ဂျပန်မှာ အလုပ်ရှာတဲ့ အချိန်မှာ သိထားသင့်တဲ့ အချက်တွေနှင့် ပြင်ဆင်ထားရမယ့်အရာများ။Shuukatsu (就活)အကြောင်း။

ဂျပန်နိုင်ငံမှာ အလုပ်ရှာဖွေခြင်းကတော့ တခြားနိုင်ငံတွေနှင့် တော်တော်လေးကို ကွဲပြားပါတယ်။ ဂျပန်ကုမ္ပဏီကတွေကတော့ လူအများကြီးကိုတခါတည်း အလုပ်ခန့်ခြင်း၊ ကျောင်းပြီးခါစ fresher တွေကို သီးသန့် သတ်မှတ်ကာလ တစ်ခုအတွင်းအလုပ်ခန့်ခြင်းစတဲ့ ထူးခြားချက်တွေရှိပါတယ်။ ဒါကြောင့် ဂျပန်မှာ ကျောင်းတက်နေတဲ့ သူတွေအတွက် ဂျပန်မှာ အလုပ်ရှာဖို့ဆိုရင် ဂျပန်နိုင်ငံရဲ့ အလုပ်ခန့်အပ်ခြင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အကြောင်းအရာတွေကို သေချာနားလည်ထားဖို့လိုအပ်ပါတယ်။ 

မာတိကာ

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

Shuukatsu (就活) ။

Shuukatsu (就活) ဆိုတာကတော့ “job hunting” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး 就活活動 (shuukatsu katsudou) ဆိုတဲ့စကားလုံးကနေဆင်းသက်လာပါတယ်။ တိုက်ရိုက်ဘာသာပြန်ရရင်တော့ အလုပ်ရှာဖွေဖို့ လှုပ်ရှားမှုဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ အများအားဖြင့် ဒီစကားလုံးကတော့ ကျောင်းပြီးခါစ fresher တွေ အလုပ်ရှာဖို့အတွက် ပြင်ဆင်မှုကိုရည်ညွှန်းလေ့ရှိပါတယ်။ ဒီနေရာမှာ ဘာလို့ ဒီလိုပြောရတာလဲ ဆိုတော့ ဂျပန်မှာတော့ ကျောင်းပြီးခါစ fresher တွေ အလုပ်ရှာတဲ့ ပုံစံနှင့် အလုပ်ပြောင်းတဲ့ အချိန်လုပ်ရတဲ့ ပုံစံနှင့် လုံးဝမတူညီပါဘူး။

  • 就活 (shuukatsu) / 就活活動 (shuukatsu katsudou) ဆိုတာကတော့ အပေါ်မှာပြောခဲ့သလိုပဲ ကျောင်းပြီးခါစ fresher တွေ အလုပ်ရှာတဲ့ ပုံစံ ကိုဆိုလိုပြီးတော့။
  • 転職 (tenshoku) / 転職活動 (tenshoku katsudou) ဆိုတာကတော့ အလုပ်တစ်ခုကနေ အလုပ်တစ်ခုကို ပြောင်းတဲ့ ပုံစံဖြစ်ပါတယ်။ 

ကျောင်းပြီးခါနီးသူတွေအတွက် လုပ်ရှာခြင်းအကြောင်း။

ဒီဆောင်းပါးမှာတော့ ကျောင်းပြီးခါစ fresher တွေ အလုပ်ရှာတဲ့ ပုံစံ ဖြစ်တဲ့ 就活 (shuukatsu) / 就活活動 (shuukatsu katsudou) ရဲ့ ထူးခြားပုံတွေကို ရှင်းပြသွားမှာဖြစ်ပါတယ်။

ဘွဲ့ရခါစ fresher တွေကို တခါတည်း ခန့်အပ်ခြင်း

新卒採用 (shinsotsu saiyo) ဆိုတဲ့ စကားလုံးကိုတော့ ဂျပန်ကုမ္ပဏီတွေ အလုပ်ခန့်တဲ့ ကာလမှာ ပိုစတာတွေ၊ ဝက်ဘ်ဆိုက်တွေမှာ ခဏခဏတွေရတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ Career fairs တွေ၊ job information sessions တွေကိုလဲ အများကြီး ကျင်းပလေ့ရှိကြပါတယ်။ ကုမ္ပဏီတွေအများကြီးကတော့ ဝန်ထမ်းအသစ် ၁၀၀ ကျော်လောက်ကို တခါတည်း ခန့်အပ်လေ့လဲရှိပါတယ်။ 

နှစ်စဥ်သတ်မှတ်ထားတဲ့ ကာလမှာ စတင်ရခြင်း

ဂျပန်နိုင်ငံမှာအလုပ်ရှာတာကတော့ တော်တော်လေးကိုခက်ခဲပြီး တော်တော်လေးကိုကြာရှည်ပါတယ်။ ဒါကြောင့်မို့လို့ ကျောင်းတက်နေတဲ့ သူတွေအတွက်တော့ သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ စတင်ပြီး အလုပ်ရှာဖို့လိုအပ်ပါတယ်။ “Shuukatsu Season” လို့ ခေါ်လေ့ရှိပြီး အများအားဖြင့် ဂျပန်မှာတော့ ကျောင်းမပြီးခင် တနှစ်ကြိုပြီး အလုပ်စတင်ရှာဖွေလေ့ရှိကြပါတယ်။ ဥပမာ 

  • Undergraduate Course - တတိယနှစ်ကနေစပြီး စတင်ရှာပါတယ်။

  • Master’s Course - ပထမနှစ်ကနေ စပြီး စတင်ရှာဖွေပါတယ်။

  • PhD Course - ဒုတိယနှစ်ကနေ စပြီး ရှာဖွေပါတယ်။ 

အဆင်ပြေပြပြီးမယ်ဆိုရင်တော့ ဇူလိုင် - စက်တင်ဘာလောက်မှာ အလုပ်ခန့်တဲ့ ကြိုတင် အကြောင်းကြားစာကိုရရှိမှာဖြစ်ပါတယ်။ တရားဝင် အလုပ်ခန့်အကြောင်းကြားစာကိုတော့ အောက်တိုဘာ - နိုဝင်ဘာလ တွေမှာ အလုပ်ခန့်အပ်စာရရှိမှာဖြစ်ပြီး အလုပ်ကိုတော့ နောက်နှစ် ဧပြီမှာ စတင်ပြီးအလုပ်ဝင်ရပါတယ်။ 

ဧပြီလမှာစတင်ပြီး အလုပ်ဝင်ခြင်း

ဂျပန်နိုင်ငံမှာတော့ ဘဏ္ဠာရေးနှစ်မှာတော့ ဧပြီလဖြစ်ပြီး ဧပြီလမှာ စတင်ပြီးတော့ အလုပ်ဝင်ရတာဖြစ်ပါတယ်။ နောက် အကြောင်းအရင်းတစ်ခုကတော့ ဂျပန်နိုင်ငံရဲ့ ကျောင်းတွေကတော့ ဧပြီလမှာ စတင်လို့ဖြစ်ပါတယ်။ မတ်လ မှာဘွဲ့ ယူပြီး ဧပြီလမှာ အလုပ်ဝင်ရမှာ ဖြစ်ပါတယ်။

Potential-based နဲ့ အလုပ်ခန့်ခြင်း

ဂျပန်မှာတော့ကျောင်းပြီးခါစ fresher တွေ ကို အလုပ်ခန့်တဲ့ အချိန်မှာတော့ Potential-based နဲ့ အလုပ်ခန့်လေ့ရှိပါတယ်။တနည်းအားဖြင့် ဘယ်လိုအလုပ်လုပ်နိုင်လဲ ဆိုတာထက် အနာဂါတ်မှာ အလားလာရှိတဲ့ သူတွေကိုပဲ ရွေးချယ်ပြီးအလုပ်ခန့်လေ့ရှိပါတယ်။ ဒါကြောင့် အလုပ်ခန့်ပြီး အနောက်ပိုင်းမှာလဲ ထရိန်နင်တွေ အများကြီးရှိပါတယ်။ 

အလုပ်ရှာတဲ့ အချိန်သိထားသင့်တဲ့ အဆင့်များ။

အလားလာကိုကြည့်ပြီးအလုပ်ခန့်တဲ့ အတွက်ကြောင့်မို့လို့ အရမ်းမခက်ခဲဘူးလို့ မထင်လိုက်ပါနဲ့။ ဂျပန်မှာ အလုပ်ရှာတဲ့ အချိန်မှာလဲ တော်တော်အဆင့်တွေ အများပြီး ပင်ပန်းပါတယ်။အထူးသဖြင့်ကျောင်းပြီးခါစ fresher တွေအတွက်  အဆင့်တွေက တော်တော်ရှုပ်ထွေးပါတယ်။ ဒါကြောင့်မို့လို့လဲ တနှစ်လောက်အမြဲ ကြိုတင်ပြီးပြင်ဆင်ရတာဖြစ်ပါတယ်။ ဒါဆိုအခြေခံ အဆင့်တွေကိုကြည့်လိုက်ကြရ‌‌အောင်။

ကိုယ့်ကိုကို သုံးသပ်ခြင်း(自己分析 jiko bunseki)

(自己分析 jiko bunseki) လို့ခေါ်တဲ့ ကိုယ့်ကိုကို သုံးသပ်တဲ့ အချက်ကတော့ အလုပ်ရှာတဲ့ အချိန်မှာပထမဆုံးလုပ်ရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ အဓိကအချက်ကတော့ ကိုယ်ဘာအလုပ်ကိုလုပ်ချင်လဲ၊ ဘယ်အလုပ်နဲ့ ကိုက်ညီလဲ ဆိုတဲ့အချက်တွေ ကိုစဥ်းစာရတာနဲ့ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေက ဘယ်လိုအချက်တွေလဲ၊ ကိုယ်ကြိုက်တဲ့ အရာ၊ မကြိုက်တဲ့ အရာတွေ ကဘယ်လိုအချက်တွေလဲ အစသဖြင့် ကိုယ့်အကြောင်းကို ပိုပြီး သေသေချာချာသိအောင်လုပ်တဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်ကို အင်တာဗျုးမှာ သေချာကောင်းမွန်တဲ့ အဖြေတွေကိုရရှိအောင်ဖြေပေးနိုင်တဲ့ နည်းလမ်း တစ်ခုလဲဖြစ်ပါတယ်။ 

Jiko Bunseki (自己分析) အတွက် အချက်များ-

  • အနာဂါတ်ကိုသေချာစဥ်းစားပါ။ နောက်ပြီး ‌ရေတိုရော၊ ရေရှည်အတွက်ပါသေချာစဥ်းစားပါ။ ကိုယ့်ကိုကို မေးခွန်းတွေသေချာမေးပါ။ ဥပမာ နောက်၅ နှစ် ဘာလုပ်မလဲ ဆိုတဲ့ အချက်တွေကိုသေချာစဥ်းစားပါ။ 

  • အားသာချက်ရော၊ အားနည်းချက်တွေကိုသေချာစဥ်းစားပါ။ အနာဂါတ်ကအကြောင်းကိုပဲ မဟုတ်ဘဲ ပြီးခဲ့တဲ့ အကြောင်းအရာတွေကိုပါ သေချာစဥ်းစားပြီးတော့ ကိုယ့်ရဲ့ အားသာချက် အားနည်းချက်တွေကိုတွေးကြည့်ပါ။

  • နောက်ပြီး ကိုယ်က ဘာလို့ ဂျပန်လာရတာလဲ။ ဂျပန်မှာ ဘာလုပ်ချင်တာလဲ။ ဘာလို့ ဂျပန်မှာအလုပ်လုပ်ချင်တာလဲ အစသဖြင့် သေချာစဥ်းစားပါ။

ကိုယ့်ကိုကို သုံးသပ်ရတာမို့လို့ တစ်ယောက်တည်းကိုယ့်အ‌ကြောင်းကိုစဥ်းစားရမယ်လို့မဆိုလိုပါဘူး။ ကိုယ်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေ ဆီကနေလဲ ကိုယ့်အကြောင်းကို မေးမြန်းပြီး ကိုယ့်အကြောင်းကို ပိုသိနိုင်ပါတယ်။ 

လုပ်ငန်းနှင့် ကုမ္ပဏီအကြောင်းကို Researchလုပ်ခြင်း

Jiko Bunseki (自己分析) လုပ်ပြီးသွားရင်တော့ ကိုယ့် အလုပ်ဝင်မယ့် လုပ်ငန်းအမျိုးအစားနှင့် ကုမ္ပဏီအကြောင်းတွေကိုသေချာ လေ့လာရမှာဖြစ်ပါတယ်။ အများအားဖြင့်တော့ ကုမ္ပဏီရဲ့ vision နှင့် missionတွေကိုသေချာနားလည်ထားရမှာဖြစ်ပြီး ကုမ္ပဏီ နှင့် ကိုယ်နှင့် ကိုက်ညီမှုရှိမရှိ ကိုသေချာဆုံးဖြတ်ရမှာဖြစ်ပါတယ်။ 

Researchကိုနှံ့နှံ့စပ်စပ်လုပ်ရမှာဖြစ်ပြီး အဲဒီအတွက်တော့ သတင်းတွေ၊ ဖိုရမ်တွေ၊ မီဒီယာတွေကိုပါ သေချာလိုက်ကြည့်ဖို့လိုအပ်ပါတယ်။ နောက်ပြီးကုမ္ပဏီတွေက ဘယ်လိုအရည်အချင်းနဲ့ လူကိုရှာဖွေနေလဲဆိုတဲ့ အချက်ကိုလဲသေချာကြည့်ဖို့လိုအပ်ပါတယ်။ ဒီလိုအချက်တွေကိုလဲ အင်တာဗျူးတွေ၊ ဖောင်တွေ ဖြည့်တဲ့ အချိန်မှာသေချာ အသုံးချဖို့လိုအပ်ပါတယ်။ ဂျပန်ဘက်က ကုမ္ပဏီတွေ နိုင်ငံခြားသားတွေကိုအလုပ်ခန့်တဲ့ အချိန်မှာတော့ဂျပန်တွေမှာမရနိုင်တဲ့ အချက်တွေကိုသေချာကြည့်ဖို့ အလုပ်ခန့်လေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ အားသာချက်တွေ ကိုသေချာကြည့်ဖို့လိုအပ်ပါတယ်။ 

နွေရာသီ Internship တွေမှာ ပါဝင်ခြင်း

ဂျပန်မှာတော့ အလုပ်ခန့်အပ်မှုနှုန်းများတယ်လို့ပြောလို့ရပေမယ့် နာမည်ကြီးတဲ့ ကုမ္ပဏီ တွေမှဦအလုပ်ရဖို့ကတော့ နည်းနည်းခက်ခဲနေတုန်းပဲလို့ပြောလို့ရပါတယ်။ ဒါပေမယ့် နာမည်ကြီး ကုမ္ပဏီ မှာအလုပ်ရတဲ့ ကျောင်းသား အများစုကတော့ နွေရာသီ Internship တွေကို Join ‌လေ့ရှိကြပါတယ်။ နွေရာသီ Internship တွေကို Join ဖို့အတွက်လဲ ဖောင်တွေတင်၊ အင်တာဗျုးတွေ ဖြေရပါတယ်။ ဒါကတော့ 就活 (shuukatsu) အတွက် အကြိုလေ့ကျင့်သလိုဖြစ်စေပါတယ်။ 

Alumni တွေနဲ့ တွေ့ဆုံခြင်း (OB/OG 訪問)

(OB/OG)ဆိုတာတော့ Old Boy/Old Girl ကိုဆိုလိုတာဖြစ်ပြီး ဂျပန်မှာအဓိကသုံးတဲ့ အဓိပ္ပာယ်ကတော့ Alumni တွေကိုဆိုလိုတာဖြစ်ပါတယ်။ Alumni  တွေနဲ့ တွေ့ဆုံရတာကလဲ ကုမ္ပဏီ အကြောင်းသေချာသိနိုင်တဲ့ အခွင့်အရေးနှင့် အလုပ်အကြောင်း၊ အလုပ်ခွင်အကြောင်းကိုသေချာသိနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဒီအခွင့်အရေးကတော့ အင်တာဗျူမှာ အရမ်းကိုအသုံးဝင်တဲ့ အချက်အလက်တွေဖြစ်ပါတယ်။ Alumni နဲ့တိုက်ရိုက်စကားပြောခြင်းက ကုမ္ပဏီအကြောင်းတင်မဟုတ်ဘဲ industry ကြီးကဘယ်လိုလည်ပတ်နေလဲ ဆိုတာရယ် ကိုယ်နဲ့လိုက်ဖက်မှုရှိမရှိဆိုတာကိုပါ တခါတည်းတွဲပြီးစဥ်းစားနိုင်ပါတယ်။ 

လုပ်ငန်းတွင်းအမူအရာတွေနှင့် ဆက်သွယ်ရေးအကြောင်းတွေကိုလေ့လာခြင်း 

ဒီအချက်ကတော့ အလုပ်မဝင်ခင်ကြိုတင်ပြီးသိထားလေ့လာထားရမယ့် အချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်ရှာတဲ့ အချိန်မှာ HR ကလူတွေနဲ့ အဓိက အများဆုံးဆက်ဆံရမှာဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာဆိုရင် လုပ်ငန်းသုံးဂျပန်စကားကို သေချာသိထားဖို့ လိုအပ်ပါတယ်။ တက္ကသိုလ်တွေမှာတော့ နိုင်ငံခြားသားတွေအတွက်သင်တန်းတွေရှိနိုင်တာမို့ကြိုတင်ပြီး လေ့လာသင်ယူထားဖို့အကြံပြုပါတယ်။ အသေးစိတ်ကိုတော့ ဒီဆောင်းပါး မှာဝင်ဖတ်နိုင်ပါတယ်။ 

ကိုယ်ရေးရာဇဝင်ကိုသေချာပြင်ဆင်ပါ (履歴書 rirekisho)

ကိုယ်ရေးရာဇဝင်ကတော့ ပြောစရာမလိုအောင်ပဲ ကိုယ့်ကို နောက်တဆင့် ရောက်ဖို့အတွက် ပထမဆုံး ဆုံးဖြတ်ပေးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါကြောင် မို့လို့ သေချာရေးပြီးပြင်ဆင်ဖို့လိုအပ်ပါတယ်။ အသေးစိတ်ကိုတော့ ဒီဆောင်းပါး ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

အကြမ်းဖျင်းအဆင့်များ

ဒီအထိပြင်ဆင်ပြီးပြီဆိုရင်တော့ Shuukatsu ကိုစတင်လို့ရပါပြီ။ ဒါဆို Shuukatsu အစကနေ အဆုံးအထိ ဘယ်လိုအဆင့်တွေရှိလဲ ဆိုတာကို ကြည့်လိုက်ကြရ‌အောင်။ 

Job Fairs တွေနှင့် Company ရဲ့ Information Sessions တွေကိုတက်ရောက်ပါ။

Job Fairs တွေနှင့် Company ရဲ့ Information Sessions တွေကတော့ အလုပ်ရှာဖွေရမယ့် အချိန်နဲ့ ကိုက်ညီပြီး လုပ်လေ့ရှိကြပါတယ်။ ဒီနေရာကနေ Company တွေရဲ့ အချက်အလက်တွေကိုရယူနိူင်ပြီးအရင်က မသိတဲ့ Company တွေကိုလဲ သိနိုင်မှာဖြစ်ပါတယ်။ 

 Entry Sheets နှင့်ဖောင်တွေ ကိုသေချာထပ်ပါ

အပေါ် မှာပြောခဲ့သလိုပဲ Entry Sheets ဆိုတဲ့ဖောင်တွေကို Company ဘက်က လက်ခံတဲ့ အချိန်မှာ ထပ်ရမှာဖြစ်ပါတယ်။ ဒီလိုထပ်ပြီးတဲ့ အချိန် အောင်သွားရင် အင်တာဗျုးကို ဆက်သွားရမှာဖြစ်ပါတယ်။ Company တစ်ခုတည်းကိုမဟုတ်ဘဲ စိတ်ဝင်စားတဲ့ Company အားလုံးကိုထပ်ရမှာဖြစ်ပါတယ်။ Deadline တွေလဲ မတူတဲ့အတွက်ကြောင့် သေချာ ဂရုစိုက်ပြီးထပ်ပါ။ 

ရေးဖြေစာမေးပွဲတွေဖြေရခြင်း

အပေါ်မှာပြောတဲ့ အဆင့်အောင်ပြီး၊ အင်တာဗျူးမရောက်ခင် ရေးဖြေစာမေးပွဲတွေစစ်လေ့ရှိတဲ့ကုမ္ပဏီတွေလဲရှိပါတယ်။ ရေးဖြေ တွေကတော့ အလုပ်နဲ့ ကိုက်ညီမှုရှိ၊ မရှိစစ်ဆေးတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ ဒီအဆင့်အောင်သွားရင်တော့ အင်တာဗျုးကိုသွားရတော့မှာ ဖြစ်ပါတယ်။

 (面接 mensetsu) အတွက်ပြင်ဆင်

အပေါ်ကအဆင့်တွေကိုဖြတ်ပြီးရင်တော့ (面接 mensetsu) ဆိုတဲ့ အင်တာဗျုးအတွက်ပြင်ဆင်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီ ဘက်ကနေပြီးတော့ အင်တာဗျူးမယ် နေရက်နှင့် အချိန်ကိုအကြောင်းကြားပါလိမ့်မယ်။ အင်တာဗျုး ပုံစံကတော့ ကုမ္ပဏီ ပေါ်တော်တော်မူတည်ပါတယ်။ တစ်ဦးချင်းစီမေးတဲ့ အင်တာဗျူးလဲဖြစ်နိုင်သလို အဖွဲ့ လိုက်အင်တာဗျုးလဲဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် presentation type လဲဖြစ်နိုင်ပါတယ်။ 

အင်တာဗျူး အဆင့်တွေလဲ အများကြီးရှိပြီး အများဆုံးကတော့ ၃ ကြိမ်အထိ စစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ပထမ၁ဆင့်မှာတော့ HR ဘက်က လူကြီးတွေနဲ့ဖြစ်ပြီး၊ ဒုတိယအဆင့်မှာတော့ team leader နဲ့ဖြစ်ပြီး နောက်ဆုံးအဆင့်မှာတော့ director နဲ့ ဗျူးရလေ့ရှိပါတယ်။ 

အင်တာဗျုးကိုဘယ်လိုဖြေဆိုရမလဲ ဆောင်းပါးကိုတော့ ဒီဆောင်းပါး မှာဝင်ဖတ်နိုင်ပါတယ်။ နိုင်ငံခြားသားကျောင်းသားတွေအတွက်ကတော့ ဂျပန်စာအရည်အချင်း၊ ဂျပန်မှာနေထိုင်တဲ့ကြာချိန် personal နဲ့ပတ်သက်တဲ့ မေးခွန်းတွေအထိတောင် အမေးခံရနိုင်ပါတယ်။ ဥပမာ ဘာလို့ဂျပန်ကိုလာတာလဲ၊ ဘာလို ကိုယ့်နိုင်ငံကို မပြန်တာလဲ အစသဖြင့် မေးနိုင်ပါတယ်။ 

အလုပ်ခန့်ခြင်းအကြောင်းကြားစာ Nainaitei(内定)

တခါတလေ ကျရင် စက်တင်ဘာလမှာ ယာယီအလုပ်ခြင်းအကြောင်းအကြားစာရောက်လာတတ်ပါတယ်။ ယာယီအလုပ်ခန့်ခြင်းအကြောင်းကြားစာကတော့ 内々定 (nainaitei) လို့ခေါ်ပါတယ်။ စာရောက်ပြီးတာနဲ့ ဖုန်းနဲ့ ခေါ် လေ့ရှိပြီး ဖုန်းနဲ့ လက်ခံမလားငြင်းပယ်မလားဆိုတာကို အကြောင်းပြန်ရမှာ ဖြစ်ပါတယ်။

တရားဝင် အလုပ်ခန့်အကြောင်းကြာစာရောက်လာခြင်း (内定 naitei)

အောက်တိုဘာနှင့် နိုဝင်ဘာမှာ Nainaitei ကိုလက်ခံပြီးရင် 内定 (naitei) လို့ခေါ်တဲ့ တရားဝင် အလုပ်ခန့်အကြောင်းကြာစာကိုရရှိမှာ ဖြစ်ပါတယ်။ ကုမ္ပဏီအပေါ်မူတည်ပြီးတော့ 内定式 (naiteishiki) ဆိုပြီး ပွဲ အခမ်းအနားနဲ့ ပေးတဲ့ ပွဲတွေလဲရှိပါတယ်။ ဧပြီလမှာလဲ ထပ်ပြီးတော့入社式 (nyuushashiki) အလုပ်ဝင်တဲ့အခမ်းအနားကိုကျင်းပပါတယ်။ 

ကျောင်းသားဗီဇာကနေ အလုပ်ဗီဇာ ကိုဘယ်လိုပြောင်းမလဲ။

ကျောင်းပြီးပြီး အလုပ်ဝင်တာနဲ့ အလုပ်ဗီဇာကိုပြောင်းဖို့ တော်တော် အရေးကြီးပါတယ်။ ဂျပန်မှာတော့ ကိုယ့်ရဲ့ အခြေအနေအပေါ်မူတည်ပြီးတော့ ကိုယ့်ရဲံ နေထိုင်ခွင့်အမျိုးအစားကိုပြောင်းလဲရပါတယ်။

ဂျပန်လိုဆိုရင်တော့ 「在留資格変更許可申請 (zairyuu-shikaku henkou kyoka shinsei)」

လို့ခေါ်ပါတယ်။ 

Work Visa ပြောင်းတဲ့ အချိန် 

ဧပြီလ ပထမအပတ်မှာ ကျင်းပတဲ့ 入社式 (nyuusha-shiki) မတိုင်ခင် “留学 (ryuugaku; study abroad)” လို့ခေါ်တဲ့ ကျောင်းသား ဗီဇာကနေ Work Visa ကိုပြောင်းထားဖို့လိုအပ်ပါတယ်။ Work Visaပြောင်းတဲ့ အချိန်မှာလဲ အများအားဖြင့် ၁ လကနေ ၂ လ အထိကြာတတ်ပါတယ်။ အချိန်မှီမပြောင်းနိုင်ဘူးဆိုရင်တော့ အလုပ်ဘက်ကိုသေချာအကြောင်းကြားရမှာဖြစ်ပါတယ်။ နေထိုင်ခွင့် ကတ်အသစ်မရရှိချင်းအလုပ်လုပ်လို့မရပါဘူး။ 

Work Visa ပြောင်းနည်း

အမျိုးအစားအပေါ်မူတည်ပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေလဲ ကွဲပြားပါတယ်။ အောက်မှာတော့ “Engineering / Specialist in Humanities / International Services (技術・人文知識・国際業務)” အတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ လိုအပ်ချက်ကိုမူတည်ပြီးတော့ အမျိုးအစား ၃မျိုးခွဲခြားနိုင်ပါတယ်။

ကိုယ့်ရဲ့ စာရွက်စာတမ်းတွေ 

  • နေထိုင်ခွင့်‌အမျိုးအစားပြောင်းရမယ့်ဖောင်
  • နိုင်ငံကူးလက်မှတ် 
  • နေထိုင်ခွင့်လက်မှတ် 
  • ဓာတ်ပုံ (4x3cm) ကြောဘက်မှာနာမည်ရေး
  • လျှောက်ရတဲ့ အကြောင်းအရင်း
  • ယန်း ၄၀၀၀ (လျှောက်လွှာ အတည်ပြုဖြစ်ရင်)

အလုပ်ခန့်မယ့် ကုမ္ပဏီဘက်မှတောင်းရမယ့် စာရွက်တာတမ်းများ

※ကုမ္ပဏီအပေါ်မူတည်ပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ ကွာခြားနိုင်ပါတယ်။

  • နေထိုင်ခွင့်‌အမျိုးအစားပြောင်းရမယ့်ဖောင်
  • အလုပ်ခန့်စာချုပ်
  • registered information ရဲ့ certified copy
  • financial statement
  • Company pamphlet
  • အလုပ်ခန့်ရခြင်းရဲ့ ရည်ရွယ်ချက် 

ကျောင်းဘက်မှတောင်းရမယ့် စာရွက်စာတမ်းများ

  • ကျောင်းပြီးကျောင်းလက်မှတ် မူရင်း
  • transcript

အသေးစိတ်ကို ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ကနေ ဝင်ကြည့်နိုင်ပါတယ်။

WeXpats Jobs ဆိုတာ?

WeXpats Jobs ဆိုတာကတော့ ဂျပန်မှာ အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေကို အားပေးတဲ့ ဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ ဒီတခေါက် အင်တာဗျူးမှာ မိတ်ဆက်ခဲ့တဲ့ ဟိုတယ် အလုပ်အကိုင်တွေအပြင် တခြား လုပ်ငန်းတွေရဲ့ အလုပ်ခေါ် စာအမျိုးမျိုးမိတ်ဆက်ပေးလျက်ရှိပါတယ်။

ဂျပန်ဘာသာစကားအပါအဝင် ဘာသာစကား ၁၁ မျိုး (အင်္ဂလိပ်၊ ဗီယက်နမ်၊ ကိုးရီးယား၊ အင်ဒိုနီးရှား၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ စပိန်၊ ပေါ်တူဂီ ) စတဲ့ဘာသာစကားတွေနဲ့ အလုပ်ရှာဖွေနိုင်မှာဖြစ်ပြီး ဂျပန်စကားကိုသေချာမပြောနိုင်တဲ့တွေလဲ ယုံကြည်မှုရှိရှိနဲ့ အလုပ်ရှာဖွေနိုင်ပါတယ်။ 

၁ ကိုယ်ဘာသာကို ရှာဖွေနိုင်ခြင်း

ဂျပန်စာအရည်အချင်း၊ လုပ်ကိုင်ချင်တဲ့အလုပ်အမျိုးအစား၊ အလုပ်နေရာ စတဲ့အရာတွေကိုဖြည့်စွက်ပြီး ကိုယ့်ဘာသာကို ရှာဖွေနိုင်ပါတယ်။ 

၂ လုပ်ငန်းဘက်က ကမ်းလှမ်းစာတွေကိုလက်ခံစာရယူပါ

လွယ်ကူတဲ့ ‌မေးခွန်းတွေကိုဖြေဆိုပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်ခေါ်စာတွေကို လက်ခံရယူနိုင်ပါတယ် ။ လုံးဝအခမဲ့ဖြစ်တာကြောင့် အောက်က ပုံကနေတဆင့် နိုပ်ပြီး အလုပ်ရှာဖွေနိုင်ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်ရှာဖွေခြင်း (အင်တာဗျူး၊ ကိုယ်ရေးရာဇဝင်၊ စာမေးပွဲ)/ ဂျပန်မှာ အလုပ်ရှာတဲ့ အချိန်မှာ သိထားသင့်တဲ့ အချက်တွေနှင့် ပြင်ဆင်ထားရမယ့်အရာများ။Shuukatsu (就活)အကြောင်း။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ