အလုပ်မဝင်ခင်ပြင်ဆင်ထားသင့်တဲ့အောင်လက်မှတ်များ(日商簿記, TOEIC, IT, Japanese certifications)

မိမိအဓိကလုပ်ကိုင်လိုသောအလုပ်အမျိုးအစားနှင့်အလုပ်နေရာကိုလုပ်ကိုင်နိုင်ရန်အတွက်ထိုအလုပ်တွင်လိုအပ်သောအောင်လက်မှတ်ကိုယူထားရင်အဆင်ပြေမှာပါ။ဒါကြောင့်စီးပွားရေးကျောင်းတက်သူများသည်လည်းစီးပွားရေးမေဂျာနှင့်သက်ဆိုင်သောဘာသာရပ်များထဲမှမိမိလုပ်ကိုင်လိုသောဘာသာရပ်နှင့်သက်ဆိုင်သောလက်မှတ်များကိုယူထားသင့်ပါတယ်။ဂျပန်မှာအလုပ်လုပ်ဖို့အတွက်တက္ကသိုလ်၊ဆန်းမွန်းဆိုတဲ့ကျောင်းပြီးရမည့်အပြင်မိမိလုပ်ကိုင်မည့်အလုပ်အတွက်လိုအပ်တဲ့အရည်အချင်းများရှိသင့်ပါတယ်။နိုင်ငံခြားသားများအဖို့အလုပ်မဝင်ခင်ဒီပြင်အရည်အချင်းအောင်လက်မှတ်များလိုအပ်ပြီး၊ဂျပန်လူမျိုးများအတွက်ပါလိုအပ်ချက်များစွာရှိပါတယ်။

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

日商簿記(にっしょうぼき)အောင်လက်မှတ်နဲ့ပတ်သက်ပြီး

စီးပွားရေးအထူးပြုဘာသာရပ်ကျောင်းသားများအတွက်အခက်ဆုံးနှင့်အောင်လက်မှတ်ရရှိထားပါက အလုပ်လျှောက်ထားရလွယ်ကူသောစာမေးပွဲဖြစ်ပါတယ်။Level အနေနဲ့4,3,2,1 စသည်ဖြင့်ရှိပါတယ်။ level1ကအမြင့်ဆုံးဖြစ်ပါတယ်။တစ်နှစ်ပတ်လုံးတွင်2လ၊6လနှင့်11လပိုင်းများတွင်Level3,2စာမေးပွဲများရှိပြီးLevel1ကတော့6လနှင့်11လပိုင်းတစ်နှစ်တွင်၂ကြိမ်သာကျင်းပပါတယ်။Level4ကတော့အလယ်တန်းအထက်တန်းကျောင်းသားများသာဖြေဆိုလေ့ရှိကြပြီးLevel 3 မှစ၍ ဆန်းမွန်း ၊တက္ကသိုလ်ကျောင်းသားများနှင့် ကုမ္ပဏီဝန်ထမ်းများ ဝင်ရောက်ဖြေဆိုလေ့ရှိကြပါတယ်။Level 3 အောင်လက်မှတ်ရှိထားသည်ဆိုရင်ကို တော်တော်အသိအမှတ်ပြုထားပါတယ်။အထူးသဖြင့်နိုင်ငံခြားသားကျောင်းသားများအောင်လက်မှတ်ရရှိထားပါက အလုပ်လျှောက်ထားရာတွင်များစွာ အထောက်အကူဖြစ်စေမှာပါ။Level 2 အောင်မြင်ပါက ဂျပန်ကုမ္ပဏီစာရင်းဌာနတွင်အလုပ်လုပ်ကိုင်နိုင်ပါတယ်။တချို့သောကုမ္ပဏီများသည်နိုင်ငံခြားသားကျောင်းသားဆိုပါက Level 3 နှင့်ပင် အလုပ်ခန့်အပ်ကြပါတယ်။

TOEICအောင်လက်မှတ်နဲ့ပတ်သက်ပြီး

TOEICဆိုတာကတော့ကျနော်တို့မြန်မာနိုင်ငံမှာလူသိများတဲ့TOFEL&IELTSတို့နဲ့အတူတူလောက်ပါပဲ။ဂျပန်မှာတော့ TOEIC တိုးအိခု လို့ လူခေါ်များပါတယ်။နှစ်စဉ်ဖြေဆိုမှုအများဆုံးအဆင့်၃အတွင်း ရှိပါတယ်။လူကြိုက်များသောလက်မှတ်ဖြစ်ပါတယ်။TOEICသည်အောင်/ရှုံးမရှိပါ။မိမိရရှိသောအမှတ်အလိုက်ဘယ်အရည်အချင်းရှိသည်ဆိုတာကိုသတ်မှတ်ကြပါတယ်။အမှတ်၅၀၀မှ၅၉၅အထိရရှိသူများကိုတော့ယခုနောက်ပိုင်းဂျပန်ကုမ္ပဏီများဘက်ကလိုအပ်သောအင်္ဂလိပ်စာအရည်အချင်းlevelအဖြစ်သတ်မှတ်ထားပါတယ်။ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊Serviceဝန်ဆောင်မှုလုပ်ငန်းများတွင်Customerနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသော လုပ်ငန်းများတွင် လုပ်ကိုင်လိုသူများအတွက်ကတော့ မဖြစ်မနေရယူသင့်သော အမှတ်ဖြစ်ပါတယ်။အမှတ်၇၀၀ အထက်ကတော့ Business Level အဆင့်လို့ သတ်မှတ်ထားပါတယ်။

အိုင်တီနဲ့ပတ်သက်ပြီးပြင်ဆင်ထားသင့်တဲ့အချက်များ

ITသမားများလည်းမိမိကျောင်းမှရရှိသောဘွဲ့လက်မှတ်တစ်ခုသာလျင်ရှိပါကအလုပ်လျှောက်ထားရာတွင်အနည်းငယ်အခက်အခဲရှိနိုင်ပါတယ်။မိမိလေ့လာနေသောဘာသာရပ်နှင့်သက်ဆိုင်သောအောင်လက်မှတ်များကိုဆရာများနှင့်တိုင်ပင်ပြီးဖြေဆိုရယူထားဖို့လိုအပ်ပါတယ်။ITသမားများအနေဖြင့်နောက်တစ်ခုအကြံပြုချင်တာကမိမိလေ့လာနေသောဘာသာရပ်နှင့်သက်ဆိုင်သောအရာတစ်ခုလောက်ကိုယ်ပိုင်စိတ်ကူးနဲ့လုပ်ဆောင်ထားပြီးအလုပ်လျှောက်ထားရာအတွက်ပြင်ဆင်ထားပါကအလုပ်လျှောက်ထားရာတွင်ပိုမိုအဆင်ပြေနိုင်ပါတယ်။။ဥပမာ-ကိုယ်ပိုင်ဖန်တီးထားတဲ့AndroidPhoneApplication၊WebDesignerလုပ်ချင်သူများအနေဖြင့်ကိုယ်ပိုင်စိတ်ကူးနဲ့ဖန်တီးထားသော Web Page စသည်ဖြင့် ပြသနိုင်ပါက အင်တာဗျူးတွင် အမေးခံရသောအခါ ပြသနိုင်ပြီး ဖြေဆိုအောင်မြင်နိုင်မည်လို့ ထင်ပါတယ်။

အောင်လက်မှတ်များနဲ့ပြင်ဆင်ထားမှုများ

အိုင်တီသမားများအနေနဲ့လည်းအိုင်တီနဲ့ပတ်သက်လို့အတွေးအခေါ်များ၊ဝန်ဆောင်မှုပေးတဲ့နေရာများမှလည်းဘာသာစကားပြင်ဆင်မှုကအစသေချာပြင်ဆင်ထားဖို့လိုအပ်ပါတယ်။နိုင်ငံခြားသားများအဖို့ပိုမိုကြိုးစားဖို့လိုအပ်ပြီး၊ဂျပန်လူမျိုးများတောင်သေချာကြိုးစားမှအလုပ်ကောင်းကောင်းရရှိတာဖြစ်ပါတယ်။တိုးတက်လာတဲ့နည်းပညာနဲ့အတူအမြဲတမ်းလေ့လာဖို့လိုအပ်ပါတယ်။အလုပ်ခွင်မှာတစ်ယောက်နဲ့တစ်ယောက်တလေးတစားဆက်ဆံမှုနဲ့အလုပ်ကြိုးစားမှုကလည်းအတုယူစရာကောင်းလှပါတယ်။ဂျပန်မှာအလုပ်လုပချင်သူများအတွက်အချိန်ကိုလေးစားလိုက်နာဖို့လိုအပ်ပြီး၊အလုပ်ခွင်လိုက်နာရမည့်စည်းကမ်းများကိုလည်းလိုက်နာတတ်ဖို့လိုအပ်ပါတယ်။

ITအင်ဂျင်နီယာဖြင့်ဂျပန်မှာအလုပ်လုပ်ချင်သူများအတွက်

ကုမ္ပဏီများတွင် အလုပ်လျှောက်ရာတွင် သိသင့်သောအဆင့်များ(Employment in japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်ရှာဖွေခြင်း (အင်တာဗျူး၊ ကိုယ်ရေးရာဇဝင်၊ စာမေးပွဲ)/ အလုပ်မဝင်ခင်ပြင်ဆင်ထားသင့်တဲ့အောင်လက်မှတ်များ(日商簿記, TOEIC, IT, Japanese certifications)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ