ဂျပန်နိုင်ငံရဲ့ နတ်ကွန်းများနဲ့ ဘုရားကျောင်းများနှင့် အလည်သွားတဲ့အချိန် သတိထားရမည့်အရာများ

ဂျပန်ကိုခရီးသွားတဲ့အချိန်မှာ နတ်ကွန်းတွေ ဘုရားကျောင်းတွေကိုအလည်အပတ်သွားချင်တဲ့သူတွေအတွက် မိတ်ဆက်ပေးပါ့မယ်။ ဂျပန်ရဲ့ နတ်ကွန်းနဲ့ ဘုရားကျောင်းက ဘယ်လိုအရာတွေ ကွာလဲ၊ အဲလိုနေရာတွေကို သွားရင် ဘယ်လိုအကြောင်းအရာတွေကိုလိုက်နာသင့်လဲ။ နောက်ပြီး ဘယ် ဘုရားကျောင်းတွေ၊ နတ်ကွန်းတွေက ဂျပန်နိုင်ငံရဲ့ နာမည်ကြီးလဲ ဆိုတဲ့အကြောင်းတွေကို တစုတစည်းတည်း ဒီဆောင်းပါးမှာ ဖော်ပြသွားပါ့မယ်။

မာတိကာ

ဂျပန်နိုင်ငံရဲ့ ဘုရားကျောင်းနဲ့ နတ်ကွန်း 

ဘုရားကျောင်းနဲ့ နတ်ကွန်း ဘယ်လိုကွာလဲဆိုတာ မသိတဲ့သူတွေ တော်တော် များပြားကြပါတယ်။ ဘုရားကျောင်းရော၊ နတ်ကွန်းရောက ဘာသာရေးအဆောက်အအုံတွေဖြစ်ကြပါတယ်။ ဘုရား‌ကျောင်းကတော့ ဂျပန်လိုဆို 寺(tera)လို့ခေါ်လေ့ရှိပြီး ဘုရား‌ကျောင်းတွေရဲ့ နာမည်အနောက်မှာ 〇〇ji, 〇〇in အစသဖြင့် ခေါ်လေ့ရှိကြပြီး ဗုဒ္ဓဘာသာအဆောက်အု့တွေ ဖြစ်ပါတယ်။

နတ်ကွန်းကတော့ ဂျပန်လိုဆိုရင် Jinja ဖြစ်ပြီး 〇〇Jinja, 〇〇Jingu, 〇〇Taisha အစသဖြင့် ခေါ် လေ့ရှိကြပါတယ်။ နတ်ကွန်းတွေကတော့ ဂျပန်နိုင်ငံရဲ့ ရှင်တိုဘာသာရေးအဆောက်အုံတွေဖြစ်ကြပါတယ်။

ဂျပန်လူမျိုးတွေအတွက် နတ်ကွန်းနဲ့ ဘုရားကျောင်းက ဘယ်လိုအရာတွေမျိုးလဲ 

ဂျပန်လူမျိူးတွေအတွက်တော့ နတ်ကွန်းနဲ့ ဘုရားကျောင်းဟာ ဘာသာ‌ရေးအတွက်ချည်းသီးသန့်မဟုတ်ပါဘူး။ လူနေမှု ဘဝ အတွက် အနီးကပ်မှာရှိနေတဲ့အရာတွေဖြစ်ပြီး ပွဲလမ်းသဘင်တွေကျင်းပရတဲ့နေရာဆိုလဲ မမှားပါဘူး။

  • ပွဲတော် ဂျပန်လူမျိူးတွေကပွဲတော်တွေကို နတ်ကွန်းတွေမှာလုပ်လေ့ရှိကြပါတယ်။ ပွဲတော်ရက်ရောက်တိုင်း နတ်ကွန်းမှာ ဆိုင်ခန်းတွေ ချပြီး ပွဲတော်ကိုကျင်းပတဲ့ အလေ့အထရှိပါတယ်။

  • လက်ထပ်ပွဲ နတ်ကွန်းမှာလဲ လက်ထပ်ပွဲကျင်းပလေ့ရှိသလို ဘုရားကျောင်းတွေမှာလဲ လက်ထပ်ပွဲ ကိုကျင်းပလေ့ရှိကြပါတယ်။ 

  • အသုဘ အခမ်းအနား ဂျပန်မှာတော့ အသုဘ အခမ်းအနားကို ခရစ်ယာန်ဘုရားကျောင်းမှာ ကျင်းပလေ့ရှိကြသလို၊ ‌ဗုဒ္ဓဘာသာဘုရားကျောင်းတွေမှာလဲ ကျင်းပလေ့ရှိကြပါတယ်။ 

  • နှစ်သစ်ကူးပွဲတော် ဂျပန်မှာတော့ နှစ်သက်ကူးပွဲတော် ကို ဘုရား‌‌ကျောင်းမှာ ရော ၊ နတ်ကွန်းမှာပါကျင်းပလေ့ရှိပါတယ်။ 

ဒီလိုမျိူး နတ်ကွန်းတွေ၊ ဘုရား‌‌ကျောင်းတွေဟာ ဂျပန်တွေရဲ့ နေ့စဥ်ဘဝ မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိနေလျက်ရှိပါတယ်။

ဂျပန်နိုင်ငံရဲ့ နာမည်ကြီးဘုရား‌ကျောင်းများ

Todaiji ဘုရားကျောင်း (နာရာမြို့)

ကိုးကွယ်ရာ ဗုဒ္ဓရုပ်ပွားတော်ထားရှိရာ အဓိကပင်မခန်းမအဖြစ် တည်ရှိသည်။ ပင်မခန်းမကို ဂျပန်လို Kondo, hondo, butsuden, amidado, hatto ဟုခေါ်သည်။ နရခေတ်ကတည်းကတည်ဆောက်ခဲ့ပါတယ်။ ဘုရား‌ကျောင်းရဲ့ အနီးတဝိုက်မှာလည်း  မင်များကလည်းသဘာဝအတိုင်းသွားလာနေမှုများဖြင့်နိုင်ငံခြားခရီးသွားများဖြင့်စည်းကားပါတယ်။နရမြို့ရဲ့နာမည်ကြီးနေရာတစ်ခုဖြစ်ပြီး၊ခရီးသွားဝန်ဆောင်မှုအတွက်လူကြိုက်များသောနေရာတစ်ခုဖြစ်ပါတယ်။ရာသီ တွေပြောင်းတိုင်း ပတ်ဝန်းကျင်လဲ ပြောင်းလဲ ပြီးလှပလျက်ရှိတဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဆောင်းဦးရာသီ မှာခရီးသွားတွေကိုပိုပြီးဆွဲဆောင်လေ့ရှိကြပါတယ်။ ဘုရားကျောင်းကြီးက သစ်သားနဲ့ ဆောာက်လုပ်ထားတာမို့ မီးဘေးဒဏ်ကို ၂ ကြိမ် သင်ပြီး ယနေ့ လက်ရှိဘုရား‌ကျောင်းကတော့ ၁၇၀၉ ခုနှစ်မှာ ပြန်လည်ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံရောက်ရင်သွား‌ရောက်ဖူးမြော်သင့်တဲ့ ဗုဒ္ဓရုပ်ပွားတော်များ အကြောင်းကိုတော့ ဒီနေရာ ကနေတဆင့် ဝင်ဖတ်နိုင်ပါတယ်။ 

Sensoji ဘုရားကျောင်း (တိုကျို)

နိုင်ငံခြားသားများနှင့်မြန်မာများသွားရောက်သောဘုရားကျောင်းဖြစ်ပါတယ်။အဲဒိုခေတ်ပြီးဆောက်လုပ်ထားတဲ့ဘုရားကျောင်းဖြစ်ပြီး၊ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းထားတဲ့နေရာဖြစ်ပါတယ်။ဘုရားကျောင်းအတွင်းသွားသောနေရာရှေးဟောင်းဂျပန်ရိုးရာပုံစံအမှတ်တရဆိုင်များ၊စားသောက်များစွာရှိပါတယ်။ဘုရားကျောင်းကြီးမှာလည်းကျယ်ဝန်းလှပြီး၊ရွှေရောင်ဘုရားဆင်တုတော်မှာလည်းသပ္ပာယ်လှပါတယ်။တိုကျိုထဲမှာတော်ရုံမတွေ့ရတဲ့ယဥ်ကျေးမှုပုံစံများကိုတွေ့မြင်ရမှာဖြစ်ပြီး၊လန်းချားလိုလူတွန်း စီးရတဲ့တွန်းလှည်းများလည်းတွေ့နိုင်ပါတယ်။ဘုရားကျောင်းဝင်းအတွင်းရာသီအလိုက်ပွဲတော်များစွာနဲ့လည်းပျော်ရွင်စရာကောင်းလှပါတယ်။

Kiyomizudera ဘုရားကျောင်း (ကျိုတို)

ကျိုတိုမြို့ကတော့ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်တွေ စုစည်းနေတဲ့နေရာတစ်ခုလဲ ဖြစ်ပါတယ်။ ရှေးဟောင်းယဥ်ကျေးမှုတွေ စုံလင်လှပြီး အေးဆေးတည်ငြိမ်လှတဲ့ အလှတရားနဲ့ ဘုရားကျောင်း နတ်ကွန်းပေါင်း များစွာနဲ့ ခရီးသွားတွေကိုဆွဲဆောင်နေလျက်ရှိပါတယ်။ ကျိုတို မြို့မှာရှိတဲ့ ဘုရားကျောင်းတွေ အများကြီးထဲကမှ နာမည်ကြီးတဲ့ Kiyomizudera ကတော့ နေ့စဥ်နဲ့အမျှ ခရီးသွားတွေနဲ့ စည်းကားလျက်ရှိပါတယ်။ နောက်ပြီး ရာသီမရွေး လှပနေပြီး မေပယ်ရွက်တွေအရောင်ပြောင်းတဲ့အချိန်နဲ့ ဆာကူရာပန်းတွေပွင့်ချိန်ရောက်ရင် ညဘက်အထိ မီးထွန်းပြီး ပြသ လေ့ရှိပါတယ်။ ဘုရားပူဇော်ထားရာ အဆောက်အုံကလဲ သစ်သားနဲ့ဆောင်လုပ်ထားပြီး လက်ရာ မြောက်လှပါတယ်။ စင်မြင့် ပုံစံရှိပြီး လှေကားနဲ့ အောက်အထိဆင်းပြီး အဆောက်အုံတစ်ခုလုံးကိုလည်း သေချာလေ့လာနိုင်ပါတယ်။ နောက်ပြီး ဘုရား‌ကျောင်းကလဲ တောင်ပေါ်မှာ ရှိပြီး ဘုရားကျောင်းရှိရာ တောင်ပေါ်ကို သွားတဲ့လမ်းဘေး ၂ ဖက်မှာ မုန့်ဆိုင်တန်းတွေနဲ့ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေ ရှိပါတယ်။ နောက်ပြီး Kiyomizudera ကတော့ ရှေးခေတ်က မိမိ လိုချင်ရာဆုတောင်းပြီးဘုရား‌ကျောင်းပေါ်ကနေ ခုန်ချလို့ အသက်ရှင်ရင် ဆုတောင်းပြည့်တယ် ဆိုပြီး ခုန်ချခဲ့တဲ့ သူတွေလဲ ရာနဲ့ချီပြီးရှိပါတယ်။ လက်ရှိမှာတော့ ဒီလိုအဖြစ်ပျက် မျိုးမရှိတော့ပါဘူး။ နောက်ပြီး Kiyomizudera ဟာယဥ်ကျေးမှု အမွေအနှစ်စာရင်းဝင် တစ်ခုဖြစ်လို့ လုံးဝ လည်ပတ်သင့်တဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ Kiyomizudera ရောက်ရင် Yuba Chese ကိုကျိန်း‌သေပေါက် စားခဲ့ပါနော်။

Byoudoin ဘုရားကျောင်း (ကျိုတို)

Byoudoin ဘုရားကျောင်းကတော့ ကျိုတိုမြို့မှာရှိတဲ့ ယူနက်စကိုစာရင်းဝင် နေရာတစ်ခုဖြစ်ပါတယ်။ ဒီဘုရားကျောင်းကတော့ ဂျပန်ရဲ့ ဟဲအန်းခေတ်မှာ ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းဖြစ်ပြီး ဂျပန်ပိုက်ဆံ ၁၀ ယန်းမှာတွေ့ရတဲ့ ဘုရားကျောင်းလဲဖြစ်ပါတယ်။ သမိုင်းကလဲ စိတ်ဝင်စားဖို့ကောင်းပြီး ‌ရေကန်အလယ်မှာရှိတဲ့ဘုရားကျောင်းကလဲ တော်တော် ကြည်ညိုဖွယ်ကောင်းပါတယ်။ ဘုရားကျောင်းရဲ့ အရိပ် က ရေအိုင်ထဲမှာ ပေါ် နေတဲ့အလှကိုလဲ ရင်သတ်ရှုမောဖွယ်တွေ့မြင်နိုင်ပါတယ်။ အချိန်အားဖြင့်တော့ မနက်ပိုင်း ၁၀ နာရီ လောက်သွားရင် အဆင်ပြေပါတယ်။ နီးနားပတ်ဝန်ကျင်ကလဲ ရှေးခေတ် အဆောက်အုံတွေနဲ့ပြည့်နှက်နေပြီး လမ်းလျှောက်ရတာ ပျော်ဖို့ကောင်းတဲ့ နေရာလေးလဲဖြစ်ပါတယ်။ 

Kinkakuji ဘုရားကျောင်း (ကျိုတို)

တိုကျိုမြို့ရဲ့ နာမည်ကြီးဘုရား‌ကျောင်းဖြစ်ပြီး ရွှေရောင် တလက်လက် တောက်ပနေတဲ့ ဘုရား‌ကျောင်းကိုရေကန်အလယ်မှာ ရင်သတ်ရှုမောဖွယ် တွေ့မြင်နိုင်ပါတယ်။ ဘုရား‌ကျောင်းအတွင်းကိုတော့ ဝင်လို့မရပါဘူး။ ဒီဘုရားကျောင်းကလဲ ယူနက်စကိုရဲ့ ယဥ်ကျေးမှူစာရင်းဝင်ဘုရားကျောင်းတစ်‌ကျောင်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ နာမည်ကြီး နတ်ကွန်းများ

Ise Jingu (မိအဲခရိုင် )

Ise Jingu ကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး နတ်ကွန်းတစ်ခုဖြစ်ပြီး ဂျပန်လူမျိုတွေရဲ့ နှလုံးသား လို့လို့ လဲ ခေါ် ကြပါတယ်။ အပြင်နတ်ကွန်းနဲ့ အတွင်းနတ်ကွန်းဆိုပြီး နှစ်ပိုင်းခွဲခြားထားပြီး ကျယ်ဝန်းလှပါတယ်။ ဒီနတ်ကွန်းမှာဆိုရင် သစ်တော ကြီးထဲဝင်ရောက်သလိူ အေးချမ်းလှပြီး တပတ် ပတ်ဖို့ တော်တော် ကြာမြင့်ပါတယ်။ တနှစ်ပတ်လုံး ရာသီအလိုက်ပွဲတော် တွေကျင်းပလျက်ရှိပါတယ်။ 

Ikutsujima နတ်ကွန်း (ဟိရိုရှီးမား)

ဂျပန်နိုင်ငံရဲ့ ခရီးသွားစီစဥ်တွေမှာ ခဏခဏ ပါဝင်လေ့ရှိတဲ့ ဒီနတ်ကွန်းကတော့ ‌ရေအလယ်မှာ နတ်ကွန်းရဲ့ ဂိတ်ကအထူးသဖြင့် ဆွဲဆောင်မှုရှိပါတယ်။ ဒီနတ်ကွန်းကတော့ ဟိရှိရိုးမားမှာရှိပါတယ်။ ယုနက်စကိုရြ့ အအမွေအနက်တစ်ခုလဲဖြစ်ပါတယ်။ 

Fushimiinaritaisha နတ်ကွန်း (ကျိုတို)

Fushimiinaritaisha ကတော့ကျိုတိုမြို့မှာရှိတဲ့ ခရိးသွားတွေကိုအဆွဲဆောင်နိုင်တဲ့‌နေရာတစ်ခုလဲဖြစ်ပါတယ်။ ဒီနတ်ကွန်းမှာတော့ နတ်ကွန်းကတောင်ခြေမှာရှိပြီး တောင်ထိပ်အထိကို နတ်ကွန်းရဲ့ ဂိတ်တွေနဲ့အတူ တက်နိုင်ပါတယ်။ တောင်ထပ် အထိရောက်ရင် ကျိုတို မြို့ကို အပေါ် စီးကကနေ မြင့် နိုင်ပါတယ်။ တင်ကြေးလဲမပေးရတဲ့အပြင် ၂၄ နာရီဝင်ထွက်နိုင်တာမို့ တော်တော် အဆင်ပြေတဲ့နေရာလည်းဖြစ်ပါတယ်။ 

မေဂျီနတ်ကွန်း (တိုကျို )

မေဂျီနတ်ကွန်းကတော့တိုကျိုမြို့ ရဲ့ အထင်ရှားဆုံး နတ်ကွန်းတစ်ခုဖြစ်ပါတယ်။ နှစ်သစ်ကူးမှာအလည်ပတ်များတဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။ နွေဦးရာသီနဲ့ ဆောင်းဦးရာသီ မှာ အလည်ပတ်တဲ့ သူတွေများပြားပါတယ်။ နတ်ကွန်းအတွင်းမှာတော့ ကျယ်ပြန့်ပြီး ထူထပ်လှတဲ့ တောကြီးလဲရှိလို့ စိမ်းလန်း စိုပြေတဲ့အတွက်ကြောင့်မို့လို့ သဘာဝ ကိုခံစားနိုင်တဲ့ နေရာအနေနဲ့လဲ ထင်ရှားပါတယ်။ 

ဒီနတ်ကွန်း နဲ့ ဘုရား‌ကျောင်းတွေကတော့ဂျပန်နိုင်ရဲ့ နာမည်ကြီးဘုရားကျောင်းနဲ့နတ်ကွန်းတွေဖြစ်ပြီး ဂျပန်ရောက်ရင် ကျန်းသေပေါက်သွားသင့်တဲ့ နေရာဖြစ်ပါတယ်။ 

ဘုရားကျောင်း နတ်ကွန်းတွေကိုအလည်သွားရင် ဘယ်အရာတွေကို လိုက်နာ သတိထားသင့်လဲ 

ဒါဆို ဘုရားကျောင်းနဲ့နတ်ကွန်းတွေကိုသွားလည်တဲ့အချိန်မှာ သိထားတဲ့သင့်တဲ့အချက်တွေကို ဖော်ပြပေးသွားပါ့မယ်။ 

သတ်မှတ်ထားတဲ့အသေးစိတ် အချက်အလက်တွေရှိပေမယ့် ဒီဆောင်းပါးမှာတော့ အရမ်းအသေးစိတ်မဟုတ်ဘဲ အခြေခံအချက်တွေကိုမျှဝေသွားပါမယ်။ 

ပုံမှန်အားဖြင့် ဘုရားကျောင်းနဲ့ နတ်ကွန်း နဲ့ကို သွားရောက်တဲ့အချိန်မှာ မတူညီတာကြောင့် နှစ်မျိုးခွဲ ပြီး ဖော်ပြသွားပါ့မယ်။

ဘုရားကျောင်း

ဘုရားကျောင်းကတော့ ဗုဒ္ဓဘာသာအဆောက်အအုံမို့လို့ မြန်မာနိုင်ငံက ဘုရားတွေကိုဖူးမြော်တဲ့ အချိန်မှာ လုပ်တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ရင် အဆင်ပြေနိုင်ပါတယ်။ သို့သော် တစ်ခုရှိတာက ဂျပန်နိုင်ငံရဲ့ ဘုရား‌ကျောင်းတွေမှာတော့ Chouzu လို့ခေါ် တဲ့ လက်ရဆေးတဲ့နေရာတွေရှိပါတယ်။ ပုံမှန်ဆို လက်ဆေးတဲ့နေရာတွေက နတ်ကွန်းတွေမှာ တွေ့ရလေ့ရှိတဲ့ အမျိုးအစားဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဘုရားမဖူးချင် အညစ်အကြေးတွေကို သန့်စင်ပြီးမှ ဘုရားကိုဖူးနိုင်ဖို့ ဖြစ်ပါတယ်။ အဆောက်အအုံထဲမဝင်ခင် နေရာမှာရှိတတ်ပြီး လက်နှစ်ဖက် ကိုသန့်စင်တာအပြင် ၊ ပလုတ်ပါကျင်းလေ့ရှိကြပါတယ်။ တချို့နေရာတွေမှာတော့ ကိုလိုနာကြောင့် အသုံးပြူခွင့် တားမြစ်ထားတဲ့နေရာတွေလဲရှိပါတယ်။ 

နတ်ကွန်း 

နတ်ကွန်းတွေမှာတော့ ဂိတ်တွေရှိပြီ ဒီဂိတ်တွေကနေ ဖြတ်ပြီး နတ်ကွန်း ပင်ပ အဆောက်အအုံရှိရာနေရာတွေ ကို တစ်ကြိမ် ဦးညွှတ်ရပါမယ်။ နောက်ပြီး ဘုရားကျောင်းနဲ့ နတ်ကွန်းတွေမှာတော့ ဝင်တဲ့အချိန်မှာ ဘေးဖက်ချက်က ဝင်ရမှာဖြစ်ပါတယ်။ အလယ် တည့်တည့်ကနေ ဝင်ရလို့မရပါဘူး။ ရေဆေးတဲ့နေရာမှာရေဆေးပြီး ပင်မ အဆောက်အအုံ ကိုသွားပြီးအလှုငွေထည့်ရပါမယ်။ အလှု‌‌‌‌ငွေကတော့ သတ်မှတ်ထားတာမျိုးမရှိကြပါဘူး။ အဆင်ပပြေသလောက်ထည့်လို့ရပါတယ်။ ငွေထည့်ပြီးရင်တော့ ခေါင်းလောင်းတီးပြီး နှစ်ကြိမ် ဦးညွှတ်ပါ။ နှစ်ကြိမ်ဦးညွှတ်ပြီးရင် လက်ခုပ် ၂ ကြိမ်တီးပါ။ ဆုတောင်းပြီး နောက် ၁ကြိမ် ဦးညွှတ်ပြီး ပြန်လို့ရပါတယ်။ ဒီနည်းကိုတော့ ၂ကြိမ် ဦးညွှတ် ၂ကြိမ် လက်ခုပ် ၁ကြိမ် ဦးညွှတ်လို့ပြောလို့ရှိကြပါတယ်။ ပြန်သွားတဲ့အချိန်မှာ နောက်ဆုံးတခေါက် ဂိတ်ပေါက်ဝကနေ တခေါက်ဦးညွှတ်ရပါမယ်။ ဒီနည်းလမ်းကတော့ ပုံမှန်တွေ့နေကျ နည်းလမ်း ဖြစ်ပါတယ်။ 

အကျဥ်းချုပ်

ဂျပန်နိုင်ငံမှာတော့ နတ်ကွန်းတွေ ဘုရားကျောင်းတွေနဲ့ပြည့်နှက်လျက်ရှိနေပြီး ဂျပန်နိုင်ငံရဲ့နာမည်ကြီးဘုရား‌ကျောင်း နတ်ကွန်းတွေကလဲ စိတ်ဝင်စားဖွယ်ရာနဲ့ပြည့်နှက်နေပါတယ်။ ဒီလိုနေရာတွေကတော့ သွားရောက်လည်ပတ်တဲ့အချိန်မှာ တချိုအရာတေါကို မသိထားရင် နည်းနည်း ကြောင်တောင်တောင် နိုင်ပါတယ်။ ဒါကြောင့် ဒီ‌ဆောင်းပါးမှာတော့ သွားရောက် လည်ပတ်တဲ့အချိန် သိထားသင့်တဲ့ အချက်တွေကိုပါ ဖော်ပြလိုက်ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဂျပန်နိုင်ငံရဲ့ နတ်ကွန်းများနဲ့ ဘုရားကျောင်းများနှင့် အလည်သွားတဲ့အချိန် သတိထားရမည့်အရာများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ