ကျန်းမာရေးအာမခံနဲ့ပတ်သက်ပြီး(健康保険, Health insurance in Japan)

ဂျပန်မှာအသက်၂၀ပြည့်တဲ့အခါတရားဝင်အသက်ပြည့်အရွယ်သတ်မှတ်ပြီးကျန်းမာရေးအာမခံအနေနဲ့မိမိရဲ့ဝင်ငွေထဲကနေပေးသွင်းရပါတယ်။မိမိအမည်ပေါက်ကျန်းမာရေးအာမခံဖြစ်ပါတယ်။ကလေးတုန်းကတော့မိဘအုပ်ထိန်းသူကပေးသွင်းပေးတာဖြစ်ပါတယ်။ငယ်စဥ်ကတည်းကဂျပန်မှာကျန်းမာရေးအာမခံဝင်ရပါတယ်။အသက် ၂၀ ပြည့်ပြီးသူတိုင်း မသွင်းမနေရ ကျမ်းမာရေး လစဉ်ကြေး အာမခံ ငွေကို ပေးသွင်း ရပါတယ်။လူတစ်ယောက် တစ်လ သွင်းရမဲ့ ငွေ ကို လစဉ် သွင်းသူနဲ့၊တစ်နှစ်စာ တစ်ကြိမ်တည်း စုပေါင်း သွင်းလိုက်သူတို့ ဆိုပြီး ၂ မျိုးရှိပါတယ်။ဒီလို လစဉ် ၊နှစ်စဉ်သွင်းခြင်းဟာ ကိုယ်ကိုယ်တိုင် ကျန်းမာသည် ဖြစ်စေ မကျန်းမာသည် ဖြစ်စေ ပေးသွင်းရပါတယ်။

ဂျပန်ရောက်ခါစအခက်အခဲ

ဂျပန်ရောက်ခါစအနေနဲ့ဂျပန်စကားသေချာမပြောနိုင်တဲ့အချိန်ကျန်းမာရေးနဲ့ပတ်သက်လို့စကားပြောအခက်အခဲရောက်နိုင်ပါတယ်။ဂျပန်ရောက်ခါစဂျပန်စကားပြောနိုင်တဲ့စီနီယာ၊ကျောင်းမှတာဝန်ရှိသူမြန်မာတာဝန်ခံ(သို့မဟုတ်)ကျောင်းမှတာဝန်ရှိသူတွေရဲ့ဖုန်းနံပါတ်ယူထားသင့်ပါတယ်။ဂျပန်ရောက်ခါစကျန်းမာရေးနဲ့ပတ်သက်လို့တခုခုဖြစ်ရင်အခက်အခဲမရှိအောင်သတိထားသင့်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်တဲ့အသုံးအနှုန်းလည်းလေ့လာထားသင့်ပါတယ်။ဂျပန်မှာကမိမိကိုယ်တိုင်ကိုဘဲအားကိုးရမှာဖြစ်ပါတယ်။မိမိမိတ်ဆွေသူငယ်ချင်းများလည်းသူတို့အလုပ်နဲ့ရှုပ်နိုင်တဲ့အတွက်ဂျပန်ရောက်ခါစကျန်းမာရေးနဲ့ပတ်သက်လို့အခက်အခဲရှိရင်မိမိနဲ့သက်ဆိုင်ရာတာဝန်ခံ၊စီနီယာတွေရဲ့ဖုန်းနံပါတ်ကိုယူထားသင့်ပါတယ်။လစဥ်ရောက်လာမယ့်ကျန်းမာရေးစာရွက်များကိုလည်းမပျောက်စေဘဲသေချာဆောင်ထားမှသာအကျုံးဝင်မှာဖြစ်ပါတယ်။

ဆောင်ခြင်းရဲ့အားသာချက်များ

ဂျပန်မှာနိုင်ငံခြားသားတွေအနေနဲ့ကျောင်းသားဘဝကျန်းမာရေးအာမခံနဲ့ကုမ္မဏီဝန်ထမ်းဘဝကျန်းမာရေးအာမခံကကွဲပြားမှုရှိပါတယ်။ကျောင်းသားဘဝကကျသင့်ငွေအကုန်လုံးကိုမိမိကသာပေးဆောင်ရတာဖြစ်ပါတယ်။ကုမ္မဏီဝန်ထမ်းကတော့ကုမ္မဏီကတစ်ဝက်ဆောင်ပြီး၊မိမိကတစ်ဝက်ပေးဆောင်ရတာဖြစ်ပါတယ်။ကျန်းမာရေးအာမခံကဒ်ပြလိုက်ရုံနဲ့ ဆေးရုံ ၊ ဆေးခန်း ကောင်တာက ကွန်ပြူတာထဲနံပါတ်စစ်လိုက်တယ် ဆိုရင်ပဲ လစဉ်ကြေး သွင်းနေသူ၊ မသွင်းနေသူ ဆိုပြီး သိပါတယ်။ဆောင်ထားတဲ့သူကတော့ကုသလို့ ကုန်ကျစရိတ်ရဲ့၃၀ရာခိုင်နှုန်းကိုပဲပေးဆောင်ရမှာဖြစ်ပြီး၇၀ရာခိုင်နှုန်းကိုတော့ဆောင်ထားတဲ့ကျန်မာရေးအခွန်ကနေဖြတ်တောက်သွားမှာဖြစ်ပါတယ်။တကယ်တမ်းပေးဆောင်မှုမရှိတဲ့သူကတော့ပေးဆောင်ရမည့်ကျန်ကျငွေအရမ်းများပြားစွာပေးဆောင်ရမှာဖြစ်ပါတယ်။ဂျပန်ရဲ့ကျန်းမာရေးစနစ်ဟာစနစ်တကျပေးဆောင်တဲ့သူတွေအတွက်အရမ်းသက်သာပြီးကျန်းမာရေးကုသခွင့်ကိုပြီးပြည့်စုံစွာရရှိမှာဖြစ်ပါတယ်။

မဆောင်ထားရင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်များ

ကျန်းမာရေးအာမခံအတွက်ဂျပန်လူမျိုးအပါအဝင်ဂျပန်မှာနေတဲ့နိုင်ငံခြားသားများလည်းဆောင်ထားဖို့လိုအပ်ပါတယ်။ဒီလိုဆောင်ထားမှသာတစ်ခုခုဖြစ်လာခဲ့ရင်အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ဂျပန်လိုကျန်းမာရေးအာမခံထားရှိတဲ့နိုင်ငံအနေနဲ့အခုလိုကိုရိုနာရောဂါပိုးဖြစ်တဲ့အချိန်ကျန်းမာရးအာမခံဆောင်ထားတဲ့သူတွေအနေနဲ့သက်သာခံစားခွင့်ရရှိမှာဖြစ်ပါတယ်။အဲဒါကြောင့်ကျောင်းသား၊ကုမ္မဏီဝန်ထမ်းအပါအဝင်ကျန်းမာရေးအာမခံကိုလစဥ်ဆောင်ရတာဖြစ်ပါတယ်။ရောဂါကြီးကြီးမားမားရှိတဲ့သူနဲ့ဆေးရုံအမြဲတက်နေရတဲ့သူတွေအနေနဲ့သက်သာခံစားခွင့်အများကြီးရရှိမှာဖြစ်ပါတယ်။လစဥ်သေချာပေးဆောင်ထားမှသာခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံ၏ကျန်းမာရေး/နေထိုင်မှုအာမခံအကြောင်းကိုလေ့လာကြရအောင်(Japan national health)

Kaigo(သက်ကြီးရွယ်အိုစောင့်ရှောက်ရေး)နဲ့ဂျပန်လာမယ်ဆိုရင်

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ဆေးနှင့်ပတ်သက်သော/ကျန်းမာရေး/အာမခံ/ ကျန်းမာရေးအာမခံနဲ့ပတ်သက်ပြီး(健康保険, Health insurance in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ