ဂျပန်နိုင်ငံ ရဲ့ ရာသီ၄ မျိုးကို ဘယ်လို ပျော်ရွှင်ခံစားမလဲ

အားလုံးသိထားတဲ့အတိုင်း ဂျပန်နိုင်ငံမှာ ရာသီ ၄ မျိုးရှိပါတယ်။ ရာသီတစ်ခုစီမှာလဲ ထူးခြားတဲ့အစီအစဥ်တွေရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ရာသီ၄မျိုးအကြောင်းကိုအသေးစိတ်မိတ်ဆက်ပြီး ရာသီ တစ်ခုချင်းစီအလိုက် ဘယ်လိုထူးခြားမှုတွေရှိလြဆိုတာကိုမိတ်ဆက်ပေးသွားပါ့မယ်။ 

ရာသီလေးမျိူးရှိခြင်းရဲ့ ဆွဲဆောင်မှုများ

ရာသီတစ်ခုချင်းစီးအလိုက်အပြောင်းအလဲများ

ရာသီ၄မျိုးကို ပျော်ရွှင်ခံစားခြင်း

ဂျပန်နိုင်ငံရဲ့ ရာသီ၄မျိုးကို ခွဲခြားနိုင်မယ့် နည်းလမ်းများ

အနှစ်ချုပ်

ရာသီလေးမျိူးရှိခြင်းရဲ့ ဆွဲဆောင်မှုများ

 

 ဂျပန်နိုင်ငံက တောင်မှ မြောက်ကို ရှည်လား ကျယ်ပြန့်လို့ နေရာအပေါ် လိုက်ပြီး ရာသီဥတုကွာခြားပါတယ်။ 

ဂျပန်နိုင်ငံတောင်ဘက်ခြမ်းကတော့ ရာသီဥတု ပိုအိုက်ပြီး ဂျပန်နိုင်ငံ‌‌မြောက် ဘက်ပိုင်းကတော့ ရာသီဥတု အေးမြပါတယ်။ နောက်ပြီး ဂျပန်ပင်လယ်နဲ့ နီးတဲ့ ဒေသတွေမှာဆိုရင် နှင်းကျတဲ့ပမာဏ‌ရော၊ စိုထိုင်းမှုတွေပါပုံမှန်ဒေသ တွေနဲ့ကွာခြားမှု ရှိပါတယ်။

ဒီလိုမျိုး နေရာဒေသ အပေါ်မူတည်ပြီး ရာသီဥတု အပြောင်းးအလဲရှိပေမယ့် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ကြည့်ရင်တော့ ပူနွေးဇုန် ထဲ ပါဝင်လျက်ရှိတယ်လို့ ပြောကြပါတယ်။ 

ပြီးတော့ ရာသီအလိုက်ရာသီဥတု အပြောင်းအလဲက သိသာလို့ ရာသီ ၄ မျိုး ကို သိသိသာသာ ခံစားရပါတယ်။ 

ရာသီအလိုက် အပြောင်းအလဲများ

 တနှစ်ပတ်လုံး ရာသီဥတုပြောင်းလဲမှုက ပြင်းထန်သောကြောင့် ရာသီအပြောင်းအလဲကို သိပ်ပြီး မခံနိုင်တဲ့ လူတွေအတွက်တော့ အစပိုင်းခက်ခဲမယ်ထင်ပါတယ်။ ဒါကြောင့် ရာသီ၊ အပူချိန်ကိုလိုက်ပြီး အဝတ်အစားတွေကို ပြောင်းလဲဝတ်ဆင်ရပါတော့တယ်။ ပြီးတော့ ရာသီအကူးအပြောင်းတွေ အထူးသဖြင့် အပူအချိန်အတက်အကျ ပြောင်းလဲ တဲ့အချိန်တွေမှာဆို အအေးမိ ဖျားနာတာတွေ ဖြစ်တတ်တာကြောင့် ပိုမိုပြီး ကျန်းမာရေး ဂရုစိုက်ဖို့လိုအပ်ပါတယ်။ 

ရာသီဥတုအလိုက်တွေ့ရသော သစ်ပင်ပန်းမန်များ

 

သစ်ပင်ပန်းမန်တွေကလဲ ရာသီဥတု အပြောင်းအလဲ ရဲ့ သင်္ကေတတွေဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ရာသီအပေါ်လိုက်ပြီး ကိုယ်စားပြုတဲ့ ပန်းတွေရှိပါတယ်။ နွေဦးရောက်ရင် ဆာကူရာပန်းတွေ ပွင့်လန်းပြီး ဆောင်းဦးရောက်ရင် မေပယ်လ်ရွက်၊ နွေရာသီ‌‌ရောက်ရင် hydrangeas ပန်းတွေ က ရာသီ အလိုက်ကိုယ်စားပြုတဲ့ ပန်းတွေလို့ပြောလို့ရပါတယ်။ ဂျပန်နိုင်ငံရဲ့ ရာသီတစ်ခုချင်းစီကို ခံစားနိုင်မယ့် အကောင်းဆုံးနည်းလမ်းက အနီးနားက ပန်းခြံ တစ်ခုကို လမ်းလျှောက်ခြင်းပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပန်းခြံတွေက အသက်ဝင်နေတဲ့ ပန်းချီကားတစ်ချပ်လိုပဲ ရာသီအလိုက်မြင်ကွင်းတွေ ပြောင်းလဲနေတာ တွေ့မြင်ရပါလိမ့်မယ်။ နွေဦးရာသီမှာဆို ဆာကူရာပန်းတွေ နဲ့ အပြည့် စိတ်ချမ်းမြေ့ဖွယ် တွေ့နိုင်ပြီး ဆောင်းဦးရာသီ‌ရောက်ရင် ရောင်စုံနေတဲ့သစ်ရွက်တွေ တွေ့မြင်နိုင်ပါတယ်။ ဒီလိုမျိုးမြင်ကွင်းတွေကို လက်မလွတ်ခံဖို့ ပြောင်းလဲမှု သိသာတဲ့ ပန်းခြံကို ရာသီ တခါပြောင်းရင် တခေါက်လောက်ဖြစ်ဖြစ် လမ်းလျှောက်သင့်ပါတယ်။ 

ရာသီပေါ် အစားစားများ

ကျွန်တော်တို့မြန်မာနိုင်ငံမှာလိုပဲ ဂျပန်လူမျိုးတွေလဲ ရာသီပေါ် အစားစာတွေကိုစားရတာ တော်တော် သဘောကျပါတယ်။ ဂျပန်ဘာစာစကားမှာ ရာသီပေါ်ကို 「旬 shun」လို့ခေါ် ပါတယ်။ ကျွန်တော် မြန်မာနိုင်ငံမှာတော့ အိမ်တွင်းမှာ ဟင်းလျာတွေကို ရာသီပေါ် အစားစာတွေ ချက်ပြုတ်ကြတာများပေမယ့် ဂျပန်နိုင်ငံမှာတော့ အိမ်တွေမှာရော၊ စားသောက်ဆိုင်တွေမှာပါ ရာသီပေါ် အစားစားတွေနဲ့ ပြုလုပ်ထားတဲ့ menu တွေကို သိသိသာသာမြင်တွေ့နိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ရာသီပေါ်အသီးအနှံ များအကြောင်းကိုတော့ ဒီ‌ဆောင်းပါးမှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ 

ရာသီ၄မျိုးကို ပျော်ရွှင်ခံစားခြင်း

ဂျပန်နိုင်ငံမှ ရာသီ၄မျိုးကို မိုးလေဝသဌာနအရဆိုရင်အောက်ပါအတိုင်းခွဲခြားနိုင်ပါတယ်။

  • နွေဦးရာသီ မတ်လ မှ မေလအထိ။
  • နွေရာသီ  ဇွန်လ မှ သြဂုတ်လအထိ။
  • ဆောင်းဦးရာသီ စက်တင်ဘာလ မှ နိုဝင်ဘာလအထိ။
  • ဆောင်းရာသီ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ။ 

အောက်ပါ ရာသီ တစ်ခုချင်းစီကိုဘယ်လိ ပျော်ရွှင်ခံစားမလဲ ဆိုတာ ကိုဖော်ပြသွားပါမယ်။ 

နွေဦးရာသီ  (မတ်လ မှ မေလအထိ)

 နွေဦးရာသီကတော့ ရာသီဥတုလဲသာယာပြီး ကောင်ကင်လဲကြည်လင်တဲ့ရာသီပါ။ တခါတလေ ကျရင် မိုးဖွဲလေးတွေရွာတတ်ပါတယ်။လူတော်တော် များများ က နွေဦးရာသီ ကိုကြိုက်ကြပါတဘ်။ ပြီးတော့နွေဦးရာသီ မှာတော့ ဆာကူရာပန်းတွေအပြင် ကျုလစ်ပန်းများ၊ မက်မွန်ပန်းများလဲ ဝေဝေဆာဆာပွင့်တဲ့ရာသီလဲ ဖြစ်ပါတယ်။ နွေရာသီမှာတော့ လုပ်စရာ တော်တော် များပေမယ့် အထင်ရှားဆုံတစ်ခုကို ပြောပါဆိုရင် ပန်းကြည့်ပွဲ hanami ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ hanami ကို ရှေးဖေတ်ကတည်းက ကျင်းပလာတာ ဖြစ်ပြီး ယနေ့ ခေတ်အထိ ဆက်လက်ကျင်းပနေဆဲ ဖြစ်ပါတယ်။ နွေဦးရာသီက အသစ်သစ်တွေကိုစတင်တဲ့ရာသီလို့လဲပြောကြပါတယ်။ ဘာလို့လဲဆိုတော့ နွေဦးရာသီမှာဆို ပညာသင်နှစ်အသစ်၊ ကျောင်းဖွင့်ပွဲတွေ စတဲ့ သစ်လွင်တဲ့ ကြိုဆိုမှုတွေ တဲ့ စတင်တဲ့နှစ်လဲဖြစ်ပါတယ်။ 

နွေရာသီ (ဇွန်လ မှ သြဂုတ်လအထိ)

နွေရာသီက ဂျပန်နိုင်ငံရဲ့ အပူဆုံးရာသီ ဖြစ်ပါတယ်။ နွေရာသီမှာဆို မိုးလဲရွာတတ်ပြီး ဂျပန်နိုင်ငံရဲ့ မိုးရာသီကို  tsuyu (梅雨) လို့ခေါ် ပါတယ်။ အများအားဖြင့် ဇွန်လ ကနေ ဇူလိုင်လ အလယ်လောက် အထိမိုးများပါတယ်။ မိုးရွာရင် အိုက်စပ်စပ် နဲ့ ပိုပူပါတယ်။ ဒါကြောင့် ဒီရာသီရောက်ရင် အပူရှပ်တာ ဖြစ်များလို့ ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် နွေရာသီ ရောက်ရင် ရေ များများသောက်ပြီး အပူမရှပ်အောင် သတိထားသင့်ပါတယ်။ 

နွေရာသီ ရဲ့ နောက်တစ်ခု ပျော်စရာက တော့ ပွဲလမ်းသဘင်တွေများပါတယ်။ နွေရာသီပွဲတော်၊ မီးပန်းပွဲတော်၊ ဂီတ ပွဲတော် စတဲ့ ပွဲတော် တွေကို နွေရာသီမှာ ကျင်းပလေ့ရှိပါတယ်။ 

ဆောင်းဦး ရာသီ ( စက်တင်ဘာလ မှ နိုဝင်ဘာလ အထိ )

 ဆောင်းဦးရာသီ က အပူချိန်အားဖြင့် နွေဦးရာသီ လောက်နီးနီးဖြစ်ပြီး နေထိုင်ရ အဆင်ပြေပါတယ်။ ဒါကြောင့် နွေဦးရာသီမှာ ဝတ်တဲ့အဝတ်အစာတွေနဲ့ နွေရာသီမှာ ဝတ်တဲ့အဝတ်အစားတွေကို ပြောင်းလဲ အစားထိုးဝတ်ဆင်နိုင်ပါတယ်။ သစ်ရွက်တေါလဲ အ‌ရောင်ပြောင်းတဲ့အချိန်မို့လို့ စိုပြေလှပပြီး တော်တော် လှပတဲ့ရာသီဖြစ်ပါတယ်။ ဆောင်းဦးရာသီ‌ရောက်ရင် လကြည့်ပွဲတော်  tsukimi (月見) ကလဲ တော်တော် နာမည်ကြီးပါတယ်။ နောက်ပြီး ဂျပန်လူမျိုးတွေက ဆောင်းဦး ရာသီရောက်ရင် စာဖတ်လေ့ရှိကြပါတယ်။

ဆောင်းရာသီ ( ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလအထိ )

 ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီ ကတော်တော် အေးပါတယ်။ဇန်နဝါ ရီနဲ့ ဖေဖော်ဝါရိလတွေမှာတော့ နေရာ အနှံ့ပြား တော်တော် အေးပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်းမှာတော့ နှစ်တိုင်း နှင်းကျပါတယ်။ တချို့အပင်တွေဆို အအေးဒဏ် မခံနိုင်လို့ ဆောင်းရာသီမှာ သေဆုံးသွားတတ်ပါတယ်။ 

ဆောင်းရာသီမှာလဲ ပွဲလမ်းသဘင်တွေအများကြီးရှိပါတယ်။ နှစ်သစ်ကူးလဲနီးနေတာကြောင့် မိမိနေရပ်ဒေသ ကိုပြန်ပြီး နှစ်သစ်ကူးကိုဖြတ်သန်းတဲ့သူတွေလဲ ရှိပါတယ်။ 

ဂျပန်နိုင်ငံရဲ့ ရာသီ၄မျိုးကို ခွဲခြားနိုင်မယ့် နည်းလမ်းများ

အပေါ်မှာ ဖော်ပြခဲ့တဲ့ ရာသီဥတုလေးမျိုး အပြင် တရုတ်နိုင်ငံရဲ့ ယဥ်ကျေးမှုကို အတုယူပြီး ရာသီဥတုတွေကို ပိုပြီးအသေးစိတ်ခွဲတဲ့ နည်းလဲရှိပါတယ်။ 

ရာသီ ၂၄ မျိုး အကြောင်း 

 တရုတ်နိုင်ငံက ဆင်းသက်လာတဲ့ နည်းလမ်းဖြစ်ပြီး တနှစ်တာကို ပိုပြီး အသေးစိတ် ရာသီဥတုတွေကို ခွဲခြားတဲ့ နည်းလမ်း တစ်မျိုးရှိပါတယ်။ အဲနည်းလမ်းကတော့ 「二十四節季 nijuushi sekki」လို့ခေါ် ပါတယ်။ ဒီနည်းလမ်းရဲ့ အဓိက ရည်ရွယ်ချက် ကတော့ ရာသီဥတုတွေရဲ့ အပြောင်းအလဲကို ပိုပြီး တိတိကျကျ သိနိုင်အောင်ဖြစ်ပါတယ်။ 

ဒါပေမယ့်တော်တော်များများကိုယနေ့ခေတ်မှာတော့အသုံးပြုလေ့မရှိတော့ပါဘူး။ယနေ့ခေတ်အထိအသုံးများတာကတော့ risshun (立春) ဆောင်းရာသီရဲ့ အစပျိုးချိန်၊ shunbun (春分) နေ့နဲ့ ညအချိန် တူညီတဲအချိန်၊ geshi (夏至)နေတာရှည်တဲ့ အချိန်အခါ ဒိ၃လုံးကတော့ တော်တော်လေးကို အသုံးများပါတယ်။ 

Zassetsu ဆိုတာဘာလဲ?

 အ‌ပေါ်မှာ ဖော်ပြခဲ့တဲ့ ရာသီဥတု တွေကတရုတ်ယဥ်ကျေးမှုကိုအခြေခံထားတာမို့ ဂျပန်နိုင်ငံနဲ့ရာသီ နဲ့ကိုက်အောင် တချို့ရာသီဥတုတွေကိုထပ်ဖြည့်လိုက်ရပါတယ်။ ဒီလို ထပ် ဖြည့်လိုက်တဲ့ရာသီတွေကို 

 Zassetsu (雑節)လို့ခေါ် ပါတယ်။ နာမည်အကြီးဆုံး Zassetsu (雑節)ပွဲတော် ကတော့  Setsubun (節分) ပွဲတော်ဖြစ်ပါတယ်။ 

အနှစ်ချုပ်

တခြားနိုင်ငံတွေမှာလဲ ရာသီဥတု သဘာဝတရားကို ခံစားလေ့ရှိကြပေမယ့် ဂျပန်နိုင်ငံကတော့ ပိုပြီး ထူးခြားတယ်လို့ပြောလို့ရပါတယ်။ ရာသီဥတုအပေါ် လိုက်ပြီး ပြောင်းလဲ မှုတွေ လှပမှုတွေနဲ့ ပြည့်နက်နေတဲ့
ဂျပန်ပြည်ကြီး ကို ရာသီအလိုက် ခံစာနိုင်ဖို့ ဒီဆောင်းပါးက အထောက်အကူပြုလိမ့်မယ် လို့ မျှော်လင့်ပါတယ်။ 


 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဂျပန်နိုင်ငံ ရဲ့ ရာသီ၄ မျိုးကို ဘယ်လို ပျော်ရွှင်ခံစားမလဲ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ