ဂျပန်နိုင်ငံရဲ့နွေဦးရာသီ

ဂျပန်ကို မကြာခင်လာမယ့်သူတွေထဲမှာ ဂျပန်နိုင်ငံရဲ့ နွေဦးရာသီဥတုက ဘယ်လိုနေမလဲ ဆာကူရာနာမည်ကြီးတဲ့နေရာတွေက ဘယ်နေရာတွေလဲ အစသဖြင့် သိချင်ကြတဲ့သူတွေ များလိမ့်မယ်ထင်ပါတယ်။ ဂျပန်ိုင်ငံရဲ့ နွေဦးရာသီဟာဆိုရင်ဖြင့် ဆာကူရာပန်းကိုအစပြုပြီး မုန်ညှင်းပန်းတွေ လှပတဲ့ပန်းအမျိုးမျိုးပွင့်တဲ့ ရာသီပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ နွေဦးရာသိရဲ့ ရာသီဥတုအခြေအနေနဲ့ လိုက်ဖက်မယ့် အဝတ်အစားအကြောင်း၊ ဆာကူရာ နာမည်ကြီူတဲ့ဒေသတွေအကြောင်းကို ရှင်းပြသွားပါ့မယ်။ ပြီးတော့ စတော်ဘယ်ရီသီး၊ မျှစ် စတဲ့ ရာသီစာတွေ ကို လဲ ပြောပြသွားပါမယ်။

  1. နွေဦးရာသီရဲ့ ရာသီဥတု အခြေအနေအကြောင်း
  2. နွေဦးရာသီ ရဲ့ ရာသီစာများ
  3. ဂျပန်နိုင်ငံကို ကိုယ်စားပြုတဲ့ ဆာကူရာပန်းနှင့် ဆာကူရာနာမည်ကြီးတဲ့ဒေသများ
  4. ဂျပန်နိုင်ငံရဲ့ နွေဦးရာသီ ပွဲတော်အကြောင်း
  5. အကျဥ်းချုပ်

နွေဦးရာသီရဲ့ ရာသီဥတု အခြေအနေအကြောင်း

ဂျပန်နိုင်ငံရဲ့နွေဦးရာသီက တော်တော် နေရထိုင်ရ အဆင်ပြေတဲ့ ရာသီဥတုလို့ပြောကြပါတယ်။ သို့သော် မနက်ပိုင်းနဲ့ ညဘက်တွေမှာတော့ နည်းနည်းအေးပြီး ဒေသအပေါ်လိုက်ပြီး နေ့ခင်းဘက်အပူချိန်မြင့်တက်လာတဲ့ နေ့တွေလဲရှိပါတယ်။ဒါကြောင့် အဝတ်စားကို အထူးဂရုစိုက်ဖို့လိုပါတယ်။ 

နွေဦးရာသီ ရဲ့ ရာသီဥတု

နွေဦးရာသီကတော့ ဖြတ်သန်းရလွယ်ပြီး သာယာတဲ့နေ့တွေများပါတယ်။ ဒါပေမယ့် မတ်လ အစပိုင်းမှာတော့ အေးတဲ့နေ့တွေ များတာမို့ လက်ရှည်အင်္ကျီနဲ့ အပေါ်ဝတ်အင်္ကျီကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဧပြီလ ရောက်တာနဲ့ နွေထွေးတဲ့ နေ့တွေ များလာပါတယ် ပြီး ပေါ့ပေါ့ပါးပါးအင်္ကျီနဲ့တောင် တနေတာကိုဖြတ်သန်းနိုင်ပါတယ်။ မေလ ရောက်ရင်တော့ အပူချိန်ပိုပြီး မြင့်တက်လာမှာဖြစ်ပြီး တိုကျိုမှာတောင် အမြင့်ဆုံးအပူချိန် ၂၅ ဒီဂရီ ကိုကျော်ပါတယ်။သို့သော် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ သတိထားသင့်တဲ့အချက်က ဒီအပူအချိန်ဟာ ဂျပန်နိုင်ငံရဲ့တနှစ်တာ ရာသီဥတု အနေနဲ့ မြင့်တဲ့ဘက် ဆိုတာကိုဆိုလိုတာပါ။ သို့သော် နွေဦးရာသီက မြန်မာနိုင်ငံအနေနဲ့ဆို ဆောင်းရာသီထက်တောင် ပိုပြီးအေးတာကြောင့် နွေဦးရာသီမှာ ဂျပန်လာမယ့်သူတွေဆို အနွေးထည်တွေ ယူလာသင့်ပါတယ်။

ပန်းဝတ်မှုန် ဓာတ်မတည့်တဲ့ရောဂါအကြောင်း သတိပြု

 ဂျပန်နိုင်ငံမှာတော့ နွေရာသီရောက်လာရင် ထင်ရှုပင်တွေဆီကနေ ဝတ်မှုန်တွ လေထဲ စတင် ပျံ့နှံ့လာတတ်ပါတယ်။ဒီလိုဝတ်မှုန်တွေနဲ့ ဓာတ်မတည့်ရင် နှာချေတာတွေ၊ နှာရည်ယိုတာတွေဖြစ်တတ်ပါတယ်။ ဒိလိုမျိုး ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်တဲ့သူတွေ နွေဦးရာသီမှာ ဂျပန်ရောက်လာရင် နေဓူတကွ အသုံးပြုနေတဲ့ ဆေးတွေ ဆောင်လာသင့်ပါတယ်။ နောက်ပြီး အပြင်ထွက်ရင် မျက်မှန်တွေ နှာခေါင်းပိတ်တွေ တပ်ဆင်သင့်ပါတယ်။ ပန်းဝတ်မှုန် ဓာတ်မတည့်တဲ့ရောဂါနဲ့ ပတ်သက်ပြီး ပိုပြီသိရှိလိုပါက ဒီ‌ဆောင်းပါးမှာဖတ်ကြည့်နိုင်ပါတယ်။ 

နွေဦးရာသီ ရဲ့ ရာသီစာများ

ဂျပန်နိုင်ငံမှာတော့ နွေဦးရာသီဆိုရင် မျှစ်၊ မုန်ညှင်းပန်း စတဲ့ ဟင်းသီးဟင်းရွက်တွေ ခရု၊ ပုဇွန်စတဲ့ ပင်လယ်စာတွေ အရသာရှိပါတယ်။ ဒီလို ကုန်ကြမ်းတွေကို အသုံးပြုပြီး အကြော်တွေ ဆူရှီတွေကိုလဲ တီထွင် ရောင်းချတာမို့ ရာသီစာတွေကို အလွယ်တကူစားသောက်လို့ရနိုင်ပါတယ်။ သစ်သီးတွေဆိုရင် စတော်ဘယ်ရီသီးနဲ့ ချယ်ရီသီးတွေဖြစ်ပါတယ်၊။ စတော်ဘယ်ရီကြိုက်တတ်တဲ့သူတွေဆိုရင်ခြံထဲအထိသွားပြီး ကိုယ်တိုင်ခူးစားနိုင်မယ့် စတော်ဘယ်ရီ အဝစား နိုင်မယ့် 「いちご狩り - ichigogari」ကို သွားဖို့အကြံပြုပါတယ်။

ဂျပန်နိုင်ငံကို ကိုယ်စားပြုတဲ့ ဆာကူရာပန်းနှင့် ဆာကူရာနာမည်ကြီးတဲ့ဒေသများ

 နွေဦးရာသီ ရောက်ရင် ဆာကူရာ ပန်းတွေ ပွင့်ပါတယ်။ နွေဦးရာသီကို ကိုယ်စားပြုတဲ့ ပန်းတွေကတော့ ဖူဂျီပန်း၊ မုန်ညှင်းပန်း စတဲ့ပန်းတွေဖြစ်ပါတယ်။ နောက်ပြီး နွေဦးရာသီကို ကြိုဆိုတဲ့ ပန်းအဖြစ်လူသိများတဲ့ မက်မန်းပန်းတွေကလဲ နာမည်ကြီးပါတယ်။ 

မက်မန်းပန်း

မက်မန်းပန်း လို့အများခေါကြတဲ့ 梅 - ume ကတော့ ဆောင်းရာသီကုန်ခါနီး နွေးဦးပေါက်ကာစမှာ ပွင့်တဲ့ ပန်းတွေထဲမှာ အ‌စောဆုံးပွင့်တဲ့ ပန်းဖြစ်ပါတယ်။ တရုတ်နိုင်ငံက စတင်ဝင်ရောက်လာပြီး ဂျပန်နိုင်ငံမှာလဲ တောအလိုက် အများကြီး မက်မန်းပန်းတွေကို စိုက်ပျိုးလေ့ရှိကြပါတယ်။ 

တိုကျို အနီးနားတဝိုက်မည်ကြီးပြီး ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာ အကြီးဆုံးမက်မန်းတောလို့ပြောလေ့ရှိကြတဲ့ တောတွေကတော့ 

  1.  [Ibaraki] Kairakuen
  2.  [Saitama] Ogose မက်မန်းတော 
  3.  [Kanagawa] Soga မက်မန်းတော တို့ဖြစ်ပါတယ်။ 

ဆာကူရာ ပန်း

ဂျပန်နိုင်ငံရဲ့ ပန်းလို့ပြောရင် ဆာကူရာပန်းလို့ လူတိုင်းပြေးမြင်ကြလိမ့်မယ်ထင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နွေဦးရာသီ ‌ရောက်လာရင် ဆာကူရာပန်းပင်တွေရဲ့အောက်မှာ ပန်းကြည့်ပွဲ ကိုပြုလုပ်လေ့ရှိပါတယ်။ အပင်အောက်မှာ အစားအသောက်တွေ၊ အရက်တွေ သောက်ပြီး ပျော်ပါးလေ့ရှိကြပါတယ်။ တိုကျို၊ ကျိုတို၊ အအိုမိုရိ စတဲ့ဒေသတွေရဲ့ ဆာကူရာပန်းတွေလှပတဲ့နေရာကို ဖော်ပြပေးသွားပါ့မယ်။

  • Sumidaပန်းခြံ (တိုကျို)  ဆာကူရာ အလှဆုံးဒေသ ၁၀၀ စာရင်းထဲမှာလဲပါဝင်ပြီး တိုကျို SKY TREEနဲ့ဆာကူရာကို တကြိမ်တည်း ကြည့်ရှုနိုင်ပါတယ်။ 

  • Daigoji (ကျိုတို) ရှေးခေတ်ကတည်းက ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ဆာကူရာပန်းပွင့်တဲ့ဒေသအဖြစ် ထင်ရှားပြီး ဆာကူရာအမျိုးအစာ အမျိုးမျိုး ကိုတွေမြင်နိုင်တဲ့နေရာလဲဖြစ်ပါတယ်။

  • Hirosaki ပန်းခြံ (အာအိုမိုရိ) ဂျပန်တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့နာမည်ကြိးပြီး ကျုံး နဲ့အတူ ဆာကူရာပန်းတွေကြည့်နိုင်မယ့် နေရာလေးဖြစ်ပါတယ်။ 

ဒီနေရာတွေအပြင် ဒေသအလိုက် နာမည်ကြီးတဲ့ နေရာတွေလဲရှိသေးလို့ ဂျပန်ရောက်လာရင် ကျိန်းသေပေါက် ပန်းကြည့်ပွဲကို ဆင်နွဲ့ ကြည့်စေချင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပန်းကြည့်တဲ့ ဓလေ့ ဆင်းသက်လာပုံအကြောင်းကို ဒီဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။ 

အဝါရောင် ပန်းခင်းကြီးတွေနဲ့လှပနေတဲ့ ဂျပန်နိုင်ငံရဲ့နွေဦး

အဝါရောင် ပန်းပွင့်သေးသေးလေးဖြစ်တဲ့ မုန်ညှင်းပန်းလေးတွေဟာ နွေဦးရာသီမှာ ပွင့်လန်းပါတယ်။ အဝါရောင်ပန်းခင်းကြီးတွေဟာ ကတီပါတွေလိုလှပနေပါတယ်။ မုန်ညှင်းပန်းလှပတဲ့နေရာတွေကတော့

  • Mother Farm (ချိဘ ခရိုင်) ဒီယာခင်းမှာတော့ ပန်းပွင့်တဲ့နေရာ ၂ နေရာရှိပြီး တောင်စောင်းတွေမှာ အဝါရောင်းပန်းတေါ တပြင်လုံးပွင့်တဲ့လှပတဲ့မြင်ကွင်းကိုတွေ့မြင်နိုင်ပါတယ်။

  • Fukushima gata (Nigata ခရိုင်) ထိန်းသိမ်သင့်တဲ့ ၂၁ရာစုရဲ့ ဂျပန်နိုင်ငံရဲ့သဘာဝ နေရာများစာရင်းဝင်ပြီး တော်တော် ကျယ်တဲ့ မြေကွက်ကြီးမှာ မုန်ညှင်းပန်းတွေတောက်လျှောက်ပွင့်ပါတယ်။

  • Naganouminote ပန်းခြံ (Kanagawa ခရိုင်) ခြားကြီးပေါ်ကနေ ပန်းခြံကြီးကိုတွေ့မြင်နိုင်မှာဖြစ်ပြီး အဝါရောင်ပန်းခင်းကြီးက ရင်သက်ရှုမောဖွယ်လှပလွန်းလှပါတယ်။ 

နေသာတဲ့နေမှာ သွားကြည့်ရင် ကောင်းကင်ပြာပြာနဲ့ အဝါရောင်ပန်းခင်းကြီးကို တွဲဖက်ညီညီ တွေမြင်နိုင်ပါတယ်။

ခရမ်းရောင် ဖူဂျီပန်း

အတွဲလိုက်ပွင့်တဲ့ ဖူဂျီပန်းတွေ က ဧပြီလ နဲ့ မေလ တွေမှာပွင့်ပြီး ပန်းတွေကို စင်တွေနဲ့ စိူက်ပျိုးလေ့ရှိပြီး ဖူဂျိပန်းအူမင်လှိုဏ်ခေါင်း လိုမျိုးဖြစ်နေပါတယ်။ ဒီနေရာမှာတော့ ဖူဂျိပန်း လှပတဲ့နေရာတွေကို ဖော်ပြလိုက်ပါတယ်။ 

  • Ashikaga Flower Park (တိုချိဂိ ခရိုင်)၂၀၁၄ ခုနှစ်မှာ အိပ်မက်လိုလှပတဲ့ ခရီးသွားသင့်တဲ့ ၁၀ နေရာမှာ ‌ရွေးချယ်ခံထားရပြီး ပန်း အမျိူးအစား စုံစုံလင်လင် တွေ့မြင်နိုင်မယ့်နေရာလဲဖြစ်ပါတယ်။ 

  • Kasugataisha (နာရ ခရိုင်) ဒီဘုရားကျောင်းမှာရှိတဲ့ ပန်းခြံအတွင်းမှာဆိုရင် ဖူဂျီပန်းပင် ၂၀၀ လောက်စိုက်ပျိုးထားပြီး ပန်းရောင် ရနံ့မွှေး တဲ့ ဖူဂျိပန်းအမျိုးအစားကိုလဲ ပန်းခြံမှာတွေ့မြင်နိုင်ပါတယ်။

  • Kawachifuji ပန်းခြံ (ဖုကုအိုက ခရိုင်) ပန်းခြံအကျယ်ကြီးထဲမှာ ခရမ်းရောင် ပန်းခင်းကြီးကို လှလှပပတွေ့မြင်နိုင်မယ့် နေရာဖြစ်ပါတယ်။ 

 ဂျပန်နိုင်ငံရဲ့ နွေဦးရာသီ ပွဲတော်အကြောင်း

ဂျပန်နိုင်ငံမှာတော့ နွေဦးရာသီမှာဆို မိန်းကလေးပွဲတော် (Hina Matsuri )နဲ့ ယောကျာ်းလေးပွဲတော် ရှိပါတယ်။ ပြီးတော့နွေဦးရာသီက ပညာသင်နှစ် အသစ်စတာမို့ ကျောင်းတွေမှာဆိုရင် ကျောင်းဆင်းပွဲ၊ ကြိုဆိုပွဲ စတဲ့ ပွဲတေါ ကျင်းပလေ့ရှိပါတယ်။ 

မိန်းကလေးပွဲတော် (မတ်လ ၃ ရက်နေ့)

မတ်လ ၃ရက်နေ့မှာ ကျင်းပပြီး မိန်းကလေး တွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းဖို့ ရည်ရွယ်ပြီး ကျင်းပပါတယ်။ ( ひな祭り - Hina Matsuri )လို့ခေါ်ပြီး ဂျပန်နိုင်ငံမှာတော့ ‌ ‌ရှေးခေတ်ကတည်းက ကျင်းပလာတဲ့ ပွဲတော် ပဲဖြစ်ပါတယ်။ အိမ်အတွင်းမှာ ဟိနအရုပ်တွေကို အလှဆင်ပြီးတော့ မိန်းကလေးတွေအတွက်ဆုတောင်းလေ့ရှိပါတယ်။ Chirashizushi၊ အရက်ဖြူ၊ အရက်ချို၊Hishi-Mochi အစရှိတဲ့ ဂျပန်ရိုးရာ အစားစာတွေကို စားလေ့ရှိကြပါတယ်။

ကလေးများနေ့ (မေလ ၅ ရက်နေ့)

ကလေးများနေ့ကတော့ ကလေးတွေကို သန်သန်မာမာကျန်းကျန်းမာမာနဲ့ကြီးပြင်းလာစေဖိူ့ရည်ရွယ်ပြီး ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ ကလေးများနေ့ကလဲ ဂျပန်နိုင်ငံမှာ ကျော်ကြားတဲ့ ပွဲတော်တစ်မျိုးဖြစ်ပါတယ်။ ကလေးများနေ့မှာဆိုရင် ငါးကြင်း တံခွန်ကိုအလှဆင်ခြင်း စစ်သူကြီးအရုပ် ကို အလှဆင်လေ့ရှိကြပါတယ်။ က

နွေဦးရာသီမှာ ကျင်းပတဲ့ ကျောင်းဆင်းပွဲ၊ ကြိုဆိုပွဲများ

ဂျပန်နိုင်ငံမှာဆိုရင် နွေဦးရာသီ က ကျောင်းစဖွင့်တဲ့ရာသီဖြစ်ပြီး မတ်လမှာ ကျောင်းဆင်းပွဲ၊ ဧပြီလမှာ ကျောင်းစတက်တဲ့ လ ဖြစ်ပါတယ်။ ကျောင်းဆင်းပွဲ ကိုတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အသီးသီးကို အောင်မြင်စွာပြီးဆုံးတဲ့အချိန်မှာ ကျင်းပပြီး ကျောင်းဝင်ပွဲက တော့ ကျောင်းဝင်ခွင့် အောင်မြင်တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ စည်စည် ကားကား ကျင်းပပါတယ်။ ကျောင်းဆင်းပွဲရော၊ ကျောင်းဝင်ခွင့် ဂုဏ်ပြုတဲ့ ပွဲတွေမှာရော Formal ဆန်ဆန် ဝတ်စုံတွေကို ဝတ်ပြီး တက်‌ရောက်လေ့ရှိကြပါတယ်။ မိသားစုတွေပါ တက်ရောက်လေ့ရှိပါတယ်။ 

White Day 

ဂျပန်နိုင်ငံရဲ့  Valentine’s Day ဖြစ်တဲ့ ဖေဖော်ဝါရီ လ ၁၄ ရက်မှာတော့ မိန်းကလေးကနေ ယောကျာ်းလေးတွေကို ချောကလက်လက်ဆောင်ပေးလေ့ရှိပြီး အဲဒီအစား တစ်လ ကြာတဲ့ မတ်လ ၁၄ ရက်‌နေ့မှာ White Day (ホワイトデー, Howaito De-) ကိုပြန်ပြီးတော့ ကျင်းပလေ့ရှိပါတယ်။ White Day ကတော့ ဂျပန်နိုင်ငံမှာပဲရှိတဲ့ ထူးခြားတဲ့ ယဥ်ကျေးမှုဖြစ်ပါတယ်။ 

အကျဥ်းချုပ်

 အကျဥ်းချုပ်အနေနဲ့ပြောရရင် ဂျပန် နိုင်ငံရဲ့ နွေဦးရာသီက ဂျပန်နိုင်ငံရဲ့ တနှစ်တာ ရာသီဥတုတွေနဲ့ယှဥ်ရင် နည်းနည်းနွေးပေမယ့် စစရောက်လာတဲ့သူတွေအတွက်တော့ နည်းနည်း အေးလို့ ဒီအချက်ကို ဂရုပြုစေချင်ပါတယ်။ ပြီးတော့ နွေဦးရာသီ မှာ ဆိုရင် ပွဲလမ်းသဘင်တွေ၊ လှပတဲ့ရှုခင်းတွေ တော်တော် များလို့ ဒီဆောင်းပါးမှာ မိတ်ဆက်တဲ့ နေရာတွေအပြင် တခြားမိမိဘာသာ စုံစမ်းပြီးဖြစ်စေ အလည်သွားစေချင်ပါတယ်။ ဂျပန်နိုင်ငံအနှံ့ လှပတဲ့နေရာတွေ များတာကြောင့် နိုင်ငံအနှံ့ ခရီးသွားပြီး ဂျပန်နိုင်ငံရဲ့ အလှအပ ကိုခံစားကြည့်ကြပါ။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ