ဂျပန်နိုင်ငံ၏ရာသီများအကြောင်း(春夏秋冬, Japanese season)

သင်ဂျပန်မှာ အလုပ်၊ ကျောင်းဖြင့် လာသည်ဖြစ်စေ၊ အလည်လာသည်ဖြစ်စေ ဂျပန်နိုင်ငံ၏ ရာသီဥတုများအကြောင်းကို သိထားဖို့လိုပါတယ်။ ဂျပန်နိုင်ငံတွင် ရာသီဥတု ၄ မျိုးရှိပြီး၊ နွေ၊ နွေဦး၊ ဆောင်း၊ ဆောင်းဦး တို့ဖြစ်ပါတယ်။  ရာသီဥတုတစ်ခုစီကို ၄ လစီ ကြာမြင့်ပြီး၊ မတ်လမှ မေလအထိကတော့ နွေဦး၊ ဇွန်လမှ ဩဂုတ်လအထိကတော့ နွေ ၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိကတော့ ဆောင်းဦး နှင့် ဒီဇင်ဘာလမှ ဖေဖော်ရီလအထိကတော့ ဆောင်းရာသီဖြစ်ပါတယ်။ 

နွေဦး (Haru)

တရားဝင်သတ်မှတ်ချက်များအရ နွေဦးရာသီကို မတ်လမှ မေလအထိဟုရေတွက်လေ့ရှိသော်လည်း နွေဦး ရာသီ၏အငွေ့အသက်ကို စတင်ခံစားရတာကတော့ မတ်လကုန် ဧပြီလဆန်းမှဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် နွေဦးရာသီ၏ အဓိက ပြယုဂ်ဖြစ်သော ချယ်ရီပန်းပွင့်ခြင်းပဲဖြစ်ပါတယ်။ ချယ်ရီပန်းသည် ဂျပန်နိုင်ငံ၏ ကိုယ်စားပြုအမှတ်အသားလည်းဖြစ်ပြီး ချယ်ရီပန်းများစတင်ပွင့်သည့် မတ်လအကုန်မှ စတင်ပြီး နွေဦးရာသီစတင်ပါတယ်။ 

မိုးရာသီ (Tsuyu)

ဂျပန်နိုင်ငံ ရာသီဥတု ၄ မျိုးရှိသည်ဟု ဖော်ပြပြီး၊ မိုးရာသီသည် အလွန်တိုတောင်းသည့်အတွက် ရာသီဥတု ၄ မျိုးတွင်ရေတွက်လေ့မရှိသော်လည်း  ဂျပန်နိုင်ငံတွင်လည်း မိုးရွာပါတယ်။ မိုးရာသီကတော့ မေလကုန်မှ ဇွန်လကုန်အထိရွာသွန်းလေ့ရှိပြီး မိုးများသောနှစ်များမှာ ဇူလိုင်လဆန်းအထိရွာတတ်ပါတယ်။ မြန်မာနိုင်ငံ၏မိုးရာသီကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခြင်းမဟုတ်ပဲ မိုးရွာသွန်းမှုနည်းပါးပြီး၊ ဂျပန်နိုင်ငံ၏မြောက်ဘက်ပိုင်းတွင်လည်း မိုးရွာသွန်းမှုအလွန်နည်းပါတယ်။

နွေ (Natsu)

နွေရာသီကို ဇွန်လမှ ဩဂုတ်လအထိဟုသတ်မှတ်ကြသော်လည်း အမှန်စင်စစ် နွေရာသီမှာ မိုးရာသီအကုန်ဖြစ်သော ဇူလိုင်လလောက်မှ စတင်လေ့ရှိပြီး၊ ဂျပန်နိုင်ငံ တွင် ဇူလိုင်လလယ်မှ သြဂုတ်လလယ်အထိမှာ အပူချိန်အမြင့်မားဆုံးဖြစ်ပါတယ်။ နွေရာသီတွင် ပင်လယ်ကမ်းခြေများ၊ ပွဲတော်များ နှင့် အထင်ကရမီးပန်းပွဲများကိုလည်းပြုလုပ်ကြပါတယ်။ 

ဆောင်းဦး (Aki)

အပူချိန်လျော့ကျသွားပြီး စတင်အေးမြမှုကိုခံစားရသည့် ဆောင်းဦးရာသီကို စက်တင်ဘာလမှ နိုဝင်ဘာလအထိသတ်မှတ်ထားပြီး၊ ပင်လယ်ရေများဝန်းရံထားသော ကျွန်းနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် သြဂုတ်လကုန်မှ စက်တင်ဘာလအတွင်း မုန်တိုင်းများစွာ ဖြစ်ပေါ်လေ့ရှိပြီး မိုးသည်းထန်စွာရွာသွန်းသည့်နေ့များလည်းရှိပါတယ်။ ဆောင်းဦးရာသီတွင်ပွင့်လေ့ရှိသော မိုးမိဂျိ ခေါ် အရွက်နီပန်း များသည်လည်း ချယ်ရီပန်းကဲ့သို့ အလွန်နာမည်ကြီးပြီး လှပသော ပန်းဖြစ်ပါတယ်။ 

ဆောင်း (Fuyu)

ဒီဇင်ဘာလမှ ဖေဖော်ရီလအထိဖြစ်သည့် ဂျပန်ဆောင်းရာသီသည် အလွန်အေးသောရာသီဖြစ်ပြီး၊ ဂျပန်နိုင်ငံ၏ တောင်ပိုင်းဒေသများတွင် နှင်းကျလေ့သိပ်မရှိသော်လည်း မြောက်ပိုင်းဒေသတော်တော်များများတွင် နှင်းများစုပုံနေလောက်အောင် နေ့စဥ်နှင်းများ ထူထပ်စွာကျတတ်ပါတယ်။ ဆောင်းရာသီ အားကစားများဖြစ်သော စကိတ်၊ နှင်းလျှောစီးခြင်းများပြုလုပ်နိုင်ပြီး၊ နှစ်စဥ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလသည် အအေးဆုံးကာလဖြစ်ပါတယ်။ 

ရာသီအလိုက်ပေါ်သောအသီးအနှံများ(Spring in japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဂျပန်နိုင်ငံ၏ရာသီများအကြောင်း(春夏秋冬, Japanese season)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။ Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ