ဂျပန်ကနေမြန်မာနိုင်ငံငွေလွှဲနည်း(Oversees remittance from Myammar to Japan)

ဂျပန်ကနေမြန်မာကိုငွေလွှဲနည်းကတော့အမျိုးမျိုးရှိပါတယ်။ဒီဘက်ကနေဘဏ်ကဒ်တခုရှိရမှာဖြစ်ပြီး၊မြန်မာပြည်ကထုတ်မယ့်လူမိသားစုဝင်ရဲ့ဘဏ်အကောင့်တစ်ခုရှိရမှာဖြစ်ပါတယ်။ဒီလိုလွှဲခြင်းအားဖြင့်ပိုက်ဆံလွှဲခသက်သာပြီးတော့စိတ်ချရပါတယ်။ဂျပန်ဘက်မှာလည်းSBI,KYODAIတို့မှာများသောအားဖြင့်မြန်မာဝန်ထမ်းတွေရှိပြီးတော့ကိုယ်နားမလည်တဲ့ဂျပန်စာအသုံးအနှုန်းတို့ကိုမေးကြည့်လို့ရပါတယ်။သက်ဆိုင်ရာမြန်မာဝန်ထမ်းများကကဒ်ရဲ့ပြုလုပ်ပုံအဆင့်ဆင့်ကိုရှင်းပြုပေးမှာဖြစ်ပြီး၊မြန်မာပြည်ဘက်ကထုတ်ယူပုံအဆင့်ဆင့်ကိုရှင်းပြပေးမှာဖြစ်ပါတယ်။

 SBIနဲ့ငွေလွှဲမယ်ဆိုရင်

SBIနဲ့ငွေလွှဲမယ်ဆိုလျှင်ငွေလွှဲကဒ်ကိုSBIကုမ္ပဏီကနေလျှောက်ထားရပါမယ်။ထိုကဒ်လျှောက်ရန်မိမိ၏(ဇိုင်းလျူးကဒ်၊မိုင်နမ်ဘာကဒ်ပြား၊ယာဥ်မောင်းလိုင်စင်၊ရပ်ကွက်ထောက်ခံစာ၊ကျန်းမာရေးအာမခံကဒ်)များထဲမှ၂မျိုးလိုအပ်ပါတယ်။ရုံးတွင်လိုအပ်သောအချက်အလက်များကိုဖြည့်ပေးရပါမယ်။ထို့အပြင်မြန်မာနိုင်ငံကလက်ခံယူမယ့်လူရဲ့နာမည်လိုအပ်ပါတယ်။ထိုကဒ်လျှောက်ထားပြီးပါကငွေကိုတော့စာတိုက်ဘဏ်ရဲ့ATMကနေလွှဲရပါတယ်။ငွေလွှဲပြီး၁၀မိနစ်လောက်အကြာမှာမိမိ၏အီးမေးလ်လိပ်စာထဲမှဂဏန်၈လုံးပို့ပေးမည်ဖြစ်ပြီး၊ထိုဂဏန်း၈လုံးကိုမြန်မာနိုင်ငံရှိဘဏ်တွင်ပြောပြ၍၍ွေထုတ်နိုင်ပါတယ်။ငွေလဲဈေးနှုန်းကိုမိမိလွှဲသည့်အချိန်ရဲ့ငွေပေါက်ဈေးအတိုင်းသတ်မှတ်ပေးပါတယ်၍ွေလွှဲရန်အသေးစိတ်သိလိုပါကFacebookတွင်SBIMyanmarပေ့ချ်တွင်မေးမြန်းနိုင်ပါတယ်။မြန်မာလူမျိုးဝန်ထမ်းများရှိသည့်အတွက်အသေးစိတ်ရှင်းပြပါလိမ့်မယ်။မြန်မာနိုင်ငံရှိချိတ်ဆက်ထားသည့်ဘဏ်များဖြစ်သည့်

(1)ASIA GREEN DEVELOPMENT BANK(AGD)

(2)MYANMAR CITIZENS BANK(MCB)

(3)TUN FOUNDATION BANK များတွင်သာငွေထုတ်ယူ၍ရပါတယ်။

Kyodaiနဲ့ငွေလွှဲမယ်ဆိုရင်

Kyodaiတွင်ငွေလွှဲနည်း၂မျိုးရှိပြီး၊ပထမတစ်မျိုးဖြစ်သည့် AGD ,Tun Foundation ,MCB bank တွေမှာ ငွေသားထုတ် ဖို့အဆင်ပြေသူများအတွက် ငွေလွှဲနှုန်းကောင်းတဲ့ Money Gram စနစ်နဲ့ငွေလွှဲနည်းမှာ SBI နှင့်တူညီပါတယ်။ ဒုတိယတစ်မျိုးကတော့ CB ,AYA,AGD bank တွေမှာbank accထည့်ချင်သူများနှင့်ငွေသားထုတ်ယူလိုသူများအတွက် IME စနစ်နဲ့ငွေလွှဲနည်းဖြစ်ပါတယ်။ ငွေလွှဲမယ့်လူတွင်kyodaiငွေလွှဲကဒ်ရှိရင်လိုပြီးထိုကဒ်လျှောက်ရန်မိမိ၏(ဇိုင်းလျူးကဒ်၊မိုင်နမ်ဘာကဒ်ပြား၊ယာဥ်မောင်းလိုင်စင်၊ရပ်ကွက်ထောက်ခံစာ၊ကျန်းမာရေးအာမခံကဒ်)များထဲမှ၂မျိုးလိုအပ်ပါတယ်။ရုံးတွင်လိုအပ်သောအချက်အလက်များကိုဖြည့်ပေးရပါမယ်။

တရားဝင်ငွေလွှဲခြင်း၏အကျိုးကျေးဇူးများ

မြန်မာနိုင်ငံမှာရှိတဲ့မိသားစုများကိုတရားဝင်ငွေလွှဲတဲ့အခါSBI,KYODAIစတဲ့နေရာများမှငွေလွှဲပါကပြေစာရရှိမည်ဖြစ်ပြီး၊နှစ်ကုန်တွင်အခွန်ရုံးအားတင်ပြပါကမိမိတို့အခွန်များမှသက်သာနိုင်ပါတယ်။အသေးစိတ်ကိုတော့အခြားဆောင်းပါးများမှာထပ်မံရေးသားပေးပါ့မယ်။ထိုငွေလွှဲကုမ္ပဏီနှစ်ခုလုံးတွင်မြန်မာဝန်ထမ်းများရှိသည့်အတွက်မိမိတို့သိလိုသောအချက်အလက်များကိုအသေးစိတ်မေးမြန်းနိုင်ပါတယ်။ထို့အပြင်Facebookစာမျက်နှာများတွင်နေ့စဥ်ပေါက်စျေးများတင်ပေးလေ့ရှိသောကြောင့်ငွေစျေးအတက်အကျကိုအလွယ်တကူသိရှိနိုင်ပါတယ်။

ဂျပန်ရဲ့ Point Card နဲ့ပတ်သက်ပြီး

ဂျပန်ကိုစရောက်ပြီဆိုရင်ပြုလုပ်ရမယ့်ဘဏ်စာအုပ်၊ဖုန်းနဲ့အင်တာနက်နဲ့ပက်သက်ပြီး

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အိမ် / နေရေးထိုင်ရေး/ ဂျပန်ကနေမြန်မာနိုင်ငံငွေလွှဲနည်း(Oversees remittance from Myammar to Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ