ဂျပန်နိုင်ငံမှာ  စာတိုက်ကနေ ပစ္စည်းဘယ်လိုပို့မလဲ။

ဂျပန်မှာ နေထိုင်ရင်တော့ ဘယ်သူမဆို ပစ္စည်းပို့တာတို့၊ ကိစ္စတစ်ခုခုနဲ့ စာတိုက်သွာတာတို့ ရှိလာပါလိမ့်မယ်။ ဒါပေမယ့် ပို့ပုံ ပို့နည်း ကို သေချာ မသိရင်တော့ နည်းနည်း ဒုက္ခ ရောက်နိုင်ပါတယ်။ ဂျပန်ပြည်တွင်းပို့မယ်ဆိုရင်တော့ စာတိုက်၊ Convenience store တွေကနေတဆင့် ပို့တာ ပိုပြီးအဆင်ပြေလွယ်ကူပါတယ်။ ပြည်ပကိုပို့ချင်ချင်ရင်လဲ စာတိုက်ကနေတဆင့် ပို့တာ လွယ်ကူသက်သာပါတယ်။ 

ဒီဆောင်းပါးမှာတော့ ဂျပန်မှာစာတိုက်ကနေ ပစ္စည်း ပို့နည်းကို ပြောပြသွားပါ့မယ်။ ပစ္စည်းပို့တော့မယ်ဆို လွယ်ကူချောမွေ့အောင် ဒီဆောင်းပါး ကိုဖတ်ပြီးမှ ပို့ကြည့်ပါ။

မာတိကာ

စာတိုက်ကနေ ပစ္စည်းပို့ပုံ အဆင့်ဆင့်

Convenience storeကနေ ပစ္စည်းဘယ်လိုပို့မလဲ

ကိုယ့်ဆီ ပို့လာတဲ့ ပစ္စည်း ကိုဘယ်လိုလက်ခံမလဲ

ဂျပန်ကနေ ပြည်ပကို ပစ္စည်းဘယ်လိုပို့မလဲ

အကျဥ်းချုပ်

စာတိုက်ကနေ ပစ္စည်းပို့ပုံ အဆင့်ဆင့်

စာတိုက်မှာတော့ ဂျပန်ပြည်တွင်းပြည်ပ ပစ္စည်းတွေပို့လို့ရပါတယ်။ ကိုယ်ပို့ချင်တဲ့ ပစ္စည်းရဲ့ အရွယ် အစားအလေးချိန်အပေါ်မူတည်ပြီးတော့ အသုံးပြုရမယ့် ဝန်ဆောင်မှု ၊ ကျသင့်ငွေ ကွာခြားတာကြောင့် မိမိနဲ့ကိုက်ညီတဲ့ ဝန်ဆောင်မှု ကိုရွေးချယ်ကြရအောင်။ 

စာနဲ့ ပို့စကတ် တွေကိုဘယ်လိုပို့မလဲ

ပို့စကတ်နဲ့ တံဆိပ်ခေါင်းကိုဝယ်မယ်

ပုံမှန်ဆိုရင် ပို့စကတ် တစောင်ကို စာတိုက်နဲ့ Convenience store တွေမှာ ၆၃ယန်း နဲ့ ဝယ်ယူနိုင်ပါတယ်။ သတ်မှတ်ထားအရွဘ်အစားနဲ့ကိုက်ညီရင် စာတိုက်က ပို့စကတ်၊ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ပို့စကတ်တွေကိုသုံးပြီး ပို့နိုင်ပေမယ့် တံဆိတ်ခေါင်းကပ်ဖို့တော့ မမေ့ပါနဲ့။ အကယ်၍ သတ်မှတ်ထားတဲ့အရွယ်အစားထက်ကကျော်လွန်ပါက စျေးနှုန်းလဲ ပြောင်းလဲသွားမှာမို့ ဒီအချက်ကိုလဲသတိပြုသင့်ပါတယ်။စာတွေလဲ အရွဘ်အစား၊ အလေးချိန်အပေါ်မူတည်ပြီး စျေးနှုန်းမတူတာမို့ ဂရုစိုက်ပါ။ အသေးစိတ်ကိုတော့ ဒီနေရာမှာ ကြည့်ကြည့်ပါ။ တံဆိပ်ခေါင်းကိုလဲ စာတိုက်မှာ ဖြစ်ဖြစ် Convenience store မှာဖြစ်ဖြစ် ဝယ်ယူနိုင်ပါတယ်။ တံဆိပ်ခေါင်းကပ်တဲ့နေရာကလဲ သတ်မှတ်ထားတာ မို့ ဒီနေရာမှာ ဝင်ကြည့်ကြည့်ပါ။ အလျားလိုက်ဆို ညာဘက်ထပ်မှာ၊ ဒေါင်လိုက်ဆို ဘယ်ဘက်ထိပ်မှာ ကပ်ကြရအောင်။

စာတိုက်ပုံးထဲ ကနေထည့်ပြီးပို့မယ်

တံဆိပ်ခေါင်းကပ်ပြီး ပို့ဖို့သေချာပြီဆိုရင် စာတိုက်ပုံးထဲထည့်ပြီးပို့လို့ရပါတယ်။ အဲ့အချိန်ကျရင် စာအိတ်ဆိုရင် ကော် နဲ့စေးပြီး သေချာပိတ်ဖို့လိုအပ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင်  Convenience store တွေမှာလဲ စာတိုက်ပုံးတွေထားတာမို့ ပိုပြီးအဆင်ပြေလာပါတယ်။ မိမိအနီးနားမှာရှိတဲ့ စာတိုက်ပုံးနေရာကိုသိချင်ရင်တော့ ဒီလင့်ကနေတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

စာတိုက်ကနေတဆင့်ပို့မယ်

တကယ်လို့ တံဆိပ်ခေါင်းဖိုး မလုံလောက်ပါက 

၁ စာမရောက်သွားဘဲ မိမိ ဆီပြန်ရောက်လာမယ်။

၂ ပို့မယ့်သူဆီရောက်သွားပေမယ် လိုနေတဲ့ ပိုက်ဆံကို လက်ခံ သူက ပေးချေရမယ် အစသဖြင့် လက်ခံမယ့် သူကိုလဲ အနှောက်အယှက်ဖြစ်သွားနိုင်ပါတယ်။ မိမိကပ်လိုက်တဲ့ တံဆိပ်ခေါင်း မှန်မမှန် စိတ်ပူတဲ့သူတွေကတော့ စာတိုက်ကို တိုက်ရိုက်သွားပြီးပို့တာ အကောင်းဆုံးပါ။ စာတိုက်မှာဆိုရင် ပစ္စည်းကိုသေချာတိုင်းပြီးမှ ပိုက်ဆံလက်ခံတာမို့ စိတ်ချရပါတယ်။ နောက်ပြီး စာတိုက်မှာဆိုရင် မြန်မြန်ပို့လို့ရမယ့် ဝန်ဆောင်မှု၊ အရေးကြီးတဲ့ ပစ္စည်းတွေအတွက်ဆို ဘောင်ချာဖြတ်ပိုင်း၊ အထူးဝန်ဆောင်မှုတွေအတွက်ဆို ပိုက်ဆံ ပိုပေးတာတို့ လုပ်လို့ရပါတယ်။ စာတိုက်ပုံးကနေလဲ ပို့လို့ရပေမယ့် စည်းမျဥ်းစည်းကမ်းတွေ သိပ်ပြီး နားမလည်ရင်တော့ စာတိုက်အထိသွားပို့တာ အကောင်းဆုံးပါ။

Letter Pack ပို့ပုံပို့နည်း

Letter Pack ကတော့ စာတိုက်ကပေးတဲ့ဝန်ဆောင်မှုဖြစ်ပြီး A4 ဆိုဒ် 4 ကီလိုအထိကို (စာရွက်စာတမ်း၊ စီဒီ၊ အဝတ်အစား) တွေကိုနိုင်ငံအနှံ့ ပို့ဆောင်နိုင်မယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။ အဲဒါဆို Letter Pack ဘယ်လို ပို့ဆောင်ရမလဲ ဆိုတာကိုပြောပြသွားပါမယ်။ 

Letter Pack ဝယ်မယ်

Letter Pack ကတော့ စာတိုက်၊ Convenience store တွေကနေတဆင့် လွယ်ကူစွာ ဝယ်ယူနိုင်ပါတယ်။ အိပ်အ‌ရောက်ပို့ဝန်ဆောင်မှုဆိုရင်တော့ ၅၂၀ ယန်းကျသင့်မှာဖြစ်ပြီး နီးစပ်ရာ စာတိုက်ကိုသွားယူရမှာဖြစ်ပါတယ်။ 

ပို့ချင်တဲ့ပစ္စည်းကို Letter Pack ထဲထည့်မယ်

ပို့ချင်တဲ့ပစ္စည်းကို Letter Pack ထဲထည့်ပြီးရင် ပို့ဆောင်မယ့် လိပ်စာ၊ ကိုသေချာရေးပြီး ပိတ်ပါ။ Letter Packနဲ့ဆို တံဆိပ်ခေါင်းကပ်စရာမလိုပါဘူး။ ပြီးတော့ မပို့ခင် (အသုံးပြုနည်းလမ်းညွန် စာရွက်ကို ) ခွာဖို့မမေ့ပါနဲ့။ ဒိစာရွက်မှာရေးထားတဲ့ နံပါတ်နဲ့ မိမိပို့ဆောင်တဲ့ ပစ္စည်းကို ခြေရာခံနိုင်တာမို့ ပစ္စည်း မရောက်ခင်အချိန်အထိ သေချာ ထိန်းသိမ်းထားပါ။ 

စာတိုက်ပုံးကနေထည့်မလား? စာတိုက်အထိသွားပို့မလား?

စာတိုက်ပုံးမှာ အပေါက် ၂ ပေါက်ရှိပါတယ်။ စာတိုက်ပုံကနေ ထည့်ပြီး ပို့ချင်ရင်တော့ ပိုပြီး ကျယ်တဲ့ ညဘက်ကအပေါက်ကနေ တဆင့် ထည့်ပေးရပါမယ် ။ သို့သော် သေးလို့ ထည့်လို့မရတဲ့ တချို့စာတိုက်ပုံးတွေ ရှိပါတယ်။ 

 နောက်ပြီး စာတိုက်ဖွင့်တဲ့အချိန် ဆိုရင် စာတိုက်ကနေတဆင့်လဲ ပို့လို့ရပါတယ်။ 

Yu Pack ပို့ပုံပို့နည်း

Yu Pack ကတော့ အရွဘ်အစားအားဖြင့် ၁၇၀ စင်တီမီတာ အတွင်း၊ အလေးချိန် ၂၅ ကီလို အတွင်း ပို့လို့ရတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ ဝန်တောင်ခကတော့ အရွယ်အစားနဲ့ ပို့ဆောင်မယ့် နေရာအပေါ် မူတည်ပါတယ်။ 

ပို့ဆောင်မယ့် စာရွက်ကိုဝယ်ယူမယ်

Yu Pack ကတော့ ဘောင်ချာစာရွက်ကို စာတိုက် ၊ Convenience store တွေအပြင် အွန်လိုင်းကနေတဆင့်လဲဝယ်ယူလို့ရပါတယ်။ အသေးစိတ်ကို ဒီနေရာကနေဝင်ကြည့်ပါ။ နောက်ပြီး အွန်လိုင်းကနေတဆင့် ဝယ်ယူရင် စာတွေကို လက်နဲ့ ရေးစာမလိုတဲ့အပြင်၊ ဖုန်းကနေတဆင့်လဲ ပိုက်ဆံချေလို့ရပါတယ်။ နောက်ပြီး စျေးကလဲ ၁၈၀ ယန်း သက်သာပါသေးတယ်။ 

ပစ္စည်း ပို့မယ်။ 

ပစ္စည်းထုပ်ပြီးရင် ဘောင်ချာစာရွက်ကို ကပ်ပြီး ပို့လို့ရပါပြီ။ ထုပ်မယ့် ပါကင် ပုံးတို့မရှိရင်လဲ စာတိုက်မှာဝယ်ယူလို့ရပါတယ်။ စာတိုက်ကနေ တိုက်ရိုက်အိမ်မှာပစ္စည်းလာယူခိုင်းလို့လဲရပေမယ့် စာတိုက်ကနေသွားပို့ရင် ၁၂၀ ယန်း ကုန်ကျသက်သာတာမို့ သွားပို့ရင် အဆင်ပြေဆုံးပါ။

Convenience storeကနေ ပစ္စည်းဘယ်လိုပို့မလဲ

 Convenience store တွေကနေတဆင့်လဲ ပစ္စည်း ပို့လို့ရပါတယ်။ Convenience storeေတွက ၂၄ နာရီ ဖွင့်တာမို့တော်တော်လေး အဆင်ပြေပါတယ်။ ကဲ အဲဒါဆို Convenience store ကနေ ဘယ်လိုပို့မလဲ ကြည့်လိုက်ကြရအောင်။

ပစ္စည်းပို့ဆောင်တဲ့လုပ်ငန်း၊ စာတိုက်တွေနဲ့ ချိတ်ဆက်ထားတဲ့ Convenience store ကိုရှာပါ။ 

 ပစ္စည်းပို့ဆောင်တဲ့လုပ်ငန်း တွေအကုန်လုံး Convenience store တွေနဲ့ ချိတ်ဆက်ထားတာမဟုတ်လို့ အရင် ချိတ်ဆက်ထားခြင်းရှိမရှိ အရင် လိုက်ကြည့်ကြည့်ပါ။ နောက်ပြီး ကြီးကြီးမားမားပစ္စည်းတွေနဲ့ အအေးခန်းနဲ့ ပို့ဖို့လိအပ်‌တဲ့ပစ္စည်းတွေကို တော့ Convenience store ကနေတဆင့် ပို့လို့မရပါဘူး။ ပစ္စည်း ပို့လို့ရတဲ့ Convenience store မှာဆိုရင်တော့ ဆိုင်းဘုတ်ေတွကပ်ထားတာမို့ နားလည်ရလွယ်ပါတယ်။နောက်ပြီး ဝက်ဘ်ဆိုဒ် ေတွကေနတဆင့်လဲ ကြည့်နိုင်ပါတယ်။ 

ပါကင်ထုတ်မယ်

 Convenience store ရောက်မှ ပါကင်ထုတ်လို့မရလို့ အိမ်မှာကတည်းက ကြိုပြီး ပစ္စည်းကိုသေချာ ထုပ်ထားကြရအောင်။ ကွဲတတ်တဲ့ ပစ္စည်းတွေ အက်ကွဲရာထင်တတ်တဲ့ပစ္စည်းတွေကိုတော့ ဖော့နဲ့ ခံပြီး ထုတ်ပါ။ ဒီလို ဖော့ တွေ ကွဲတတ်တဲ့ ပစ္စည်း ကို ထုတ်လို့ရမယ်ါ ပစ္စည်းတွေကို ယန်း ၁၀၀ ဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။

 Convenience store ‌ရောက်ရင် ဘောင်ချာစာရွက် ကိုဝယ်မယ်

ကြိုဝင်ထုပ်ပိုးထားတဲ့ ပစ္စည်းကို ယူသွားပြီ Convenience store ရောက်ရင် ဆိုင်ဝန်ထမ်းကို ပစ္စည်းပို့ချင်တဲ့အ‌ကြောင်းပြောပါ။ ဘောင်ချာကလဲ နှစ်မျိုးရှိပါတယ်။ ပို့တဲ့သူဘက်က ပိုက်ဆံချေမယ်ဆိုရင် 「元払い」လက်ခံ တဲ့သူဘက်က ပိုက်ဆံချေမယ်ဆိုရင် 「着払い」ဆိုတယ်။ ဒီနှစ်ခုမမှားအောင် သေချာ ဂရိုစိူက်ပါ။နောက်ပြီ ဘောင်ချာမှာလဲ လက်ခံမယ့် သူရဲ့ နေရပ်လိပ်စာတွေကို သေချာ မှန်အောင်ရေးဖို့လဲ လိုအပ်ပါတယ်။ ခန်းဂျိကို သေချာမှန်ကန်အောင် သတိထားပြီးရေးပါ။

ကျသင့်ငွေကိုပေးပါ

「元払い」ဆိုရင်တော့ ကိုယ့်ဘက်ကနေ ပိုက်ဆံပေးရပါတယ်။ ဆိူင်ကဝန်ထမ်းက ပစ္စည်းကို တိုင်းပြီး ကျသင့်တဲ့ငွေကို ပြောပါတယ်။ 

လက်ခံဖြတ်ပိုင်းကိုယူထားပါ

ပိုက်ဆံချေပြီးရင်‌ငွေလက်ခံဖြတ်ပိုင်း လက်ခံယူထားပါ။ ကိုဘ်ပို့လိုက်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီး စုံစမ်းလိုတဲ့အချိန်မှာ အသုံးဝင်ပါတယ်။ ပစ္စည်းရောက်တဲ့အချိန်ကို သိမ်းထားပါ။

ကိုယ့်ဆီ ပို့လာတဲ့ ပစ္စည်း ကိုဘယ်လိုလက်ခံမလဲ

 ကိုယ့်ဆီ ပို့လာတဲ့ ပစ္စည်း ကို အိမ်ကနေ လက်ခံလို့ရပါတယ်။ ဒါ‌ကြောင့် အိမ်မှာ ရှိတဲ့ အချိန်တွေကို သေချာ အကြောင်းကြားထားပါ။နောက်ပြီး အိမ်မှာ ပစ္စည်းပို့ သေတ္တာရှိရင် ဒီ နေရာကနေ တဆင့်လဲ လက်ခံလို့ရပါတယ်။ 

「置き配」 ဆိုတဲ့ အိမ်ရှေ့မှာ ချထားခိုင်းတဲ့ အိမ်မှာ လူမရှိလဲ အဆင်ပြေတဲ့ ဝန်ဆောင်မှုကို အသုံးပြုရင်လဲ အဆင်ပြေပါတယ်။ နောက်ပြီး နီးစပ်ရာ Convenience store တွေကနေတဆင့် လက်ခံလို့၇မယ့် ဝန်ဆောင်မှတွေလဲရှိတာမို့ ဒီလို ဝန်ဆောင်မှုတွေကိုလဲအသုံးပြုကြည့်ပါ။ ဒီလိုဝန်ဆောင်မှုတွေကတော့ အိမ်မှာသိပ်မရှိတဲ့ လူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ သိူ့သော် လုံခြုံမှုမရှိပဲ ပျောက်ရှိတတ်လို့ သေချာဂရုစိုက်ပါ။

ဂျပန်ကနေ ပြည်ပကို ပစ္စည်းဘယ်လိုပို့မလဲ

ဒီနေရာ မှာ ဂျပန်ကနေ မိမိ တိုင်းပြည်ကို တနည်းအားဖြင့် ပြည်ပ ကိုဘယ်လိုပို့ဆောင်ရမလဲ ဆိုတာ ကိုပြောပြသွားပါ့မယ်။ 

စာတိုက်ကိုအသုံးပြုပါ

ဂျပန်ပြည်ကနေ ပြည်ပ ကို ပစ္စည်း ပို့ချင်တဲ့အခါမှာတော့ စာတိုက်ကနေ တဆင့်ပို့ပါ။ စတိုက်ကနေ ပို့ရင် လွယ်ကူပေါ့ပါးလို့ပါ။ ပြည်ပ ပို့နည်း ကတော့ အကြမ်းအားဖြင့် ၄ မျိုးရှိပါတယ်။

  • EMS(国際スピード郵便)- စျေးနည်းနည်းကြီးပေမယ့်မြန်ဆန်ပြီးမှန်ကန်ပါတယ်။
  • လေကြောင်းနဲ့ပို့ နည်း - EMS ပြီးရင် လေကြောင်းနဲ့ပို့တာလဲ မြန်ပါတယ်။
  • SAL(エコノミー航空便)- သင်္ဘော နဲ့ပို့တာထက်ပိုမြန်ပြီး လေကြောင်းနဲ့ပို့ တာထက် စျေးသက်သာပါတယ်။
  •  သင်္ဘောနဲ့ပို့နည်း - စျေးကတော့သက်သာပေမယ့် အချိန်တော်တော်ကြာပါတယ်။ ( လနဲ့ချီပြီးကြာ )

ပြီးတော့ ကိုလိုနာကြောင့် ပြည်ပ ပို့တဲ့ အချိန်ဇယားတွေ အမျိုးမျိုးပြောင်းလဲနေတာတာကြောင့် သေချာ စစ်ဆေးပြီးမှ ပို့ပါ။

ပစ္စည်းကို သေချာ ထုပ်ပိုးပါ

ပြည်ပ ကိုပစ္စည်းပို့တဲ့အချိန်မှာ ပစ္စည်းကိုသေချာ ထုပ်ပိုးဖို့လိုအပ်ပါတယ်။ သေချာမထုပ်ပိုးရင် ပစ္စည်း‌ရောက်သွားတဲ့အချိန်မှာ အကျ်ုးအပဲ့၊ အပျက်အစီးရှိတတ်ပါတယ်။ 

အခွန်စာရွက်တွေကိုသေချာဖြည့်ကြရအောင်

ပြည်ပကိုပို့တဲ့အခါ အခွန်စာရွက်ကို ဖြည့်ရပါတယ်။ အဲလို စာရွက်တွေကို အခွန်ဌာန မှာစစ်ဆေးဖို့ အသုံးပြုပါတယ်။ ဖြည့်ရမဘ့် အကြောင်းအရာကတော့ ပို့မယ့် ပစ္စည်းရဲ့ အသေးစိတ်အချက်အလက်တွေ ဖြစ်ပြီး ပို့ဆောင်မယ့် နိုင်ငံရဲ့ ဘာသာစကားနဲ့ ဖြည့်ရပါတယ်။ နိုင်ငံအပေါ် မူတည်ပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကွာခြားနိုင်တာမို့ ကြိုပြီး ရှာထားပါ။ 

အကျဥ်းချုပ် 

ဂျပန်မှာတော့ Convenience store တွေကနေတဆင့် ပစ္စည်းပို့တဲ့ ဝန်ဆောင်မှုရှိပါတယ်။ Convenience store တွေက မြို့ထဲမှာ နေရာ အနှံ့ရှိတာမို့ ပိုပြီး အဆင်ပြေလာပါတယ်.၊ ပစ္စည်းပို့နည်းကလဲ အရမ်း ရှုပ်မထွေးတာမို့ နားမလည်တာရှိရင် ဆိုင်ဝန်ထမ်းကိုဖြစ်ဖြစ် မေးပြီး မမှားအောင် ပို့ဆောင်းလို့ရပါတယ်။ ဒီဆောင်းပါးလေးကလဲ စာဖတ်သူတို့ရဲ့ ပစ္စည်း ကို လျှင်မြန် သေချာ ရောက်အောင် ပို့နိုင်ဖို့ အ‌ထောက်အကူပြုနိုင်မယ်ထင်ပါတယ်။ 


 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ