ဂျပန်၏ပညာရေးအကြောင်းသိကောင်းစရာ(Compulsory Education in Japan)

ဂျပန်၏ပညာရေးစနစ်သည် အလွန်ကောင်းမွန်ပြီးစည်းကမ်းရှိပါတယ်။ ဂျပန်နိုင်ငံတွင် အလယ်တန်းအထိ အခမဲ့သင်ယူနိုင်တဲ့ပညာရေးစနစ်ရှိပါတယ်။ ဂျပန်နိုင်ငံရှိမိဘများသည် ကလေးများကိုမိမိအားကိုးတတ်အောင်သင်ပေးထားပြီး၊ ကျောင်းမှလည်း မိမိကိုယ်ကို အားကိုးတတ်အောင်သင်ပေးမှုများစွာရှိပါတယ်။ ဥပမာအားဖြင့် အခန်းသန့်ရှင်းရေးလုပ်ခြင်းနှင့် မိဘ၊ဆရာ၊ဆရာမကအကူအညီမပါပဲ မိမိကိုယ်ကိုအားကိုးတတ်အောင် လေ့ကျင့်ပေးတာမျိုးတွေပါဝင်ပါတယ်။ ဂျပန်နိုင်ငံ၏ပညာရေးမှာ ဆရာ၊ဆရာမကချည်းပဲသင်ပေးတာမျိုးမဟုတ်ပဲ မိမိကိုယ်တိုင်စဥ်းစားတွေးခေါ်သည့် အရည်အချင်းကောင်းများကို ပျိုးထောင်ခြင်းဖြစ်ပါတယ်။

ဂျပန်ပညာရေးစနစ်နဲ့ပတ်သက်ပြီး

မူလတန်း(၆နှစ်)နှင့်အလယ်တန်း(၃နှစ်)စုစုပေါင်း၉နှစ်ကိုမသင်မနေရအခြေခံပညာရေးအဆင့်အဖြစ်သတ်မှတ်ထားပြီးထိုသို့သင်ယူမှုအတွက်နိုင်ငံအဆင့်နဲ့ဒေသန္တရအဆင့်ကထူထောင်ထားတဲ့ကျောင်းတွေမှာ လေ့လာသင်ယူကြတဲ့သူများအတွက် အခမဲ့ ဖြစ်ပါတယ်။အဲဒါကြောင့် အသက် ၆ နှစ်ကနေ ၁၅ နှစ်အရွယ်ကလေးများသည် အများပြည်သူပိုင်ကျောင်းများတွင် တက်ရောက်သင်ယူတဲ့အခါ ကျောင်းဝင်ကြေးကျောင်းလခစသည်တို့အတွက်ပေးဆောင်ရန်မလိုအပ်ပါ။ နောက်ပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်တွေလည်း အခမဲ့ဖြစ်ပါတယ်။ မိဘများကတော့ ကလေးများအတွက် စာရေးကိရိယာဖိုး ၊ ကျောင်းဝတ်စုံ၊နေ့လယ်စာထမင်းဖိုး၊ လေ့လာရေးခရီးအတွက်စရိတ်များကို ကုန်ကျခံပေးရပါတယ်။ ထိုအတွက်သက်ဆိုင်ရာနေတဲ့ရပ်ကွက်ရုံးများမှလည်း မိသားစုတစ်စုတွင်ကလေးဦးရေပေါ်မူတည်ပြီး လစဥ်ထောက်ပံ့ငွေကြေးများလည်းရှိပါတယ်။ 

ဂျပန်၏စာတတ်မြောက်မှု

ဂျပန်မှာ ကလေးများကျောင်းတက်ပညာသင်ယူသည့် ရာခိုင်နှုန်းသည် ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်ပြီး ၉၉ ရာခိုင်နှုန်းအထက်မှာရှိပါတယ်။ ထို့ကြောင့် အိမ်ယာမဲ့များတောင်မှ စာကောင်းကောင်းဖတ်နိုင်ပါတယ်။ လူတိုင်းစာတတ်မြောက်နိုင်အောင် ပညာရေးကိုအဓိကဦးစားပေးသည့်နိုင်ငံဖြစ်ပါတယ်။အဲဒီလိုမျိုး စာတတ်မြောက်မှုရာခိုင်နှုန်းမြင့်မားရသည့် အကြောင်းရင်းကတော့ ကလေးတစ်ယောက်မွေးဖွားလာပါက မြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာ မွေးစာရင်းနဲ့အညီ မိသားစုစာရင်းထည့်သွင်းရပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကျောင်းတက်ရမယ့်ချိန်စာရင်းထဲတွင် ထည့်သွင်းလိုက်ပါတယ်။ ထို့နောက် ကျောင်းတက်ရမယ့်အချိန်‌ရောက်သည့်အခါ ထိုမိသားစုစာရင်းပါကလေးက မူလတန်းကျောင်းတစ်ကျောင်း ကျောင်းမှာ ကျောင်းဝင်ခွင့်စာရင်းတင်သွင်းပြီး ကျောင်းတက် မတက်ဆိုတာကို အုပ်ချုပ်ရေးရုံးတွေက စစ်ဆေးပါတယ်။ ကျောင်းဝင်ခွင့်စာရင်းကိုလျှောက်ထားမှုမရှိပါက အစိုးရရုံးမှဝန်ထမ်းများကိုယ်တိုင် အိမ်တိုင်ရာရောက် သွားရောက်စုံစမ်းပြီး တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ပြီး ဖြေရှင်းပါတယ်။

ဂျပန်၏ပညာရေးမှရရှိနိုင်မယ့်အတွေ့အကြုံကောင်းများ

ဂျပန်နိုင်ငံတွင်မူလတန်းကျောင်းစတက်ပါက ကျောင်းနှင့်နီးသည့် ကလေးအများစုသည်ကျောင်းသွားတဲ့အခါ မိဘတွေလည်း လိုက်ပို့စရာ မလိုပဲ မိမိဘာသာသွားလေ့ရှိတတ်ပါတယ်။ အလယ်တန်း၊ အထက်တန်းကျောင်းသားကျောင်းသူများသည်လည်း ထိုနည်းတူပါပဲ။ သူငယ်ချင်းအပေါင်းအဖော်များနှင့် သွားလေ့ရှိကြပါတယ်။ ထို့ကြောင့် ဂျပန်ကျောင်းသား၊ကျောင်းသူအများစုသည် အထက်တန်းပြီးနောက် မိမိတက်ချင်သောတက္ကသိုလ်ကို တစ်ယောက်တည်းရပ်တည်ပြီးကြိုးစားတက်လေ့ရှိကြပါတယ်။ အထက်တန်းကျောင်းသားအရွယ်မှစ၍ ကိုယ်ပိုင်အားလပ်ချိန်များတွင် မိမိအသုံးစရိတ်ကို မိမိကိုယ်တိုင်ရှာပြီး ရပ်တည်တတ်ကြသည့်အတွက် ဂျပန်၏ပညာရေးစနစ်မှာ အတွေ့အကြုံကောင်းများနဲ့အတုယူစရာများစွာရှိနေပါတယ်။

ဂျပန်စာလေ့လာမှုနဲ့ပတ်သက်ပြီးလေ့လာစရာ(Japanese study)

教育訓練給付制度 (ပညာရေးနှင့်လေ့ကျင့်ရေးအတွက်ထောက်ပံ့ကြေးစနစ်)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ