ဂျပန်သို့သွားရောက်လျှင်တက်တူးရှိသူများသိထားသင့်သည့်အချက်များ(How do Japanese think about tattoos?)

တက်တူးဆိုသည်မှာ မြန်မာလူမျိုးလူငယ်၊လူကြီးများကြားတွင် ရင်းနှီးကျွမ်းဝင်နေသောစကားလုံးဖြစ်သော်လည်း ဂျပန်လူမျိုးများအတွက်မူ မနှစ်မြို့သောစကားလုံးဖြစ်ပါတယ်။ တက်တူးထိုးခြင်းနှင့်ပတ်သက်ပြီး ဂျပန်လူမျိုးများသည် ပြင်းပြင်းထန်ထန်ဆန့်ကျင်တတ်ကြပြီး ထိုသို့တက်တူးထိုးသောသူများအား လူ့အသိုင်းအဝိုင်းမှ ဖယ်ကျဥ်တတ်ပြီး ဆက်ဆံတတ်ပါတယ်။ ဂျပန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးမှ တက်တူးရှိသူများကို ပိတ်ပင်ထားခြင်း မရှိသောကြောင့် တက်တူးရှိသူများလည်း ဂျပန်နိုင်ငံမှ ကျောင်းလာတက်နိုင်ပါတယ်။ သို့သော် အလုပ်ဖြင့်လာမည့်သူများ, ဂျပန်နိုင်ငံတွင် အချိန်ပိုင်းအလုပ်လုပ်ကိုင်ချင်သူများသည် တက်တူးရှိပါက အလွန်အလုပ်ရှာရခက်ခဲတတ်ပြီး၊ နေထိုင်မှုဘဝမှာလည်း အခက်အခဲတွေ့တတ်ပါတယ်။ ထို့ကြောင့် ဂျပန်နိုင်ငံတွင်ကျောင်းတက်၊ အလုပ်လုပ်မည်ဆိုပါက သိထားသင့်သည်ဟု ယူဆသောကြောင့် ဒီဆောင်းပါးလေးကိုရေးသားလိုက်ပါတယ်။ 

တက်တူးနှင့် အလုပ်အခက်အခဲ

လူမြင်သာသောနေသောများတွင် တက်တူးအများအပြားထိုးထားသူဖြစ်ပါက ဂျပန်နိုင်ငံသို့ မလာမီကတည်းက ဖျက်သင့်ပါတယ်။ အကယ်၍ ဖုံးကွယ်၍ရသောနေရာတွင် ရှိပါက ထိုတက်တူးကိုမပေါ်အောင် ဖုံးထားရန်လိုပါတယ်။ ဥပမာ၊ သင်သည် ဟိုတယ်၊ စားသောက်ဆိုင်၊ စူပါမားကတ်အရောင်းဝန်ထမ်း စသည့် လူအများနှင့်ဆက်ဆံရသော အလုပ်များတွင်လုပ်ကိုင်မည်ဆိုပါက ထိုတက်တူးအားအမြဲတစေဖုံးထားရပါမယ်။ ထို့အပြင်၊ ပညာရှင်အနေဖြင့် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်မည်ဆိုပါက အင်တာဗျူးများတွင် ပယ်ချခံရနိုင်ပါသည်။ ထို့ကြောင့် အလုပ်မရမည်စိုး၍ တက်တူးရှိနေကြောင်း မပြောပြမထားသင့်ပါ။ သင့်ကိုယ်တွင်ရှိနေသော တက်တူးအား အခြားလုပ်ဖော်ကိုင်ဖက် သို့ ဧည့်သည်များ တွေ့ပါက ပိုမိုပြဿနာဖြစ်နိုင်သောကြောင့် အင်တာဗျူးဖြေဆိုသည့်အချိန်ကတည်းက ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်သင့်ပါတယ်။

တက်တူးနှင့် နေထိုင်မှုဘဝအခက်အခဲ

မိမိခန္ဓာကိုယ်တွင် တက်တူးရှိပါက အများပြည်သူသုံးအပန်းဖြေစခန်းများဖြစ်သော ရေကူးကန်နှင့် ဂျပန်ရိုးရာရေပူစမ်းများအား လုံးဝသွား၍မရပါ။ မည်မျှပင်သေးငယ်သော တက်တူးဖြစ်ပါစေ၊ ဝန်ထမ်းများ၊ လာရောက်အပန်းဖြေကြသော ဧည့်သည်များမြင်ပါက ချက်ချင်း အဆိုပါအပန်းဖြေနေရာများမှ ထွက်ပေးရပါမယ်။ ထို့အပြင် အများပြည်သူစီးနှင်းကြသော ဘတ်စ်ကား၊ ရထားများပေါ်တွင်လည်း တက်တူးရှိသူနှင့် အတူမထိုင်ခြင်း၊ ရှောင်ကွင်းသွားခြင်းများပြုလုပ်တတ်ကြသောကြောင့် ရထား၊ ဘတ်စ်ကားများအား စီးနှင်းမည်ဆိုပါက မိမိတက်တူးအားမမြင်အောင် ဖုံးကွယ်ထားသင့်ပါတယ်။ 

ဂျပန်လူမျိုးများ တက်တူးအားမနှစ်မြို့ရခြင်း

ထိုသို့ တက်တူးထိုးခြင်းကို ဂျပန်လူမျိုးများက မနှစ်မြို့ရခြင်းမှာ ရှေးယခင်က ဂျပန်နိုင်ငံတွင် ပြစ်မူကျူးလွန်သူများကို ပြစ်ဒဏ်စီရင်သည့်အပြင် ထိုပြစ်မူကျူးလွန်သူများအား တက်တူးထိုး၍ အမှတ်အသားလုပ်ခဲ့ခြင်း၊ ဂျပန်နိုင်ငံ၏ရာကူဇာဂိုဏ်းအဖွဲ့ဝင်များသည် ရာထူးအကြီးအငယ်အလိုက် တက်တူးများစွာထိုးလေ့ရှိသောကြောင့် တက်တူးသည် ဂျပန်လူမျိုးများအတွက် မကောင်းသောပုံရိပ်ဖြစ်ပါတယ်။ ထို့ကြောင့် ဂျပန်လူနေမှုအသိုင်းအဝန်းတွင် တက်တူးရှိသူများကို အလွန်ရှောင်ရှားကြပါတယ်။ ဂျပန်နိုင်ငံတွင် အောင်မြင် အဆင်ပြေစွာ ရပ်တည်လိုပါက တက်တူးလုံးဝမထိုးသင့်ပါ။

ဂျပန်လူမျိုးများသဘောကျသောရေပူစမ်း(Japan Onsen)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ပေါ့ပ်ယဉ်ကျေးမှု/ ဂျပန်သို့သွားရောက်လျှင်တက်တူးရှိသူများသိထားသင့်သည့်အချက်များ(How do Japanese think about tattoos?)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ