ဂျပန်ရှိနေ့စဥ်နေထိုင်မှုဘဝအတွက် ကုန်ကျစရိတ်များ(Cost of living in Japan, groceries, rent, electricity bill, water bill and telephone bill)

အကယ်၍ သင်သည်ဂျပန်နိုင်ငံတွင်နေထိုင်ပြီး ကျောင်း(သို့) အလုပ်ဖြင့် သွားမည်ဆိုပါက ဂျပန်နိုင်ငံရှိနေ့စဥ်နေထိုင်မှုဘဝတွေမှာ ကုန်ကျနိုင်တဲ့ ပမာဏများကိုသိထားသင့်ပါတယ်။ တိုကျိုမြို့သည် ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံးမြို့များထဲတွင်တစ်ခုအပါအဝင်ဖြစ်သောကြောင့် တိုကျိုမြို့တွင်နေထိုင်မည်ဆိုပါက အခြားနယ်မြို့များထက် ကုန်ကျစရိတ်ပိုမိုများနိုင်ပါသည်။ တိုကျိုမြို့တွင်နေထိုင်ပါက အနည်းဆုံး ယန်း ၈သောင်း မှ ၁၀သောင်းအတွင်းရှိမှသာလျှင် နေထိုင်ရန်အဆင်ပြေနိုင်ပါလိမ့်မည်။

အိမ်စရိတ်

သင်၏တစ်လကုန်ကျစရိတ်တွင် နေစရာအတွက်အခန်းခသည် အမြင့်ဆုံးဖြစ်ပါလိမ့်မည်။ တိုကျိုမြို့ပေါ်တွင် တစ်ယောက်၊နှစ်ယောက်နေထိုင်နိုင်သောအခန်းမှာ အနည်းဆုံးယန်း ၆ သောင်းခန့်ရှိသောကြောင့် တိုကျိုမြို့ရှိ မြန်မာအများစုသည် သူငယ်ချင်းအချင်းချင်း မိတ်ဆွေအချင်းချင်း နေထိုင်ကြပါသည်။ ထိုသို့ ရှယ်ယာနေထိုင်ပါက တစ်လ ယန်း ၃သောင်းခွဲလောက်မှစ၍ ရေ၊ မီး၊ ဂတ်စ်၊ အင်တာနက်ဖိုး စသည့်တို့ကို အချိုးကျခွဲ၍ပေးဆောင်ရသောအခန်းများလည်းရှိပါသည်။ ထို့ကြောင့် နေထိုင်စရိတ်မှာ အသက်သာဆုံးဆိုပါက ၄သောင်းခန့်ဖြစ်ပါသည်။ 

တိုကျိုပြင်ပနှင့် အခြားနယ်မြို့များတွင် နေထိုင်စရိတ်မှာ အလွန်သက်သာပြီး တိုကျိုတွင်ပေးချေရသောနေထိုင်စရိတ်၏ထက်ဝက်ခန့် သက်သာပြီး အခန်းများအားကျယ်ဝန်းကြပါသည်။

စားစရိတ် 

အိမ်တွင် ကိုယ်တိုင်ချက်ပြုတ်မည်ဆိုပါက အစားအစာကိုချွေတာနိုင်ပါသည်။ ထို့သို ချက်ပြုတ်စားသောက်ပါက တစ်လ အနည်းဆုံး ယန်း ၃ သောင်းခန့်မှ မိမိချွေတာရင်ချွေတာသလို သက်သာနိုင်ပါသည်။ စားသောက်ဆိုင်များတွင်ဝယ်စားမည်ဆိုပါက ပိုမိုကုန်ကျနိုင်သောကြောင့် ပိုက်ဆံစုလိုသူများမှာ တတ်နိုင်သလောက်အိမ်တွင်သာချက်ပြုတ်စားသောက်သင့်ပါသည်။ 

ခရီးစရိတ်

ဂျပန်နိုင်ငံတွင်အလုပ်လုပ်ပါက အမြဲတမ်းဝန်ထမ်းဖြစ်စေ၊ အချိန်ပိုင်းဝန်ထမ်းဖြစ်စေ အိမ်မှ အလုပ်ထိသွားရာတွင် ကုန်ကျသောခရီးစရိတ်ဖြစ်သော ရထားခ၊ ဘတ်စ်ကားခများကို တွက်ချက်ပြီး အလုပ်ရှင်ဘက်က ပေးချေပါသည်။ ထို့ကြောင့် သင်အနေဖြင့် အားလပ်ရက် အပြင်ထွက်လည်ပါက ထိုရထားခ၊ ဘတ်စ်ကားခများကုန်ကျနိုင်ပြီး၊ ကျောင်းသားဖြစ်ပါက ကျောင်းမှ အိမ်အထိ ရထားခကုန်ကျနိုင်ပါသည်။ 

ကျန်းမာရေးအာမခံနှင့် အခွန်ငွေများ

အမြဲတမ်းဝန်ထမ်းများအတွက်မှာ လစဥ် ကျန်းမာရေးအာမခံနှင့် အခွန်အမျိုးမျိုးများအား မိမိလစာမှနှုတ်ပြီးဖြစ်၍ အထွေအထူးကုန်ကျလေ့မရှိသော်လည်း ကျောင်းသား/သူများနှင့် မှီခိုသူများမှာ မိမိတို့ အချိန်ပိုင်းအလုပ်မှ လစာဝင်ငွေပေါ်မူတည်ပြီး ပေးဆောင်ရပါမည်။ 

အခြားအထွေထွေအသုံးစရိတ်များ

ဖုန်းဘေလ်၊ အဝတ်အစားခ၊ မိန်းကလေးများဖြစ်ပါက အလှကုန်ပစ္စည်းဖိုး၊ ပိတ်ရက်အပြင်ထွက်လည်ပါက ဝင်ကြေးအမျိုးမျိုး ကုန်ကျနိုင်ပါသည်။ ထို့ကြောင့် နောက်ဆုံးပေါ်ပစ္စည်းပေါများသော၊ လည်ပတ်စရာ၊ လိုချင်စရာအလွန်များပြားသောဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်မည်ဆိုပါက မိမိချွေတာနိုင်မှ သာလျှင် စုဆောင်းမိနိုင်ပါသည်။ 

ဂျပန်မှာအိမ်ငှားတော့မယ်ဆိုရင်

ဂျပန်မှာနေထိုင်၊ အလုပ်လုပ်ကိုင်မယ်ဆိုရင် မဖြစ်မနေပေးရမည့်အခွန်များ
 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ဂျပန်နေထိုင်မှုဘဝတွင်လိုအပ်သောကုန်ကျစရိတ်/ ဂျပန်ရှိနေ့စဥ်နေထိုင်မှုဘဝအတွက် ကုန်ကျစရိတ်များ(Cost of living in Japan, groceries, rent, electricity bill, water bill and telephone bill)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ