ဂျပန်မှာဘွဲ့ရပြီးနောက်အလုပ်ရှာတော့မယ်ဆိုရင်(How to look for Jobs after graduation from university in Japan)

ဂျပန်မှာကျောင်းပြီးပြီးအလုပ်ရှာတော့မယ်ဆိုရင်မိမိကိုယ်ကိုခွဲခြမ်းစိတ်ဖြာတတ်ဖို့အလွန်အရေးကြီးပါတယ်။ဂျပန်မှာအလုပ်ရဖို့လည်းကြိုးစားရပါတယ်။ကျောင်းမပြီးခင်ကတည်းကအလုပ်နဲ့ပတ်သက်တဲ့ Seminarပွဲတော်ကိုများများသွားပြီး၊ကိုယ်လုပ်ချင်တဲ့အလုပ်အဆင်ပြေနိုင်မယ့်အလုပ်ကိုရှာရပါတယ်။ဂျပန်လူမျိုးတွေတောင်သူတို့ဘဝအတွက်အာမခံချက်ပေးနိုင်မယ့်အလုပ်မျိုးကိုအလုပ်ရှာပေးတဲ့ပွဲတွေကိုများစွာသွားရပါတယ်။နိုင်ငံခြားသားများအဖို့ဂျပန်စာအရည်အချင်းJLPTN1,N2နဲ့ဒီပြင်အရည်အချင်းတွေများများပြည့်စုံဖို့နဲ့လုပ်ငန်းခွင်သုံးဂျပန်စာကိုသေချာနားလည်ဖို့လိုအပ်ပါတယ်။ကိုယ်ရှာတဲ့အလုပ်ထဲကလည်း၃/၄ခုလောက်အလုပ်ဝင်ခွင့်ရအောင်လုပ်ထားသင့်ပါတယ်။အဲအထဲကမှကိုယ့်အနေနဲ့သဘောကျပြီးရေရှည်အဆင်ပြေမယ့်အလုပ်ကိုရွေးချယ်သင့်ပါတယ်။

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

ကိုယ်လုပ်မယ့်အလုပ်နဲ့ပတ်သက်ပြီးလေ့လာထားဖို့လိုအပ်မှုများ

ကိုယ့်လုပ်မယ့်ကုမ္မဏီအလုပ်ကိုသေချာလေ့လာဖို့လိုအပ်ပါတယ်။ ကုမ္ပဏီတစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်၊ ဘာလုပ်ငန်းတွေ လုပ်ပြီး တစ်နှစ်တာကာလမှာ အမြတ်ဘယ်လောက်ရှိလဲ။ ဝန်ထမ်းဦးရေ ဘယ်လောက်ရှိလဲ။ ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့် (ဘောနပ်စ်၊ ရာထူးတိုး၊ အခြားအကြိုးခံစားခွင့်) အစရှိတာတွေကိုသေသေချာချာလေ့လာပြီးတစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ကြည့်ဖို့လိုပါတယ်။မကြာခင်ဖွင့်ထားတဲ့ကုမ္မဏီမျိုးလား?နှစ်နဲ့ချီပြီးကုမ္မဏီမျိုးလားလည်းကြည့်သင့်ပါတယ်။လောလောဆယ်တည်ထောင်တဲ့ကုမ္မဏီမျိုးဆိုရင်ခဏနဲ့ပြိုလဲဖို့များပါတယ်။နှစ်နဲ့ချီဖွင့်ထားတဲ့ကုမ္မဏီမျိုးဆိုရင်တော်ရုံနဲ့မပြိုလဲနိုင်တော့လို့ပါ။ရွေးချယ်ထားတဲ့အလုပ်ကိုသေချာလေ့လာထားဖို့လိုအပ်ပါတယ်။

ကုမ္မဏီအတွေ့အကြုံရအောင်ပြင်ဆင်ထားဖို့လိုအပ်မှုများ

Internshipsသွားဖို့ကြိုးစားပါ။အလုပ်ဆိုတာကိုယ့်စိတ်ကူးထဲကအရာနဲ့တစ်ထပ်တည်းကျမကျဆိုတာ ကိုယ်တိုင်လုပ်ကြည့်မှ သိတာမလို့ အလုပ်မလျှောက်ခင် ကိုယ်က ဘယ်အလုပ်နဲ့ အံဝင်ခွင်ကျလဲဆိုတာ သိဖို့လိုပါတယ်။ အလုပ်ဝင်ပြီးမှ ကိုယ်ထင်တာနဲ့ တလွဲဖြစ်နေရင် ကိုယ်ပဲစိတ်ဆင်းရဲရမှာပါ။ internships ကြာချိန်ကတစ်ပတ်၊နှစ်ပတ်၊တစ်လအစရှိသဖြင့်ရှိပါတယ်။အခုဆိုရင်တစ်ရက်တာအလုပ်ဆင်းလို့ရတာတွေရှိလာပါပြီမလို့အလွယ်တကူစိတ်ပေါ့ပေါ့ပါးပါးနဲ့internshipsဆင်းနိုင်ပါပြီ။တကယ်အလုပ်အတွေ့အကြုံလိုချင်ရင်တော့ အနည်းဆုံး တစ်ပတ်လောက်ဆင်းဖို့ လိုအပ်မယ်ထင်ပါတယ်။

လိုအပ်သောအချက်အလက်များနဲ့အလုပ်ခန့်စာများအကြောင်း

အလုပ်နဲ့ပတ်သက်တဲ့ပွဲတွေက ကျောင်းမှာလာလုပ်တဲ့ပွဲတွေလည်းရှိပါတယ်။ ပွဲရှိရင် career center က ဘယ်ရက်၊ဘယ်အချိန်နဲ့ဘယ်နေရာမှာပွဲရှိတယ်ဆိုပြီးအချက်အလက်များကိုပို့ပေးတတ်ပါတယ်။အဲ့လိုပွဲတွေသွားပြီး ကိုယ်သဘောကျတဲ့ ကုမ္ပဏီ(သို့) အလုပ်ကိုတွေ့ပြီဆိုရင် エントリーシート တင်ပါ။ဖောင်တင်ပြီးပြီဆိုရင်နောက်ပိုင်းရေးဖြေစာမေးပွဲ၊အင်တာဗျူးရက်၊အချိန်တွေကိုကုမ္ပဏီဘက်ကပို့လာပါလိမ့်မယ်။ သူပေးထားတဲ့ ရက်တွေမှာ ကိုယ်အဆင်ပြေမဲ့ရက်၊ အချိန်ကို ရွေးပြီး 申し込みလုပ်ပါ။စာမေးပွဲတွေ တစ်ဆင့်ပြီးတစ်ဆင့်ဖြေ၊ အင်တာဗျူးတွေဖြေပြီး နောက်ဆုံး မှာ内定ဆို့အလုပ်ခန့်စာပို့ပေးပါလိမ့်မယ်။ဒီနောက်ပိုင်းမှာတော့အလုပ်ခန့်စာထဲမှာပါတဲ့အတိုင်းအလုပ်ဆင်းရမယ့်ရက်ကိုသတိထားဖို့လိုအပ်ပါတယ်။

ဂျပန်ကုမ္ပဏီများတွင် အလုပ်အင်တာဗျူးဖြေဆိုရာတွင် သိသင့်သောအချက်များ(Japan Work Interview)

ဂျပန်နိုင်ငံ၏အများပြည်သူရုံးပိတ်ရက်များ(Japan work holiday)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ မိမိနှင့်ကိုက်ညီသောအလုပ်/ ဂျပန်မှာဘွဲ့ရပြီးနောက်အလုပ်ရှာတော့မယ်ဆိုရင်(How to look for Jobs after graduation from university in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ