အမိ‌မြေကို ခွဲခွာပြီး ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရှာဖွေခြင်း

 အလုပ်အကိုင်ကောင်းတစ်ခု ရှာဖွေနိုင်မည့် အဓိကသေ့ာချက်က ယုံကြည်စိတ်ချရသော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကောင်းတစ်ခုကို အသုံးချနိုင်ခြင်းဖြစ်ပါတယ်။ အထူးကန့်သတ်ချက်များ များပြားလွန်းသော တိုခုတေးဂိနိုးဗီဇာဖြင့်အလုပ်ပြောင်းလိုပါကပိုမိုတတ်ကျွမ်းသောအတတ်ပညာရှင်များ၏ အကူညီအထောက်အပံ့များ ဆွေနွေးတိုင်ပင်မှုများပြုလုပ်ဖို့လိုအပ်ပါသည်။ 

 အလုပ်အကိုင်ပြောင်းအေဂျင်စီဆိုတာ အလုပ်အကိုင်ရှာဖွေနေသူများ၏ ဆန္ဒနှင့်တပ်တည်းကျသော အလုပ်ကိုင်ကို တွဲဖက်ပေးသည့်ဝန်ဆောင်မှုကို ဆိုလိုခြင်းဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများမိတ်ဆက်ပေးခြင်း၊ အင်တာဗျူးအတွက်အကြံညဏ်များပေးခြင်း၊ ဗီဇ ကိုယ်စားလျှောက်ပေးခြင်း စသည့်ဝန်ဆောင်မှုများကို အခမဲ့ရယူနိုင်သောကြောင့် မိမိဘာသာ အလုပ်အကိုင်ရှာဖွေခြင်းထက် ပို၍ အောင်မြင်နိုင်ခြေ များပါသည်။

ယခုဆောင်းပါးတွင်  အလုပ်အကိုင်ပြောင်းဝန်ဆောင်မှုအေဂျင်စီ 「Leverages Global Support(レバレジーズグローバルサポート)မှ တိုခုတေးဂိနိုးဗီဇာကိုင်ဆောင်ပြီးအလုပ်ပြောင်းမည့်သူများအား အမြဲတမ်း ရှင်းပြလေ့ရှိသော အလုပ်အကိုင်ပြောင်းခြင်းနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အ‌ခြေခံအချက်အလက်များကို လွယ်လွယ်ကူကူရှင်းပြမျှဝေသွားပါမည်။

 မာတိကာ

  1. အလုပ်အကိုင်ပြောင်းဝန်ဆောင်မှုအေဂျင်စီဆိုတာ ဘာလဲ။

  2. အလုပ်အကိုင်ပြောင်းခြင်း အချိန်ဇယား

  3. အလုပ်အကိုင်ပြောင်းဝန်ဆောင်မှုအေဂျင်စီနှင့် တိုင်ပင်ကြည့်ခြင်း

    1. “Mensetsu”အင်တာဗျူး နှင့် “Mendan”ဆွေးနွေးတိုင်ပင်ခြင်းတို့တို့ရဲ့ ကွာခြားချက်

    2. FAQ

  4. ကုမ္ပဏီ နှင့် အင်တာဗျူးခြင်း

    1. အင်တာဗျုး အဆင့်ဆင့်

    2. အင်တာဗျုးမတိုင်ခင် ပြင်ဆင်သင့်သည့်အရာများ

    3. အခက်အခဲ ကြုံသည့်အခါ

  5. အလုပ်ခန့်အပ်စာနှင့် ဗီဇာပြောင်းခြင်း

    1. အလုပ်ခန့်အပ်စာလက်ခံခြင်းဆိုတာဘာလဲ။

    2. ဗီဇာပြောင်းခြင်း

  6. အနှစ်ချူပ်

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

အလုပ်အကိုင်ပြောင်းဝန်ဆောင်မှုအေဂျင်စီဆိုတာဘာလဲ။

 ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ပြောင်းတော့မယ်ဆိုလျှင် အလုပ်အကိုင်ပြောင်းဝန်ဆောင်မှုအေဂျင်စီရဲ့ ဝန်ဆောင်မှုက မဖြစ်မနေ လိုအပ်ပါတယ်။ တခြားနိုင်ငံများတွင် အလုပ်အကိုင်ပြောင်းဝန်ဆောင်မှုကို တွင်ကျယ်စွာ မသုံးပြုကြသောကြောင့် ထိုဝန်‌ဆောင်မှုအပေါ် စိတ်ချယုံကြည်မှု မရှိသောသူများ ရှိကောင်းရှိပါလိမ်မည်။

 ပထမဆုံး ရှင်းပြချင်တာက အလုပ်အကိုင်ပြောင်းဝန်ဆောင်မှုသည်အခကြေးငွေလုံး၀ မကုန်ကျဘူး ဆိုတဲ့အချက်ဖြစ်ပါတယ်။ အလုပ်အကိုင်ပြောင်းဝန်ဆောင်မှုများက ဝန်ထမ်းများကိုရှာဖွေနေသော ကုမ္ပဏီများဆီမှ ဝန်ဆောင်ခယူထားသောကြောင့် အလုပ်ရှာဖွေနေသူများဆီမှ အခကြေး‌ငွေ ကောက်ခံလေ့မရှိပါ။အလုပ်ရှာဖွေနေသူများဆီမှ အခကြေး‌ငွေ ကောက်ခံခြင်းသည် တရားမဝင်သောနည်းလမ်းဖြစ်ပါသည်။ ထို့ကြောင့် အခကြေးငွေ ကောက်ခံသော အေဂျင်စီများ ကိုအသုံးမပြုသင့်ပါ။

「Leverages Global Support」သည် တိုကုတေးဂိနိုး ဗီဇာပြောင်းပြီး အလုပ်အကိုင်ရှာဖွေနေသူများ အတွက်အကောင်းဆုံးနှင့်အသင့်တော်ဆုံးသောအလုပ်အကိုင်ရှာတွေ့နိုင်အောင်အခမဲံ့ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အသေးစိတ်ပြောရရင်အလုပ်ခေါ်စာများကိုဝေမျှပေးခြင်း၊ကိုယ်ရေးရာဇဝင်ရေးပုံရေးနည်းတို့ကိုသင်ပြပေးခြင်း၊ ကုမ္ပဏီများနှင့်အင်တာဗျူးကိုချိတ်ဆက်ပေးခြင်း၊ လက်ရှိအလုပ်လုပ်ကိုင်နေသောအလုပ်မှ ထွက်စာတင်နည်းဆွေး‌‌နွေးနည်းတို့ကိုအကြံပေးခြင်း စသဖြင့် အခမဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ မိတ်ဆက်ပေးမည့်အလုပ်မှာ အချိန်ကြာကြာ အလုပ်လုပ်စေချင်သောကြောင့် အလုပ်ရှာနေသောသူများ၏ ဆန္ဒနှငိ့ မကိုက်ညီသော အလုပ်များကိုလည်း အတင်း မိတ်ဆက်ပေးလေ့မရှိပါ။ 

နောက်ပိုင်းမှာတေ့ာ အလုပ်အကိုင်ပြောင်းရာတွင်ပြုလုပ်ရမည့်အဆင့်များကိုအသေးစိတ် အဆင့်လိုက်ရှင်းပြသွားပါမည်။

အလုပ်အကိုင်ပြောင်းခြင်း အချိန်ဇယား

 တိုကုတေးဂိနိုး ဗီဇာ ရဲ့ အလုပ်အကိုင်ပြောင်းခြင်းက အလုပ်ခန့်အပ်စာ လက်ခံရယူနိုင်သည်အထိ ကာလ“‌ရွေးချယ်စိစစ်ရေး ကာလ” နှင့် အလုပ်ဝင်သည်အထိကြာသည့်ကာလ “ ဗီဇာပြောင်းခြင်းကာလ”ဆိုပြီး အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်ပါသည်။ အလုပ်စတင်ဝင်ရောက်သည့် ကာလမှာ တစ်ဦးချင်းစီလိုက်၍ကွာခြားနိုင်‌ပေမယ့် အကြမ်းဖျင်းအာဖြင့် ၃လမှ၆လအထိ ကြာမြင့်နိုင်ပါသည်။

 

အချိန်ကြာမြင့်တတ်တာကတော့ ဗီဇာပြောင်းခြင်းအဆင့်ဖြစ်ပါတယ်။ ဗီဇာပြောင်းပြီးသည်အထိ ၁လမှ၃လအထိ ကြာမြင့်ပြီး တိုကုတေးဂိနိုးဗီဇာဖြင့်အလုပ်အကိုင်ပြောင်းရာမှာ မလွှဲမသေ ပြုလုပ်မယ့်အဆင့်ဖြစ်ပါတယ်။ တကယ်လို့ အလုပ်လက်ခံစာရပြီးချက်ချင်း လက်ရှိအလုပ်ကိုထွက်လိုက်ပါက ဗီဇာပြောင်းတဲ့အချိန်ကာလ ကိုဝင်ငွေမဲ့အဖြစ် ဖြတ်သန်းရမှာဖြစ်ပါတယ်။

“ဂိနိုးဂျိရှူး’’ ဗီဇာဖြင့်အလုပ်လုပ်နေသော သူများက သင်တန်းကာလ မပြီးဆုံးခင် ၆လ အလိုမှစ၍ အလုပ်ရှာသင့်ပါတယ်။ အေဂျင်စီမှာ စာရင်းသွင်းနောက်ကျသွားပါက ဗီဇာပြောင်းဖို့အချိန်မမှိဖြစ်နိူင်ပြီး ဂျပန်နိုင်ငံမှာ နေလို့မရတာမျိုး ဖြစ်တတ်တာကြောင့်ပါ။

 အလုပ်အကိုင်ပြောင်းအေဂျင်စီနှင့်ဆွေးနွေးတိုင်ပင်ခြင်း

“Mensetsu”အင်တာဗျူး နှင့် “Mendan”ဆွေးနွေးတိုင်ပင်ခြင်းတို့ရဲ့ ကွာခြားချက်

 အလုပ်အကိုင်ပြောင်းအေဂျင်စီ တွင် စာရင်းသွင်းပါက အရင်ဦးစွာမိမိနှင့်ကိုက်ညီသော အလုပ်ကို မိတ်ဆက်ပေးနိုင်ရန်အတွက် အွန်လိုင်း ဆွေးနွေးမှု ကို စတင်ပါတယ်။ ဒီနေရာမှာ ပြောချင်တဲ့ချက်က “Mensetsu”အင်တာဗျူး နှင့် “Mendan”ဆွေးနွေးတိုင်ပင်ခြင်းတို့ရဲ့ ကွာခြားချက်အကြောင်းဖြစ်ပါတယ်။ နှစ်ခု စလုံးကို အင်္ဂလိပ်ဘာသာပြန်ဆိုကြည့်ပါက Interview ဆိုတဲ့စကားလုံးဖြစ်ပေမယ့် အမှန်တော့ လုံးဝအဓိပ္ပာယ်မတူပါ။ 

  • “Mendan”ဆွေးနွေးတိုင်ပင်ခြင်း ဆိုတာ  အလုပ်အကိုင်ပြောင်းအေဂျင်စီ နှင့် မိမိလုပ်ကိုင်ချင်သော အလုပ်၊ မိမိဆန္ဒ၊ စသည်တို့ကို ပွင့်ပွင့်လင်းလင်း အားမနာတမ်း ပြောနိုင်မည့် အခွင့်အရေးဖြစ်ပါတယ်။

  • “Mensetsu”အင်တာဗျူး ဆိုတာ သင့်ကို အလုပ်ခန့်မည့် အလုပ်ရှင်ကို သင့်မှာရှိတဲ့စွမ်းရည် တွေထုတ်ပြရမယ့်နေရာဖြစ်ပါတယ်။ မိမိ၏ အားသာချက်ကို သေချာတင်ပြနိုင်ဖို့ သေချာပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ မေးခွန်းတွေကို သေချာဖြေဆိုနိုင်ဖို့ ဂျပန်စာ အရည်အချင်းလဲလိုအပ်ပါတယ်။ 

 အလုပ်အကိုင်ပြောင်းအေဂျင်စီ ကသင့်ကိုကူညီပေးမယ့် သင့်ရဲ့ဘက်တော်သား ဖြစ်ပါတယ်။ ဒါကြောင့် သင်အမှန်တကယ်လိုချင်သောအလုပ်နှင့် သင့်ဆန္ဒကို အားမနာတမ်းပြောပါ။ စိုးရိမ်စိတ် ပူပင်သောက များကိုလည်း ပွင့်ပွင့်လင်းလင်း အမှန်တိုင်းပြောလို့ရပါတယ်။ မိမိလိုချင်သော အချက်အလက်တွေကိုပွင့်ပွင့်လင်းလင်း မပြောပါက မိမိနှင့်မကိုက်ညီသော အလုပ်ရသွားနိုင်ပြီး အလုပ်ထဲမှာ ပင်ပန်းအခက်ခဲနှင့်ကြုံတွေ့တတ်ပါသည်။ဖြစ်နိုင်ပါက သင်၏ ကိုယ်ရေး အချက်အလက်များကိုလဲ မေးချင်ပါတယ်။ အိမ်ထောင်ရှိမရှိ၊ မိမိ၏ ဂျပန်စာ အရည်အချင်းနှင့်ပတ်သက်၍ စိုးရိမ်မှုရှိ မရှိ၊ လက်ရှိစုဆောင်းထားသည့်စုငွေ အစသဖြင့် အချက်အလက်တွေများပြားလေလေ ကူညီပေးနိုင်တာ များလေဖြစ်ပါတယ်။

「Leverages Global Support」နှင့် ဆွေးနွေးတိုင်ပင်ရာမှာ ပုံမှန်အားဖြင့် ဂျပန်ဘာသာစကားဖြင့်ဆွေးနွေးလေ့ရှိပေမယ့် ဘာသာစကားအလိုက်စကားပြန်များရှိသောကြောင့် မိမိ၏ ဂျပန်ဘာသာစကားကို ယုံကြည်မှုမရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါတယ်။

အလုပ်အကိုင်ပြောင်း အေဂျင်စီတွေကို အမေးများတဲ့ မေးခွန်းများနှင့် အဖြေများကို အောက်မှာ ဖော်ပြပေးထားပါတယ်။ ဒီလိုမျိုး အလုပ်အကိုင်ပြောင်းအေဂျင်စီနှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် အလုပ်အကိုင် ပြောင်ခြင်းနှင့်ပတ်သက်၍ မိမိသိလိုသော အချက်များသိရှိနိုင်ပြီး စိုးရိမ်မှု ပူပင်သောက များကိုလဲဖြေလျှော့နိုင်ပါတယ်။

မေးခွန်း - အသားတင်ဝင်ငွေ ဆိုတာဘာလဲ?

အဖြေ - အသားတင်ဝင်ငွေ ဆိုတာ မိမိရရှိမယ့် လစာထဲမှ မိမိ အသားတင်ရရှိနိုင်မယ့် လစာကိုဆိုလိုပါတယ်။ တနည်းအားဖြင့် ပြောရရင် လစာထဲမှ ဝင်ငွေအခွန်ကို နုတ်ထားတဲ့ ပမာဏ ကိုဆိုလိုပြီး လစာ စာရွက်ထဲမှာတော့ နှုတ်ထားတဲ့ပမာဏ ကိုအသေးစိတ်ဖော်ပြထားပါတယ်။ သေချာ နားမလည်ပါက မိမိ၏ လစာ စာရွက်ကို တိုင်ပင်ပေးမယ့် သူကိုပြပြီးမေးမြန်းကြည့်နိုင်ပါတယ်

 မေးခွန်း - အိမ်လခ ထောက်ပံ့ကြေးက ကျိန်းသေရနိုင်လား?

အဖြေ - ကုမ္ပဏီအပေါ်မူတည်ပါတယ်။ အများအားဖြင့် အိမ်လခ ထောက်ပံ့ကြေး၊ အဆောင်ထောက်ပံ့ခြင်း စသည်တို့ကို ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ များတွင်လည်း ထိုဝန်ဆောင်မှုကို အသုံးပြုရာတွင်သတ်မှတ်ချက်များ ထားရှိလေ့ရှိပါသည်။ ( ဥပမာ - အိမ်စာချုပ်ချုပ်မယ့်သူက မိမိကိုယ်တိုင်ဖြစ်ရမည်၊ အလုပ်နှင့်အနီးအနား တဝိုက်တွင်နေရမည်။ အစသဖြင့်)

မေးခွန်း - အလုပ်ခန့်အပ်စာ ရရှိပါက ချက်ချင်း အလုပ်ပြောင်းလို့ရပါသလား။ 

အဖြေ - အလုပ်သစ်ပြောင်းဖို့အတွက် ဗီဇာပြောင်းလဲခွင့် လျှောက်ထားရန်လိုအပ်ပါသည်။ ဗီဇာ ပြောင်းလဲပြီးသည်အထိ ၁လကနေ၃လအတွင်းက အလုပ်လုပ်ခွင့်မရှိပါဘူး။ ဘာလို့လဲဆိုတေ့ာ အစိုးရ ရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းအရကြာချိန်ဖြစ်ပြီး ဘယ်‌အေဂျင်စီနှင့် ချိတ်ချိတ် ဒီတစ်ချက်ကတေ့ာ မပြောင်းလဲပါဘူး။

မေးခွန်း - အလုပ်ပြောင်းနေစဉ် နှင့် အလုပ်ခန့်အပ်စာ ရရှိပြီးနောက်ပိုင်း တိုင်ပြည်ခဏပြန်လို့ရနိုင်လား?

အဖြေ - တိုင်းပြည်ကို ခဏပြန်နိုင်ပေမယ့် ဗီဇာလျှောက်ထားမှုအပေါ်သက်ရောက်မှု ရှိနိုင်သောကြောင့် အလုပ်ပြောင်းအေဂျင်စီနှင့်ဆွေးနွေးဖို့လိုအပ်ပါတယ်။ အလုပ်သစ်ကိုမြန်မြန်ပြောင်းချင်ပါက ဗီဇာပြောင်းဖို့လျှောက်ထားတဲံ့အခြေအနေကိုကြည့်ပြီး ၂ပတ်၃ပတ်လောက်သာ တိုင်းပြည်ပြန်စေချင်ပါတယ်။ 

မေးခွန်း - ဂိနိူးဂျိရှူးဆေး ပါ။ ဂျပန်မှာဆက်နေမည့်အကြောင်းကို ခုမိအာအိကို မပြောလဲရလား?

အဖြေ - သေချာပေါက် အကြောင်းကြားပါ။ တစ်ခုခု ဒုက္ခရောက်ရင် ကူညီဖြေရှင်း ပေးမှာဖြစ်သောကြောင့် စိတ်မပူပါနဲ့။ 

မေးခွန်း - အလုပ်အကိုင်ပြောင်း အေဂျင်စီကို တစ်ခုထက်မက အသုံးပြုလို့ရလား။

အဖြေ - ပြသနာ မရှိပေမယ့် အလုပ်ခန့် အပ်စာ တပြိုင်တည်းရလာပါက ညှိုယူရမှာ ဖြစ်သောကြောင့်အလုပ်အကိုင်ပြောင်း အေဂျင်စီ နှင့်ဆွေးနွေးတဲ့အခါ သေချာ ပြောပြထားဖို့လိုအပ်ပါတယ်။ အလုပ်ခေါ်စာ များစွာကိုသင့်အားမိတ်ဆက်ပေး ပြီး သင်နှင့်ကိုက်ညီသော အလုပ်ကို ရှာဖွေတွေ့နိုင်အောင် ကျွန်တ်ော တို့က အစွမ်းကုန် တာဝန်ယူ ကြိုးစားပါမယ်။ 

မေးခွန်း - ဘိုးဘွား ကျန်းမာရေး စောင့်ရှောက်ရေးအလုပ်ပါ(ခိုင်းဂေ့ါ)။ ချက်ချင်း ညဆိုင်းဝင်လို့ရလား။

အဖြေ - ကျန်းမာရေး စောင့်ရှောက်ရေးအလုပ် တွေက များအားဖြင့် အလုပ်ကိုသေချာ တတ်မြောက်ပြီးမှ ညဆိုင်းဝင်လေ့ရှ်ပါတယ်။. အလုပ်ကိုဘယ်လောက်မြန်မြန် မှတ်မိနိုင်လဲအပေါ် မူတည်ပြီး ကြာချိန်က အပြောင်းအလဲရှိနိုင်ပြီး အကြမ်းအားဖြင့် ၃လမှ၆လအတွင်း ကြာလေ့ရှိပါတယ်။ အကြာဆုံးကာခလ တနှစ်လောက်ကြာနိုင်ပါတယ်။ 

ကုမ္ပဏီနှင့် အင်တာဗျူးခြင်း 

အင်တာဗျူး အဆင့်ဆင့်

အလုပ်အကိုင်ပြောင်းအေဂျင်စီ နှင့်ဆွေးနွေးမှု(Mendan) ပြီးဆုံးသွားပါက မိမိလိုချင်သော အလုပ်ကို လျှောက်လွှာတင်ပြီး နောက်တဆင်ိ့ အင်တာဗျူး(Mensetsu)ဖြစ်ပါတယ်။ 

အင်တာဗျူး အကြိမ်အရေအတွက်က အလုပ်အပေါ် လိုက်ပြီး ကွာခြားပြီး ၁ကြိမ်တည်းဖြင့်ပြီးတဲ့ အခါလဲ ရှိသလို ၂ကြိမ် ၃ကြိမ် လောက်သွားရတဲ့ အင်တာဗျူးလဲ ရှိပါတယ်။ ပုံမှန်အားဖြင့် အွန်လိုင်းနဲ့ဖြေရတာ များပေမယ့် လူတွေ့အင်တာဗျူးတာလဲ ရှိပါတယ်။ 

 အင်တာဗျုးအတွက်ပြင်ဆင်ရမည့် အရာများ 

「Leverages Global Support」မှမိတ်ဆက်ပေးလျက်ရှိသော ကုမ္ပဏီများတွင် အများအားဖြင့်、Google meet သို့မဟုတ် Zoom ဖြင့် အင်တာဗျူး လေ့ရှိပါတယ်။ ဘယ်အက်ပလီကေးရှင်းကိုမဆို အသုံးပြူနိုင်အောင် ဒေါင်းလုတ်ဆွဲထားပြီး အကျင့်သားရအောင် လေ့ကျင့်ထားသင့်ပါတယ်။ ပြီးတော့ အင်တာဗျူး ‌ဖြေဆိုရာမှာ အနောက်တိုင်းဝတ်စုံဝတ်ဖို့ အကြံ ပြုပါတယ်။

အခက်အခဲကြုံတွေ့ပါက

အင်တာဗျူးဖြေဆိုဖို့ အဆင်မပြေပါက ချက်ချင်း အလုပ်အကိုင်ပြောင်းအေဂျင်စီ ကိုအကြောင်းကြားပါ။ နောက်ကျမှ အကြောင်းကြားပါက ကုမ္ပဏီဘက်မှ အင်တာဗျူးကိုပယ်ချနိုင်ခြေ ရှိပါတယ်။ 

အလုပ်ခန့်အပ်ခြင်း အကြောင်းကြားစာနှင့် ဗီဇာပြောင်းခြင်း

အလုပ်ခန့်အပ်ခြင်း အကြောင်းကြားစာ

အင်တာဗျူးပြီးဆုံးပါက အလုပ်ရသွားပါက ရရှိသည့် စာရွက်ကို အလုပ်ခန့်အပ်ခြင်း အကြောင်းကြား စာ (Naitei) လို့ခေါ် ပါတယ်။ အလုပ်လုပ်ရမယ့်အချက်အလက်များကို သေချာစိစစ်ပြီး ကမ်းလှမ်းချက် အကြောင်းအရာနှင့်ကိုက်ညီပါက အလုပ်ဝင်ချင်တဲ့အ‌ကြာင်းကိုအလုပ်အကိုင်ပြောင်းအေဂျင်စီဆီ အကြောင်းကြား ပေးပါ။ အလုပ်ကို လက်ခံပြီးပါက ငြင်းပယ်လို့မရနိုင်သောကြောင့် Naiteiတစ်ခုထက်ပိုပြီး လက်ခံရရှိပါက အလုပ်တစ်ခုတည်းကိုသာ သေချာစဉ်းစာပြီး ရွေးချယ်ပါ။

 ကျွန်တော် တို့အေဂျင်စီမှာ လည်း သဘောတူညီချက်စာချုပ်ကို အီးမေးလ်ဖြင့် လက်မှတ်ထိုးခိုင်းပြီး လက်မှတ်ထိုးပြီးသား ဖြစ်ပါက ငြင်းပယ်လို့မရနိုင်သော စည်းမျဉ်း စည်းကမ်း ချမှတ်ထားပါတယ်ိ

ဗီဇာ ပြောင်းလဲခြင်း

တိုကုတေးဂိနိုး ဗီဇာဖြင့် အလုပ်သစ်ထဲမဝင်ခင်  ဗီဇာပြောင်းလဲခွင့် လျှောက်ထားရန်လိုအပ်ပါသည်။အ‌ထက်ပါ အချိန်ဇယားတွင် ဖော်ပြထားသည့်အတိူင်းဗီဇာ ပြောင်းလဲပြီးသည်အထိ ၁လကနေ၃လအတွင်းက အလုပ်လုပ်ခွင့်မရှိပါဘူး။ ဘာလို့လဲဆိုတေ့ာ အစိုးရ ရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းအရကြာချိန်ဖြစ်ပြီး ဘယ်‌အေဂျင်စီနှင့် ချိတ်ချိတ် ဒီတစ်ချက်ကတေ့ာ မပြောင်းလဲပါဘူး။ လက်ရှိလုပ်နေတဲ့ အလုပ်ကို မထွက်ခင် အလုပ်အသစ် ဝင်မည့် အချိန်ကို ကိုက်၍ နေထိုင် စားသောက်စာရိတ်အတွက် ပိုက်ဆံကြိုစုထားဖို့ လိုအပ်ပါတယ်။ 

ကျွန်တော် တို့မှာ ဗီဇာပြောင်းဖို့အတွက် ပံ့ပိုး ပေးခြင်းမှအစ အလုပ်မဝင်ခင် စိုးရိမ် စရာများအထိ အခမဲ့ဆွေးနွေး ပေးလျက်ရှိပါတယ်။လိုအပ်ပါက နိူင်ငံခြားသားများ အတွက်းသန့်ဝန်ဆောင်မှုပေးသော အိမ်ပြောင်းဝန်ဆောင်မှု လုပ်ငန်းများနှင့်လည်း ချိတ်ဆက်ပေးလျက်ရှိပါသည်။

သို့သော် ဗီဇာပြောင်းရန်ကုန်ကျမည့် ကုန်ကျစာရိတ် ယန်း ၄၀၀၀ ကို မိမိဘာသာ ကုန်ကျခံရမည်ဖြစ်ပါသည်။တိုကုတေးဂိနိုး အဆင့်၁ မတိုင်ခင် တိုကုတေးဂိနိုးအဆင့်၁သို့ပြောင်းရန်ကြိုတင်ပြင်ဆင်ရန်အတွက် နေထိုင်ခွင့်ကတ်ပြား ကို ၂ကြိမ်ထုတ်ရမည်ဖြစ်သောကြောင့် တံဆိတ်ခေါင်းအခွန်ဖိုး ၂ကြိမ်စာ ယန်း ၈၀၀၀ကုန်ကျနိူင်ပါသည်။ 

※ကျွန်တော် တို့အေဂျင်စီတွင် ဂိနိုးဂျိရှူး‌ဆေး နှင့် ပညာတော် သင်ကျောင်းသား များကိုလည်း အလုပ်ကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက် ရှိပါသည်။ ထိုသို့သော သူများလည်း တိုကုတေးဂိနိုးဗီဇာ ပြောင်းဖို့ လိုအပ်ပါသည်။

အနှစ်ချုပ်

အထက်ပါအကြောင်းအရာ များကတော့ အလုပ်အကိုင်ပြောင်း ဝန်ဆောင်မှု အေဂျင်စီ ရဲ့အားသာချက်များအကြောင်း ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ သို့ သော် ဝမ်းနည်းစရာကောင်းတာတစ်ခုက အလုပ်အကိုင်ရှာဖွေနေသူထံမှ ဥပဒေ ဖြင့်မကိုက်ညီသော နည်းလမ်းများဖြင့် ပိုက်ဆံတောင်းခံသော လိုင်စင်မရှိသော တရားမဝင်အေဂျင်စီတွေလည်း အများအပြားရှိပါတယ်။ (အေဂျင်စီများမှ  အလုပ်ရှာဖွေနေသူများထံ အခကြေး‌ငွေ ကောက်ခံခြင်းကို ဥပဒေအရ တားမြစ်ထားပါသည်။)

ထိုသို့သော လုပ်ငန်းများသည် ပိုက်ဆံရရှိဖို့က အဓိကဖြစ်သောကြောင့် အလုပ်ရှာဖွေနေသူများ၏ ဆန္ဒကို အလေးမထားပဲ မိမိလိုချင်သော အချက်နှင့်မကိုက်သော အလုက်ကို မိတ်ဆက်ပေးနိုင်ချေများပါတယ်။ 

ကျွန်တော် တို့၏ အဓိက တာဝန်က အလုပ်ရှာဖွေနေသူများ ဂျပန်တွင် အချိန်ကြာကြာ အလုပ်လုပ်နိူင်‌‌စေရန်နှင့် သင်တို့၏ ရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ဖြစ်ပါသည်။ တစ်ခုခု တိုင်ပင်စရာ ရှိပါက 「Leverages Global Support」မှာ အချိန်မရွေး လာရောက်ဆွေးနွေးနိုင်ပါတယ်။

ဒီဆောင်းပါးကိုဖတ်နေသူများလည်း မှန်ကန်သော အေဂျင်စီနှင့် ဆုံတွေ့ပြီး မိမိလုပ်ကိုင်လိုသော အလုပ်ကို ရရှိနိုင်စေရန်ဆုတောင်းပေးပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်ရှာဖွေခြင်း (အင်တာဗျူး၊ ကိုယ်ရေးရာဇဝင်၊ စာမေးပွဲ)/ အမိ‌မြေကို ခွဲခွာပြီး ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရှာဖွေခြင်း

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ