်း။ ဘယ်လို စာရွက်စာတမ်းတွေနဲ့ အကြောင်းအရာတွေ လိုအပ်လဲ(Explaining how to open a bank account for foreigners! What documents and conditions are required?)

တစ်ချို့က “ဂျပန်မှာ ဘဏ်အကောင့်ဖွင့်နည်းကိုသိချင်ကြတယ်” ဒါမဟုတ် “နိုင်ငံခြားသားတွေအတွက် ဘယ်ဘဏ်က ဘဏ်အကောင့်ဖွင့်ရလွယ်လဲ” လို့ သိချင်နေကြမှာပါပဲ။ နိုင်ငံခြားသားများလဲ သတ်မှတ်ထားသောအခြေအနေများနှင့်ကိုက်ညီပါက ဂျပန်ဘဏ်တွင် အကောင့်ဖွင့်နိုင်သည်။

ဤကော်လံတွင် အကောင့်ဖွင့်ရန် လိုအပ်သော အခြေအနေများနှင့် စာရွက်စာတမ်းများကို ရှင်းပြထားသည်။ ကောင်တာတွင် ဘဏ်အကောင့်တစ်ခု ပြုလုပ်နည်းနှင့် အွန်လိုင်းမှ ကာယကံရှင်ဖြစ်ကြောင်း အတည်ပြုခြင်း အဆင့်ဆင့်ကို မိတ်ဆက်ပေးပါမည်။ နိုင်ငံခြားသားများ အကောင့်ဖွင့်ရန် လွယ်ကူသော ဘဏ်စာရင်းကို ပြုစုထားသောကြောင့် ဂျပန်တွင် အကောင့်ဖွင့်သည့်အခါ အကိုးအကားအဖြစ် အသုံးပြုပါ။

မာတိကာ

၁။ဂျပန်တွင် နိုင်ငံခြားသားများ ဘဏ်အကောင့်ဖွင့်နိုင်ပါသလား

၂။ဂျပန်မှာ ဘဏ်အကောင့်ဖွင့်တဲ့အခါ နိုင်ငံခြားသားတွေအတွက်ဘာတွေလိုအပ်လဲ

၃။ဂျပန်မှာ ဘဏ်အကောင့်ဖွင့်နည်း

၄။နိုင်ငံခြားသားများအတွက်အကြံပြုထားသည့်ဘဏ်အကောင့်ဖွင့်ရန်လွယ်ကူသည့်ဘဏ်များ

၁။ဂျပန်တွင် နိုင်ငံခြားသားများ ဘဏ်အကောင့်ဖွင့်နိုင်ပါသလား

နိုင်ငံခြားသားများသည် ဂျပန်တွင်နေထိုင်ရန် သတ်မှတ်ထားသောကာလတစ်ခုရှိလျှင် ပုံမှန်အကောင့်တစ်ခု သို့မဟုတ် အရပ်ဒေသတခုတွင်နေထိုင်သူမဟုတ်သော ယန်းငွေအပ်ငွေစာရင်းကို ဖွင့်နိုင်သည်။ အကောင့်ဖွင့်ရန် လိုအပ်သော အခြေအနေများအတွက် အောက်ပါတို့ကို ဖတ်ရှုပါ။

 နေထိုင်မှုကာလသည် ၆ လ သို့မဟုတ် ထို့ထက်ပိုပါကပုံမှန်အကောင့်ဖွင့်နိုင်သည်

နိုင်ငံခြားသားများသည် ၎င်းတို့နေထိုင်သည့်ကာလ ၆လထက်ပိုပါက ဂျပန်ဘဏ်တွင် ပုံမှန်အကောင့်ဖွင့်နိုင်သည်။

အကောင့်ဖွင့်ရန်အတွက်နေထိုင်သည့်ခွင့်ပြုချက်ကဒ် လိုအပ်ပါသည်။ သင်၏နေထိုင်မှုကာလသည် ၃ လထက်နည်းပါက၊ သင်သည် နေထိုင်ခွင့်ကတ်ကို ရရှိနိုင်မည်မဟုတ်သည့်အပြင် အကောင့်ဖွင့်နိုင်မည်မဟုတ်ပေ။

နေထိုင်မှုသက်တမ်း ၆လအောက်နှင့် ဂျပန်နိုင်ငံရှိ ရုံးခန်းတွင် အလုပ်မလုပ်သောသူတစ်ဦးအား "နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားကုန်သွယ်မှုဥပဒေ" အရ "နေထိုင်သူမဟုတ်" ဟု သတ်မှတ်သည်။ နေထိုင်သူမဟုတ်သူများသည် ဘဏ်များစွာတွင် ပုံမှန်အကောင့်ဖွင့်၍မရပါ။ သို့သော် အကယ်၍ သင်သည် ဂျပန်နိုင်ငံတွင် ၃ လထက်ပို၍ နေထိုင်ပါက၊ သာမန်အကောင့်ဖွင့်နိုင်သောဂျပန်စာတိုက်ဘဏ် (Japan Post Bank )ကဲ့သို့သော ဘဏ်များရှိပါသည်။

သင်၏နေထိုင်မှုကာလသည် ၆ မပြည့်ပါက သင်သည် အရပ်ဒေသတခုတွင်နေထိုင်သူမဟုတ်သော ယန်းငွေအပ်ငွေစာရင်း ကို ဖွင့်နိုင်သည်

သင်၏နေထိုင်မှုကာလသည် ၃ လ သို့မဟုတ် ၆ လထက်နည်းပါက၊ သင်သည် နေ အရပ်ဒေသတခုတွင်နေထိုင်သူမဟုတ်သော ယန်းငွေစာရင်းကို ဖွင့်နိုင်သည်။ သာမန်အကောင့်များနှင့်မတူဘဲ သင်လုပ်ဆောင်နိုင်သည့်အရာအပေါ် ကန့်သတ်ချက်များရှိသောကြောင့်အကောင့် ဖွင့်သည့်အခါ သတိထားပါ။ အောက်တွင် နေထိုင်သူမဟုတ်သော ယန်းငွေအပ်ငွေစာရင်းများနှင့် သာမန်အကောင့်များကြား ခြားနားချက်၏ အကျဉ်းကိုဖော်ပြထားပါသည်။ 

  • Cash card မရှိ၍ ATM မသုံးနိုင်ပါ။ 
  • ရေ၊မီးစသည့်အများသုံးငွေတောင်းခံလွှာမှလွဲ၍အခြား အကောင့်ငွေလွှဲပြောင်းခြင်းအတွက် စာချုပ်မချုပ်ဆိုနိုင်ပါ။
  •  လုပ်ငန်းဆောင်တာအဆင့်ဆင့်အတွက်အခကြေးငွေမြင့်မားခြင်း
  • ငွေသွင်းခြင်းနှင့် ထုတ်ယူရန် ဘဏ်ခွဲအရေအတွက် ကန့်သတ်ထားပါသည်။

ဘဏ်ပေါ်မူတည်၍ ကွဲပြားသော်လည်း၊ အထက်ဖော်ပြပါ အားနည်းချက်များကြောင့် သာမန်အကောင့်များနှင့် ယှဉ်လျှင် အဆင်မပြေသည့်အချက်များစွာ ရှိနေသည်ဟု ဆိုနိုင်ပါသည်။

၂။ဂျပန်မှာ ဘဏ်အကောင့်ဖွင့်တဲ့အခါ နိုင်ငံခြားသားတွေအတွက်ဘာတွေလိုအပ်လဲ

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားတစ်ဦးသည် ဘဏ်အကောင့်ဖွင့်သည့်အခါတွင် ၎င်းတို့၏ ID ကတ်၊ လက်ရှိလိပ်စာကို အတည်ပြုနိုင်သော စာရွက်စာတမ်းနှင့် တံဆိပ်တုံး တစ်ခု လိုအပ်ပါသည်။ ဆက်သွယ်နိုင်သော ဖုန်းနံပါတ်လည်း လိုအပ်မည်ဖြစ်သဖြင့် သင့်တွင် ကြိုးဖုန်း သို့မဟုတ် မိုဘိုင်းလ်ဖုန်းမရှိပါက ကြိုတင်ပြင်ဆင်ပါ။

အကောင့်ဖွင့်ရန် လိုအပ်သောစာရွက်စာတမ်းများ ကိုအောက်တွင်ဖော်ပြထားသည်။ 

ကာယကံရှင်ဖြစ်ကြောင်းအထောက်အထားကိုအတည်ပြုနိုင်သော ID ကတ်

နိုင်ငံခြားသားများသည် ဘဏ်အကောင့်ဖွင့်သည့်အခါတွင် ၎င်းတို့၏ကာယကံရှင်ဖြစ်ကြောင်း အထောက်အထားနှင့်အတူ နေထိုင်ခွင့်ကို တင်ပြရမည်ဖြစ်သည်။ ထို့ကြောင့် နေထိုင်ခွင့်ကတ် သို့မဟုတ် အထူးအမြဲတမ်းနေထိုင်ခွင့်လက်မှတ်ကို ပြင်ဆင်ထားပါ။ ဘဏ်ပေါ်မူတည်၍ သင်၏ပတ်စ်ပို့၊ ကျန်းမာရေးအာမခံကတ်၊ ဝန်ထမ်း ID ကတ်၊ ကျောင်းသား ID ကတ်စသည်ဖြင့် တင်ပြခိုင်းနိုင်ပါသည်။ သင့်တွင် ယာဉ်မောင်းလိုင်စင်တစ်ခုရှိလျှင်လည်း ယူဆောင်လာသင့်သည်။

သင့်လက်ရှိလိပ်စာကို အတည်ပြုသော အများသုံးငွေတောင်းခံလွှာ သို့မဟုတ် နေထိုင်ခွင့်စာရွက်

အကောင့်ဖွင့်သည့်အခါ လျှပ်စစ်၊ ဂတ်စ်၊ ရေ၊ NHK၊ ကြိုးဖုန်းစသည်ဖြင့်ပြေစာများ၏ မူရင်းစာရွက် လိုအပ်ပါသည်။ ပြီးခဲ့သည့် ၆ လအတွင်း ထုတ်ပေးခဲ့သည့် ပြေစာကို ပြင်ဆင်ပြီး သင့်အမည်နှင့် လက်ရှိလိပ်စာကို ပြသပါ။ ရပ်ကွက်မှထုတ်ပေးသောနေထိုင်သူစာရွက်မိတ္တူကိုလည်း သင့်လက်ရှိလိပ်စာအထောက်အထားအဖြစ် အသုံးပြုနိုင်ပါသည်။ လက်ကိုင်ဖုန်းလက်ခံဖြတ်ပိုင်းများကို လိပ်စာအထောက်အထားအဖြစ် အသုံးမပြုနိုင်သည်ကို သတိပြုပါ။ 

တံဆိပ်တုံး

ဂျပန်နိုင်ငံရှိ ဘဏ်အများစုသည် အကောင့်ဖွင့်သည့်အခါ ကိုယ်ပိုင်တံဆိပ်တုံးတစ်ခု လိုအပ်ပါသည်။ နိုင်ငံရပ်ခြားမှာ စာချုပ်ချုပ်တဲ့အခါ လက်မှတ်ထိုးခြင်းကိုပြုလုပ်ပေမယ့် ဂျပန်မှာကတော့ တံဆိပ်တုံးထုတာကိုပြုလုပ်ပါတယ်။ တံဆိပ်တုံး ကို ခတခန စာလုံးသို့မဟုတ် romaji ဖြင့် ပြုလုပ်နိုင်သည်။ အိမ်ငှားရမ်းမှု၊ လျှပ်စစ်၊ ဂတ်စ်စသည်တို့အတွက် စာချုပ်များချုပ်ဆိုရာတွင် တံဆိပ်တုံးတစ်ခု လိုအပ်မည်ဖြစ်သည်အတွက်သင့်တွင်မရှိသေးပါက တစ်ခုပြုလုပ်ထားတာကောင်းမည်ဖြစ်သည်။

၃။ဂျပန်မှာ ဘဏ်အကောင့်ဖွင့်နည်း

အကောင့်တစ်ခုဖွင့်သောအခါ၊ ဘဏ်ကောင်တာ သို့မဟုတ် အွန်လိုင်းတွင် သင်၏ကာယကံရှင်ဖြစ်ကြောင်းအထောက်အထားကို အတည်ပြုခိုင်းလိမ့်မည်။ အောက်တွင် ဘဏ်ကောင်တာနှင့် အွန်လိုင်းတွင် အကောင့်ဖွင့်နည်းကို ရှင်းပြပါမည်၊ သင့်နှင့်အဆင်ပြေမည့် နည်းလမ်းကို စဉ်းစားကြည့်ကြပါစို့။ 

ဘဏ်အကောင့်ဖွင့်နည်း

ဘဏ်ကောင်တာတွင် အကောင့်တစ်ခုဖန်တီးနည်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ သင့်လုပ်ငန်းခွင်၊ ကျောင်း သို့မဟုတ် အိမ်အနီးရှိ ဘဏ်သို့သွားပါ။

အကောင့်ဖွင့်သည့်အခါ သင့်အလုပ်၊ ကျောင်း သို့မဟုတ် အိမ်အနီးရှိ ဘဏ်သို့သွားပါ။ သင်သွားရောက်သောဘဏ်သည် သင်ပုံမှန်နေထိုင်သည့်နေရာနှင့် ဝေးနေပါက အကောင့်ဖွင့်၍မရသောအခြေအနေလဲရှိနိုင်ပါသည်။

အချို့သောဘဏ်များသည် နိုင်ငံခြားငွေလွှဲခြင်းကို ခွင့်မပြုကြောင်း သတိပြုပါ။ နိုင်ငံရပ်ခြား ငွေလွှဲခြင်းကို ကောင်တာတွင် ပြုလုပ်လိုပါက ဘဏ်ခွဲတစ်ခုကို အင်တာနက်တွင်ကြိုတင်ရှာဖွေထားပါ။

၂။ဘဏ်ကောင်တာတွင် စာရွက်စာတမ်းများ တင်ပြပါ။

ဘဏ်သို့ရောက်ရှိသည့်အခါ အကောင့်ဖွင့်ရန် လျှောက်လွှာပုံစံကိုဖြည့်ပြီး ကောင်တာရှိဝန်ထမ်းများထံ တင်ပြပါ။ သင်၏ ID၊ အများသုံးငွေတောင်းခံလွှာ၊ နေထိုင်ခွင့်ကတ်နှင့် တံဆိပ်တုံးတို့ကို တောင်းဆိုပါက ၎င်းတို့ကို တင်ပြပါ။ သင့်အမည်၊ နေရပ်လိပ်စာနှင့် မွေးသက္ကရာဇ်တို့ကို စစ်ဆေးသွားမည်ဖြစ်သောကြောင့် ဂျပန်ဘာသာဖြင့်ဖြေဆိုနိုင်ရန် လေ့ကျင့်ရန် အကြံပြုအပ်ပါသည်။ အကယ်၍ သင်သည် ဂျပန်ဘာသာစကားဖြင့် ပြောဆိုဆက်ဆံရာတွင် ယုံကြည်မှုမရှိပါက ဂျပန်အသိမိတ်ဆွေ သို့မဟုတ် သူငယ်ချင်းတစ်ဦးကို သင်နှင့်အတူ လိုက်ပါလာရန် ခေါ်သွားခြင်းသည်အကြံဥာဏ်ကောင်းတစ်ခုဖြစ်သည်။ ငွေသားကဒ်တစ်ခုဖန်တီးရန် PIN ဂဏန်း ၄ လုံး လိုအပ်သည်။ မှတ်မိလွယ်တဲ့ ဂဏန်းတွေကို တွေးထားပါ။

၃။သင်၏ဘဏ်စာအုပ် နှင့် ငွေသားကဒ်ကို လက်ခံရယူပါ

အကောင့်ဖွင့်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးပါက ဘဏ်စာအုပ်ကို တစ်နေရာတည်းတွင် ထုတ်ပေးမည်ဖြစ်သောကြောင့် လက်ခံရယူပါ။ သို့သော်လည်း ဥပဒေနှင့်အညီ အတည်ပြုရန် အချိန်ကြာမြင့်နိုင်သည့်အခါတွင် ထိုနေ့တွင် အကောင့်တစ်ခုဖွင့်နိုင်မည်မဟုတ်ပဲနောက်ပိုင်းရက်များတွင် သင့်အိမ်သို့ ဘဏ်စာအုပ်ကို ပေးပို့မည်ဖြစ်ပါသည်။ အကောင့်ဖွင့်ဖို့စဉ်းစားနေတယ်ဆိုရင် အကောင့်တစ်ခုချက်ချင်းမဖွင့်နိုင်တဲ့ ဖြစ်နိုင်ခြေကိုစဉ်းစားပြီး ဘဏ်ကိုစောစောသွားဖွင့်ထားတာကောင်းပါတယ်။

ထို့အပြင် သင်သည် ငွေသားကတ်ပြုလုပ်ပါက၊ ၎င်းကို ၇ရက်မှ ၁၀ ရက်အတွင်း သင့်အိမ်သို့ ပို့ပါမည်။ ၎င်းကိုရရှိရန်၊နေထိုင်ခွင့်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်ကဲ့သို့ ကာယကံရှင်ဖြစ်ကြောင်းအထောက်အထားပြစရာ တစ်ခု လိုအပ်မည်ဖြစ်သည်။

အွန်လိုင်းအကောင့်တစ်ခုဖန်တီးနည်း

သင်၏ကာယကံရှင်ဖြစ်ကြောင်းအထောက်အထားကို အတည်ပြုပြီး အွန်လိုင်းတွင် အကောင့်ဖွင့်သည့်အခါ သင့်ဘဏ်၏ ဝက်ဘ်ဆိုဒ် သို့မဟုတ် အကောင့်ဖွင့်ရန်အတွက် ဘဏ်အက်အပလီတစ်ခုကို ဖွင့်ပါ။ သင်၏နေထိုင်ခွင့်ကတ် သို့မဟုတ် အထူးအမြဲတမ်းနေထိုင်ခွင့်လက်မှတ်၏ ဓာတ်ပုံတစ်ပုံကို တင်ပြီး လိုအပ်သောအချက်အလက်များကို ထည့်သွင်းပါ။ ဘဏ်ပေါ်မူတည်၍ သင်၏နေထိုင်ခွင့်ကတ်နှင့် အထူးအမြဲတမ်းနေထိုင်ခွင့်လက်မှတ်အပြင် အများသုံးငွေတောင်းခံလွှာနှင့် ကျန်းမာရေးအာမခံကတ်လည်း လိုအပ်မည်ဖြစ်သည်။ လုပ်ငန်းစဉ်ပြီးဆုံးပြီးနောက် ငွေသားကတ်ရောက်ရှိရန် ၁ပတ်မှ၂ ပတ်ခန့် ကြာပါသည်။

အချို့ဘဏ်များသည် နိုင်ငံခြားသားများမှ အွန်လိုင်းတွင် အကောင့်ဖွင့်ခွင့်မပြုသောကြောင့် ထိုအချိန်တွင်ဘဏ်ကောင်တာသို့သွားပါ။

၄။နိုင်ငံခြားသားများအတွက်အကြံပြုထားသည့်ဘဏ်အကောင့်ဖွင့်ရန်လွယ်ကူသည့်ဘဏ်များ

ဘဏ်ပေါ်မူတည်၍ အကောင့်ဖွင့်ရလွယ်ကူပြီး နိုင်ငံခြားငွေလွှဲရန် လိုအပ်သည့်အချိန် ကွဲပြားပါမည်။ အောက်တွင်ဖော်ပြထားသည်မှာ နိုင်ငံခြားသားများအတွက် အကြံပြုထားသောဘဏ်များစာရင်းဖြစ်ပါသည်၊ ထို့ကြောင့် အကောင့်ဖွင့်သည့်အခါတွင် ၎င်းတို့အား ကိုးကားပါ။

ဂျပန်စာတိုက်ဘဏ်- ဂျပန်နိုင်ငံတွင် ၃ လကျော်နေထိုင်ပါက ပုံမှန်အကောင့်ဖွင့်နိုင်ပါသည်။ ဘာသာစကား ၁၆ မျိုးဖြင့် အကောင့်ဖွင့်ရန် လျှောက်လွှာပုံစံကို အင်တာနက်ပေါ်တွင် ဝန်ဆောင်မှုတစ်ခု ရှိပါသည်။

  • Mizuho ဘဏ်- Ginza၊ Shibuya နှင့် Yokohama Ekimae ဘဏ်ခွဲများအပါအဝင် ဘဏ်ခွဲ ၁၀ခုသည် တက်ဘလက်များကို အသုံးပြု၍ စကားပြန်ဝန်ဆောင်မှုများရှိသည်။ 
  • တိုကျို-မစ်ဆူဘီရှီ UFJ ဘဏ်- အကောင့်ဖွင့်ရန် တံဆိပ်တုံး မလိုအပ်ပါ၊ ATM စက်များစွာရှိသောကြောင့် ငွေထုတ်ရန်နှင့် ငွေသွင်းရန် လွယ်ကူပါသည်။
  • Resona ဘဏ်- အကောင့်တစ်ခုဖွင့်ရန် တံဆိပ်တုံး မလိုအပ်ပါ၊ အပလီကို အသုံးပြု၍ နိုင်ငံရပ်ခြားသို့ ငွေပေးပို့နိုင်သည်။
  •  Rakuten ဘဏ်- သင့်အထောက်အထားကို အပလီဖြင့် အတည်ပြုခြင်းဖြင့် အကောင့်တစ်ခုဖွင့်နိုင်ပြီး၊ ပြည်ပသို့ ငွေလွှဲခြင်းအတွက် အခကြေးငွေများသည် အခြားဘဏ်များထက် စျေးသက်သာပါသည်။
  •  Shinsei Bank- အင်တာနက်ပေါ်တွင် အကောင့်ဖွင့်ရန် ဖြစ်နိုင်ချေရှိမရှိ စစ်ဆေးနိုင်သည့် အင်္ဂလိပ်-ဘာသာစကား ဝက်ဘ်ဆိုဒ်တစ်ခု ရှိပြီး၊ အပလီဖြင့်လည်း သင်၏အထောက်အထားကို စစ်ဆေးနိုင်သည်။

အနှစ်ချုပ်

နိုင်ငံခြားသားများသည် ၎င်းတို့နေထိုင်သည့်ကာလ ၆ လထက်ပိုပါက ဂျပန်ဘဏ်တွင် ပုံမှန်အကောင့်ဖွင့်နိုင်သည်။ အကောင့်ဖွင့်သည့်အခါတွင် နေထိုင်ခွင့်ကတ်၊ သင့်လိပ်စာကို အတည်ပြုနိုင်သည့်အများသုံးငွေတောင်းခံလွှာ၊ တံဆိပ်တုံးလိုအပ်မည်ဖြစ်သဖြင့် ပြင်ဆင်ထားရန် လိုအပ်ပါသည်။ ဘဏ်စာရင်းဖွင့်ရလွယ်ကူမှု နှင့် ပြည်ပသို့ငွေပို့ရာတွင် ဘဏ်ပေါ်မူတည်၍ ကွဲပြားကြောင်း သတိပြုသင့်သည်။ဘဏ်အကောင့် ဖွင့်လှစ်ခြင်း နှင့် လိုအပ်ချက်များကို နားလည်ပြီး ဂျပန်တွင် အကောင့်တစ်ခုဖွင့်ကြပါစို့။





 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ဂျပန်နေထိုင်မှုဘဝတွင်လိုအပ်သောကုန်ကျစရိတ်/ နိုင်ငံခြားသားများအတွက်ဘဏ်အကောင့်ဖွင့်နည်းကိုရှင်းပြခြင်း။ ဘယ်လို စာရွက်စာတမ်းတွေနဲ့ အကြောင်းအရာတွေ လိုအပ်လဲ(Explaining how to open a bank account for foreigners! What documents and conditions are required?)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ