ဂျပန်မှာသာတွေ့နိုင်သောထူးခြားသည့်ပွဲ၊အခမ်းအနားများအကြောင်း(၁)(Hinamatsuri, Sakura, Furisode, Japanese culture)

ဂျပန်နိုင်ငံမှာသာ ထူးထူးခြားခြားတွေ့နိုင်သော စိတ်ဝင်စားဖွယ်ပွဲ၊အခမ်းအနားများ အကြောင်းမိတ်ဆက်ပေးလိုက်ပါတယ်။ ရာသီအလိုက်ပွဲ၊ အခမ်းအနားများစွာရှိပြီး၊ ပျော်ရွင်စရာကောင်းတဲ့ပွဲတော်များဖြစ်ပါတယ်။ ဂျပန်လူများသည် ပွဲလမ်းသဘင်၊ အခမ်းအနားများကိုကြိုက်နှစ်သက်ကြပြီး၊ ယင်းပွဲလမ်းသဘင်၊ အခမ်းအနားသည်လည်း အဓိပ္ပာယ်များစွာဖြင့် ကျင်းပတတ်ကြပါသည်။

ဟိန မိန်းကလေးများပွဲတော်

အရုပ်ပွဲတော်လို့လည်း သိကြပြီး နှစ်စဉ်နှစ်တိုင်း မတ်လ(၃)ရက်နေ့မှာ ကျင်းပလေ့ရှိကြပါတယ်။ ထိုမိန်းကလေးပွဲတော်ဟာဆိုရင် ဂျပန်မှာရှိတဲ့ မိန်းမပျိုလေးများရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်စိတ်ချမ်းသာစေရန်၊အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေရန် ဆုတောင်းပွဲအနေနဲ့ ကျင်းပပြုလုပ်တဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ သမီးမိန်းကလေးများမွေးထားတဲ့ မိသားစုများဟာ မိမိတို့အိမ်တွင် Hina အရုပ်လေးများကိုအလှဆင်ရင်း လှပပြီး အရသာရှိတဲ့ အထူးစားသောက်ဖွယ်ရာများကို Hina အရုပ်လေးများအား လှူဒါန်းပူဇော်ကာ Hina ပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။ဟိနပွဲတော်သည် တရုတ်ရှေးဟောင်းရိုးရာယဉ်ကျေးမှုမှဆင်းသက်လာခဲ့ပြီး မိမိတို့ခန္ဓာကိုယ်မှ မသန့်ရှင်းတဲ့ အကုသိုလ်များနှင့် ကံမကောင်းခြင်းများက Hina အရုပ်သို့ ကူးပြောင်းသွားသည်ဟု ယူဆကာ ထို Hinaအရုပ်များကို မြစ်ထဲသို့ လွှတ်ပစ်လိုက်ခြင်းဖြင့် မိမိ၏ကံမကောင်းခြင်းများလည်း အရုပ်နှင့်အတူ မြစ်ထဲပါသွားသည်ဟု လက်ခံထားကြတာပဲဖြစ်ပါတယ်။

ချယ်ရီပန်းကြည့်ပွဲ

ချယ်ရီပန်းတွေကတော့ ၃လပိုင်းကုန်ခါနီးလေးလပိုင်းကနေပွင့်ကြပြီး ဂျပန်လူမျိုးတိုင်း တန်ဖိုးထားတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ မိသားစုများလည်းချယ်ချီပန်းကြည့်ဖို့သီးသန့်သွားကြပြီး ကုမ္မဏီဝန်ထမ်းများကလည်း မိမိတို့အဖွဲ့နဲ့အတူချယ်ချီပန်းရှိသောနေများမှာနေရာယူပြီး စားသောက်အပန်းဖြေကြပါတယ် ။ချယ်ရီပန်းအရောင်ကပန်းရောင်ဖြစ်ပြီး၊ ပွင့်နေသောလမ်းတစ်လျှောက်ကြည့်လိုက်ခြင်းအားဖြင့် စိတ်ထဲလန်းဆန်းစေပါတယ်။ ချယ်ရီပန်းပွင့်ချိန်က နိုင်ငံခြားသားခရီးသွားလည်ပတ်မှုအများဆုံးဖြစ်ပါတယ်။

အရွယ်ရောက်သူများနေ့အခမ်းအနား

 အသက်(၂၀)ပြည့်တဲ့လူငယ်များကို ရင့်ကျက်တဲ့အရွယ် ရောက်ပြီဖြစ်ကြောင်း အသိအမှတ်ပြု တဲ့အနေနဲ့ ကျင်းပပြုလုပ်ပေးတဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ဂျပန်မှာရှိတဲ့လူငယ်များဟာ အသက်(၂၀)ပြည့်ပြီဆိုတာနဲ့ (Seijin Shiki) အရွယ်ရောက်သူများပွဲတော် သို့ တက်ရောက်ခွင့်ရကြပြီ ဖြစ်ပြီး ခရိုင်အသီးသီးမှာရှိတဲ့ အစိုးရရုံးများက ဦးစီးကျင်းပပေးကာ မြို့တော်ခန်းမနဲ့ အားကစားခန်းမ အစရှိတဲ့နေရာတွေမှာ ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။ဂျပန်နိုင်ငံတွင် အရွယ်ရောက်သူများပွဲတော် တက်ရောက်ပြီးပါက လူကြီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းခံရကာ မဲပေးခွင့်ကိုလည်း ရရှိပြီဖြစ်ပါတယ်။ဒါ့အပြင် အသက်(၂၀)ပြည့်ပြီ ဖြစ်သောကြောင့် ဆေးလိပ်နဲ့ အရက်တို့ကိုလည်း တရားဝင်ဝယ်ယူနိုင်ပြီဖြစ်ပြီး တဖက်မှာလည်းလူကြီးတစ်ယောက်အနေနှင့် တာဝန်ယူရမှုတွေလည်း ရှိလာမှာကတော့ အသေအချာပါပဲ။ ဥပမာအားဖြင့် သတင်းစာတွေမှာ အသက်(၂၀) မပြည့်ဘဲ ပြစ်မှုကျူးလွန်ထားပါက “လူငယ် A”ဆိုပြီး နာမည်ဖျောက်ပြီး သတင်းရေးသားလေ့ရှိကြပေမဲ့ အသက်(၂၀)ပြည့်ပြီး ပါက အမည်ပါထည့်သွင်းရေးသားခြင်းခံရတော့မှာ ဖြစ်ပါတယ်။

ဂျပန် ရု​ပ်​​သေးရုပ်နဲ့ပတ်သက်ပြီး(Japanese theatre)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်မှာသာတွေ့နိုင်သောထူးခြားသည့်ပွဲ၊အခမ်းအနားများအကြောင်း(၁)(Hinamatsuri, Sakura, Furisode, Japanese culture)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ