Shichi-Go-San ဆိုတဲ့ ဂျပန်ရိုးရာဓလေ့(七五三, Shichi-Go-San,Japanese culture)

ရှီချိ-ဂေါ့-စန်း (Shichi-Go-San, 七五三)ဆိုတာကတော့ အသက် (၃)နှစ်၊ (၅)နှစ်နဲ့ (၇)နှစ်အရွယ် မိန်းကလေးနဲ့ ယောကျ်ားလေးတွေအတွက်ရည်ရွယ်ကျင်းပတဲ့ ဂျပန်ရိုးရာဝတ်ပြုပွဲအခမ်းအနားလေးပါ။ ဂျပန်နိုင်ငံရဲ့ပွဲတော်နေ့တစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒီပွဲလေးကိုတော့ နှစ်စဉ် နို၀င်ဘာလ (၁၅) ရက်နေ့မှာ ကျင်းပပြီး အဆိုပါအသက်အရွယ်ရောက်ကလေးတွေရဲ့ကောင်းမွန်စွာဖွံ့ဖြိုးကြီးထွားပြီးကျန်းမာစွာရှင်သန်နေထိုင်သွားနိုင်ခြင်းအတွက်ရည်သန်ပြီးဆုတောင်းပေးကြပါတယ်။ဂျပန်နိုင်ငံမှာရိုးရာယဥ်ကျေးမှုနဲ့ပတ်သတ်သောပွဲတော်များစွာရှိပါတယ်။

Shichi-Go-San, 七五三ရဲ့နေ့ရက်သတ်မှတ်ပုံများ

ဂျပန်နိုင်ငံရဲ့သမိုင်းဝင်ခေတ်တစ်ခေတ်ဖြစ်တဲ့ (ဟေးအန်း)ခေတ်တုန်းကတရားစီရင်ရေးမှူးမတ်တွေဟာ သူတို့ရဲ့သားသမီးတွေငယ်ရွယ်တဲ့ကလေးဘဝရဲ့သက်လယ်ပိုင်းကိုရောက်ရှိလာမှုကိုဂုဏ်ပြုကျင်းပရာကဒီဓလေ့လေးအစပြုခဲ့တယ်လို့ဆိုပါတယ်။“မ”ဂဏန်းတွေကကံကောင်းစေတယ်လို့အယူရှိတဲ့အရှေ့အာရှရဲ့ ဂဏန်းဗေဒအရဆိုလျှင် အသက်(၃)နှစ်၊(၅)နှစ်၊(၇)နှစ်အရွယ်တွေကဆုတောင်းပွဲလေးပြုလုပ်ကျင်းပပေးဖို့လျော်ကန်တဲ့အသက်အရွယ်တွေဖြစ်ပါတယ်။ဒါကြောင့်ဂျပန်လိုခုနစ်၊ငါး၊သုံးရဲ့အခေါ်Shichi(ရှီချိ)၊Go(ဂေါ့)၊San(စန်း)ဆိုတဲ့ဂဏန်းသုံးလုံးကိုပေါင်းစပ်ထားတဲ့ Shichi-Go-San (ရှီချိ-ဂေါ့-စန်း) ဆိုတာဒီပွဲတော်လေးရဲ့အမည်ဖြစ်လာတာပါ။ ကာမာကူရာ့ ခေတ်အတွင်းမှာတော့ ဒီလို ကျင်းပပေးမှုကို နိုဝင်ဘာလရဲ့ (၁၅) ရက်နေ့မှာပြုလုပ်ဖို့ သတ်မှတ်လိုက်ပါတယ်။ 

ရိုးရာဓလေ့နဲ့ပတ်သက်ပြီး

ယခင်ဂျပန်ပြက္ခဒိန်ဟောင်းအရ နိုဝင်ဘာလဟာ စပါးရိတ်သိမ်းမှုကိုအဆုံးသတ်ပြီး သီးနှံတွေအတွက် နတ်ဘုရားရဲ့ကျေးဇူးကိုအောက်မေ့ပူဇော်တဲ့လဖြစ်လို့လပြည့်နေ့ဖြစ်တဲ့(၁၅)ရက်နေ့မှာမြေနတ်ထံကျေးဇူးကိုအောက်မေ့ပူဇော်မှုအပါအဝင်ကလေးငယ်တွေရဲ့ကောင်းမွန်စွာကြီးပြင်းလာမှုကိုပါကျေးဇူးတင်ပူဇော်ပြီးနတ်ဘုရားထံမှကြည့်ရှုစောင့်ရှောက်ပေးဖို့ကိုပါခံယူရဖို့ဆုတောင်းလာကြတယ်လို့အဆိုရှိပါတယ်။ လတစ်လဖြစ်တဲ့ နိုဝင်ဘာလမှာ ၇ + ၅ +၃=၁၅ဆိုပြီးဂဏန်းများပေါင်းခြင်းရလဒ်(၁၅)ကိုယူကာ(၁၅)ရက်နေ့မှာပွဲတော်ကျင်းပလာကြတယ်လို့လည်းအဆိုရှိပါတယ်။ ခေတ်တွေပြောင်းလာတဲ့အညီ ဒီရိုးရာဓလေ့ဟာ ဆာမူရိုင်းအသိုင်းအဝိုင်းဆီကိုပါပျံ့နှံ့ခဲ့ပြီး ထုံးနည်းအစဉ်အလာတွေလည်းထပ်တိုးလာခဲ့ပါတယ်။ 

ခေတ်အဆက်ဆက်ပြောင်းလဲလာမှုများ

အသက်(၃)နှစ်အရွယ်ရောက်တဲ့အထိဆံပင်အရိတ်ခံရပြီးကတုံးတုံးထားခဲ့ရတဲ့ကလေးတွေဟာဆံပင်စထားခွင့်ရလာပါတယ်။အသက်(၅)နှစ်အရွယ်ရောက်ယောကျ်ားလေးတွေကတော့(ဟာကာ့မာ့)လို့ခေါ်တဲ့ကီမိုနိုအပေါ်ထပ်ခါးစည်းစကတ်အဖုံးလေးတွေကိုစဝတ်ခွင့်ရကြပြီးအသက်(၇)နှစ်အရွယ်ရောက်မိန်းကလေးတွေကတော့ကီမိုနိုဝတ်တဲ့အခါမှာခါးစည်းဖို့သုံးတဲ့သာမန်ကြိုးလေးတွေအစား(အိုဘိ)ခေါ်ရိုးရာဖဲပြားပါခါးစည်းတွေကိုပြောင်းလဲဝတ်ဆင်နိုင်ပြီဖြစ်ပါတယ်။Meiji(မေဂျီ)ခေတ်မှာတော့ဆာမူရိုင်းမျိုးရိုးမှာသာမကသာမန်ပြည်သူတွေကြားမှာပါဒီရိုးရာဓလေ့လေးကိုကျင့်သုံးလာပြီးပွဲတော်ကျင်းပရာမှာလက်ရှိခေတ်မှာကျင့်သုံးနေတဲ့အစဉ်အလာဓလေ့တွေဖြစ်တဲ့နတ်ဘုရားကျောင်းတက်ပြီးမကောင်းဆိုးဝါးဝိဉာဉ်များကိုမောင်းထုတ်ဖယ်ရှားခြင်း၊ကလေးငယ်များရဲ့သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရေးအတွက်ဆုတောင်းခြင်းစတဲ့ဓလေ့တွေပါ ပါ၀င်လာခဲ့ပါတယ်။

ဂျပန်တို့၏ ကံကောင်းခြင်း အဆောင်များ(Japan traditional amulet)

ဂျပန်ဆောင်းရာသီမှာပြုလုပ်လေ့ရှိကြသောစိတ်ဝင်စားဖွယ်ရာများ

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ Shichi-Go-San ဆိုတဲ့ ဂျပန်ရိုးရာဓလေ့(七五三, Shichi-Go-San,Japanese culture)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ