ဂျပန် မှာ ကြောင်မွေးချင်ရင် သိထားသင့်တဲ့ အချက် ၈ ချက်

ဂျပန်မှာကြောင်မွေးရတာ က တခြားနိုင်ငံတွေနဲ့ လုံးဝမတူပါဘူး။ ဒီဆောင်းပါးမှာတော့ ဂျပန်မှာ ကြောင်မွေးရင် ရဲဖမ်းတာ မခံရအောင် သိထားသင့်တဲ့ အရေးကြီးတဲ့ အချက် ၈ ချက်ကို ဝေမျှပေးလိုက်ပါတယ်။ အိမ်မွေးတိရစ္ဆာန် တွေမွေးရင် ဆောင်ရမယ့် အာမခံ ငွေတွေအကြောင်း၊တိရစ္ဆာန် ဆေးခန်းသွားရင် အကြမ်းအားဖြင့် ပိုက်ဆံ ဘယ်လောက် ကုန်လဲ၊ ရာသီအလိုက် ကြောင်လေးတွေကို ဘယ်လိုဂရုစိုက်မလဲ ၊ ကြောင်မွေးတဲ့သူတွေ ဖတ်သင့်တဲ့ စာအုပ်တွေအထိ ပြောပြသွားပါ့မယ်။ 

မာတိကာ

  1. ဂျပန်ကိုကြောင်လေးတွေကိုခေါ်သွားလို့ရပါတယ်။
  2. ဂျပန်မှာကြောင်လေးတွေကိုဘယ်မှာဝယ်ယူနိုင်မလဲ
    1.  အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်
    2. ကြောင်လေးတွေကိုမွေးစားခြင်း
  3. ဂျပန်မှာ တိုက်ခန်းအများစုက အိမ်မွေးတိရစ္ဆာန် မွေးခွင့်မပြုပါဘူး
    1.  အိမ်မွေးတိရစ္ဆာန် မွေးခွင့်ပြုတဲ့ တိုက်ခန်းတွေက ပုံမှန် ထက်စျေးကြီးပါတယ်။
    2. အိမ်မွေးတိရစ္ဆာန်မွေးခွင့်ပြုတဲ့ တိုက်ခန်းတွေကိုဘယ်လိုရှာဖွေမလဲ။
    3. ကြောင်လေးတွေကို အိမ်ထဲမှာပဲထားပါ
    4. ကြောင်လေးတွေအတွက် ပြင်ဆင်ထားရမယ့်အရာများ
    5. ကြောင်မွေးခွင့်ပြုတဲ့ တိုက်ခန်းတွေမှာ ဒါတွေကိုသတိထားပါ
  4. ဂျပန်မှာ ကြောင်မွေးရင် ကုန်ကျမယ့် စာရိတ်
    1. ဂျပန်မှာရှိတဲ့ကြောင်လေးတွေရဲ့ ပျမ်းမျှသက်တမ်း
    2. ကြောင်မွေးရင် ကုန်ကျမယ့် စာရိတ် အသေးစိတ်စာရင်း
  5. တိရစ္ဆာန် ဆေးခန်းတွေက စျေးကြီးပါတယ်။
    1. ဂျပန်မှာတိရစ္ဆာန် ဆေးခန်းသွားရင်ဘယ်လောက်ကုန်လဲ
    2. ကြောင်လေးတွေကို ပြုစုဖို့ အများဆုံးကုန်ကျငွေ
    3. ကြောင်လေးတွေရ တတ်တဲ့ ရောဂါများ
  6. ဂျပန်မှာ ကြောင်အာမခံ ရှိပါတယ်။
    1. ဂျပန်နိုင်ငံရဲ့ ကြောင်အာမခံ စနစ်က ဘယ်လိုပုံစံမျိုးလဲ?
  7. ရာသီ ဥတု ကလဲ ကြောင်လေးတွေအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။
    1. နွေရာသီ
    2. ဆောင်းရာသီ
    3. အမွေးကျွတ်တဲ့ ရာသီ

ဂျပန်အထိ ကြောင်လေးတွေကို ခေါ်သွားလို့ရပါတယ်။

 ဂျပန်အထိ ကြောင်လေးတွေ ကိုခေါ် သွားလို့ရပါတယ်။ ဒါပေမယ့် တကယ်ခေါ်လာဖူးတဲ့သူတွေရဲ့ အတွေ့အကြုံအရဆိုရင် တော်တော်မလွယ်တဲ့ ကိစ္စဖြစ်ပြီး အဆင့်တွေကလဲ တော်တော် ရှုပ်ထွေးပါတယ်။ ဂျပန်နိုင်ငံရဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ တိရစ္ဆာန် တင်ပို့ရေး ဥပဒေကို လိုက်နာရပါတယ်။ ဂျပန်လို ဆိုရင်တော့  (動物の輸入 doubutsu no yunyu) လို့ခေါ်ပါတယ်။အသေးစိတ်ကိုတော့ ဒီလင့်ထဲကနေ ဝင်ဖတ်နိုင်ပါတယ်။

ဂျပန်မှာကြောင်လေးတွေကိုဘယ်မှာဝယ်ယူနိုင်မလဲ

ဂျပန်မှာပဲ ကြောင်လေးတစ်ကောင်ဝယ်ဖို့စဥ်းစားနေလား? ကြောင်ဝယ်မယ်ဆိုရင်တော့ ဝယ်ချင်တဲ့အမျိုးအစား၊ သုံးမယ့်ပိုက်ဆံအပေါ်မူတည်ပြီးတော့ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ 

 အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်

 အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်လေးတွေကိုဂျပန်နိုင်ငံ တဝှမ်းမှာ တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာ အချက်တချက်ကတော့ စျေးနှုန်းပဲဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ကြောင်လေးတကောင်ကို ယန်း ၁၀ သောင်း ကနေ သောင်း ၃၀ အထိပေးရပါတယ်။ လူကြိုက်များတဲ့ ကြောင်အမျိူးအစားဆိုရင်တော့ ယန်း သောင်း၆၀ ကနေ ယန်း သောင်း၁၀၀ အထိပေးဝယ်ရပါတယ်။ 

ဆိုင်အများစုမှာတော့ ကာကွယ်ဆေးစာရိတ်၊ တခြား ကုန်ကျတဲ့ စာရိတ်တွေပါ ပါဝင်ပြီးသားဖြစ်ပါတယ်။ ပါဝင်တဲ့ အကြောင်းအရာတွေ အပေါ်မူတည်ပြီး စျေးနှုန်းကိုသတ်မှတ်တာမို့လို့ မဝယ်ခင် ဘယ်လိုအကြောင်းအရာတွေပါဝင်လဲဆိုတာကို ဆိုင်မှာ သေချာမေးပါ။

သိထားသင့်တဲ့အချက်များ

  •  အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်တွေမှာကဆိုင်အလိုက်စျေးနှုန်း သတ်မှတ်ပုံမတူတာမို့ အမျိုးအစားတမျိုးတည်းကို ဆိုင်အပေါ်လိုက် ပြီးစျေးနှုန်းကွဲပြားနိုင်ပါတယ်။

  • စျေးနှုန်းတွေကိုတော့ အဓိကအားဖြင့် ကြောင်‌ဝယ်ခဲ့တုန်းကစျေး၊ အမြတ်ငွေ၊ စျေးကွက်စျေး စတဲ့ ၃ ချက်အပေါ် မူတည်ပြီးတော့ သတ်မှတ်လေ့ရှိကြပါတယ်။ 

  • တခြား အရည်အသွေးတေါအပေါ် မူတည်ပြီးတော့လဲ စျေးနှုန်းကိုသတ်မှတ်ပါသေးတယ်။ ဥပမာ၊ လက်အရှည်၊ အရောင်၊အရွယ်အစား စတဲ့ အချက်တွေကိုလဲကြည့်လေ့ရှိပါတယ်။ 

  • ပုံမှန်အားဖြင့် အသက်ကြီးတဲ့ ကြောင်တွေကိုဆို ‌စျေးသက်သက်သာသာနဲ့ဝယ်ယူနိုင်ပါတယ်။ 

ကြောင်လေးတွေကိုမွေးစားခြင်း

ကြောင်လေးတွေကိုမွေးစားရတာ တော်တော် အကျိုးရှိပါတယ်။ဥပမာ

  • ကြောင်လေးတွေအတွက် နေစရာ အထောက်အပံ့ရှိနိုင်ပါတယ်။

  • ကြောင်လးတွေကို စျေးသက်သက်သာသာနဲ့ရနိုင်မယ်။ အကြမ်းအားဖြင့် ယန်း ၂သောင်းကနေ ၆သောင်းအတွင်း။

  • တခြား ကြောင်လေးတွေကို ကူညိပေးနေတဲ့ အဖွဲ့အစည်းတွေအတွက်လဲ သက်သာရာရောက်မယ်။

သိထားသင့်တဲ့အချက်များ

ကဖေးတွေကနေ မွေးစားမယ်ဆိုင်ရင် မူလပိုင်ရှင်က ကြောင်လေးတွေရဲ့ ကျန်းမာရေး ကျောင်းလေးတွေရဲ့ အကြိုက်စသဖြင့်ဒီလို အချက်တွေကိုသေချာသိတာမို့ တခါတည်းမေးခဲ့ဖို့ အကြုံပြုချင်ပါတယ်။ ဒီအချက်ကလဲ ကျောင်းကဖေးတွေကနေ ကျောင်းလေးတွေကို မွေးစားရခြင်းရဲ့ ကောင်းကွက်ထဲက တစ်ခုပါ။

အမှန်တော့ ကြောင်က အခမဲ့ ပေးပေမယ့် ကျွန်တော်တို့ပေးရမယ့် ပိုက်ဆံကတော့ ကိုယ်ဝန်တားဆေးထိုးခ၊ ကာကွယ်ဆေးဖိုး၊ ကျန်းမာရေး စတဲ့ ကြောင်ရြ့ ဆေးစာရိတ်တွေအတွက်ပဲဖြစ်ပါတယ်။

အသက်ကြီးတဲ့ ကြောင်လေးတွေကိုလဲ မွေးစားလို့ရပါတယ်။ ဒါပေမယ့် ကြောင်သဘာဝအရ အသက်ကြီးသွားတဲ့ကြောင်တွေက ကြောင်လေးတွေထက် ပိုပြီး နှေးပြီး ပိုပြီး ပျင်းးတတ်ကြပါတယ်။

ကြောင်လေးတွေကို မွေးစားချင်တယ်ဆိုရင်တော့ ကြောင်လေးတွေကို ၂ ပတ်မတိုင်ခင် ကြိုပြီးတွေ့ရပါတယ်။ယာယီ မေးစားမယ် ဆိုလဲရပါတယ်။ မွေးစားရင်း သံယောဇဥ်တွယ် လာလို့ တသက်လုံးမွေးစားသွားမယ် ဆိုလဲရပါတယ်။ 

ဂျပန်မှာ တိုက်ခန်းအများစုက အိမ်မွေးတိရစ္ဆာန် မွေးခွင့်မပြုပါဘူး

ကိုယ်ပိုင်အိမ်ရှိရင်တော့ ကိစ္စမရှိပေမယ့် ဂျပန်မှာ ကျောင်းတက်ဖို့နဲ့ အလုပ်လုပ်ဖို့လာတယ် ရင်ဆိုတော့ တိုက်ခန်းငှားပြီးနေကြတာများမယ်ထင်ပါတယ်။ ဒီအချက်က နိုင်ငံခြားသားတွေ အိမ်မွေးတိရစ္ဆာန် မွေးဖို့အတွက် ကြီးမားတဲ့ အတားအဆီးတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကြောင်လေးတွေနဲ့ အတူတူနေလို့ရမယ့် အိမ်တွေကို လိုက်ရှာရပါတယ်။ ဒါ‌ကြောင့် ဂျပန်မှာတော့ အိမ်မွေးတိရစ္ဆာန် မွေးတော့မယ်ဆိုရင်တော့ ရွေးချယ်မှုတွေကလဲ အကန့်အသတ်ရှိသွားပါတယ်။ 

အိမ်မွေးတိရစ္ဆာန် မွေးခွင့်ပြုတဲ့ တိုက်ခန်းတွေက ပုံမှန် ထက်စျေးကြီးပါတယ်။

အိမ်မွေးတိရစ္ဆာန် မွေးခွင့်ပြုတဲ့ တိုက်ခန်းတွေက ပုံမှန် ထက်စျေးကြီးပါတယ်။အိမ်ပြောင်းလာတဲ့အချိန်မှာ လဲ စျေးကြီးပါတယ်ပထမဆုံးအချက်ကတော့ ဒီလိုအိမ်တွေမျိုးမှာဆို ပုံမှန်အိမ်တွေထက် ၂ ဆ လောက် စရံပေးပြီးငှားရပါတယ်။ အများကြီးမွေးချင်ရင်တော့ ကောင်အရေအတွက်အပေါ်လိုက်ပြီးတော့ ပိုက်ဆံပေးရပါတယ်။ စာချုပ်ချုပ်တဲ့အချိန်မှာ ဒီလိုအချက်တွေကိုသေချာ ဂရုစိုက်ပါ။ဒီအိမ်ကနေ ပြောင်းတဲ့အချိန်မှာလဲ အကုန်အကျများပါတယ်။အကယ်၍ အိမ်ပြောင်းမယ်ဆိုရင်လဲ ပုံမှန်ထက် ပိုကုန်ကျနိုင်ပါတယ်။ ဥပမာ သန့်ရှင်းရေး၊ ပိုးသတ်ခ၊ တခြား အပျက်အစီးတွေရှိရင် အပျက်စီးတွေ ပြင်ဆင်ဖို့ ကုန်ကျငွေကို ထပ်ဆောင်းပေးဆောင်ရပါတယ်။ ဒီအဖိုးအခ တွေကတော့ ပုံမှန်ဆို မိမိစပေါ် ငွေ ကနေ နှုတ်ယူပေမယ့် ပိုတဲ့ငွေကတော့ပြန်ရလာမှာပါ။ အလိမ်မခံရအောင်တော့ သတိထားကြပါ။ 

အိမ်မွေးတိရစ္ဆာန်မွေးခွင့်ပြုတဲ့ တိုက်ခန်းတွေကိုဘယ်လိုရှာဖွေမလဲ။

မွေးခွင့်မပြု

မွေးခွင့်ပြု 

ペット禁止 petto kinshi

ペットOK

ペット不可 petto fuka

ペット可 petto ka

တခါတလေကျရင် 「相談可 soudan ka」ဆွေးနွေးနိုင် ဆိုတဲ့ စကားလုံးတွေကိုလဲတွေ့နိုင်ပါတယ်။ 

ဒီလိုမျိုးအချိန်တွေမှာ ဆိုရင် ဘယ်လိုမျိုးအိမ်မွေးတိရစ္ဆာန် တွေဆို ခွင့်ပြုလဲ အစသဖြင့် သေချာ မေးမြန်းသင့်ပါတယ်။ ဘယ်လို အမျိုးအစားဆို ခွင့်မပြုလဲဆိုတာမျိုးလဲရှိတာမို့ သတိထားသင့်ပါတယ်။ 

ကြောင်လေးတွေကို အိမ်ထဲမှာပဲထားပါ

တခါတလေ ကြောင်‌လေးတွေကို အပြင်ကိုခေါ်သွားတဲ့သူတွေ တွေ့နိုင်ပေမယ့် ကြောင်လေးတွေကို အိမ်ထဲမှာ ထားတာအကောင်းဆုံးပါ။ အမှန်တော့ ဂျပန်နိုင်ငံရဲ့ မြို့တော်တော်များများမှာဆိုရင် အကြောင်းအရင်းအမျိုးမျိုးကြောင့်အိမ်မွေးတိရစ္ဆာန်တွေကို အပြင်ခေါ်ဆောင်ခွင့်မပြုပါဘူး။ အိမ်ထဲမှာပဲ ပေးနေဖို့တောင်းဆိုထားတာမျိုးတေါရှိပါတယ်။ 

ဒါကြောင့် ကြောင်လေး အိမ်ကိုမရောက်လာမှီ ကြောင်လေးတွေကို သေချာကာကွယ်ဖို့ အိမ်ကိုစနစ်တကျ ပြင်ဆင်ထားသင့်ပါတယ်။

ကြောင်လေးတွေအတွက် ပြင်ဆင်ထားရမယ့်အရာများ

ဒီနေရာမှာတော့ ပိုပြီး အဆင်ပြေအောင် 

  • Cat food

  • Cat bowls - for food and water

  • Litter box and litter

  • Scratching post / board 

  • Bed

  • Pet carrier

  • Toy(s)

ဒီလိုအရာတွေအပြင် 

  • ကြောင်သုတ်ပဝါ

  • ကြောင်ပုန်းနိုင်မယ့်နေရာ

  • ကစားစရာ များများ

  • လက်သည်းညှပ်

  • ကြောင်ခေါင်းလျှော်ရည်

  • ကြောင်နားရွက်ဆေးရည်

  • ကြောင်တိုက်ဘရတ်

ကြောင်မွေးခွင့်ပြုတဲ့ တိုက်ခန်းတွေမှာ ဒါတွေကိုသတိထားပါ

မီးဖို‌ချောင်

  • ချွန်ထက်တဲ့အရာတွေကို ဝေးဝေးမှာထားပါ

  • အမှိူက်အိတ်တွေကို ကြောင်တွေ မကစားအောင်ထားပါ

  • ဟင်းချက်တဲ့အခါ ဂရုစိုက်ပါ

  • ကြွေပြားတွေကို သန့်ရှင်းအောင်ထားပါ

ကြိုးများ

  • လျှပ်စစ်ကြိုးတွေကိုသတိပြုပါ

  • လျှပ်စစ်ပစ္စည်းတွေကို သေချာဖွက်ထားပါ

အစားအသောက်နဲ့ အပင်များ

  • တချို့အစားအသောက်နဲ့ အပင်တွေက ကြောင်လေးတွေအတွက် အဆိတ်အတောက်ဖြစ်နိုင်ပါတယ်။ 

ထွက်ပေါက်များ

  • ပြတင်းပေါက်တွေကို လုံ‌အောင်ပိတ်ထားပါ။

  • ငလျင်လှုပ်တဲ့အချိန်တွေမှာ ကြောင်တွေက ပျာယာခတ်ပြီး ထွက်ပြေးသွားတတ်တာဖို့ အဲ့အချက်ကိုသေချာသတိပြုပါ။

ဂျပန်မှာ ကြောင်မွေးရင် ကုန်ကျမယ့် စာရိတ်

နေစရာနေရာပြီးရင် နောက်ထပ်အရေးကြီးတာကတော့ ကုန်ကျစာရိတ်ပဲဖြစ်ပါတယ်။ ကာလတို အတွက်ကုန်ကျစာရိတ်မဟုတ်ဘဲ ‌ရေရှည် ကုန်ကျစာရိတ် အတွက် ပြောတာဖြစ်ပါတယ်။ ကြောင်လေးတွေ တသက်သာအတွက် ကုန်ကျမယ့် ကုန်ကျစာရိတ်ကို ဒီဆောင်းပါးမှာဖော်ပြသွားပါ့မယ်။ 

ဂျပန်မှာရှိတဲ့ကြောင်လေးတွေရဲ့ ပျမ်းမျှသက်တမ်း

ဂျပန်နိုင်ငံရဲ့ အိမ်မွေးတိရစ္ဆာန် အစားစာ ရောင်းဝယ်‌ရေးဌာန ရဲ့ ၂၀၂၁ ခုနှစ် စစစ်တမ်းအရ ၂၀၂၁ ခုနှစ်မှာ ကြောင်လေးတွေရြ့ သက်တမ်းက ၁၅.၆၆ နှစ်လို့ပြောပါတယ်။ 

 ဒါဆို ကြောင်‌လေးတွေ ဘယ်အချိန်လောက် ကြာကြာနေနိုင်မလဲသိပြီဆိုရင် တရက်တာ စာရိတ်ကိုကြည့်လိုက်ကြရအောင်။ 

ကြောင်မွေးရင် ကုန်ကျမယ့် စာရိတ် အသေးစိတ်စာရင်း

ဒီနေရာမှာ ကြောင်လေးတွေအတွက် တနေ့ ကုန်ကျစရိတ်ကိုအသေးစိတ်တွက်ပြသွားပါ့မယ်။ 

ကနဦး ကုန်ကျစာရိတ် 

ဒီစာရိတ်က‌တော့ အနည်းဆုံးကုန်ကျမယ့် ကုန်ကျစာရိတ်ပဲဖြစ်ပါတယ်။ ပြီးတော့ ဂျပန်ပိုက်ဆံ ယန်းနဲ့ တွက်ရမှာဖြစ်ပါတယ်။ 

  • Pet Carrier: 3,000~

  • Litter Box: 1,000~

  • Food Bowls: 200~

  • Scratch Post: 1,000~

  • Cat Tower: 10,000~

  • Brush: 600~

  • Shampoo: 300~

  • Bed: 500~

  • Spaying: 15,000~30,000

တနှစ်တာ ကုန်ကျစာရိတ် (ယန်း)

  • အစားစာ ၅၀၀၀၀

  • အရုပ်။ ဆော့စရာ ၁၂၀၀၀

  •  ကာကွယ်ဆေး ၃၀၀၀၀ မှ ၅၀၀၀၀

  • အာမခံ ၈၀၀၀ 

  • လှောင်ချိတ် ၅၀၀၀

  • ကြောင်အလှပြင်ဆိုင်၊ သန့်ရှင်းရေးဆိုင် ၅၀၀၀

ဒီစျေးနှုန်းတွေကတော့ ကွာခြားနိုင်ချေရှိတာမို့ ပြန်ပြီးစစ်ဆေးတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။ 

 တိရစ္ဆာန် ဆေးခန်းတွေက စျေးကြီးပါတယ်။

ကြောင်လေးတွေ ထိခိုက်ဒဏ်ရာ ရသွားရင် သို့မဟုတ် နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ဆို တိရစ္ဆာန် ဆေးခန်းတွေဆီ ခေါ်သွားရပါတယ်။ အဲဒါဆို တိရစ္ဆာန် ဆေးခန်းတွေ ဘယ်လောက်လောက် စာရိတ်ကျနိုင်မလဲ ကြည့်ကြည့်ရအောင်။ 

ဂျပန်မှာတိရစ္ဆာန် ဆေးခန်းသွားရင်ဘယ်လောက်ကုန်လဲ

၂၀၁၅ခုနှစ်မှာ ကောက်ယူခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ တိရစ္ဆာန် ဆေးအဖွဲ့အစည်းရဲ့ စစ်တမ်းအရဆိုရင် 

တလကို ပျမ်းမျှ ယန်း ၆၉၉၁ လောက်ကျသင့်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ကြောင်တွေဆိုရင် ယန်း ၇၉၉၁ လောက်ကျသင့်ပါတယ်။ 

ကြောင်လေးတွေကို ပြုစုဖို့ အများဆုံးကုန်ကျငွေ

ဒီစစ်တမ်းထဲမှာပဲ ကြောင်မွေးထားတဲ့ မိသားစုတွေကို ကြောင်လေးတွေကိုကုသတဲ့အခါ အများဆုံးကုန်ကျငွေနဲ့ပတ်သက်ပြီးမေးမြန်းကြည့်တဲ့ အခါ အများဆုံး ယန်း ၅ သောင်းကျော်လောက်ကုန်ကျတယ်လို့ဆိုပြီး အသက်ကြီးတဲ့ ကြောင်လေးတွေကတော့ ၆ သောင်းကျော်လောက် ကုန်ကျတယ်လို့ဆိုပါတယ်။ 

ကြောင်လေးတွေဖြစ် တတ်တဲ့ ရောဂါများ

အပေါ် မှာပြောခဲ့တဲ့ စစ်တမ်းရဲ့ ရလဒ် အရဆိုရင် လတိုင်း ကြောင်လေးတွေ‌ရောဂါရရင် ကုသစာရိတ်ချည်းကိုပဲ တနှစ် ကို ၈၄၀၀၀ ယန်းလောက်ကုန်ကျသွားနိုင်ပါတယ်။ 

နောက်ပြီး ကြောင်လေးတွေက ပုံမှန်ထက်ပိုပြီးတော့ အားနည်းတတ်ပါတယ်။ ဥပမာ၊ ကျောက်ကပ်‌ရောဂါ တုတ်ကွေး၊ စတဲ့ရောဂါတွေ ဖြစ်များပါတယ်။ 

တချို့ရောဂါတွေဆိုရင် ခွဲစိတ်ကုသဖို့လိုအပ်ပြီဆိုရင် အာမခံဝယ်ထားဖို့လဲ လိုအပ်ပါတယ်။ 

ဒီအောက်မှာတော့ အာမခ့ အတွက်ဆင်ပြေတဲ့ နေရာတွေကိုဖော်ပြထားပါတယ်။

※ au Insurance Co. Ltd., “猫を飼うのに生涯かかる費用とは?初期費用から医療費まで紹介

※ SBI Holdings Inc. , “猫の治療費はどれくらいかかる?高額負担に備えるには?

※ Japan Veterinary Medical Association, “家庭飼育動物(犬・猫)の飼育者意識調査 調査結果(平成27年度)

ဂျပန်မှာ ကြောင်အာမခံ ရှိပါတယ်။

ဂျပန်မှာ ကြောင်လေးတွေ ဆေးကုရင် စျေးကြီးရခြင်းရဲ့ အကြောင်းအရင်းကတော့ အာမခံ မရှိတာကြောင့်ပါ။ ဂျပန်နိုင်ငံမှာဘယ်သူမဆို ကျန်းမာ‌ရေးအာမခံဝယ်ရပါတယ်။ အာမခံဝယ်ထားမယ်ဆိုရင် ၃၀ ရာခိုင်နှုန်းကိုသာပေးဆောင်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် တိရစ္ဆာန်လေးတွေမှာတော့ အဲလိုမျိုးမရှိပါဘူး။

သို့သော် ဝမ်းသာစရာတစ်ခုကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေထဲမှာတော့ရှိပါတယ်။ 

ဂျပန်နိုင်ငံရဲ့ ကြောင်အာမခံ စနစ်က ဘယ်လိုပုံစံမျိုးလဲ?

ဂျပန်နိုင်ငံရဲ့ တိရစ္ဆာန်ကျန်းမာရေးအာမခံစနစ်ကတော့ သာမန် ကျန်းမာ‌ရေး အာမခံနဲ့အတော်တူပါတယ်။ လစဥ် ပိုက်ဆံပေးဆောင်ပြီး ဆေးခန်းသွားတဲ့ အချိန်ဆို ကုန်ကျ‌ငွေရဲ့ တစိတ်တပိုင်းကိုသာပေးဆောင်ရပါတယ်။ ကုသစာရိတ်သာမက သေဆုံးသွားတဲ့အချိန် အထိကိုတာဝန်ယူပေးတဲ့ အာမခံ‌တွေလဲရှိပါတယ်။နောက်ပြီးကြောင်လေးတွေက တခြားလူတွေကိုကိုက်လိုက်ရင် ရသွားတဲ့ ဒဏ်ရာတွေအတွက် ကုသပေးမယ့် အာမခံတွေလဲရှိပါတယ်။

ဒီလိုအာမခံတွေက ကုမ္ပဏီအပေါ် မူတည်ပြီး ကွဲပြားတာမို့ အောက်ကအချက်တွေကို သေချာ ဂရုစိုက်ပြီး ဝယ်ပါ။

  • ဘယ်အရာတွေကို အာမခံ ပေးလဲ?

  • ဘယ်အရာတွေကို အာမ မခံပေးတာလဲ?

  • ဘယ်လောက် ပမာဏအထိ အာမခံပေးတာလဲ?

  • အာမခံငွေ ဘယ်လိုပြန်ထုတ်ရမလဲ? အချိန်ဘယ်လောက် လောက်ကြာနိုင်မလဲ?

  • ကြောင်ရဲ့ အသက်ပေါ် မူတည် ပြီး ပိုက်ဆံ ဘယ်လောက်ကွာခြားနိုင်လဲ?

  • သတ်မှတ်ထားတဲ့ အသက်ကိုကျော်လွန်သွားရင်‌ရော ထပ်ပြီး သက်တမ်းတိုးလို့ရနိုင်လား?

  • တနှစ်အတွင်း လျှော်ကြေးပေးနိုင်တဲ့ ငွေပမာဏက ဘယ်လောက်လောက်လဲ?

  • ကုမ္ပဏီက ဘယ်လိုအခြေအနေမျိုးလဲ?

ရာသီ ဥတု ကလဲ ကြောင်လေးတွေအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။

ကြောင်လေးတွေ လဲလူတွေလိုပဲ ရာသီဥတု အပြောင်းအလဲ အပေါ်လိုက်ပြီးတော့ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ အခပ်မသင်ြရင် အသက်ပါဆုံးရှုံး နိုင်ချေရှိပါတယ်။ 

နွေရာသီ

ဂျပန်မှာ နွေရာသီဆိုရင် အပူရှုပ်တာက အရမ်းပြသနာကြီးပါတယ်။ လူတွေတောင် ထောင်နဲ့ချီပြီး အပူရှုပ်တဲ့ ‌ရောဂါ ဖြစ်ပါတယ်။ ကြောင်လေးတွေက အနွေးဓာတ်ကိုသဘောကျပြီး နေရောင်ခြည် ခံရတာ ကြိုက် တတ်ပေမယ့် ဂျပန်နိုင်ငံရဲ့ နွေရာသီကတော့ ကြောင်တွေလဲ မခံစားနိုင်ပါဘူး။ပဲ အဲဒါဆို နွေရာသီမှာ အချစ်တော် ကြောင်လေးတွေကိုဘယ်လို ဂရုစိုက်မလဲ?

အခန်းအပူချိန်ကို ၂၈ဒီဂရီလောက်ထားမယ်
အပြင်ပက အပူချိန်လောက်ပဲ အပူရှုပ်တာပဲလို့ထင်နေရင်တော့မှားသွားနိုင်ပါတယ်။ တကယ် တော့ အပူရှုပ်ရခြင်းရဲ့ အကြောင်းအရင်းအများစုကတော့ အခန်းကိုအလုံပိတ်ထာလို့ပဲဖြစ်ပါတယ်။ အဲယားကွန်း ကို ဖွင့်ထားပြီး အခန်းပူချိန်ကို ၂၈ဒီဂရီ လောက်ထားထားသင့်ပါတယ်။ 

အိမ်ရဲ့ နေရာ အနှံ့မှာ ရေတွေကိုထားထားရအောင်

ကြောင်‌လေးတွေက သဘာဝအရ ပျင်းတတ်ကြပါတယ်။ ပူပျင်းတဲ့ရာသီဆို ပိုပြီးတော့ သိသာပါတယ်။ ‌ရေထားတဲ့နေရာက ဝေးလွန်းရင် သွားသောက်ဖို့ ပျင်းနေတတ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ပတ်ပတ်လည်မှာ ရေလေးတွေ ပြင်ဆင် ပေးထားသင့်ပါတယ်။ 

တခြားမှတ်ထားသင့်တဲ့အရာများ

အစားသောက်တွေကို ဒီအတိုင်းတစ်ရက်လုံး မပစ်ထားပါနဲ့။ စားပြီတဲ့ အချိန်ဆိုပြန်ဆေးပါ။ ဘာလို့ဆို နွေရာသီရောက်ရင် စားကြွင်းစာကျန်တွေက မြန်မြန်ခြောက်သွေ့တတ်လို့ပါ။ 

အစားသောက်သေးသေးလေးတွေကိုသာကျွေးပါ။ ကြောင်လေးတွေက ပုံမှန်ထက် အစားနည်းလို့ အစားသောက်တွေပိုရင် အစားသောက်ဖြုန်းတီးသလိူ ဖြစ်သွားနိုင်ပါတယ်။

သေတ္တာလေးတွေကို တတ်နိုင်သလောက်မြန်မြန် ဆေးပါ။ နွေရာသီမှာ ပုံမှန်ထက်ပိုပြီး အနံ့ရလွယ်တာမို့ ဘက်တီးရီးယားတွေလဲ ပေါက်ဖွားလွယ်ပါတယ်။ 

ကြောင်းလေးတွေနဲ့လဲကစားပေးပါ။ နွေရာသီမှာဆို ကြောင်လေးတွေ ပိုပြီးတော့ ပျင်းတာဖို့ လှုပ်ရှားဖြစ်အောင် လှုံ့ဆော်ပေးပါ။ 

နောက်ပြီး ကြောင်လေးတွေ အအေးဓာတ်ရအောင် အေးတဲ့ဖျာလေးတွေကို ဝယ်ဖို့အကြုံပြုချင်ပါတယ်။

ဆောင်းရာသီ

ကြောင်အများစုက တော့ အေးတာမကြိုက်ကြပါဘူး။တကယ်လို့ ကြောင်တွေအများကြီးရှိရင် ကြောင်လေးတွေ တကောင်နဲ့တကောင် ပူးကပ်ပြီးအိပ်ကြတာ တော်တော် သဘောကျဖို့ကောင်းပါတယ်။ ကဲ ဒါဆို ဆောင်းရာသီမှာ ကြောင်လေးတွေကို ဘယ်လိုဂရုစိုက်မလဲကြည့်လိုက်ကြရအောင်။

  • အခန်းပူချိန်ကို ၂၈ ဒီဂရီ အထိထားပါ

  • အခန်းကို အစိူဓာတ်ရှိအောင်ထိန်ထားပါ

  • ရေနွေးနွေး လေးကိုပြင်ဆင်ပေးပါ

  • ကြောင်လေးတွေ စာချင်စိတ်ရှိအောင်လုပ်ပေးပါ

အမွေးကျွတ်တဲ့ ရာသီ

ဂျပန်မှာတော့ ကြောင်လေးတွေ အမွေးကျွတ်တဲ့ရာသီကတော့ ၂ ရာသီရှိပါတယ်။ နွေဦးရာသီနဲ့ ဆောင်းဦး ရာသီ တို့ပဲ ဖြစ်ပါတယ်။ကြောင်လေးတွေ အမွေးကျွတ်ရင် ဘယ်လိုလုပ်ရမလဲ ကြည့်လိုက်ကြရအောင်။ လုပ်သင့်တာကတော့ ကြောင်လေးတွေကို ရေချိုးပေးတာတို့ ဘရတ်နဲ့ တိုက်ပေးတာတို့ လုပ်သင့်ပါတယ်။ အဲဒါတိူ မလိုအပ်တဲ့ မွေး အပိုတွေကို လျှော့ချပေးပါတယ်။ နောက် ပြီး အိမ်ထဲမှာ အမွှေးတွေ ရှုပ်ပွတာကိလဲ ကာကွယ်နိုင်ပါတယ်။ 

ဒီဆောင်းပါးမှာတော့ ကြောင်လေးတွေကို ဘယ်လိုဂရုစိုက်မလဲ ဆိုတာရယ် ဂျပန်မှာကြောင်လေးတွေ မွေးတဲ့အခါ သတိထားသင့်တဲ့ အချက်တွေကို ဖော်ပြခဲ့ပါတယ်။ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

 

 

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အိမ် / နေရေးထိုင်ရေး/ ဂျပန် မှာ ကြောင်မွေးချင်ရင် သိထားသင့်တဲ့ အချက် ၈ ချက်

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ