တိုကျိုအကြောင်းမိတ်ဆက်ခြင်း(Shibuya, Shinjuku, Akihabara, Odaiba,Meiji Shrine, Tokyo Sky Tree, Famous places in Tokyo, Japan)

တိုကျိုမြို့သည်အရမ်းစည်းကားသောမြို့တမြို့ဖြစ်ပြီး၊စီးပွားရေး၊ဆက်သွယ်ရေး၊ပို့ဆေင်ရေးအမျိုးမျိုးသောဖွဲ့ဖြိုးတိုးတက်မှုများနှင့်ပြည့်စုံနေသောမြို့တမြို့ဖြစ်သည်။လည်ပတ်စရာနေရာများစွာရှိပြီး၊နည်းပညာမြင့်မားသောနိုင်ငံဖြစ်သည်။စည်းကမ်းရှိပြီး၊လေ့လာစရာများနှင့်ပြည့်နှက်နေသည်။အချိန်ကိုလေးစားပြီး၊ရှေးဟောင်းအမွေအနှစ်တွေနဲ့များစွာရှိပါတယ်။

Shibuya (ရှိဘုရ)

ရှိဘုရသည် လူငယ်များအများဆုံးလာရောက်သည့်နေရာဖြစ်ပြီး ယနေ့ခေတ်လူငယ်များ၏ဖက်ရှင်နှင့်ယဉ်ကျေးမှုကို တွေ့မြင်နိုင်မည့်နေရာဖြစ်သည်။ ဂျပန်နိုင်ငံ၏ ခေတ်ရေစီးကြောင်းအလိုက် ဖက်ရှင်နှင့် ဖျော်ဖြေရေးများ ပေါ်ထွက်ရာ နေရာလည်းဖြစ်သည်။ ရှိဘုရဘူတာရုံနားတွင် နာမည်ကြီးခွေးရုပ်ကလေး (Hachiko)ဟချီကို ရဲ့အထိမ်းအမှတ်ရုပ်တုကို တွေ့မြင်နိုင်သည်။

Akihabara (အခိဟဘရ)

Akihabara သည် တိုကျို၏မြို့လယ်တွင်ရှိပြီး အီလက်ထရွန်းနစ်ပစ္စည်းမျိုးစုံ ဝယ်ယူရရှိနိုင်သည့်နေရာအဖြစ် ထင်ရှားကျော်ကြားပါသည်။ Akihabara ရဲ့စျေးတန်းလေးတွေမှာတော့ သူတို့ဆိုင်တွေမှာဝယ်ယူဖို့ ခေါ်ဆောင်နေတဲ့ စိတ်ဝင်စားဖွယ် အဝတ်အစားများဝတ်ဆင်ထားသူများကို လည်းမြင်တွေ့ရမှာဖြစ်ပါသည်။ နောက်ဆုံးပေါ်ပစ္စည်းများမှစပြီး တပတ်ရစ်ပစ္စည်းများအထိ အမျိုးအစားစုံလင်လှသော လျှပ်စစ်ပစ္စည်းများကို ဝယ်ယူနိုင်မှာဖြစ်ပါသည်။

Meiji Shrine (မေဂျီဘုရားကျောင်း)

မေဂျီဘုရားကျောင်းသည် ၁၉၂ဝခုနှစ်ဝန်းကျင်က မေဂျီဧကရာဇ်နှင့် သူ၏ကြင်ယာတော်တို့၏ဝိညာဉ်အား ရည်စူးပြီး တည်ဆောက်ထားသည့်နတ်ကွန်းဖြစ်ပါသည်။ တိုးတက်သည့် လျှပ်စစ်မြို့တော်ကြီးအတွင်းတွင် တည်ရှိသည့် သစ်တောများစိမ်းစိုစွာနှင့်တည်ရှိပြီး ရိုးရာမင်္ဂလာပွဲများလည်းကျင်းပလေ့ရှိသော မေဂျီဘုရားကျောင်းသည် လမ်းလျှောက်အပန်းဖြေရန်အတွက်လည်း သင့်တော်လှပါသည်။ မေဂျီဘုရားကျောင်းသည် ဂျပန်တစ်နိုင်ငံလုံးတွင် လာရောက်သူအများဆုံးနတ်ကွန်းဖြစ်သည်။ နှစ်စဉ် နှစ်သစ်ကူးအချိန်အခါတွင် လူပေါင်းသုံးသန်းခန့် လာရောက်ဆုတောင်းကြပါသည်။ 

Tokyo Sky Tree(မိုးမျှော်စင်)

Tokyo,Sumidakuရှိပြီး၊အမြင့်ပေ၆၃၄မီတာရှိပြီး၊တစ်မြို့လုံးရှုခင်းတွေကိုမြင်ရပြီး၊အရမ်းလှပတဲ့မိုးမျှော်စင်ဖြစ်ပါတယ်။နိုင်ငံခြားသားအများအပြားလာရောက်ပြီး၊ကမ္ဘာပေါ်မှာရှိတဲ့မျှော်စင်တွေကတစ်ခုဖြစ်ပါတယ်။တာဝါမျှော်စင်နဲ့တဆက်တည်းမှာစားသောက်ဆိုင်များစွာရှိပြီး၊ဘူတနဲ့နီးနီးကပ်ကပ်ရှိတဲ့အတွက်သွားရလာရအဆင်ပြေပါတယ်။

Shinjuku (ရှင်ဂျု့ကု)

တိုကျိုမြို့၏(၃၂)ရပ်ကွက်အတွင်း တစ်ခုအပါအဝင်ဖြစ်ပြီး ရှင်ဂျု့ကုဘူတာတစ်ဝိုက်တွင် ကြီးမားသော ဖျော်ဖြေရေးများ၊ စီးပွားရေးလုပ်ငန်းများနှင့် စျေးဝယ်စင်တာများ အများအပြားရှိပါသည်။ ရှင်ဂျု့ကုဘူတာသည် နေ့စဉ်ခရီးသည် နှစ်သန်းကျော် အသုံးပြုလျက်ရှိသော ကမ႓ာ့အလုပ်အများဆုံးဘူတာရုံဖြစ်ပါသည်။ ထို့ပြင် ဘူတာမှ ၅မိနစ်အကွာအဝေးတွင် ဂျပန်နိုင်ငံ၏ အကြီးဆုံးနှင့် နာမည်အကြီးဆုံးဖြစ်သည့် ရှင်ဂျု့ကုဂိုအန် (Shinjuku Gyoen Park)ပန်းခြံလည်းရှိပါသည်။

Odaiba(အိုဒိုင်းဘ)

လျှောက်လည်စရာများပြားပြီး၊စျေးဝယ်စရာကုန်တိုက်များနှင့်ကုန်တိုက်များထဲမှကလေးကစားစရာကစားကွင်းများရှိတဲ့အတွက်လူငယ်များနှင့်မိသားစုများပါအသွားများသောနေရာဖြစ်ပါတယ်။မြစ်ကိုဖြတ်ပြီးဆောက်ထားတဲ့တံထားနှင့်မီးရထားများကဂျပန်နိုင်ငံရဲ့နည်းပညာမြင့်မားတာကိုပြသနေပါတယ်။နိုင်ငံခြားသားအများအပြားလာရောက်လည်ပတ်ပြီးလှပပြီးသွားရောက်သင့်တဲ့နေရာဖြစ်ပါတယ်။

ဂျပန်ခရီးသွားမယ်ဆိုရင်သိထားသင့်သောအရာများ(Japan Travel)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ တိုကျိုအကြောင်းမိတ်ဆက်ခြင်း(Shibuya, Shinjuku, Akihabara, Odaiba,Meiji Shrine, Tokyo Sky Tree, Famous places in Tokyo, Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ