ဂျပန်နိုင်ငံရဲ့ ငွေစက္ကူပေါ် က ပုဂ္ဂိုလ် တွေအကြောင်း

နိုင်ငံတိုင်း အလိုလို ပိုက်ဆံတွေမှာ နာမည်ကြီးတဲ့သူတွေ နိုင်ငံကိုအကျိုးပြူတဲ့ သူတွေရဲ့ ရုပ်ပုံကို ပုံနိုပ်လေ့ရှိကြပါတယ်။ သို့မဟုတ်နိုင်ငံ ရဲ့ တန်ဖိုးထားတဲ့ မြင်ကွင်းရိုးရာယဥ်ကျေးမှု အစရှိတဲ့ အရာတွေကိုပုံနိုပ်လေ့ရှိကြပါတယ်။ ဒီတခေါက်တော့ ဂျပန်မှာ ငွေစက္ကူတွေမှာပုံနိုပ်ထားတဲ့ ပုဂ္ဂိုလ်တွေအကြောင်းကိုဖော်ပြပေးသွားပါ့မယ်။ ဒီပုဂ္ဂိုလ် တွေဟာ ဂျပန်နိုင်ငံအတွက်ဘယ်လို အရေးပါတဲ့ အခန်းကန္တမှာ ပါဝင်ပြီး ဂျပန်နိုင်ငံကို ဘယ်လိုတိုးတက်အောင်စွမ်းဆောင်ခဲ့လဲ ဆိုတာကို ဗဟုသုတ အနေနဲ့ ဖတ်ကြည့်ကြရအောင်။

မာတိကာ

ယန်း ၁ သောင်းတန်ပေါ်က Fukuzawa Yukichi 

  1.  အနောက်တိုင်းယဥ်ကျေးမှု ကိုလေ့လာဖို့ အင်္ဂလိပ်စာ ကိုကြိုးစ

  2.  လူတိုင်းအတွက် သင်တန်းကျောင်းဖွင့်လှစ်ပေး

  3.  ပညာရေးရဲ့ အရေးပါပုံကို ဟောပြော

ယန်း ၅ ထောင်တန်ပေါ် က Higuchi ichiyo 

ယန်း ၁ ထောင်တန်ပေါ် က Noguchi Hideyo 

  1. ဆင်းရဲနွမ်းပါးတဲ့ မိသားစုမှာ မွေးဖွားခဲ့တဲ့ Noguchi Hideyo 
  2. အမေရိကန်မှာ ဘက်တီးရီးယား သုတေသနပညာရှင်အဖြစ်သွားရောက်
  3. တောင်အာဖရိက က နိုင်ငံတွေအတွက် ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ထုတ်ပေးခဲ့ 

၂၀၂၄ ခုနှစ်မှာထုတ် ဝေမယ့်ငွေစက္ကူပေါ် က ပုဂ္ဂိုလ်များ

  1. Shibusawaeiichi 
  2. Tsuda Umeko 
  3. Kitasato Shibasaburō 

ယန်း ၁ သောင်းတန်ပေါ်က Fukuzawa Yukichi

 ပထမဆုံး မိတ်ဆက်ပမယ့် ပုဂ္ဂိုလ် ကတော့ ယန်း ၁သောင်းတန်မှာ တွေ့မြင်ရမယ့် Fukuzawa Yukichi

ဆိုတဲ့ ပုဂ္ဂိုလ် ပဲဖြစ်ပါတယ်။ ဒိ ပုဂ္ဂိုလ် ကတော့ ဂျပန်နိုင်ငံကလူတွေကို အနောက်တိုင်းယဥ်ကျေးမှုရဲ့ အရေးပါပုံ၊ ပညာရေးရဲ့ အရေးပါပုံတွေကို ပြောပြခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ အဲဒါဆို အသေးစိတ်ကိုကြည့်လိုက်ကြရအောင်။ 

အနောက်တိုင်းယဥ်ကျေးမှု ကိုလေ့လာဖို့ အင်္ဂလိပ်စာ ကိုကြိုးစားသင်ယူ

 Fukuzawa Yukichi ကို ၁၈၃၄ ခုနှစ်မှာ သာမန်ကျေးရွာမှာမွေးဖွားခဲ့‌ပါတယ်။ ၁ နှစ်သားအရွယ်မှာပဲ အဖေဆုံးပါးသွားခဲ့ပါတယ်။ ၁၉ နှစ်အရွယ်မှာတော့ ကြိုးစားပြီး အနောက်တိုင်းပညာကိုသင်ယူခဲ့ပါတယ်။ ဂျပန်မှာတော့ အနောက်တိုင်းယဥ်ကျေးမှု အထူးသဖြင့် အော်လန်ဒါနိုင်ငံ က ယဥ်ကျေးမှုတွေစတင်ပျံ့နှံ့ လာတဲ့ အချိန်လဲဖြစ်ပါတယ်။ Fukuzawa Yukichiကိုယ်တိုင်ကလဲ ဒီလိုအနောက်တိုင်းယဥ်ကျေးမှုတွေကို ကြိုးကြိုးစားစားသင်ယူနိုင်ဖို့ အင်္ဂလိပ်စာကိုလဲ ကြိုးစားသင်ယူခဲ့ပါတယ်။ သို့သော် အသက် ၂၁ နှစ် အရွယ်မှာတော့ အကိုဖြစ်သူဆုံးပါးသွားလို့ နေရပ်ကိုပြန်ပြီး မိသားစုလုပ်ငန်းကိုဆက်ခံခဲ့ပါတယ်။ 

လူတိုင်းအတွက် သင်တန်းကျောင်းဖွင့်လှစ်ပေး

 သို့သော် Fukuzawa Yukichi က တစ်ဘဝ လုံးကို ဒီနေရာမှာပဲ မဆုံးသတ်သွားပါဘူး။ ၂၃နှစ်အရွယ်မှာ အဲဒို (ယနေခေတ်အခေါ် တိုကျိုမြို့ ) ကိုသွားပြီး လူငယ်တွေကိုအနောက်တိုင်းပညာတွေ သင်ပေးတဲ့သင်တန်းကိုသင်ကြားပေးခဲ့ပါတယ်။ ဒီသင်တန်းက ယနေ့ခေတ် နာမည် ကြီးလာတဲ့ Keio University ပဲဖြစ်ပါတယ်။ Fukuzawa Yukichi ဟာ တန်တူ အခွင့်အရေး ကိုလဲ အလွန်အလေးထားသူဖြစ်ပြီး လူတိုင်းတန်းတူ ပညာသင်ခွင့်ရဖို့အတွက် လှုံ့ဆော်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ 

အနောက်တိုင်း ယဥ်ကျေးမှု နဲ့ပတ်သက်ပြီးစာပေတွေကို ဖြန့်ဝေ

အသက် ၂၅ နှစ်အရွယ်မှာတော့ အစိုးရရဲ့ အမိန့်နဲ့ အမေရိက ကို သွားရောက်လေလာဖို့ အကြောင်းဖန်လာပါတော့တယ်။ အသက်၂၇ အရွယ်မှာလဲ ဥရောပ တခွင်ကို သွားပြီးလေ့လာခဲ့ပါသေးတယ်။ ဒီလိုသွားရောက်လေ့လာပြီး ရရှိလာတဲ့ အရေးပါတဲ့ အကြောင်းအရာတွေ ကို ဗဟုသုတတွေကို ဂျပန်လူမျိုးတွေကြားထဲမှာ ပြန်ပြီတော့ မျှဝေခဲ့ပါတယ်။ အဲဒီအတွက်လဲ အနောက်တိုင်း ခရီးသွားမှတ်တမ်းဆိုတဲ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာတော နိုင်ငံ တစ်နိုင်ငံရဲ့ အခြေခံ အုပ်မြစ်အကြောင်း၊ ကျောင်း၊ သတင်းစာ၊ ဆေးရုံ စတဲ့ နေရာတွေရဲ့ အရေးပါပုံတွေ၊အနောက်တိုင်းယဥ်ကျေးမှု၊ အနောက်တိုင်းအတွေးအခေါ်တွေကို ရေးသားပြုစုခဲ့ပါတယ်။

ပညာရေးရဲ့ အရေးပါပုံကို ဟောပြော

မေဂျီ ခေတ်ကတော့ ဂျပန်နိုင်ငံရဲ့ အခန်းကန္တ အသီးသီးက ပြောင်းလဲတိုးတက်လာတဲ့ ခေတ် ပါ၊Fukuzawa Yukichiကလဲ ဒီလို ပြောင်းလဲနေတဲ့ခေတ်မှာပညာရေးရဲ့ တန်ဖိုး ရှိပုံကိုလဲ အင်မတန် အလေးထားယုံကြည်သူတစ်ဦးပါ။ သာမန်ပြည်သူတွေကိုလဲ ပညာရေးတဲ့ ပတ်သက်ပြီး အသိပေးဖို့အတွက် စာအုပ်တစ်အုပ်ကိုထုတ်ဝေခဲ့ပါသေးတယ်။ ဒီစာအုပ်ကတော့ ယနေ့ခေတ်အထိ အတိုင် လူသိများကျော်ကြားလှတဲ့ 学問のすすめဆိုတဲ့ စာအုပ်ပါ။ ဘာသာပြန်ရရင်တော့ ပညာရေးရဲ့ အရေးပါပုံ ဆိုတဲ့ အဓိပ္ပာယ်ရပြီး စာအုက်ထဲမှာတော့ ပညာဆိုတာ လူတိုင်း အခွင့်တန်းရေးတန်းတူသင်ယူနိုင်ပုံ၊ တစ်ဦးချင်းစီက ပညာပြည့်ဝနေမှ နိုင်ငံတော်လဲ တိုးတက်လာမည်ဖြစ်ပုံ အစသဖြင့် ရေးသားထားပါတယ်။ အဲဒီစာအုပ်ကိုတော့ ယနေ့ခေတ် မှာ လွယ်ကူရိုးရှင်းတဲ့ ဂျပန်ဘာသာစကားနဲ့ ပြန်လည်ပြီးရေးသားထုတ်ဝေထားတဲ့ စာအုပ်တွေလဲ အများကြီးရှိပါတယ်။ ရုပ်ပြစာအုပ်အစသဖြင့် နားလည်ရလွယ်‌အောင် ရေးထားတဲ့ စာအုပ် တွေလဲရှိပါတယ်။ ဒီလိုစာအုပ်တွေကို ဝယ်ချင်ရင်တော့ အောက်ပါ လင့်ကနေ ဝယ်ယူနိုင်ပါတယ်။ 

Fukuzawa Yukichiရေးသားခဲ့တဲ့စာအုပ် 

 

ယန်း ၅ ထောင် တန်ပေါ်က Higuchi ichiyo 

Higuchi ichiyo က မေဂျိခေတ်မှာထင်ရှားတဲ့ စာရေးဆရာမ တစ်ဦးဖြစ်ပါတယ်။ သူဟာလဲ ချမ်းသာကြွယ်ဝတဲ့ မိသားစုမှာ မွေးဖွားခဲ့သူမဟုတ်ပါ။ ဘဝ ကိုခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ၂၄ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်မလွန်ခင် ၂ နှစ်လောက်မှာလဲ နာမည်ကြီး လက်ရာ စာပေတေွ ကိုရေသားသွားခဲ့ပါသေးတယ်။ မိသားစု ကိုလဲ သူတစ်ဦးတည်းက ထောက်ပံ့ခဲ့ပါတယ်။ စာတွေ‌ရေးပြီး အသက်မွေးဝမ်းကြောင်းပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူရဲ့ စာပေတွေက ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေတဲ့ သူတွေအတွက် အားဖြစ်စေရမယ်ဆိုတဲ့ရည်ရွယ်ချက်ကိုလဲ လက်ကိုင်ထားတဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ စာပေတွေမှာဆို ဆင်းရဲတဲ့ အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်ကို ပုံဖော်တဲ့ အကြောင်းအရာတွေကိုတွေ့မြင်နိုင်ပါတယ်၊ 

ယန်း ၁ ထောင်တန်ပေါ် က Noguchi Hideyo 

ဆင်းရဲနွမ်းပါးတဲ့ မိသားစုမှာ မွေးဖွားခဲ့တဲ့ Noguchi Hideyo 

Noguchi Hideyo က ငယ်ရွယ်စဥ်ကတော့ ဆင်းရဲ့တဲ့မိသားစုမှာ မွေးဖွားခဲ့ပါတယ်။ လယ်သမား မိသားစုမှာ မွေးဖွားခဲ့ပြီး ငယ်ရွယ်စဥ် က မီးလောင်ဒဏ်ရာ အကြီးကြီးကိုရခဲ့ဖူးသူပါ။ ဒါပေမယ့် ရည်မှန်းချက်ကြီးမားသူဖြစ်ပြီး အပြင်းအထန် စာကိုကြီုးစားလေ့လာခဲ့ပါတယ်။ ပညာရေးအပေါ်မှာ ယုံကြည်သူဖြစ်ပြီး အရွယ်ရောက်လာတဲ့အချိန်မှာတော့ တိုကျိုမြို့ကိုတက်လာပြီး စာကိုကြိုးစားလေ့လာခဲ့ပါတယ်။

အမေရိကန်မှာ ဘက်တီးရီးယား သုတေသနပညာရှင်အဖြစ်သွားရောက်

ဒီလိုနဲ့ ၁၉၀၀ ပြည့်နှစ်မှာ ဘက်တီးရီးယားပညာရှင်အဖြစ် အမေရိက ကိုသွားပြီး အပြင်းအထန်သုတေသန ကိုပြုလုပ်ခဲ့ပါတယ်။ သုတေသန ရှင်အဖြစ်လဲ ဓာတ်ခွဲခန်းမှာ ညအိပ်ပြီးနေတဲ့အထိ ကြိုးစားပြီး သုသေတနကို ပြူလုပ်ခဲ့ပါတယ်။

တောင်အာဖရိက က နိုင်ငံတွေအတွက် ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ထုတ်ပေးခဲ့ 

Noguchi Hideyo ဟာ အမေရိကမှာ သုတေသနပြုလုပ်နေတုန်း တောင်ဖရိက က နိုင်ငံတွေဆီက ငှက်ဖျား‌ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်။ Noguchi Hideyo 

လဲ အာဖရိက မှာ သုတေသန ပြုလုပ်ပြီး ငှက်ဖျားကာကွယ်ဆေးကိုထုတ်လုပ်ခဲ့ပါတယ်။ သူရဲ့ ကျေးဇူးကြောင့် လူအများကြီး အသက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလဲ Noguchi Hideyo 

က ငှက်ဖျားရောဂါနဲ့ပတ်သက်ပြီးသုတေသနတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ တောင်အာဖရိက နိုင်ငံတွေမှာတော့ Noguchi Hideyo  ကိုဂုဏ်ပြုတဲ့အနေနဲ့ Ecuador မှာ Noguchi Hideyo 

လမ်း၊ Peru မှာ Noguchi Hideyo ကျောင်း အစသဖြင့် နာမည်တွေပေးခဲ့ကြပါတယ်။

ဒီလိုမျိုး ‌ဂျပန်နိုင်ငံ ငွေစက္ကူတွေကိုကြည့်လိုက်ရင် ပညာရေးအပေါ်အလေးပေးတဲ့သူတွေ၊ ပညာ‌ရေးနဲ့ လူ့အဖွဲ့အစည်းကိုအကျိုးပြုခဲ့တဲ့သူတွေကို ပုံနိုပ်ထားတာတွေ့မြင်နိုင်ပါတယ်။ ပညာရေးက တော်တော် လဲ အဖိုးတန်ပြီး လူ့အသက်၊ လူ့အဖွဲ့အစည်းကို ဘယ်လောက်အကျိုးပြုဆိုတာ ဒီပုဂ္ဂိုလ် ၃ ဦးရဲ့ ဘဝအကြောင်းကိုဖတ်ရရင် မျက်မြင်ထင်ရှားတွေ့နိုင်ပါတယ်။ 

၂၀၂၄ ခုနှစ်မှာထုတ် ဝေမယ့်ငွေစက္ကူပေါ် က ပုဂ္ဂိုလ်များ

Shibusawaeiichi 

၂၀၂၄ ခုနှစ်ကနေစပြီး ယန်း တသောင်းတန်မှာတော့ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ဖခင်ကြီးလို့အမည်တွင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ဘဏ်ကိုတည်ထောင်ခဲ့ရုံမက တခြားလုပ်ငန်းပေါင်း ၅၀၀ ကိုလဲ တည်ထောင်ခဲ့တဲ့သူလဲ ဖြစ်ပါတယ်။

Tsuda Umeko

Tsuda Umekoကတော့ မေဂျိခေတ်မှာ ထင်ရှားတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူဟာ မေဂျီခေတ်မှာ ထင်ရှားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ Tsuda Umeko ဟာ မေဂျိဘုရင် ရွေးချယ် စေလွှတ်တဲ့ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးပညာတော်သင်ကျောင်းသားတွေထဲက တစ်ဦးအပါအဝင်လဲဖြစ်ပါတယ်။  Tsuda University ကိုစတင်တည်ထောင်သူဖြစ်ပြီး ဂျပန်နိုင်ငံ၇ဲ့ အမျိုးသမီးတွေအတွက် ပညာရေးရဲ့ အရေးပါပုံကို မီးမောင်းထိုးပြခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။

Kitasato Shibasaburō

Kitasato Shibasaburō ကတော့ ဂျပန်နိုင်ငံရဲ့ဆေးပညာလောက မှာနာမည်ကြီးတဲ့ သူတစ်ဦးဖြစ်ပါတယ်။ မေးခိုင်ရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်ရာမှာ အောင်မြင်ပြီး နာမည်ကျော်ကြားခဲ့ပါတယ်။

ဒီတခေါက်ဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ ငွေစက္ကူပေါ် က နာမည်ကျော်ပုဂ္ဂိုလ်တွေအကြောင်းကိုဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးကိုဖတ်ပြီး ဗဟုသုတ ရမယ်လို့ မျှော်လင့်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်သမိုင်း/ ဂျပန်နိုင်ငံရဲ့ ငွေစက္ကူပေါ် က ပုဂ္ဂိုလ် တွေအကြောင်း

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ