ဖူဂျီတောင် ကို ဘယ်နေရာကနေ မြင်နိုင်လဲ

ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်အဖြစ် နာမည်ကြီးတဲ့ တောင်ပဲဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေကြားထဲမှာရော၊ နိုင်ငံခြားသားတွေကြာထဲမှာတောင် အရမ်းနာမည်ကြီးတဲ့ နေရာတစ်ခုပါ။ မြန်မာပြည်မှာလဲ ဂျပန်စာလေ့လာ နေတဲ့ သူတွေရော ဂျပန်စာမလေ့လာတဲ့ သူတွေပါ ဖူဂျီတောင်ကိုသိကြမယ်ထင်ပါတယ်။ ငယ်ငယ်က ဖူဂျီအမှတ်တံဆိတ် ဆပ်ပြာမှုန့် ဗူးပေါ်ကတောင်ကြီးကို မြင်ဖူးကြမယ်ထင်ပါတယ်။ အဲဒါကတော့ ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံး ဖူဂျီတောင်ပဲဖြစ်ပါတယ်။ ဒီတခေါက်တောင်းပါးမှာတော့ ဖူဂျီတောင် ဘယ်နေရာမှာရှိလဲ? ဘယ်လိုနေရာကနေ ဖူဂျီတောင်ကို လှလှပပ တွေ့နိုင်လဲ ဆိုတာကိုဖော်ပြသွားပါ့မယ်။

မာတိကာ

ဖူဂျီတောင်ဘယ်နေရာမှာရှိလဲ

အရမ်းနာမည်ကြီးပြီး လှပတဲ့ ဖူဂျီတောင်က ဘယ်နေရာမှာရှိတာလဲ? ဂျပန်နိုင်ငံရဲ့ အလယ်ပိုင်းမှာရှိပါတယ်။ အတိအကျပြောရရင်တော့ ဂျပန်နိုင်ငံရဲ့ အလယ်ပိုင်းက Shizuoka ခရိုင်နဲ့ Yamanashiခရိုင်ရဲ့ နယ်နိမိတ် ကြားမှာတည်ရှိပါတယ်။ ဘယ် ခရိုင်လဲ ဆိုတာ အတိအကျ မပြောနိုင်လို့ ဒီခရိုင် ၂ ခု ကြားမှာရှိတယ်လို့မှတ်ထားရင်လုံလောက်ပါတယ်။ ဒါကြောင့် ဒီခရိုင် ၂ ခု က နေရာတွေက‌နေ ဖူဂျီတောင်ကြီးကို မြင်တွေ့ရလေ့ရှိပါတယ်။ ဒါဆို ဖူဂျီတောင် မြင်ရလေ့ရှိတဲ့ နေရာတွေကို အောက်မှာ စုစည်းပြီး‌ဖော်ပြသွားပါ့မယ်။ 

Fujimichi, Honchou Street

ပထမ ဆုံးဖော်ပြချင်တဲ့ နေရာလေးကတော့ ခရီးသွားတွေကြားထဲမှာလဲ နာမည်ကြီးတဲ့Fujimichi, Honchou Street ပဲဖြစ်ပါတယ်။ ဒီနေရာလေးက တော့ ‌ရှေးဟောင်းဆန်ဆန် လမ်းလေးနဲ့ ဖူဂျီ တောင် နဲ့ တွဲပြီးတော့ တွေ့မြင်ရနိုင်တဲ့ နေရာလေးဖြစ်ပါတယ်။ ဖူဂျီတောင်ကြီးကို ချစ်မြတ်နိုးတဲ့သူတွေအနေနဲ့တော့လုံးဝသွားရောက်သင့်တဲ့နေရာဖြစ်ပါတယ်။ 

ဒီနေရာလေးကလဲ  Yamanashiခရိုင်မှာရှိတဲ့နေရာလေးပဲဖြစ်ပါတယ်။ 

လမ်းလေးတလျှောက်လုံး မီးတိုင်လေးတွေ၊ စျေးဆိုင်လေးတွေနဲ့ တော်တော် လှပပါတယ်။ ဒီလို လမ်းမ တန်းကနေ ဖူဂျီတောင် ကြီးကို မိုးမိုးမောက်မောက် မြင်တေါနိုင်ပါတယ်။ ဒီမြင်ကွင်းတွေဟာ Instagram တို့လိုဆိုရှယ် မီဒီယာတွေမှာ လဲ အရမ်းနာမည်ကြီးပါတယ်။ 

ဒီမြင်ကွင်းကို ဓာတ်ဖမ်းဖို့အတွက် လာတဲ့ ခရီးသွားတွေလဲ အရမ်းများလာပါတယ်။ 

Agurayamasengen ပန်းခြံ 

နောက်ထပ် တနေရာကတော့ ဂျပန်လို့ပြောလိုက်တာနဲ့ ချက်ချင်း ခေါင်းထဲမှာပေါ်လာမယ့် မြင်ကွင်းလေးဖြစ်ပါတယ်။ ဒီမြင်ကွင်းကိုတော့ ဂျပန်နိုင်ငံနဲ့ဆက်နွယ်နေတဲ့ ကြော်ညာတွေမှာ ခဏခဏ တွေ့မြင်နိုင်တဲ့ မြင်ကွင်းမျိုးပါ။ နေရာကတော့ Yamanashiခရိုင်ဖြစ်ပါတယ်။ Reichutouနဲ့ ဖူဂျီတောင် ကို လိုက်ဖက် ညီ ညီ တွေ့မြင်နိုင်မှာပါတယ်။ ဒီပန်းခြံအတွင်းမှာလဲ ဆာကူရာ အပင်ပေါင်း ၆၅၀ ခန့်ရှိပြီး ပန်းပွင့်ချိန်ဆို ဆာကူရာပန်းပင်တွေနဲ့ ဝေဆာလို့နေပါတယ်။ ဧပြီလ လယ်လောက်ဆို ဆာကူရာပန်းတွေ ဝေဆာ ပွင့်တာမို့ ဆာကူရာ ပန်းရော ဖူဂျီတောင်ကိုပါ တခါတည်း ကြည့်ချင်ရင်တော့ အဲဒီအချိန်မှာသွားတာ ကောင်းပါတယ်။ 

Nouson ပန်းခြံ 

နောက်တစ်ခု မိတ်ဆက်ပေးမယ့် နေရာလေးကတော့ Nouson ပန်းခြံ ဆိုတဲ့ ပန်းခြံ လေးဖြစ်ပါတယ်။ ပန်းခြံလေးကတော့ Yamanashiခရိုင်မှာ ရှိတဲ့ ပန်းခြံလေးဖြစ်ပါတယ်။ ဖူဂျီတောင်ကြီးကို ရှင်းရှင်းလင်းလင်းနဲ့ ကြည်လင်ပြတ်သားစွာတွေ့မြင်နိုင်ပါတယ်။ နောက်ပြီး လယ်ခင်းယာခင်းတွေနဲ့ ပြည့်နှက်နေပြီး လုံးဝ သဘာဝ တရားကြီးကို အပြည့်အဝ ခံစားနိုင်မှာပါ။ နောက်ပြီး ရေအိုင်သေးသေးလေးလဲရှိတာမို့ ရေအိုင်ထဲမှာပေါ် နေတဲ့ ဖူဂျီတောင် ကိုလဲ လှလှပပတွေ့မြင်နိုင်ပါတယ်။ လယ်ကွက်တွေထဲမှာ အရိပ် ထင်နေတဲ့ ဖူဂျီတောင် ကိုလဲ တွေ့မြင်နိုင်ပါသေးတယ်။ 

Kanadori Gate 

Fujiyoshida မြို့ရဲ့ အမှတ်အသားလို့ပြောလို့ရတဲ့ Kanadori Gate ကတော့ ‌ရှေးယခင်တုန်းက ဖူဂျိတောင်ကိုကိုးကွယ်တဲ့ အလေ့အထရှိပြီး အဲဒီအချိန်ိတုန်းကတော့ ဖူဂျီတောင်ရဲ့ ဝင်ပေါက် အနေနဲ့ လူသိများကြတယ်လို့ဆိုကြပါတယ်။ ဒီဝင်ပေါက် ကနေတဆင့်လဲ ဖူဂျီတောင် ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။ 

Kawaguchi ရေအိုင်

နောက်တစ်နေရာကတော့ Kawaguchi ရေအိုင် ပဲဖြစ်ပါတယ်။ ဒီရေအိုင်ကနေ ဖူဂျီတောင်ကြီးကို အတားအဆီးမရှိတွေ့မြင်နိုင်ပြီး ရေအိုင်မှာပေါ် နေတဲ့ ဖူဂျီတောင်ရဲ့ အရိပ်လေးကလဲ တော်တော် လေးကို လှပလွန်းလှပါတယ်။ နောက်ပြီး ရေအိုင်ရဲ့ ပတ်ပတ်လည်မှာတော့ တနှစ်ပတ်လုံး ရာသီအလိုက်ပန်းတွေ ပွင့်တာမို့ တနှစ်ပန်းလုံး သာယာလို့နေပါတယ်။ ရာသီအလိုက် ရှုခင်းအမျိုးမျိုးပြောင်းပြီး လှပနေတာ မို့ မိမိကြည့်ချင်တဲ မြင်ကွင်းကိုသေချာ ရွေးပြီး သေချာစုံစမ်းကြည့်ပြီး သွားဖို့အကြံပြုချင်ပါတယ်။

ရာသီအလိုက် ပန်းပွင့်ချိန်အချို့ကိုအောက်ပါ ဖော်ပြထားပါတယ်။ 

  • ဆာကူရာ - ဧပြီလ အစပိုင်းမှ လအလယ်အထိ

  • လာဗင်ဒါ - ဇွန်လ လယ်မှ လကုန်လောက် အထိ

  • ခိုခိအ - အောက်တိုဘာလအစ မှ လအလယ် အထိ

  • မေပယ်ရွက် - နိုဝင်ဘာလအစမှ လလယ်လောက်အထိ

Ashinoko ရေအိုင်

Hokone မှာရှိတဲ့ Ashinoko ရေအိုင်ကနေလဲဖူဂျိတောင် ကြီးကိုတွေ့ မြင်နိုင်ပါတယ်။ ရေပြင်အကျယ်ကြီးကနေအနောက်ခံအနေနဲ့ ဖူဂျိတောင်ကြီးကိုတွေ့မြင်နိုင်ပါတယ်။ ရာသီဥတု ကောင်းတဲ့နေ့ဆို ဖူဂျီတောင်ကြီးကို လှလှပပတွေ့မြင်နိုင်ပါတယ်။ ရေကန်ကို သင်္ဘောစီးပြီးလဲ ပတ်လို့ရပါသေးတယ်။ တကယ်လို့ Hakone ရောက်ရင် ထိပ်ဆုံးကနေ သွားသင့်တဲ့နေရာလဲဖြစ်ပါတယ်။ 

တိုကျိုမြို့တွင်းက ဖူဂျီတောင် တွေ့နိုင်တဲ့နေရာများ

အပေါ်ကနေရာတွေကတော့  Shizuoka ခရိုင်နဲ့ Yamanashiခရိုင်အထိသွားမှ တွေ့မြ်ငနိုင်တဲ့နေရာတွေဖြစ်ပါတယ်။တကယ်တော့ တိုကျိုကနေလဲ ဖူဂျီ တောင်ကိုတွေ့မြင်နိုင်တဲ့နေရာတွေ ရှိပါတယ်။ တိုကျိုက ဘယ်နေရာတွေဆို ဖူဂျီတောင်ကိုတွေ့နိုင်မလဲ ကြည့်ကြည့်ကြရအောင်။

Shibuya Sky

 တိုကျိုက ထပ်မြင့်အဆောက်အအုံတွေမျးမို့ အရမ်းမြင့်တဲ့ အဆောက်အအုံတေအထိ တက်ရင် ဖူဂျီတောင် ကို တွေ့နိုင်ပါတယ်။ ၂၀၁၉ ခုနှစ် မှာ စတင်ဖွင့်လှစ်ထားတဲ့ Shibuya Scramble Square အဆောက်အအုံရဲ့ ခေါင်မိုးကနေပြီးတော့ ဖူဂျီ တောင် ကြီးကိုတွေ့မြင်နိုင်ပါတယ်။ နည်းနည်း ဝေးတော့ အရမ်းတော့ ထင်ထင်ရှားရှားမတွေ့နိုင်ပါဘူး။ 

တိုကျို မြို့တော်ရုံး

ရှင်းဂျူကု မှာရှိတဲ့ တိုကျို မြို့တော်ရုံးရဲ့ အဝေးကြည့်မှန်ပြောင်းကနေလဲ ဖူဂျီတောင်ကို တွေ့မြင်နိုင်ပါတယ်။ အဆောက်အုံအတွင်းမှာဆိုရင် ကော်ဖီဆိုင်လဲရှိတာမို့ ဖူးဂျီတောင် ကိုကြည့်ရင်းအေးအေး‌ဆေးဆေး ထိုင်လို့ရပါတယ်။

Roppongi Hills

တိုကျိုမှာတော့ ထပ်မြင့် အဆောက်အုံတွေအများကြီးရှိပါတယ်။ အဲလို အဆောက်အအုံတွေထဲက မှRoppongi Hillsအဆောက်အအုံ ကနေလဲ ဖူဂျီတောင်ကိုတွေ့မြင်နိုင်ပါတယ်။ အထပ်ပေါက်း ၅၂ ထပ်ရှိပြီး အပေါ်ဆုံးထပ်ကနေပြိးတော့တိုကျိုတခွင်ကို တွေ့မြင်နိုင်ပြီး ဖူဂျိတောင်ကိုလဲ လှမ်းမြင်နိုင်ပါတယ်။

Tokyo Skytree 

Tokyo Skytree က ဂျပန်မှာအမြင့်ဆုံးတာဝါ တစ်ခုပါ။ တာဝါ ပေါ်ကနေပြီးတော့ ဂျပန်နိုင်ငံ အရှေ့ဘက် ခြမ်း တခွင်ကိုလဲမြင်တွေနိုင်ပါတယ်။ ရာသီဥတုကောင်းရင်ဖူဂျီ တောင်ကိုလဲတွေ့မြင်နိုငတယ်။ တခါတလေ မြုတွေဆိုင်းတဲ့နေ့ရက်တွေဆိုရင် မြုတွေ နဲ့ ဖူဂျိတောင်ကြီးကို တွဲပြီး လှလှပပတွေ့မြင်နိုင်ပါတယ်။

Haneda လေဆိပ်

Haneda လေဆိပ်ကလဲ ဖူဂျီတောင် မြင် တွေ့နိုင်နဲ့ နေရာတစ်ခုပါ။ ဓာတ်ပုံရိုက်တဲ့သူတွေကြားမှာလဲနာမည်ကြီးပြိးလေယာဥ်နဲ့ ဖူဂျီ တောင်ကိုတွဲ ပြီးမြင်တွေ့နိုင်မယ့် ကြီးမားတဲ့ အခွင့်ရေး တရပ်ဖြစ်ပါတယ်? 

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင် ဖြစ်တဲ့ ဖူဂျီတောင်ကို ဘယ်လိုနေရာတွေ ကနေ တွေ့နိုင်မလဲ ဆိုတာ ကိုဖော်ပြပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံကိုရောက်လို့ ဖူဂျိတောင် ကြည့်ချင်ရင် ဒီ ဆောင်းပါးမှာဖော်ပြခဲ့တဲ့ နေရာလေးတွေကိုမမေ့နဲ့နော်။


 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ တည်းခိုရာနေရာ/ ဖူဂျီတောင် ကို ဘယ်နေရာကနေ မြင်နိုင်လဲ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ