ဂျပန်မှာ 永住ビザသိသင့်သောအချက်များ(Permanent residence visa in Japan)

ဗီဇာလျှောက်ဖို့ရှေ့နေနဲ့တိုင်ပင်ရင်တော့နာရီဝက်လောက်ကိုယန်း၅၀၀၀ကနေယန်းတစ်သောင်းလောက်တော့ပေးရနိုင်ပါတယ်။ကိုယ်သိချင်တာကိုအင်တာနက်ကနေလေ့လာလို့ရနိုင်ပေမယ့်ဂျပန်ရဲ့ဗီဇာရုံးတွေကနေကြေငြာထားတာတွေကိုလေ့လာပြီးလည်းလျှောက်လို့ရပါတယ်။အခုနောက်ပိုင်းFacebookမှာလျှောက်ဖူးသူတွေရေးထားတာတွေကိုလည်းလေ့လာလို့ရနိုင်ပါတယ်။ဂျပန်မှာနေပြီးအနည်းဆုံး၁၀နှစ်အထက်နေထိုင်ပြီးမှ(RR)လို့ခေါ်တဲ့အမြဲတမ်းနေထိုင်ခွင့်ကိုလျှောက်လို့ရမှာဖြစ်ပါတယ်။ဂျပန်မှာအမြဲတမ်းနေထိုင်ခွင့်ရရှိဖို့သတ်မှတ်ထားတဲ့စည်းကမ်းချက်များနှင့်လိုက်လျောညီထွေမှုရှိမှလျှောက်လို့ရမှာရမှာဖြစ်ပါတယ်။

အမြဲတမ်းနေထိုင်ခွင့်စည်းကမ်းများ

永住ビザ(Permanent Resident)ဆိုတာ ဂျပန်နိုင်ငံမှာအမြဲတမ်းနေထိုင်ခွင့်ဗီဇာဆိုပေမယ့် နိုင်ငံခြားသားတစ်ယောက်ဖြစ်တဲ့အတွက် ဥပဒေပြင်ပက ကြီးမားတဲ့ပြစ်မှုမျိုးလုပ်လိုက်မိရင်တော့ ပြန်အသိမ်းခံရတာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာနေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ၊အလုပ်လုပ်သည်ဖြစ်စေ၊မလုပ်သည်ဖြစ်စေ အမြဲတမ်းနေထိုင်ခွင့်ဗီဇာရရှိထားရင်မိမိနိုင်ငံနဲ့ဂျပန်မှာနေထိုင်လို့ရပါတယ်။အခွန်ကိုတော့ပုံမှန်ဆောင်ထားဖို့လိုအပ်ပါတယ်။ဂျပန်နိုင်ငံမှာနိုင်ငံခြားသားတွေဟာဗီဇာအမျိုးမျိုးနဲ့နေထိုင်ကြပေမယ့်(PR)လျှောက်မယ်ဆိုရင်မိမိတို့ဂျပန်ရောက်ကတည်းကအခွန်သေချာဆောင်ထား၊မဆောင်ထားတာကိုလည်းကြည့်ပြီးဆုံးဖြတ်တာမျိုးရှိပါတယ်။

အမြဲတမ်းနေထိုင်ခွင့်ဗီဇာရဲ့အားသာချက်များ

永住ビザ(PR)ဗီဇာဟာတခြားဗီဇာတွေထက်ကောင်းတဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ဗီဇာရဲ့သက်တမ်းဟာကုန်ဆုံးရက်မရှိသလိုဂျပန်နိုင်ငံမှာကြိုက်တဲ့အလုပ်ကိုကိုယ်ကြိုက်သလောက်လုပ်ပိုင်ခွှင့်ရှိပါတယ်။ ဗီဇာသက်တမ်းဟာကုန်ဆုံးရက်မရှိပေမယ့် 在留カード(Residence Card) ကိုသာလဲလှယ်ရပါတယ်။ မိမိနိုင်ငံနဲ့တခြားနိုင်ငံတွေကိုလွတ်လပ်စွာသွားလာနေထိုင်ခွှင့်ရှိပြီးဂျပန်နိုင်ငံကို၁နှစ်အတွင်းပြန်အဝင်ပြရပေမယ့် ဂျပန်မှာနေတာမပျော်လို့ ကိုယ့်နိုင်ငံကို အကြာကြီး ပြန်နေချင်တယ်ဆိုရင်တော့再入国(Re Entry Form)ကို ဖြည့်သွားပါကဖောင်တင်တဲ့နေ့မှ၅နှစ်အထိဂျပန်ကိုပြန်မလာလို့ရပါတယ်။ဂျပန်မှာအမြဲတမ်းနေထိုင်ခွင့်ရရှိသူတွေအနေနဲ့ ဂျပန်ဘဏ်တွေမှာ ငွေချေးလို့ရသလို အိမ်ဝယ်ချင်ရင်လည်း အတိုးနည်းနည်းနဲ့အကြွေးဝယ်လို့ရသေးတယ်။ ဂျပန်နိုင်ငံမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ရင်လဲဂျပန်လူမျိုးတွေရဲ့ယုံကြည်မှုကိုပိုရရှိပြီးလွတ်လပ်စွာလုပ်ကိုင်စားသောက်လို့ အဆင်ပြေနိုင်တယ်။ 

လိုအပ်သောအချက်အလက်များ

ဂျပန်မှာအမြဲတမ်းဗီဇာလျှောက်ဖို့အတွက်လုပ်ငန်းအတွေ့အကြုံ၅နှစ်အထက်ရှိရပါမည်။အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြောင်းရတတ်ပေမယ့် တကယ်လို့ ဗီဇာလျှောက်ထားတုန်း အလုပ်အသစ်ပြောင်းလိုက်ရင်တော့ အလုပ်သစ် အကြောင်း လဝက ကို အကြောင်းကြားဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့တစ်နှစ်စာဝင်ငွေဟာ ယန်း သောင်း၃၀၀ အထက်ဝင်နေရပါမယ်။ကိုယ်လက်ရှိရထားတဲ့ဗီဇာသက်တမ်းဟာ၃နှစ်နဲ့၃နှစ်အထက်ဗီဇာသက်တမ်းရရှိတဲ့သူတွေအနေနဲ့အဲဒီထက်ဗီဇာခိုင်မာမှုရှိတဲ့ကုမ္မဏီကိုစဥ်းစားသင့်ပါတယ်။အအခုမှလုပ်ရှာမယ့်သူများအတွက်တော့ကြိုစဉ်းစားထားဖို့လိုပါတယ်။ သက်တမ်း၅နှစ်ရတတ်တဲ့ကုမ္မဏီတွေကိုပြောင်းလဲလုပ်ကိုင်သင့်ပါတယ်။

ဂျပန်ပြည်ပြန်ဝင်ခွင့်

ဂျပန်ကိုမိသားစုဗီဇာနဲ့ပက်သက်ပြီးလာမယ်ဆိုရင်

ဂျပန်ကိုမိဘနဲ့ညီအစ်ကိုမောင်နှမကိုအလည်ခေါ်မယ်ဆိုရင်(Japan travel visa)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ