ဂျပန်နိုင်ငံရဲ့ Convenience Storeများအကြောင်း(Lawson, Seven Eleven, Family Mart, Daily Mart, Convenience store in Japan)

ဂျပန်နိုင်ငံမှာတော့ နေရာတိုင်း၊ မြို့တိုင်းနီးပါးမှာ ကွန်ဘီနီ コンビニ လို့ခေါ်တဲ့ ၂၄ နာရိဖွင့်တဲ့ စတိုင်းဆိုင်တွေရှိပါတယ်။ Convenience Store တွေမှာတော့ အစားအသောက်ကနေ အစ နေထိုင်မှုအတွက်သုံးဝင်တဲ့ ပစ္စည်းတွေ အကုန်လုံးကိုရနိုင်ပါတယ်။ နောက်ပြီး ပစ္စည်းတွေအပြင် တခြားဝန်ဆောင်မှုတွေကိုလဲ ရယူနိုင်ပါသေးတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ Convenience Storeတွေမှာရနိုင်တဲ့ အစားအသောက်တွေနဲ့ Convenience Storeတွေရဲ့ ထူးခြားချက်၊ ဂျပန်မှာနာမည်ကြီးတဲ့ Convenience Storeတွေအကြောင်းတွေကို ဖော်ပြသွားပါ့မယ်။ 

မာတိကာ 

Convenience Store မှာရနိုင်တဲ့ အစားအသောက်များ

Convenience Storeမှာ ရရှိနိုင်တဲ့ အစားအသောက်တွေက စုံလင်လှပါတယ်။ အဆာပြေစားသောက်လို့ရတဲ့ အစားအသောက်တွေအပြင် နေ့လည်စာ၊ မနက်စာ၊ ညစာတွေအထိ စားနိုင်တဲ့ အစားအသောက်တွေကိုရောင်းချပေးနေတဲ့ နေရာလဲဖြစ်ပါတယ်။ ဒါ့အပြင်ရာသီဥတုအပေါ်လိုက်ပြီး ရာသီစာတွေကိုလဲ Convenience Storeတွေမှာရရှိနိုင်ပါတယ်။ အသေးစိတ်ကိုကြည့်လိုက်ကြရအောင်။

အဆာပြေ Snacks များ

ပထဆုံးအနေနဲ့ Convenience Store တွေမှာတော့ အဆာ‌ပြေ Snacks တွေ အများကြီးကို တနေရာတည်းမှာရနိုင်ပါတယ်။ အားလူးကြော်တွေ၊ နောက်ပြီး မုန့်ကြွပ်တွေ ပေါင်မုန့်တွေကို တနေရာတည်းမှာ ရရှိနိုင်ပါတယ်။ နောက်ပြီး အသားချောင်းတွေကိုလဲ ဝယ်ယူနိုင်ပါတယ်။ ဒီအချက်ကတော့ မြန်မာပြည်မှာရှိတဲ့ Convenience Store နဲ့ ပုံစံအတူတူပဲ ဖြစ်ပါတယ်။ 

အချိုရည်များ

နောက်ပြီး အချိုရည် အမျိုးမျိုးနဲ့ရေဗူးနဲ့ အရက်၊ ဝိုင် စတဲ့ သောက်စရာတွေကိုလဲဝယ်ယူနိုင်ပါတယ်။ သို့သော် ဝယ်မယ်ဆိုရင်တော့ အသက် ၂၀ ပြည့်ဖို့လိုအပ်ပါတယ်။ အချိုရည်တွေအပြင် အသင့်သောက် ကော်ဖီတွေနဲ့ စက်နဲ့‌ဖျော်တဲ့ကော်ဖီတွေကိုလဲ အလွယ်တကူဝယ်ယူ သောက်သုံးနိုင်ပါတယ်။ 

ထမင်းလိပ်များ

ထမင်းလိပ်တွေ နဲ့ ထမင်းဆုပ်တွေကတော့ Convenience Store မှာအလွယ်တကူ ဝယ်ယူနိုင်တဲ့ အရာတွေဖြစ်ပြီး အမျိုးအစားတွေလဲ စုံလင်လှပါတယ်။ ဂျပန်လူမျိုးတွေကတော့ ထမင်းဆုပ်ကို နေ့လည်စာအနေနဲ့ စားသောက်ကြတဲ့ သူတွေလဲ များပါတယ်။ ထမင်းဆုပ်တွေကလဲ ယန်း ၁၀၀ ကနေ ၃၀၀ ကြား အမျိုးမျိုူးရှိပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံရဲ့ Convenience Store တွေမှာတော့ Microwaves တွေရှိတဲ့အတွက်ကြောင့် တခါတည်းနွေးပြီး ပူပူနွေးနွေးစားသောက်နိုင်ပါတယ်။ ဒီအချက်ကလဲ တော်တော် အဆင်ပြေတဲ့ အချက်ဖြစ်ပါတယ်။ 

ခေါက်ဆွဲခြောက်များ

အသင့်စားခေါက်ဆွဲခြောက်တွေကတော့ ဂျပန်နိုင်ငံမှာ တော်တော် လူကြိုက်များတဲ့ အစားစာတွေ ဖြစ်ပါတယ်။ Convenience Store တွေမှာတော့ အသင့်အစား‌ခေါက်ဆွဲ အမျိုးအစားစုံစုံလင်လင်ရရှိနိုင်ပါတယ်။ Convenience Store တွေမှာတော့ အသင့်အစား‌ခေါက်ဆွဲ တွေက အချိန်သက်သာပြီး စျေးလဲ သက်သာပါတယ်။ နောက်ပြီး တချို့ Convenience Store တွေဆိုရင် နာမည်ကြီး‌ခေါက်ဆွဲဆိုင်တွေနဲ့ ပူပေါင်းပြီး အသင့်စားခေါက်ဆွဲတွေ ထုတ်လုပ်လေ့ရှိတဲ့ အတွက်ကြောင့်မို့လို့ နာမည်ကြီး ခေါက်ဆွဲတေကိုလဲ စျေးသက်သက်သာသာနဲ့ ကိုယ့်အိမ်မှာအလွယ်တကူ စားသောက်နိုင်ပါတယ်။ 

ထမင်းဘူးများ

ထမင်းဘူးတွေကလဲ ဂျပန်နိုင်ငံရဲ့ Convenience Store တွေရဲ့ ထူးခြားချက်တွေ ဖြစ်ပါတယ်။ ထမင်းဘူးအမျိုးအစားတွေကလဲ စုံလင်လှပါတယ်။ ဂျပန်ရိုးရာ လူကြိုက်များတဲ့ အစားအသောက်တွေဖြစ်တဲ့ curry, ramen, gyudon, oyakodon,

soumen စတဲ့ အစားအသောက်တွေအပြင် ပါစတာ တို့လိုအနောက်တိုင်းအစားအသောက်တွေ၊ ကင်မချီဟင်းချိုတွေပါရရှိနိုင်ပါတယ်။ ဒါကြောင့် မို့လို့ နေ့လည်စာကို Convenience Store မှာပဲ စားရင်လဲ အဆင်ပြေပါတယ်။ နောက်ပြီး ထမင်းဘူး အမျိုးအစားတွေကို တနှစ်ပတ်လုံး တပုံစံတည်းမဟုတ်ဘဲ အပြောင်းအလဲတွေလဲရှိပါသေးတယ်။ ဒါကြောင်မို့လို့  Convenience Store က ထမင်းဘူးတွေကို မရိုးတမ်းစားနိုင်ပါတယ်။ 

အအေးခံထားတဲ့ အစားအသောက်များ

Convenience Store မှာရေခဲရိုက်အအေးခံထားတဲ့ အစားအသောက်တွေကိုလဲ အစားအသောက်တွေလဲ အများကြီးရနိုင်ပါတယ်။ကြက်သား၊ ဝက်သား၊ အမဲသားအပြားတွေအပြင် ရိုးရာစားသောက်ကုန်တွေ၊ အရသာနယ်ထားပြီးသား စင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကိုလဲ ရရှိနိုင်ပါတယ်။ နောက်ပြီး ပါစတာ၊ပီဇာတို့လို့ အနောက်တိုင်းအစားစောတွေအပြင် Takoyaki တို့လို ဂျပန်ရိုးရာအစားစာတွေနဲ့ ဖက်ထုပ်လိုမျိုး တရုတ်အစားအသောက်တွေကိုပါရရှိနိုင်ပါတယ်။

အချိုပွဲများ

Convenience Store မှာရောင်းတဲ့ မုန့်အချိုတွေကတော့ တကယ်အရသာရှိပါတယ်။ စျေးလဲသက်သာပြီး ရာသီအလိုက် အရသာတွေကိုမြည်းစမ်းနိုင်ပါတယ်၊ ရာသီပေါ်သစ်သီးတွေကိုအသုံးပြုထားတဲ့ ကိတ်မုန့်တွေ၊ အရသာထူးဆန်းတဲ့ကိတ်မုန့်တွေ၊ ဂျပန်ရိုးရာ အချိုမုန့်တွေကိုအလွယ်တကူ ဝယ်ယူစားသောက်နိုင်ပါတယ်၊။ နောက်ပြီး ရေခဲမုန့်တွေကိုလဲအမျိုးအစားစုံစုံလင်လင် ဝယ်စားနိုင်ပါတယ်။ 

Convenience Store မှာအသုံးပြုနိုင်မယ့် ဝန်ဆောင်မှုများ

အပေါ်မှာဖော်ပြ ခဲ့တဲ့ စားသောက်တွေတင်မဟုတ်ဘဲ Convenience Store တွေမှာတော့ တခြားဝန်ဆောင်မှုတွေပါရရှိနိုင်ပါသေးတယ်။ ရယူနိုင်တဲ့ ဝန်ဆောင်မှု အမျိုးအစားတွေကလဲ စုံလင်လှပါတယ်။ တချက်ကြည့်လိုက်ကြရအောင်။ 

ပစ္စည်းပို့နိုင်ခြင်း

Convenience Store ကနေပြီးတော့ ဂျပန်နိုင်ငံတဝှမ်းလုံး ကို ပစ္စည်းပို့နိုင်ပါတယ်။ ပို့ရုံတင်မက ပစ္စည်းလက်ခံလို့လဲရပါသေးတယ်။ ဒီအချက်ကတော့ အလုပ်လုပ်နေပြီး အိမ်မှာ အချိန်တိုင်းမရှိတဲ့ သူတွေအတွက် တော်တော်အဆင်ပြေတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တနေရာရာက‌နေ ပစ္စည်းပို့တာပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ဆီကနေ ပစ္စည်းလက်ခံတာပဲ ဖြစ်စေ အနီးနားမှာရှိတဲ့ Convenience Store ကိုအလွယ်တကူအသုံးပြုနိုင်ပါတယ်။ Convenience Store တွေက ၂၄ နာရီဖွင့်တဲ့အတွက်ကြောင့် အားတဲ့ အချိန်မှာ သွားပြီး လုပ်နိုင်ပါတယ်။

မီတာခ၊ မီးဖိုးရေဖိုးနဲ့ အခွန် ဆောင်နိုင်ခြင်း

နောက်ထပ် Convenience Store မှာရယူနိုင်တဲ့ ဝန်ဆောင်မှုကတော့ ဘ်ေလ် ဆောင်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဘေလ်တွေကိုအလွယ်တကူ ၂၄ နာရီ Convenience Store တွေမှာ ဆောင်နိုင်တဲ့ အချက်ကတော့ တော်တော် လေးကို အဆင်ပြေတဲ့အချက်ဖြစ်ပါတယ်။ နောက်ပြီး အခွန်တွေကိုပါ ရုံးသွားစရာမလိုဘဲ Convenience Store တွေကိုသက်သက်သာသာဆောင်နိုင်တဲ့ အချက်ကလဲ တော်တော် လေးကိုအဆင်ပြေတဲ့ အချက်ဖြစ်ပါတယ်။ 

Copy ကူးခြင်း၊ Print ထုတ်ခြင်း၊ Fax ပို့ခြင်း စတဲ့ ဝန်ဆောင်မှုများ

Convenience Store တွေမှာရှိတဲ့ printer တွေမှာတော့ Copy ကူးခြင်း၊ Print ထုတ်ခြင်း၊ Fax ပို့ခြင်း တဲ့ ဝန်ဆောင်မှုတွေကိုရယူနိုင်ပါတယ်။ ကာလာ၊ အဖြူအနက် စသဖြင့် ရွေးချယ်နိုင်ပြီး အဖြူအမဲ နဲ့ ကော်ပီကူးရင်တော့ ၁၀ ယန်းလောက်သာကျသင့်မှာ ဖြစ်ပါတယ်။ နောက်ပြီး Convenience Store အပေါ်လိုက်ပြီး စာရွက်စာတမ်းတွေကို သတ်မှတ်ထားတဲ့ အက်ပလီကေးရှင်းကနေ တဆင့်ပို့ပြီး Print ထုတ်နိုင်တဲ့ဝန်ဆောင်မှုတွေရှိလို့ သီးသန့် Memory Stick တွေလဲဆောင်စရာမလိုပါဘူး။ နောက်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ လမ်းညွှန်ချက်တွေလဲ ပါရှိတဲ့ အတွက်ကြောင့်မို့လို့ အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။

ပွဲလက်မှတ်များ ဝယ်ယူနိုင်ခြင်း

နောက်ထပ် အဆင်ပြေတဲ့ ဝန်‌ဆောင်မှုကတော့ ကစားကွင်း၊ ပန်းခြံဦ ပြပွဲ၊ ဖျော်ဖြေပွဲ စတဲ့ လက်မှတ်တွေကို Convenience Store တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ 

Ghibli ပြတိုက် လက်မှတ်ကတော့ လောလောဆယ် Lawson မှာသာရနိုင်ပါသေးတယ်။

ဒီလိုလက်မှတ်တွေကို Convenience Store အလိုက် ဝန်ဆောင်မှုရယူနိုင်တဲ့ စက်တွေရှိပါတယ်။

Lawson မှာဆိုရင် Loppi machines, Family Mart မှာဆိုရင် Famiport၊ Seven Elevenဆိုရင်တော့ ပုံမှန် printer မှာ ဒီအတိုင်းထုတ်နိုင်ပါတယ်။

အပန်းဖြေ အနားယူနိုင်တဲ့ နေရာတွေရှိခြင်း

တချို့ Convenience Store တွေမှာတော့ ပန်းဖြေ အနားယူနိုင်တဲ့ နေရာလေးတွေ စီစဥ် ပေးထားလေ့ရှိပါတယ်။ ထိုင်ပြီး အေးဆေးအစားသောက်တွေ ထိုင်စားနိုင်သလို တချို့နေရာတွေမှာဆိုရင် ဖုန်းအားသွင်းလို့ရတဲ့ နေရာတွေပါရှိပါသေးတယ်။ ဒါပေမယ့် ကိုယ်စားခဲ့တဲ့ အမှိုက်တွေကိုတော့ သေချာပြန်သိမ်းဆည်းပေးဖို့လိုအပ်ပါတယ်။ နောက်ပြီး Convenience Store တွေမှာတော့ အပန်းဖြေတဲ့နေရာတွေမှာ ထိုင်စားရင် အခွန်ပိုပြီးပေးရတဲ့အတွက်ကြောင့်မိုလို့ ထိုင်စားချင်ရင် ဆိုင်ဝန်ထမ်းကိုကြိုပြောရပါတယ်။ 

အများသုံးသန့်စင်ခန်း

အများသုံးသန့်စင်ခန်း တွေကိုလဲ Convenience Store တွေမှာ ရှိလေ့ရှိပါတယ်။ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပေမယ့် တစ်ခုခုဝယ်ပြီးမှ သုံးတာ ပိုပြီးတော့ သင့်တော်ပါတယ်။ 

၂၄ နာရီ ATM သုံးနိုင်ခြင်း 

ဂျပန်မှာ ပုံမှန် ATM စက်တွေက ၂၄ နာရီ အသုံးပြုလို့မရပါဘူး၊ သို့သော် Convenience Store တွေမှာတော့ ၂၄ နာရီ အသုံးပြုနိုင်ပါတယ်။ သို့သော် ပုံမှန်အချိန်ထက်တော့ပိုပြီးတော့ ကုန်ကျမှာ ဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Convenience Store ၃ ဆိုင် 

ဂျပန်မှာအကြီးဆုံး Convenience Store ၃ ခုကတော့ 7-Eleven, Family Mart, and Lawson တို့ဖြစ်ပါတယ် ။ ဒီ ၃ဆိုင်ကိုတော့ ဂျပန်ကိုအလည်လာရင် နေရာတိုင်းမှာတွေ့နိုင်ပါတယ်။ အသေးစိတ်ကိုကြည့်လိုက်ကြရအောင်။ 

Lawson 

Lawson က‌တော့ အမေရိက ကနေ ရောက်လာတဲ့  Convenience Store ဖြစ်ပြီး ၁၉၇၅ ခုနှစ်ကနေ စပြီး ဂျပန်စျေးကွက်ထဲကိုစပြီးရောက်လာတာဖြစ်ပါတယ်။ Lawson ရဲ့အ‌ရောင်ကတော့ အပြာရောင်နဲ့ အဖြူရောင်ဖြစ်ပါတယ်။ လိုဂိုကလဲ နွားနို့ဗူးပုံစံ ဖြစ်ပါတယ်။ နောက်ပြီး Convenience Store အနေနဲ့အပြင် တခြား စတိုးဆိုင်အမျိုးအစားတွေလဲရှိပါတယ်။ 

Natural Lawson

သဘာဝကနေ ရရှိတဲ့ ထွက်ကုန်တွေကိုအသုံးချပြီးရောင်းချတဲ့ ဆိုင်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်ကုန်တွေအပြင် အလှကုန်ပစ္စည်းတွေကိုလဲရရှိနိုင်ပါတယ်။ 

Lawson Store 100

Lawson Store 100 ကတော့ Lawson ယန်း ၁၀၀ တန်ဆိုင်ဖြစ်ပါတယ်။ စျေးသက်သာပြီး အရည်အသွေးပြည့်မှီတဲ့ ထုတ်ကုန်တွေကိုဝယ်ယူနိုင်ပါတယ်။ 

7-Eleven 

7-Eleven ကတော့ အကြီးဆုံး Convenience Store ၃ခုထဲမှာ‌တော့ အစောဆုံးဖွင့်တဲ့ Convenience Store ဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာ ဂျပန်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် ဂျပန်မှာ အစောဆုံး Convenience Store တော့မဟုတ်ပါဘူး။ ဂျပန်မှာ အစောဆုံး Convenience Store ကတော့ My store ဆိုတဲ့ ဆိုင်ဖြစ်ပြီး လက်ရှိမှာတော့ မရှိတော့ပါဘူး။7-Eleven ကတော့ ဂျပန်နိုင်ငံမှာ ဆိုင်ခွဲအများဆုံး Convenience Storeဖြစ်ပြီး ဂျပန်နိုင်ငံအပြင် ပြည်ပနိုင်ငံတွေမှာလဲ ဆိုင်ခွဲတွေ

Family Mart

နောက် Convenience Store ကတော့ Family Mart ဖြစ်ပြီး Famima လို့ခေါ်လေ့ရှိကြပါတယ်။ 7-Eleven ပြီးရင် ဒုတိယ အကြီးဆုံး Convenience Store ဖြစ်ပါတယ်။ အရောင်ကတော့ အပြာ၊ အဖြူ၊ အစိမ်း ၃ ရောင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအပြင် တခြားနိုင်ငံတွေမှာလဲ ဆိုင်ခွဲတွေရှိပါတယ်။ 

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ Convenience Store တွေရဲ့ ထူးခြားချက်နဲ့ ဂျပန်နိုင်ငံမှာ အကြီးဆုံး Convenience Store တွေအကြောင်းကို ဖော်ပြခဲ့ပါတယ်။ Convenience Store တွေကို ပိုပြီး မှန်မှန်ကန်ကန် အသုံးပြုနို်ငဖို့ Convenience Store အကြောင်းကို ပိုသိထားဖို့လိုအပ်ပါတယ် ။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ ဂျပန်နိုင်ငံရဲ့ Convenience Storeများအကြောင်း(Lawson, Seven Eleven, Family Mart, Daily Mart, Convenience store in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ