ဂျပန်ရဲ့ယာဥ်မောင်းလိုင်စင်အတွက်လိုအပ်ချက်များ(How to get a driver's license in Japan)

ဂျပန်ယာဉ်မောင်းလိုင်စင်ဖြင့်သင်သည်ကားဖြင့်ခရီးသွားနိုင်ပြီးကျယ်ကျယ်ပြန့်ပြန့်သွားနိုင်ပါတယ်။အလုပ်ရရှိဖို့လျှောက်တဲ့နေရာမှာလည်းယဥ်မောင်းလိုင်စင်ရှိဖို့လိုအပ်ပါတယ်။လိုင်စဥ်ရှိခြင်းအားဖြင့်အလုပ်ခန့်မယ့်နေရာတွင်လည်းဦးစားပေးရွေးချယ်ခြင်းခံရတာမျိုးလည်းရှိနိုင်ပါတယ်။ဂျပန်ရဲ့ယဥ်မောင်းလိုင်စင်ဟာနိုင်ငံတကာမှာမောင်းခွင့်ရှိပြီး၊ယဥ်မောင်းဖြေဆိုရာတွင်လည်းစည်းစနစ်ကျစွာဖြေဆိုပြီးမှအောင်မြင်တာမျိုးဖြစ်ပါတယ်။ကျောင်းသားများအဖို့ကျောင်းတက်နေစဥ်ကာလအတွင်းယဥ်မောင်းလိုင်စင်ဖြေဖို့မှာစျေးကြီးလွန်းတာကြောင့်တချို့ကကုမ္မဏီဝင်မှသင်တာမျိုးလည်းရှိပါတယ်။ATအော်တိုဂီယာလိုင်စင်၊MTလက်ထိုးဂီယာကားလိုင်စင်၂မျိုးရှိပါတယ်။ယဥ်မောင်းလိုင်စဥ်ဖြေဖို့ယန်း၂၀၀၀၀၀ကနေ၃၀၀၀၀၀အထိကုန်နိုင်ပါတယ်။

ယာဥ်မောင်းစာမေးပွဲနှင့်စည်းမျဥ်းစည်းကမ်းများ

သင်မောင်းလိုင်စင်အတွက်ကားစည်းကမ်း၊ကားအကြောင်းအရာတွေနဲ့ပတ်သက်တဲ့မေးခွန်းအပုဒ်ရေ ၅၀ဖြေရပါတယ်။အဲ့ဒီထဲမှာမှ မေးခွန်း ၄၅ပုဒ် အထက်အမှန်မှစာမေးပွဲအောင်ပါတယ်။စာမျက်နှာပေါင်း ၃၀၀နီးပါးရှိတဲ့စည်းမျဉ်းစာအုပ်ကိုနာနာဖတ်ပြီးစာမေးပွဲမေးခွန်းအပုဒ်၅၀၀လောက်ကိုလေ့ကျင့်ရပါတယ်။အချိန်သိပ်မလောက်သည့်အတွက် ဆိုလိုရင်းအဓိပ္ပာယ်ကိုနားလည်အောင်ဖတ်ပြီး မြန်မြန်ဖြေဆိုနိုင်ရင် အောင်ပါတယ်။ရေးဖြေစာမေးပွဲကတော့ တစ်ရက်မှာ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် စာမေးပွဲ ရှိပါတယ်။မနက်ပိုင်းဖြေလို့ မအောင်သည့်သူများက နေ့လည်ပိုင်း ဖောင်တင်ပြီးထပ်ဖြေလို့ရပါတယ်။ တချို့ ဖြေမယ့်သူများတဲ့နေ့တွေမှာတော့ တစနေ့ထဲ ဖြေလို့ မရနိုင်ပါဘူးး။သင်မောင်းလိုင်စင်အတွက် လက်တွေ့ဖြေဆိုနေစဥ်မှာယာဥ်ထိန်းရဲကဘေးမှာထိုင်ပြီးသင်မောင်းကွင်းထဲမှာလက်တွေ့မောင်းပြရပါတယ်။ အမှတ် ၁၀၀ မှတ်ထဲကနေ အမှားတစ်ခုတွေ့တာနဲ့ အမှတ်နှုတ်သွားပါတယ်။ အမှတ် ၇၀ အထက်ရမှ အောင်ပြီးသေသေချာချာမောင်းတတ်ပြီလို့ယူဆရမှသင်မောင်းလိုင်စင်ရပါတယ်။လက်တွေ့သင်မောင်းစာမေးပွဲလည်းမနက်တကြိမ်နေ့လည်တကြိမ်စာမေးပွဲရှိပါတယ်။လက်တွေ့စာမေးပွဲကတော့မနက်ပိုင်းဖြေလို့မအောင်ခဲ့ရင်နေ့လည်ပိုင်းဖြေလို့မရပါဘူး။နောက်ရက်ထပ်ပြီး စာရင်းသွင်းရပါတယ်။

ယာဉ်မောင်းလိုင်စင်ရရှိရန်လိုအပ်သောစာရွက်စာတမ်းများ

မြန်မာပြည်ကယဥ်မောင်းလိုင်စင်ရှိပါကတခါတည်းပေးရန်။driverယာဉ်မောင်းလိုင်စင်ပြောင်းလဲခြင်းtranslationဘာသာပြန်ဆိုရန်အတွက်သတ်မှတ်ထားသောအေဂျင်စီJAFသို့သွားရမည်။JAFသည်ဘာသာပြန်ဝန်ဆောင်မှုများပေးနိုင်သည့်နေရာဖြစ်ပါတယ်။nationalနိုင်ငံသားနှင့်နေထိုင်ခွင့်လက်မှတ်နေထိုင်ခွင့်ကဒ်တွေကိုမိတ္တူကူးရန်။၃စင်တီမီတာx၂.၄စင်တီမီတာဤစာရင်းသည်ဂျပန်ယဥ်မောင်းဌာနရဲ့တရားဝင်ထုတ်ပြန်ချက်ဖြစ်ပါတယ်။ဥပမာကားမောင်းသူလက်မှတ်၊မတော်တဆထိခိုက်မှုကိုချိုးဖောက်ခြင်းစသည်တို့နဲ့ပက်သက်တဲ့အသေးစိတ်စာရွက်စာတမ်းများသည်ယာဉ်မောင်းလိုင်စင်စင်တာ၀န်ထမ်းများနှင့်တိုင်ပင်ဆွေးနွေးရန်လိုအပ်သည်။စာရွက်စာတမ်းများကိုပထမဆုံးအကြိမ်တင်သွင်းပါ၊စာရွက်စာတမ်းများကိုပြန်လည်စစ်ဆေးပါ။ကုန်ကျစရိတ်:JAFဘာသာပြန်ကြေးမှာတစ်ထောင်ယန်း၊လျှောက်လွှာကြေးမှာ၂၅၅၀ယန်လူကိုယ်တိုင်လာမထုတ်ချင်လည်းစာတိုက်ကနေပို့ဆောင်ပေးလို့ရပါတယ်။ပို့ဆောင်ခမှာ၂,၀၅၀ယန်းဖြစ်သည်။

ယဥ်မောင်းလိုင်စင်ရဲ့အရေးကြီးတဲ့နေရာများ

ယဥ်မောင်းလိုင်စင်ဟာအလုပ်လျှောက်တဲ့နေရာမှာဂျပန်စာအရည်အချင်းအပြင်ယဥ်မောင်းလိုင်စင်ရှိဖို့လိုအပ်တဲ့အလုပ်တွေများစွာရှိပါတယ်။ဂျပန်ရဲ့နယ်မြို့တွေမှာလည်းများသောအားဖြင့်ကားကိုအသုံပြုတာများသောကြောင့်ဖြစ်ပါတယ်။ဥပမာအားဖြင့်ဂိုဒေါင်ရဲ့ပစ္စည်းသယ်ယူပို့ဆောင်ရေးလိုအလုပ်မျိုးမှာလည်းယဥ်မောင်းလိုင်စင်ရှိဖို့လိုအပ်ပါတယ်။ဂျပန်ရဲ့ယဥ်မောင်းလိုင်စင်ရှိပါကနိုင်ငံတကာမောင်းနှင်ခွင့်ရှိပါတယ်။လိုင်စင်ဖြေဆိုရာတွင်လည်းသတ်မှတ်ထားတဲ့အတွေ့အကြုံမရှိပါကအကြိမ်ကြိမ်ဖြေဆိုရတဲ့အထိစည်းကမ်းတင်းကြပ်မှုများလည်းရှိပါတယ်။နိုင်ငံခြားသားများအဖို့ဂျပန်စာအရည်အချင်းအပြင်ယဥ်မောင်းလိုင်စင်မရှိပါကအလုပ်မရဘဲကြာနေတာမျိုးရှိတတ်တဲ့အတွက်ယဥ်မောင်းလိုင်စင်ဟာလည်းမရှိမဖြစ်သင်ယူရမယ့်အရာတစ်ခုဖြစ်ပါတယ်။

ရထားကဒ်ရဲ့အသုံးပြုပုံပြုနည်း(Japan train card)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ လမ်းပန်းဆက်သွယ်ရေး/ ဂျပန်ရဲ့ယာဥ်မောင်းလိုင်စင်အတွက်လိုအပ်ချက်များ(How to get a driver's license in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ