ဂျပန်မှာ တက္ကသိုလ်နဲ့ကောလိပ်ရဲ့ကွာခြားမှု(University and Technical college in Japan)

ဂျပန်ရဲ့ပညာရေးစနစ်မှာတက္ကသိုလ်နဲ့ဂျပန်မှာဆန်းမွန်းကျောင်းလို့ခေါ်တဲ့ကောလိပ်ဆိုပြီး၂မျိုးရှိပါတယ်။ကျောင်းဝင်ခွင့်ရဖို့အတွက်ကြိုးစားရပုံချင်းလည်းမတူညီသလိုအလုပ်ဝင်ရာတွေလည်းလစာခံစားခွင့်မတူညီပါဘူး။တက္ကသိုလ်မှာသင်ခဲ့ရတဲ့ပညာရေးအတွေ့အကြုံနဲ့ကောလိပ်မှာရတဲ့အတွေ့အကြုံလည်းမတူညီပါဘူး။တက္ကသိုလ်ကတော့၄နှစ်တက်ရပြီး၊ဆန်းမွန်းကတော့၂နှစ်ဘဲတက်ရတာဖြစ်ပါတယ်။သင်ရတဲ့မေဂျာနဲ့အတွေးအခေါ်၊အတွေ့အကြုံလည်းမတူညီပါဘူး။ကျောင်းတက်ချိန်ကအစကွာခြားပြီး၊ကျောင်းလခများလည်းမတူညီပါဘူး။

ဂျပန်တက္ကသိုလ်ပညာရေး

ဂျပန်မှာတက္ကသိုလ်ကမြန်မာနိုင်ငံကတက္ကသိုလ်နဲ့မတူပါဘူး။တက္ကသိုလ်တစ်ခုအောက်မှာမေဂျာပေါင်းစုံရှိသလိုမြန်မာနိုင်ငံကဆေးကျောင်းနည်းပညာကျောင်းလိုမျိူးအဓိကဘာသာရပ်သီးသန့်ပဲသင်ပေးတဲ့တက္ကသိုလ်လည်းရှိပါတယ်။ တက္ကသိုလ်မှာ အတတ်ပညာ ကိစ္စရပ်တစ်ခုခုကို စနစ်တကျတွေးခေါ်ပုံနဲ့အတူ နယ်ပယ်ကျယ်ပြန့်တဲ့ သိထားသင့်တဲ့ဗဟုသုတတွေကိုအခြေခံအောက်မြစ်ကနေစပြီးသင်ကြားပေးတာဖြစ်ပါတယ်။ဒီနေရာမှာကောလိပ်နဲ့မတူတဲ့အချက်ကတက္ကသိုလ်မှာကိုယ့်မေဂျာကမဟုတ်တဲ့အခြားမေဂျာကကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်တွေကိုလည်းသင်ယူလို့ရပါတယ်။​တစ်နေ့တာကျောင်းအချိန်စာရင်းတွေကလည်းကိုယ့်ဘာသာကိုယ်ဖွဲ့စည်းလို့ရပါတယ်။ကျောင်းကိုပုံမှန်သွားစရာမလိုဘဲကိုယ်တက်နိုင်တဲ့အချိန်ကိုသာထည့်ပြီးအတန်းချိန်နဲ့ညှိပြီးတက်လို့ရပါတယ်။ကျောင်းလခကတော့တစ်နှစ်စာဂျပန်ပိုက်ဆံသောင်းတစ်ရာအထက်မှာရှိပါတယ်။လေးနှစ်အတွင်းအမှတ်ပေါင်းဘယ်လောက်ဆိုပြီးရှိပြီး၊ဘာသာရပ်အလိုက်Reportတင်ရတာရှိပြီး၊နောက်ဆုံးနှစ်မှာဘွဲ့ယူစာတမ်းနဲ့အကုန်လုံးပြည့်စုံမှဘွဲ့ရတာဖြစ်ပါတယ်။

ဂျပန်​ကောလိပ်ပညာရေး

ဂျပန်မှာကောလိပ်ကကျောင်းပြီးလို့အလုပ်ခွင်ဝင်ရင်တန်းပြီးအသုံးချလို့ရမယ့်အရာတွေကိုပဲအဓိကသင်ကြားပေးပါတယ်။ဒီနေရာမှာတက္ကသိုလ်နဲ့ကောလိပ်အဓိကကွာခြားချက်ကတက္ကသိုလ်က၄နှစ်တာကာလကိုအသုံးပြုပြီးဘာသာရပ်ကိုအခြေခံကစပြီး၊ကိုယ်ယူရတဲ့မေဂျာအပြင်ဒီပြင်စိတ်ဝင်စားဖို့ကောင်းတဲ့ဘာသာရပ်ပါလေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။ကောလိပ်ကတော့၂နှစ်တာကာလကိုအသုံးပြုပြီးလုပ်ငန်းခွင်တန်းဝင်နိုင်ဖို့အလုပ်နဲ့ပတ်သက်ပြီးတတ်မြောက်သင့်တဲ့အရာတွေကိုပဲအဓိကသင်ကြားပေးတာပါ။၂နှစ်အတွင်းသေချာမကြိုးစားရင်လုပ်ငန်းခွင်ရောက်ရင်အခက်အခဲရောက်နိုင်ပါတယ်။တက္ကသိုလ်မှာကနောက်ဆုံးနှစ်အထိအမှတ်စနစ်နဲ့ခွဲခြားထားပြီး၊အဲအမှတ်မပြည့်ရင်သော်လည်းကောင်း၊ဘွဲ့ယူစာတမ်းသေချာမတင်နိုင်ရင်သော်လည်းကောင်းဘွဲ့မရတဲ့အတွက်ပညာရေးနဲ့အလုပ်အတွက်အတွေ့အကြု့ပိုင်းပြည့်ဝပါတယ်။ကောလိပ်ကတော့သူစာသင်နှစ်နဲ့သတ်မှတ်ပြီးတက်ရတဲ့အတွက်ကွာခြားမှုရှိနိုင်ပါတယ်။ကျောင်းလခကတော့တစ်နှစ်စာသောင်းတစ်ရာအထက်မှာရှိပါတယ်။

ကျောင်းစကောလာများနဲ့အလုပ်ခွင်ခံစားခွင့်များ

တက္ကသိုလ်ဝင်သွားပြီဆိုရင်တော့ကျောင်းကပေးတဲ့ကျောင်းစရိတ်စကော်လာရောဂျပန်အစိုးရဂျပန်ကုမ္ပဏီကပေးတဲ့စကော်လာတွေပါများစွာလျှောက်လို့ရပါတယ်။ကျောင်းစရိတ်စကော်လာကတော့၁၀၀ရာခိုင်နှုန်းအပြည့်ရတဲ့စကော်လာရှိသလို၅၀/၃၀ရာခိုင်နှုန်းအစရှိသဖြင့်များစွာရှိပါတယ်။စကောလာနဲ့ပက်သက်ပြီးတက္ကသိုလ်ကျောင်းတွေဘဲစကောလာရရှိတာဖြစ်ပါတယ်။ဆန်မွန်းနဲ့ဂျပန်စာသင်ကျောင်းကိုပေးတဲ့စကောလာကနည်းပါးပါတယ်။လစာအနေနဲ့တက္ကသိုလ်ကျောင်းဆင်းဆိုရင် အခြေခံအားဖြင့် ၁ လကို ဂျပန်ယန်း ၂၂ သောင်းမှစရပါတယ်။ကောလိပ်ကျောင်းဆင်းဆိုရင် အခြေခံအားဖြင့် ၁ လကို ဂျပန်ယန်း ၁၈ သောင်းမှစရပါတယ်။

ဂျပန်ဗီဇာရပြီးနောက်လိုအပ်သောပြင်ဆင်မှုများ(Japan student visa)

ဂျပန်၏ပညာရေးအကြောင်းသိကောင်းစရာ(Japanese education)

ဂျပန်တက္ကသိုလ်မဝင်ခင်ပြင်ဆင်ရမယ့်စာမေးပွဲများ(Study abroad in japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ပညာသင်/ တက္ကသိုလ်/ဘွဲ့လွန်ကျောင်း/ ဂျပန်မှာ တက္ကသိုလ်နဲ့ကောလိပ်ရဲ့ကွာခြားမှု(University and Technical college in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ