လစာစာရွက်မှာပါဝင်သည့်အခွန်ပေးဆောင်ရသည့်နာမည်များ(Salary and Tax in Japan )

ဂျပန်ရောက်ပြီးစစချင်းမှာအလုပ်လုပ်မယ်ဆိုရင်အခွန်ဆောင်ရမှာဖြစ်ပါတယ်။အဲလိုရောက်ရောက်ချင်းမှာပေးလိုက်တဲ့လစာစာရွက်မှာဂျပန်စာနားမလည်တဲ့အခါသဘောပေါက်လွယ်အောင်ဖော်ပြပေးလိုက်ပါတယ်။ဂျပန်မှာလက်ရှိအခွန်၁၀ရာခိုင်နှုန်းပေးဆောင်ရပါတယ်။အဲဒီအခွန်အပြင်ကျန်းမာရေးအခွန်၊ရပ်ကွက်နေထိုင်ခွင့်အခွန်နဲ့အခြားအခွန်များစွာရှိပါတယ်။လစာထဲမှလည်းအခွန်များစွာဖြတ်ပါတယ်။လစာထဲမှအချိန်ပိုအကြောင်းနဲ့ကုမ္မဏီဘက်မှလည်းအခွန်များတစ်ဝက်လောက်ပေးဆောင်ပေးပါတယ်။

လစာမှပေးချေရသည့်အခွန်နာမည်များ

မိမိအခြေခံလစာထဲတွင် အချိန်ပိုကြေး(残業代)ထောက်ပံ့ကြေး(手当)စသည်တို့ကို ပေါင်းထည့်တွက်ထားခြင်းဖြစ်ပါသည်။မိမိလစာထဲမှ အမျိုးမျိုးသောခေါင်းစဉ်ဖြင့် နှုတ်ယူသော ငွေပမာဏဖြစ်သည်။ ကျန်းမာရေးအာမခံ (保険)ပင်စင်ခွန် (年金)ဝင်ငွေခွန်(取得税)အလုပ်အာမခံခွန်(雇用保険)နေထိုင်ခွင့်ခွန် (住民税)စသည်အခွန်များ၊差引支給額မှာဘဏ်ထဲသို့ လွှဲပေးမည့် ပမာဏဝင်ငွေ ထွက်ငွေ တွက်ပြီး မိမိအမှန်တကယ်ရမည့် ပမာဏဖြစ်သည်။ 

ကုမ္မဏီဘက်မှဆောင်ပေးသည့်အခွန်များနှင့်ခံစားခွင့်

ကျန်းမာရေးအာမခံမိမိဝင်ငွေကိုမြို့၊ဒေသအလိုက်သတ်မှတ်ထားသောကျန်းမာရေးအာမခံကကုမ္မဏီတစ်ဝက်ဝန်ထမ်းကတစ်ဝက်ဆောင်ရပါတယ်။ပင်စင်ခွန်မိမိဝင်ငွေX18.3%ရလဒ်ကို၂နဲ့စားပြီးကျန်တစ်ဝက်ကိုကုမ္မဏီဘက်မှကျခံရမှာဖြစ်ပါတယ်။အလုပ်အာမခံအခွန်အနေနဲ့မိမိဝင်ငွေX0.03%ဆောင်ပေးရမှာဖြစ်ပါတယ်။ဆောင်ရသည့်အပေါ်ဆွေးနွေးမှုများပြုလုပ်နိုင်ပါတယ်။တစ်ချို့အခွန်များကနှစ်အပေါ်မူတည်ပြီးသက်သာခွင့်ရရှိနိုင်ပါတယ်။တချို့အခွန်များကဂျပန်ရောက်ရောက်ချင်းမှာဆောင်ရမှာမဟုတ်ပါဘူး။

အခြားအခွန်ဆောင်ရမှုများ

ဝင်ငွေခွန်အနေနဲ့အစိုးရထံသို့တစ်နှစ်တာစုစုပေါင်းဝင်ငွေပေါ်မူတည်ပြီးမိသားစု၊မှီခိုနေထိုင်သူဦးရေ အလိုက် တွက်နည်းအမျိုးမျိုးရှိပါတယ်။မိမိလစာထဲမှ လစဉ် ခန့်မှန်းနှုတ်ယူထားပြီး အလုပ်ရှင်ဘက်မှ နှစ်ကုန် အခွန်ရုံးမှ ဝန်ထမ်းအမှန်တကယ်ပေးဆောင်ရမည့် ဝင်ငွေခွန်(取得税)ကို စာရင်းတွက်ပြီး ပိုယူထားပါက ၁၂လပိုင်း လစာစာရွက်တွင် 年末調整(နှစ်ကုန်ရှင်းတမ်း) အနေဖြင့် ပိုနေလျှင် ပေါင်းထည့်ပေးရပါတယ်။လိုနေပါက ထပ်နှုတ်ယူပါမည်။နေထိုင်ခွင့်ခွန်အရှေ့နှစ်ဝင်ငွေပေါ်မူတည်၍မိမိနေထိုင်ရာမြို့နယ်ရပ်ကွက်စည်ပင်သာယာရေးခွန်ဖြစ်ပါတယ်။ဂျပန်သို့ရောက်ခါစနှစ်ဖြစ်ပါကမဆောင်ရပါ။ဒုတိယနှစ်မှစ၍ဆောင်ရပါမည်။တလုံးတည်းဆောင်လို့လည်းရသလိုခွဲဆောင်လို့လည်းရပါတယ်။

ဂျပန်ရှိနေ့စဥ်နေထိုင်မှုဘဝအတွက် ကုန်ကျစရိတ်များ(Living expenses in japan)

ဂျပန်မှာအလုပ်လုပ်မယ်ဆိုရင် လစာဘယ်လောက်ရနိုင်မလဲ(Japanese salary)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ဂျပန်နေထိုင်မှုဘဝတွင်လိုအပ်သောကုန်ကျစရိတ်/ လစာစာရွက်မှာပါဝင်သည့်အခွန်ပေးဆောင်ရသည့်နာမည်များ(Salary and Tax in Japan )

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ