ဂျပန်နိုင်ငံ၏တက္ကသိုလ်ကျောင်းသားဘဝ(College or University life in Japan)

ဂျပန်နိုင်ငံရဲ့တက္ကသိုလ်များသည် ဆေးတက္ကသိုလ်များမှအပ ပုံမှန်အားဖြင့် ၄နှစ်တာဖြတ်သန်းရပါတယ်။ ဂျပန်မှာတက္ကသိုလ်တက်တော့မယ်ဆိုရင် ဒါလေးတွေသိထားသင့်ပါတယ်။ ဂျပန်မှာ တက္ကသိုလ်ပထမနှစ် ကနေစပြီး စတုတ္ထနှစ်အထိ ဖြတ်သန်းပုံအဆင့်ဆင့်ကို ဗဟုသုတအဖြစ် ရေးပေးချင်ပါတယ်။

ယေဘူယျ၄နှစ်တာဖြတ်သန်းပုံ

ဂျပန်နိုင်ငံက တက္ကသိုလ်တွေမှာ 単位 (တန်းအိ) လို့ခေါ်တဲ့ သတ်မှတ်ထားတဲ့ ယူနစ်တွေပြည့်မှသာလျှင် ဘွဲ့ရရှိမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်တွေမှာ မိမိတို့ဝါသနာပါရာအသင်းတွေ၊ ကလပ်တွေများစွာရှိတဲ့အတွက် ဂျပန်စကားပိုပြီးတိုးတက်ချင်သူတွေ၊ ဂျပန်လူမျိုးများနှင့်သူငယ်ချင်းဖြစ်လိုပြီး ပေါင်းသင်းဆက်ဆံရေးတိုးတက်ချင်သူများအတွက် ဝင်သင့်တဲ့ အသင်း၊ကလပ်တွေဖြစ်ပါတယ်။ ထို့အပြင်၊ အခြားပွဲ၊ အခမ်းအနားများစွာရှိတဲ့အတွက်လည်း volenteer အဖြစ်ဝင်လုပ်ကြည့်ပြီး အတွေ့အကြုံကောင်းတွေစုဆောင်းစေချင်ပါတယ်။ နိုင်ငံခြားကျောင်းသားများအတွက်လည်း စကော်လာအခွင့်အလမ်းများစွာရှိလို့ ကျောင်းရဲ့ ကြေငြာသင်ပုန်းကို အမြဲမပြတ်စောင့်ကြည့်ပြီး မိမိနှင့်ကိုက်ညီတဲ့ စကော်လာရှိရင် ဝင်လျှောက်လို့ရပါတယ်။ တက္ကသိုလ်အများစုက ဘွဲ့ရပြီးချက်ချင်းအလုပ်ဝင်နိုင်ရန် အလုပ်အကိုင်ရှာဖွေတဲ့နေရာမှာလည်း များစွာကူညီပေးလို့ မိမိတို့မသိတာရှိရင်လည်း မေးမြန်းလို့ရပါတယ်။

တက္ကသိုလ်ပထမနှစ်နှင့်ဒုတိယနှစ်

တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ်ကို ကျောင်းတက်ရင်း မိမိတို့ဝါသနာပါရာ အသင်း၊ ကလပ်များကိုလည်း ဝင်ပြီး သူငယ်ချင်းများနှင့် ပျော်ရွှင်စွာဖြတ်သန်းလေ့ရှိကြပါတယ်။ သို့သော်လည်း ပထမနှစ်နှင့်ဒုတိယနှစ်မှာ တတ်နိုင်သလောက် ဘာသာရပ်များများအောင်ထားမှသာ ဘွဲ့ရဖို့ သေချာမှာပါ။ ဒါ့ကြောင့် စာမေးပွဲများမကျရှုံးအောင် အထူးဂရုစိုက်ဖို့လိုပြီး မိမိယူထားသောဘာသာရပ်နှင့် ပတ်သက်ပြီးသိလိုပါက ကျောင်းရေးရာဌာနတွင် ဆွေးနွေးနိုင်ပြီး မိမိရဲ့ စီနီယာများကိုလည်း မေးမြန်းသင့်ပါတယ်။ တချို့သောကျောင်းသား/သူများကတော့ အလုပ်အကိုင်ကောင်းကောင်းရအောင် ပထမနှစ်၊ ဒုတိယနှစ်မှာတင် ဂျပန်ကုမ္ပဏီများမှာ internships ဆင်းတဲ့သူတွေရှိပါတယ်။ဒါ့ကြောင့် ဂျပန်ကုမ္ပဏီတွေမှာ အတွေ့အကြုံကောင်းရရှိအောင် တက္ကသိုလ်စတက်သည့်အချိန်ကတည်းက ပြင်ဆင်ထားသင့်ပါတယ်။

တက္ကသိုလ်တတိယနှစ်နှင့်စတုတ္ထနှစ်

တက္ကသိုလ်တတိယနှစ်မှာတော့ ဘွဲ့ရဖို့အတွက် တန်းအိ လို့ခေါ်တဲ့ ယူနစ်တွေပြည့်နိုင်သလောက်ဖြစ်နေရပါမယ်။ နောက်ဆုံးနှစ်အတွက် ဘွဲ့ယူစာတမ်း တင်ရန်အတွက်လည်း အကြောင်းအရာများကို ရှာဖွေစုဆောင်းထားရမယ့်အချိန်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်ကုမ္ပဏီများမှာ internships ဆင်းရမယ့်အချိန်ဖြစ်လို့ ဂျပန်နိုင်ငံရဲ့တက္ကသိုလ်ကျောင်းသား/သူများအတွက် တတိယနှစ်က အလုပ်အများဆုံးနှင့် အပင်ပန်းဆုံးဖြစ်ပါတယ်။ ထို တတိယနှစ်ကိုကောင်းမွန်စွာကျော်ဖြတ်နိုင်ရန်တော့ သင့်အတွက်ဘွဲ့ရဖို့ သေချာသလောက်ဖြစ်နေပါပြီ။ တတိယနှစ်ပြီးဆုံးပြီး နောက်ဆုံးနှစ်အစမှာပဲ အလုပ်ရရှိရန် စတင်ပြီး ရှာဖွေရမည်ဖြစ်ပြီး၊ ဘွဲ့ယူစာတမ်းကိုလည်း စတင်ရေးရမှာဖြစ်ပါတယ်။ မိမိသဘောကျတဲ့ကုမ္ပဏီမှာ အလုပ်ရဖို့အတွကဆိုရင်တော့ တတ်နိုင်သမျှ စောစောရှာဖွေသင့်ပါတယ်။ ဘွဲ့ယူစာတမ်းရေးရန်အတွက်လည်း အချိန်ကြာမြင့်သည့်အတွက် စောနိုင်သမျှစောစော ရေးထားသင့်ပါတယ်။ နောက်ဆုံးနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာတော့ ယူနစ်အားလုံးပြည့်နေပြီး ဘွဲ့ယူစာတမ်းတင်ရန်ရယ်ဒီ ဖြစ်နေပြီဆိုရင်တော့ တက္ကသိုလ်မှ ဘွဲ့ရရှိပါပြီ။ 

ဂျပန်နိုင်ငံမှာကျောင်းတက်ကြရအောင်(Japan university life)

ဂျပန်သို့ပညာတော်သင်သွားပြီးရရှိလာသောအတွေ့အကြုံများ(Japanese study)
 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ပညာသင်/ ကျောင်းသားဘဝ/ ဂျပန်နိုင်ငံ၏တက္ကသိုလ်ကျောင်းသားဘဝ(College or University life in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ