ရာသီအလိုက်ပေါ်သောအသီးအနှံများ(Seasonal Fruits in Japan)

ဂျပန်နိုင်ငံက သစ်သီးတွေဘာကြောင့် စျေးကြီးရတာလဲ (Seasonal Fruits in Japan)

ရာသီအလိုက်ပေါ်သောသီးနှံများစွာရှိပါတယ်။ဂျပန်မှာရဲ့ရာသီဥတုတွေကတော့နွေဦး၊နွေ၊ဆောင်းဦး၊ဆောင်းဆိုပြီးရှိပါတယ်။မိုးရာသီကတော့အချိန်အခါမရွေးရွာတတ်ပြီး၊သူ့လနဲ့သူသတ်မှတ်ထားခြင်းမရှိပါဘူး။ဆောင်းရာသီကရှည်လျားလှပြီး၊နွေရာသီမှာလည်းပွဲတော်များစွာလည်းပြည့်နှက်နေပါတယ်။ဂျပန်နိုင်ငံမှာအသီးအနှံများစွာစိုက်ပျိုးတဲ့နည်းပညာမြင့်မားမှုနဲ့အတူ၊အသီးအနှံများမှာလည်းအရသာရှိပါတယ်။တိုကျိုမှာကတော့အသီးအနှံများစျေးကြီးပေမယ့်လည်းအရသာရှိလှပါတယ်။ဂျပန်ရဲ့စိုက်ပျိုးရေးနည်းပညာမြင့်မားမှုကြောင့်အသီးအနှံများသည်ကျန်းမာရေးနဲ့လည်းညီညွတ်ပါသည်။

မာတိကာ

ဂျပန်ကသစ်သီးတွေဘာကြောင့် စျေးကြီးရတာလဲ။ 

ဂျပန်မှာတော့ သစ်သီးဝလံတွေက ပြည်တွင်းဖြစ်တွေလဲရှိသလို ပြည်ပကနေတင်သွင်းတဲ့ သစ်သီးတွေလဲရှိပါတယ်။ နောက်ပြီး ဂျပန်မှာတော့ လတ်ဆတ်တဲ့ အသီးတွေအပြင် ပုံမှန်နဲ့ မတူတဲ့ ထူးခြားတဲ့ သစ်သီးတွေကိုလဲ တွေ့မြင်ရပါတယ်။ ရာသီအလိုက်သစ်သီးတွေကိုအရသာရှိရှိ စားသုံးနိုင်တာကလဲ ဂျပန်နိုင်ငံရဲ့ အားသာတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ရာသီအလိုက်သစ်သီးတွေအကြောင်းအသေးစိတ်ကိုတော့ နောက်ပိုင်းမှာဖော်ပြသွားပါ့မယ်။ 

ဂျပန်နိုင်ငံမှာတော့ သစ်သီးတွေကို အမြဲတမ်း လက်ဆောင်အနေနဲ့ ပေးလေ့ရှိပါတယ်။နောက်ပြီး တယောက်ယောက်ဆီ အလည်သွားတဲ့ အချိန်မှာလဲ သစ်သီးတွေကို လက်ဆောင်အနေနဲ့ ဝယ်သွားလေ့ရှိပါတယ်။ 

ဂျပန်နိုင်ငံက သစ်သီးတွေ စျေးကြီးရတဲ့ အကြောင်းအရင်းတွေတော့ အများကြီးရှိပါတယ်။ ပထမအချက်ကတော့ အသီးတွေကိုစတင်စိုက်ပျိုးခဲ့တဲ့ အချိန်ကတည်းက သေချာ ဂရုစိုက်ပြီး စိုက်ပျိုးတဲ့ အပြင် နောက်ထပ် ဂရုစိုက်မှုတွေ အများကြီးလုပ်ရပါ‌သေးတယ်။နောက်တစ်ချက်က တခြားပုံမှန် အသီးတွေနဲ့ မတူအောင် ပုံသွင်းတာတို့ ကိုင်းကူးပြီး အမျိုးပြောင်းတာတို့လဲ ပြုလုပ်လေ့ရှိပါတယ်။ ဥပမာပုံမှန်မြင်တွေ့နေရကျဟုတ်တဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ပြုပြင်စိုက်ပျိုးထားတဲ့ လေးထောင့်ဖရဲသီးတွေ၊ အဖြူရောင် စတော်ဘယ်ရီသီးတွေ၊ စပျစ်သီးအကြီးကြီးတွေဖြစ်မှာပါ။ ဒီလိုသစ်သီးတွေကလဲ စိန်းတပွင့်နဲ့ ညီတဲ့ တန်ဖိုးလောက်ရှိတတ်ပါတယ်။ ဒါဆို ဒီလောက်တန်ဖိုးကြီးတဲ့ အသီးတွေကို ကြည့်လိုက်ကြရအောင်။

သစ်သီးအမျိုးအစားများနှင့် စျေးနှုန်းများ

အသည်းပုံနှင့် လေးထောင့်ပုံဖရဲသီးများ

ဖရဲသီးလို့ပြောလိုက်ရင် ဘဲဥ ပုံလေးကို လူတိုင်းပြေးမြင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာတော့ သာမန်အမျိုးအစားမဟုတ်တဲ့ ဖရဲသီးအမျိုးအစားတစ်မျိူးရှိပါတယ်။ လေးထောင့် ဖရဲသီးတွေကိုတော့ ‌လေးထောင့်ခွက်ပုံထဲကိုထည့်ပြီး တခါတည်း စိုက်ပျိုးပါတယ်။ စိုက်ပျိုးတဲ့ သူတွေက တစ်နေရာကနေ တစ်နေရာကိုသယ်တဲ့ အချိန်မှာ ပိုပြီး လွယ်ကူစေဖို့ဆိုပြီး လေးထောင့်ပုံနဲ့ စတင်စိုက်ပျိုးကြခြင်းဖြစ်ပါတယ်။ ဒီလို လေးထောင့်ပုံ ဖရဲသီးတွေက‌တော့ ပိုပြီးလဲ သိမ်းဆည်းရလွယ်ကူသလို အလှဆင်ရတာလဲ လွယ်ကူပါတယ်။ ဂျပန်မှာတော့ ဒီလို လေး‌‌ထောင့်ပုံဖရဲသီးတစ်လုံးကို ယန်း ၁၀၀၀၀ ကျော် လောက်ပပေးရပါတယ်။ ‌အရသာကတော့ ပုံမှန်အရသာသာ ဖြစ်ပါတယ်။

ပတ္တမြားအရောင် စပျစ်သီး

ပတ္တမြားအရောင် စပျစ်သီး တွေကတော့ တော်တော် အဆင့်မြင့်တဲ့ စပျစ်သီးတွေ ဖြစ်ပါတယ်။ ပုံမှန် စပျစ်သီးတွေထက် အရွယ်အစားလဲ ပိုပြီးကြီးသလို အရောင်နှင့် အရသာကလဲ ကောင်းမွန်လှပါတယ်။ ဒီစပျစ်သီးတွေကတော့ တစ်ခိုင်ကို 100,000 ယန်းလောက်စျေးတန်ပါတယ်။

Taiyo no Tamago

Taiyo no Tamago ကိုတိုက်ရိုက် ဘာသာပြန်လိုက်ရင် နေမင်းကြီးရဲ့ ဥသရက်ကြီး ဆိုပြီး အဓိပ္ပာယ်ရပါတယ်။ ဒီသရက်သီးတွေကတော့ Miyazaki ခရိုင်ကနေ ထွက်တဲ့ သရက်သီးတွေ ဖြစ်ပါတယ်။ သကြားဓာတ်ကိုလဲ ထိန်းချုပ်ထားတဲ့ သရက်သီးလဲဖြစ်ပါတယ်။ အများအားဖြင့် တစ်လုံးကို ယန်း ၅၀၀၀ ကနေ ယန်း ၈၀၀၀ အတွင်းပေါက်စျေးရှိပါတယ်။ အမြင့်ဆုံး စျေးအနေနဲ့ 200,000 ယန်းအထိရောက်ဖူးပါတယ်။ 

ချယ်ရီသီးများ

ချယ်ရီသီးတွေ ထဲမှာဆိုရင် အထူးသဖြင့် Sato Nishiki ချယ်ရီ အမျိုးအစားတွေကတော်တော်နာမည်ကြီးပါတယ်။ စျေးလဲတော်တော်ကြီးပြီး ချယ်ရီးသီးတစ်လုံးကို ယန်း ၅၀၀ ကနေ ၁၀၀၀ အတွင် ကျသင့်လေ့ရှိပါတယ်။ အရသာနဲ့ အထိတွေ့ကလဲ ကောင်းမွန်လွန်းလှပြီး အချိန်အကြာကြီး မပုပ်သိုးတဲ့ အတွက်ကြောင့်မိုလဲ နာမည်ကြီးပါတယ်။ 

စတော်ဘယ်ရီသီးများ

စတော်ဘယ်ရီသီးတွေကတော့ greenhouse အတွင်းမှာ အပူချိန်ကို ထိန်းချုပ်ပြီး စိုက်ပျိုးလေ့ရှိပါတယ်။ တချို့ စိုက်ပျိုးတဲ့ သူတွေကတော့အရောင်ထွက်လှအောင် အပူပေးကိရိယာတွေ ကိုအသုံးပြုပြီး စိုက်ပျိုးလေ့ရှိပါတယ်။ 100 ဂရမ်လောက်ရှိတဲ့ စတော်ဘယ်ရီ တစ်လုံးကို 50,000 ယန်းနဲ့ ရောင်းချခဲ့ဖူးပါတယ်။ အိုဆာကာမှာ ကျင်းပတဲ့ လေလံပွဲမှာဆိုရင် စုစုပေါင်း စတော်ဘယ်ရီ အလုံးရေ ၁၀၈ လုံးကို ယန်း ၁.၅ သန်းလောက်နဲ့ ‌ရောင်းချခဲ့ဖူးပါတယ်။ 

 Yubari သခွါးမွှေးသီး 

Yubari သခွါးမွှေးသီး တွေကတော့ ၂၀၁၉ ခုနှစ်မှာ အံ့သြစရာကောင်းလောက်အောင်ပဲ ယန်း ၅ သန်းနဲ့ရောင်းချ နိုင်ခဲ့ပါတယ်။ ဟိုကိုင်းဒီုးကနေ ထွက်တဲ့ အသီးတွေဖြစ်ပြီး တော်တော်စျေးကြီးပြီးတော့ တော်တော်ဂရုစိုက်ရတဲ့ အမျိုးအစားဖြစ်ပါတယ်။ 

နွေဦးရာသီအသီးအနှံများ

နွေဦးရာသီမှာတော့ ဆီးသီး၊ စတော်ဘယ်ရီသီးနှင့် သရက်သီးတို့ကိုအဓိက တွေ့ရပါတယ်။ စတော်ဘယ်ရီ ရာသီရောက်ရင် စတော်ဘယ်ရီစိုက်ခင်းတွေထဲ တိုက်ရိုက်သွားပြီးခူးစားနိုင်တဲ့ နေရာတွေလဲ အများကြီးရှိပါတယ်။

နွေရာသီအသီးအနှံများ

ဂျပန်မှာနွေရာသီနှံတစ်ချို့အနေနဲ့စတော်ဘယ်ရီ၊မက်လွန်၊နံနတ်သီးနဲ့သရက်သီးတွေရှိပါတယ်။၄လပိုင်းလောက်မှာသီးလေ့ရှိပြီး၊သရက်သီးကတော့နိုင်ငံခြားမှမှာယူတင်သွင်းလေ့ရှိပါတယ်။မက်လွန်သီးကိုဂျပန်မှာလူကြိုက်များပါတယ်။မက်လွန်သီးမှာလည်းမျိုးစပ်များစွာရှိပြီး၊muskmelons,makuwauriဆိုတဲ့မက်လွန်မျိုးစပ်များလည်းရှိပါတယ်။မက်လွန်ရဲ့အလေးချိန်ကတော့1kgကနေ1.5kgအထိလေးပါတယ်။နာနတ်သီးကတော့ဂျပန်ရဲ့အိုကီနာဝါကနေထွက်ပြီးတော့၊အချိုနဲ့အချဥ်၂မျိုးရှိပါတယ်။နောက်ပြီး နွေရာသီလို့ပြောလိုက်တာနဲ့ ဖရဲ သီးတွေကလဲ မပါမဖြစ်ဖြစ်ပါတယ်။ ဖရဲသီးတွေကိုတော့ အပူသက်အောင်လဲ စားလေ့ရှိပါတယ်။ 

ဆောင်းဦးရာသီအသီးအနှံများ

ဆောင်းဦးရာသီရောက်ရင်တော့ တည်သီးတွေကို စျေးသက်သက်သာသာနဲ့ အရသာရှိရှီ ဝယ်ယူစား‌သောက်နိုင်ပါတယ်။ နောက်ပြီး သစ်တော်သီးတွေနဲ့ လိမ္မော်သီးတွေကိုလဲ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။ 

ဆောင်းရာသီအသီးအနှံများ

စတော်ဘယ်ရီသီး၊ပန်းသီး၊စပျစ်သီးများကဆောင်းရာသီအသီးအနှံဖြစ်ပါတယ်။စတော်ဘယ်ရီတွေကတော့ခရီးသွားတဲ့နေရာ၊ဟိုတယ်လိုနေရာများမှာအဝစားပုံစံမျိုးပြုလုပ်လေ့ရှိပါတယ်။စပျစ်သီးတွေက၂၀ဒီဂရီအထက်သကြားပါဝင်မှုနဲ့အက်ဆစ်ဓါတ်နည်းပြီး၊ပျားရည်ကဲ့သို့အရသာရှိပါတယ်။အစေ့မရှိတဲ့စပျစ်မျိုးစပ်များရှိပြီး၊အလေးချိန်ကတော့၃ဂရမ်ကနေ၅ဂရမ်အထိရှိပါတယ်။လိမ္မော်သီးကနေချိုချဥ်အရသာမုန့်များလည်းထုတ်လုပ်ထားလေ့ရှိပါတယ်။ပန်းသီးတွေကတော့သေချာစိုက်ပျိုးလာပြီး၊ဂျပန်ရဲ့နည်းပညာကြောင့်ဖွဲ့ဖြိုးမှုနှုန်းလည်းကြီးမားလှပါတယ်။ကမ္ဘာအနှံ့မှာပန်းသီးမျိုုးစိပ်ပေါင်း၁၀၀၀၀ရှိတဲ့အထဲမှဂျပန်မှာရှိတာကတော့ဖူဂျီအမျိုးအစားဖြစ်ပါတယ်။အရသာရှိတာကတော့အနီရောင်အမျိုးအစားဖြစ်ပါတယ်။

အကျဥ်းချုပ် 

ဂျပန်မှာတော့ တခြားနိုင်ငံတွေနဲ့ မတူအောင် သစ်သီးတွေကို စိုက်ပျိုးပုံနှင့် ဂရုစိုက်ပုံတွေရှိပါတယ်။ ဒါကြောင့် တချို့ ပုံမှန်နဲ့ မတူတဲ့ အသီးအနှံတွေဆိုရင် တော်တော်ကိုစျေးကြီးပါတယ်။ နောက်ပြီး ရာသီအပေါ်လိုက်ပြီးတော့ သီးနှံအမျိုးအစားတွေကလဲ စုံလင်လှပါတယ်။ ဒါကြောင့်မလို့ ရာသီအလိုက် အသီးနှံတွေကို စားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် ။

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ရာသီအလိုက်ပေါ်သောအသီးအနှံများ(Seasonal Fruits in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ