ဂျပန်မှာအလုပ်လုပ်မယ်ဆိုရင် လစာဘယ်လောက်ရနိုင်မလဲ(Full-time employee, Japanese salary)

လူမှုအဆင့်အတန်းမြင့်မားသော ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန်မှာ အာရှတိုက်ရှိ များစွာသောလူများ၏အိပ်မက်တစ်ခုဖြစ်သည်။ ယခုနှစ်ပိုင်းတွင်လည်း မြန်မာနိုင်ငံသားများအကြားတွင် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ရန် စိတ်ဝင်စားမှုနှုန်းအလွန်မြင့်မားနေပြီး ဂျပန်စာလေ့လာသူများလည်း တစ်နေ့တခြား များပြားလာလျက်ရှိနေပါသည်။ ထို့ကြောင့် သင်ဂျပန်နိုင်ငံမှာသွားရောက်အလုပ်လုပ်မယ်ဆိုရင် လစာဘယ်လောက်ရနိုင်မလဲဆိုတာကို အကြမ်းဖျင်းရှင်းပြပေးချင်ပါသည်။

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

အမြဲတမ်းဝန်ထမ်း

ဂျပန်နိုင်ငံတွင် တက္ကသိုလ်ကျောင်းဆင်းတစ်ယောက်၏လစာမှာ အနည်းဆုံး သောင်း ၂၀ ခန့်မှစတင်လေ့ရှိပြီး၊ အချိန်ပိုကြေး၊ ခရီးစရိတ်နှင့် အခြားသောစရိတ်များသပ်သပ်ပေးလေ့ရှိသောကြောင့် ကုမ္ပဏီကြီးလျှင် ကြီးသလို လစာပိုမြင့်နိုင်ပါသည်။ သို့သော် ကောလိပ်ကျောင်းဆင်းများဖြစ်ပါက လစာ အနည်းငယ်နိမ့်တတ်ပြီး၊ တိုကျို၊ အိုဆာကာ မဟုတ်သော အခြားနယ်မြို့များတွင် အလုပ်ဝင်မည်ဆိုပါက အနည်းငယ်လျော့နည်းတတ်ပါသည်။ မြန်မာပြည်မှ အင်ဂျင်နီယာကျောင်းဆင်းများလည်း ဂျပန်နိုင်ငံရှိကုမ္ပဏီများတွင် လာရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက အထက်ပါ လစာရနိုင်ပါသည်။ သို့သော်လည်း ဂျပန်နိုင်ငံတွင် ကျောင်းပြီး၍အလုပ်ဝင်သော ဂျပန်စာပိုမိုကျွမ်းကျင်သူဖြစ်ပါက လစာပိုမိုများ၍ ရာထူးတိုး၊လစာတိုးမြန်တတ်ပါသည်။ 

စာချုပ်ဝန်ထမ်း

စာချုပ်ဝန်ထမ်းတွင် အမျိုးအစား ၂မျိုးရှိပြီး လပေးစနစ်ဖြင့် စာချုပ်ဝန်ထမ်းနှင့် နာရီပေးစနစ်ဖြင့် စာချုပ်ဝန်ထမ်းဖြစ်ပါသည်။ လပေးစနစ်စာချုပ်ဝန်ထမ်းမှာ အမြဲတမ်းဝန်ထမ်းနှင့် လစာအတူတူလောက်ရရှိသော်လည်း ဘောနပ်ခံစားခွင့် နှင့် အခြားသောခံစားခွင့်များမရရှိတတ်ပဲ၊ တစ်နှစ်စီစာချုပ်ချုပ်ဆိုတတ်သောကြောင့် စာချုပ်သက်တမ်းပြီးဆုံးလျှင်ဖြစ်စေ၊ သက်တမ်းထပ်မတိုးတော့လျှင်ဖြစ်စေ အလုပ်ဆုံးရှုံးရတတ်ပါတယ်။ နာရီပေးစနစ် စာချုပ်ဝန်ထမ်းဆိုသည်မှာ အချိန်ပိုင်းဝန်ထမ်းနှင့် ပုံစံတူပြီး မိမိအလုပ်လုပ်သောအချိန်အလိုက် လစာရရှိမည်ဖြစ်ပါသည်။

အချိန်ပိုင်းဝန်ထမ်း

အချိန်ပိုင်းအလုပ်အား arubaito ဟုခေါ်ပြီး အနည်းဆုံး တစ်နာရီလုပ်အားခ ၇၇၀ ယန်း မှ ၁၀၁၃ ယန်းအထိရှိရမည်ဟု ဂျပန်နိုင်ငံရှိ အလုပ်သမားရေးရာဝန်ကြီးဌာနများမှ သတ်မှတ်ထားပါသည်။ ထို့ကြောင့် မိမိအလုပ်လုပ်နိုင်သောအချိန်ပေါ်မူတည်၍ လစာရရှိနိုင်သောကြောင့် ပေါ့ပါးပြီး လူကြိုက်များသည်။ နိုင်ငံခြားမှ ကျောင်းလာတက်သောသော ကျောင်းသား/သူများမှာ ကျောင်းဖွင့်ချိန်တွင် တစ်ပတ် ၂၈ နာရီအထိ လုပ်ခွင့်ရမည်ဖြစ်ပြီး နွေရာသီနှင့် ဆောင်းရာသီပိတ်ရက်ရှည်များတွင် တစ်ပတ် နာရီ ၄၀ အထိလုပ်နိုင်ပါသည်။ ထို့ကြောင့် ဂျပန်နိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင်တော့ အမြဲတမ်းဝန်ထမ်း၊ စာချုပ်ဝန်ထမ်း၊ အချိန်ပိုင်းဝန်ထမ်း စသည်ဖြင့် အမျိုးအစားအမျိုးမျိုး ကွဲပြားခြားနားကြပါသည်။ အလုပ်ခန့်ပုံအမျိုးအစား၊ အလုပ်အမျိုးအစားများကိုလိုက်ပြီး လစာပေးပုံကွဲခြားသည့်အပြင် သက်ဆိုင်ရာမြို့ အလိုက်လည်း လစာအနည်းအများ ကွာတတ်ပါသည်။ 

ဂျပန်ရဲ့နှစ်ကုန်အခွန်စာရင်းရှင်းတမ်း年末調整(ねんまつちょうせい)(Japan tax)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ ကြိုသိထားသင့်သည့်လုပ်ငန်းခွင်ယဉ်ကျေးမှု (manners၊ လစာ၊ career)/ ဂျပန်မှာအလုပ်လုပ်မယ်ဆိုရင် လစာဘယ်လောက်ရနိုင်မလဲ(Full-time employee, Japanese salary)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ