ဂျပန်လူမျိုးများသဘောကျသောရေပူစမ်း(Onsen-Japanese hot springs)

ဂျပန်နိုင်ငံသည် မီးတောင်အလွန်ပေါများသောကြောင့် သဘာဝရေပူစမ်း Onsen များစွာရှိပါသည်။ Onsen ဆိုသည်မှာ ဂျပန်နိုင်ငံ၏ ပြယုဂ်တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံတွင် အသက်အရွယ်မရွေးလူကြိုက်အလွန်များပြီး ရေပန်းစားသောအပန်းဖြေနေရာတစ်ခုဖြစ်ပါသည်။ ဂျပန်နိုင်ငံရှိနေရာအနှံ့အပြားတွင် တွေ့နိုင်ပြီး နေ့ချင်းပြန်၊ ညအိပ်ညနေခရီးသွားကြလေ့ရှိကြပါသည်။

Onsen ဆိုသည်မှာ 

Onsen သည်သဘာဝရေပူစမ်းဖြစ်ပြီး မီးတောင်လှုပ်ရှားမှုကြောင့် ရေပူစမ်းများဖြစ်ပေါ်လာခြင်းဖြစ်သည်။ မြေအောက်ရှိရေပူများသည် Onsen မဟုတ်ပါ။ သဘာဝရေပူစမ်းဖြစ်ရန် သတ်မှတ်ချက်ရှိပါသည်။ ရေ၏အပူချိန်သည် အနည်းဆုံး ၂၅ ဒီဂရီရှိရမည်ဖြစ်ပြီး သဘာဝဒြပ်စင် ၁၉ ခုထဲအနည်းဆုံးပါဝင်ရမည်ဖြစ်သည်။ Onsen ရေများတွင် အသားအရည်နှင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သောဓါတ်သတ္တုများစွာ ပါရှိပြီး သဘာဝတောတောင်များကြားတွင် ရှိပါသည်။ သင်ဂျပန်နိုင်ငံသို့ ရောက်ရှိပါက Onsen သို့ အလည်အပတ်သွားရောက်သင့်ပါသည်။ Onsen သို့ နေချင်းပြန်၊ ညအိပ်ခရီးစသည်ဖြင့် သင်အဆင်ပြေသလိုသွားနိုင်ပါသည်။ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့် သွားခြင်းကပျော်စရာကောင်းသလို တစ်ယောက်တည်းသွားသူလည်း များသောကြောင့် အမြဲစည်ကားနေတတ်ပါသည်။ 

Onsen အတွင်းသို့ဝင်ရောက်လျှင်

Onsen သည် အများနှင့်အတူ စုပေါင်းရေချိုးရသောကန် ဖြစ်၍ အမျိုးသမီး၊ အမျိုးသားသီးသန့် ခွဲ၍စိမ်ရပြီး မိသားစု၊ လင်မယား သို့ သူငယ်ချင်း များနှင့်သီးသန့်စိမ်လိုပါက နာရီအလိုက်ငှားရမ်း၍ရသော Onsen များလည်းရှိပါသည်။ အတွင်းသို့ဝင်ရောက်ပါက အရင်ဆုံး သင်၏အဝတ်အစားများကိုချွတ်ရန်လိုအပ်ပါသည်။ ရေကူးဝတ်စုံ၊ သဘက်များပတ်၍ ဝင်၍မရပဲ မိမိ၏ ပကတိခန္ဓာကိုယ်အတိုင်းဖြစ်ရန်လိုအပ်ပြီး ဆံပင်ရှည်လျားသော အမျိုးသမီးများသည် မိမိ၏ ဆံပင်များကို စနစ်တကျစီးနှောင်ထားရပါမည်။ ထို့နောက် ရေပူစမ်းအတွင်းသို့မဝင်ရောက်မီ ခန္ဓာကိုယ်သန့်စင်စေရန် ရေနွေးဖြင့် ဦးစွာချိုးပြီးမှ ရေနွေးစိမ်ကန်အတွင်းသို့ဝင်ရောက်သင့်ပါတယ်။ 

Onsen သွားလျှင်သတိထားရမည့်အချက်များ

Onsen သို့ ဝင်ရောက်မည်ဆိုပါက ရရှိနိုင်မယ့် အကျိုးအာသိသင်များ

၁) မိမိခန္ဓာကိုယ်တွင် တက်တူးမည်မျှပင်သေးငယ်ပါစေ တက်တူးရှိပါက Onsen  သို့ဝင်၍မရပါ။ အဝင်ဝတွင် စစ်ဆေးခြင်းမရှိသော်လည်း တက်တူးရှိသူများဝင်ရောက်သည်ကို တွေ့ရှိပါက တာဝန်ကျဝန်ထမ်းများမှ သတိပေး၍ ချက်ချင်း Onsen မှ ထွက်ပေးရပါမည်။ 

၂) မိမိတွင် နှလုံးရောဂါ၊ ကျောက်ကပ်၊ အဆုတ်ရောဂါစသည့် ကိုယ်တွင်း၌ရောဂါရှိသူများမှာ Onsen အတွင်းသို့မဝင်သင့်ပါ။ ထို့ကြောင့် သာမာန်နေကောင်းကျန်းမာသူများသာဝင်ရောက်သင့်ပါသည်။

၃) Onsen မဝင်မီ အစားအစာလုံးဝမစားခြင်း၊ အစားအစာများအား ဗိုက်အပြည့်စားပြီး ရေနွေးစိမ်ခြင်းမပြုလုပ်သင့်ပါ။ ထို့အပြင် ဘီယာ၊ အရက်သောက်သုံးထားသူများလည်းမဝင်ရောက်ရန် တားမြစ်ထားပါသည်။ 

၄)မိမိခန္ဓာကိုယ်တွင် သွေးထွက်နေခြင်း၊ အမျိုးသမီးများ ဓမ္မတာလာနေပါကလည်း ရေနွေးစိမ်ခြင်းအား တားမြစ်ထားပါသည်။ 

 ထို့သို့ Onsen ရေစိမ်ခြင်းဖြင့် ပင်ပန်းနွမ်းနယ်မှုများပြေပျောက်ပြီး၊ သက်ရှည်ကျန်းမာသည်ဟု နာမည်ကျော်ကြားပါသည်။ အမျိုးသမီးများအနေဖြင့်လည်း အသားအရေလှပပြီး အရွယ်တင်နုပျိုစေနိုင်သော အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

ဂျပန်မှာနာမည်ကြီးတဲ့ ‌ရေပူစမ်း၅ ခု 

Ginzan ရေပူစမ်း

ဒီရေပူစမ်းကတော့ ရှေးခေတ်ဆန်ဆန် မြိ့မှာတည်ရှိတဲ့ ရေပူစမ်းဖြစ်ပါတယ်။ Yamagata ခရိုင်မှာ တည်ရှိပြီး မြို့ထဲမှာကလဲ သစ်သားနဲ့ဆောက်ထားတဲ့ တည်းခိုးခန်းတွေကိုတွေ့မြင်ရမှာဖြစ်ပြီး အ‌ဆောင်အအုံတွေရဲ့ နှစ်ဖက်ကို မြစ်တဲ့ ပိုင်းခြားထားတာတွေ့မြင်နိုင်ပါတယ်။ ဆောင်းရာသီမှာဆိုလဲ နှင်းတွေကျပြီး ရုပ်ရှင်ဆန်ဆန် မြင်ကွင်းကိုတွေ့မြင်နိုင်ပါသေးတယ်။ 

တိုကျိုကနေပြီးတော့လဲ အရမ်းမဝေးလို့ သွားရလွယ်ပါတယ်။ တိုကျိုကနေ ကျည်တန်ရထားနဲ့ ၃ နာရီသာကြာမြင့်ပါတယ်။

နှင်းကျတဲ့ အချိန်တွေမှာဆိုလူကြိုက်များပြီး တည်းခိုခန်းတွေတောင် ကြိုယူလို့မရတဲ့ အနေအထားထိဖြစ်အောင် လူကြိုက်များပါတယ်။ ဒါကြောင့် တချို့တွေဆို နေချင်းပြန် ခရီးသွားလေ့ရှိကြပါတယ်။ ရေပူစမ်းထဲ ဝင်တာအပြင် မြို့တွင်းမှာရောင်းတဲ့ မုန့်တွေကိုစားရင်းလမ်းပတ်လျှောက်ရတာလဲ လူကြိုက်များကြပါတယ်။ 

Kusatsu ‌ရေပူစမ်း

Kusatsu ‌ရေပူစမ်း ကတော့ ဂျပန် မှာအကြီးဆုံးရေပူစမ်း ၃ ခုထဲက တစ်ခုလိုဆိုကြပါတယ်၊။ နောက်ပြီး ဂျပန်ရဲ့ နံပါတ် ၁ လို့ပြောရလောက်အောင်ကို လူကြိုက်များတဲ့ နေရာလဲဖြစ်ပါတယ်။ ရေပူစမ်းအပြင် 

 ရိုးရာ Yumomi ရှိုးပွဲကိုလဲ ကြည့်ရှုခံစားနိုင်တဲ့နေရာလဲဖြစ်ပါတယ်။ Yumomi ဆိုတာကတော့ ‌ရေပူစမ်းရဲ့ အပူချိန်ကိုလျှော့ချ ဖို့အတွက် ရေအေးထည့်လိုက်တဲ့အချိန်မှာ‌ရေပူစမ်းရဲ့ အာနိသင်ကလျော့ကျသွားပါတယ်။ ဒီလိုလျော့ကျသွားတဲ့ ရေပူစမ်းရဲ့ အာနိသင်ကို ပိုပြီး မြင့်တင်ဖို့အတွက် ရေတွေကိုရေသမမွေပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ 

Ikaho ‌ရေပူစမ်း

Ikaho ‌ရေပူစမ်းကတော့ တောင်ပေါ်မှာရှိတဲ့‌ရေပူစမ်းဖြစ်ပြီး ရှေးခေတ်ကတည်းကနာမည်ကျော်ပြီး လူကြိုက်များတဲ့ နေရာဖြစ်ပါတယ်။ ဒီရေပူစမ်းကတော့ လှေကားထစ်ပေါင်း ၃၆၅ ထစ်ကို တက်ရတဲ့ နေပူစမ်းလေးဖြစ်ပြီး ကျောက်လှေကားတဲ့ တဖက်စီမှမှာတော့ လက်ဆောင်ပစ္စည်းအရောင်းဆိုင်၊ ခြေထောက်စိမ်လို့ရတဲ့ ရေပူစမ်းတွေကိုတွေ့နိုင်ပါတယ်။ နေ့ဘက်တွေမှာဆို လှပတဲ့ မြင်ကွင်းကိုတွေ့မြင်နိုင်သလို ညဘက်မှာလဲ စိတ်ကူးယဥ်ဆန်တဲ့ မြင်ကွင်းကိုတွေ့မြင်နိုင်ပါတယ်။ 

Yumoto ‌ရေပူစမ်း

Yumoto ‌ရေပူစမ်းကတော့ ဂျပန်နိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ တိုကျိုကနေ အလွယ်တကူသွားလို့ရတဲ့ နေရာမှာရှိပါတယ်။ နောက်ပြီး ဂျပန်ရဲ့ နာမည်ကြီး Hokane ရဲ့ ဝင်ပေါက်လို့လဲ ပြောလို့ရတဲ့နေရာမှာတည်ရှိပါတယ်။ ရှေးယခင် ကတည်းက ရေပူစမ်းတွေအများကြီးရှိပြီး မြို့အလယ်မှာဆိုရင်လဲ မြစ် တစင်းစီးဆင်းနေလျက်ရှိပါတယ်။ မြို့ထဲမှာဆိုရင်လဲ လက်ဆောင်ပစ္စည်းအရောင်းဆိုင်‌တွေ မုန့်ဆိုင်တွေ စည်တန်းလျက်လဲရှိပါတယ်။ 

Atami ရေပူစမ်း

Atami ရေပူစမ်းကတော့ ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Shizuoka ခရိုင်မှာတည်ရှိတဲ့ ရေပူစမ်းဖြစ်ပါတယ်။ မြို့ထဲမှာလဲ အရောင်းဆိုင် မုန့်ဆိုင်တွေနဲ့ ပြည့်နေတဲ့အတွက်ကြောင့် တော်တော်လမ်းလျှောက်ဖို့ကောင်းပါတယ်။ နောက်ပြီး နှစ်ပေါင်း ၇၀ ‌ကျော် ရှိတဲ့ အတွက်ကြောင့် သမိုင်းကြောင်းလဲရှိပြီး စိတ်ဝင်စားဖို့ကောင်းတဲ့နေရာဖြစ်ပါတယ်။ နောက်ပြီး ခြေထောက်စိမ်တဲ့ ရေပူစမ်းတွေကိုလဲ နေ့ရာအနှံ့တွေ့ရနိုင်ပါတယ်။

ရေပူစမ်းတွေကို ပိုပြီးတော့ လေ့လာချင်တယ်ဆိုရင်တော့ Netflix ရဲ့ Original series တစ်ခုဖြစ်တဲ့ Thermae Romae ဆိုတဲ့ ဇာတ်ကားကို ကြည့်သင့်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် အပိုင်းတစ်ပိုင်းချင်းစီ ပြီးသွားတဲ့အချိန်မှာ စာရေးဆရာမက ဂျပန်နိုင်ငံတဝှမ်းမှာရှိတဲ့ ရေပူစမ်းတွေကို လိုက်လည်ရင်း ရေပူစမ်းတွေရဲ့ ထူးခြားချက်တွေအပြင် ရေပူစမ်းတွေမှာတွေ့ရလေ့ရှိတဲ့အစားအသောက်တွေကိုပါရှင်းပြထားတဲ့အချက်က တော်တော် စိတ်ဝင်စားဖို့ကောင်ပါတယ်။

ဂျပန်ခရီးသွားမယ်ဆိုရင်သိထားသင့်သောအရာများ(Japan Travel) 

အိုဆာကာကိုမိတ်ဆက်ပေးခြင်း(Famous place in japan)

တိုကျိုအကြောင်းမိတ်ဆက်ခြင်း(Famous place in japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဂျပန်လူမျိုးများသဘောကျသောရေပူစမ်း(Onsen-Japanese hot springs)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ