ဂျပန်မှာပတ်စ်ပို့သက်တမ်း ဘယ်လိုတိုးရမလဲ(Passport Renewal, Myanmar Embassy in Japan)

ဂျပန်နိုင်ငံရှိမြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ကို သက်တမ်းမကုန်ခင် ၆လမှစတင်ပြီး မြန်မာသံရုံးမှာ သက်တမ်းတိုးလို့ရပါတယ်။ ဂျပန်နိုင်ငံရှိ မြန်မာသံရုံးသည် တိုကျိုမြို့ ရှိနာဂါဝ တွင်ရှိပါတယ်။ သံရုံးရဲ့ လိပ်စာအပြည့်အစုံကတော့ Shinagawa-ku, 4-8-26 Kita-Shinagawa, Tokyo ဖြစ်ပါတယ်။ 

ဗီဇာသက်တမ်းတိုးရန်

တိုကျိုမြို့တွင် နေထိုင်သူများက မိမိတို့ကိုယ်တိုင်သက်တမ်းသွားတိုးနိုင်ပြီး၊ အခြားသောမြို့များတွင် နေထိုင်သူများမှာ စာတိုက်မှတဆင့် လိုအပ်သောစာရွက်စာတမ်းနှင့် သက်တမ်းတိုးကြေးပေးဆောင်၍ သက်တမ်းတိုးလို့ရပါတယ်။ နယ်တွင်နေထိုင်သူများမှ ပတ်စ်ပို့သက်တမ်းတိုးရန် စာတိုက်မှ ပို့ရန်လိုအပ်သည်များကို အသေးစိတ်သိလိုပါက သံရုံးဖုန်းနံပါတ် 03-3441-9291 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ပတ်စ်ပို့သက်တမ်းတိုးချိန် ၁ ပတ်ခန့်သာကြာမြင့်သော်လည်း ပိတ်ရက်ရှည်များနှင့် အခြားအကြောင်းအရင်းများရှိပါက ၁ ပတ်ထက် ပိုမိုကြာမြင့်နိုင်ပါတယ်။ မြန်မာသံရုံးမှာ ကြားရက်များတွင်သာဖွင့်လေ့ရှိသောလည်း တစ်လတွင် တစ်ရက် စနေ သို့ တနင်္ဂနွေ ရုံးပိတ်ရက်တွင် နံနက် ၉:၀၀ နာရီမှ နေ့လည် ၁၂:၀၀ နာရီအထိ နေ့တစ်ဝက် ရုံးဖွင့်ပါတယ်။ ထို့ကြောင့် လကုန်ခါနီးရက်များတွင် မြန်မာသံရုံး Facebook မှ လာမည့်လအတွက် နေ့တစ်ဝက် ရုံးဖွင့်ရက်ကို ကြေညာပေးပါတယ်။ အသေးစိတ်သိလိုပါက မြန်မာသံရုံး Facebook တွင်ကြည့်ရှုနိုင်ပါတယ်။

ဗီဇာသက်တမ်းတိုးရန်လိုအပ်သောစာရွက်စာတမ်းနှင့် ငွေကြေး

ဂျပန်ရောက်မြန်မာများမှာ ကျောင်းသား/သူ၊ အလုပ်လုပ်ကိုင်နေသူ၊ မိသားစုလိုက်နေထိုင်သူ စသည့်နေထိုင်ခွင့်ပုံစံအမျိုးမျိုးဖြင့် နေထိုင်ကြသောကြောင့် လိုအပ်သောစာရွက်စာတမ်းများမှာ အနည်းငယ်ကွာခြားမှုရှိပါတယ်။ ပတ်စ်ပို့သက်တမ်းတိုးခြင်းသာမက အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ကိုင်ဆောင်ထားသော ပတ်စ်ပို့ပျောက်ဆုံးသူများလည်း လျှောက်ထားနိုင်ပါတယ်။ အောက်ဖော်ပြပါ လင့်ခ်မှတဆင့် မိမိတို့နှင့်ကိုက်ညီသော ခေါင်းစဥ်ဖြင့် လိုအပ်သောစာရွက်စာတမ်းများကိုရှာဖွေနိုင်ပါတယ်။

http://www.myanmar-embassy-tokyo.net/CS2016/ 

 ပတ်စ်ပို့သက်တမ်းတိုးကြေးမှာ ယန်း ၃၀၀၀ ပေးဆောင်ရပါမယ်။ 31.12.2011 မတိုင်မီ ဂျပန်ရောက်ရှိပါက မိမိ၏ ဝင်ငွေအနည်းအများအပေါ်မူတည်၍ အခွန်ပေးဆောင်ရန်လိုအပ်ပါတယ်။ အသေးစိတ်သိလိုပါက သံရုံးသို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပတ်စ်ပို့သက်တမ်းတိုးပြီးပါက 

ပတ်စ်ပို့သက်တမ်းတိုးပြီးပါက ပတ်စ်ပို့စာအုပ်အသစ်ရရှိမည်ဖြစ်ပြီး၊ မိမိတို့၏ ပတ်စ်ပို့နံပါတ်မှာလည်းအသစ်ပြောင်းသွားပါမည်။ မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့သက်တမ်းမှာ ၅နှစ်ဖြစ်သောကြောင့် သက်တမ်းတိုးလျှင်လည်း ၅နှစ်ရပါတယ်။

ဂျပန်ပြည်ပြန်ဝင်ခွင့်

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ