ကျောင်းပြီးပြီးနောက်အလုပ်ရှာပုံရှာနည်း(Job Hunting in Japan)

ဂျပန်မှာကျောင်းပြီးခါနီးအလုပ်ရှာတော့မယ်ဆိုရင်အလုပ်နဲ့ပတ်သက်တဲ့အချက်အလက်များကိုဘယ်လိုရှာရမလဲဆိုတာအရေးကြီးပါတယ်။Seminarsပွဲတွေနဲ့就職活動情報အချက်အလက်တွေကိုသေချာရှာတတ်ဖို့လိုအပ်ပါတယ်။ကိုယ်လုပ်ချင်တဲ့အလုပ်အမျိုးအစား၊လစာနဲ့ကိုယ်နေတဲ့နေရာနဲ့အလုပ်အနီးအဝေးအစရှိသဖြင့်စနစ်တကျလေ့လာဖို့လိုအပ်ပါတယ်။ကျောင်းခါနီးဆိုတဲ့အချိန်မှာကုမ္မဏီဘက်ကလည်းဆီမီနာပွဲတွေကျင်းပပေးတဲ့အတွက်ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့အနီးစပ်ဆုံးအလုပ်ကိုရှာဖွေလို့ရပါတယ်။ဆီမီနာပွဲတွေကိုဘယ်နေရာမျိုးမှာဘယ်လိုပုံစံနဲ့ကျင်းပနေလဲ၊ဘယ်လိုဝက်ဆိုက်တွေကနေကြည့်လို့ရမလဲဆိုတာကိုလေ့လာထားဖို့လိုအပ်ပါတယ်။အလုပ်ရှာမယ်ဆိုရင်အလုပ်ရဲ့သတင်းအချက်အလက်ကအရေးကြီးပါတယ်။အလုပ်ရဲ့ဝက်ဆိုက်တွေကိုအမြဲတမ်းလေ့လာနေဖို့လိုအပ်ပါတယ်။ဆီမီနာပွဲတွေကိုလည်းတတ်နိုင်သလောက်များများသွားသင့်ပါတယ်။အဝတ်အစားများကိုလည်းစနစ်တကျသပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီးသွားသင့်ပါတယ်။သန့်ရှင်းသပ်ရပ်ပြီးတက်တက်ကြွကြွဖြစ်နေရပါမယ်။

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

ကျောင်းပြီးခါနီးအလုပ်ရှာပုံရှာနည်းနဲ့ဖို့နဲ့အင်တာဗျူးအတွက်သိသင့်သောအချက်များ

ကိုယ့်ထက်အရင်ကျောင်းဆင်းသွားတဲ့စီနီယာဆီကနေကျောင်းပြီးရင်အလုပ်ဘယ်လိုရှာရမလဲဆိုတာတွေနဲ့အလုပ်အတွက်ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေနဲ့ဘယ်လိုအရာတွေကိုရှောင်ရမလဲဆိုတာတွေ၊အကြံညဏ်ယူတာမျိုးလုပ်သင့်ပါတယ်။အဲဒါအပြင်အတန်းဖော်၊အချိန်ပိုင်းအလုပ်နဲ့နိုင်ငံခြားသားသူငယ်ချင်းဆီကနေအလုပ်ဆီမီနာအကြောင်းတွေ၊အလုပ်ဘယ်လိုရှာနေတာနဲ့ဆိုတာနဲ့အင်တာဗျူးတွေမှာဘယ်လိုဖြေဆိုရမလဲဆိုတွေနဲ့သတိပြုရမယ့်အချက်အလက်များကိုအပြန်အလှန်ဆွေးနွေးသင့်ပါတယ်။အလုပ်ရှာပေးတဲ့ဝက်ဆိုက်တွေကိုလည်းမှတ်ပုံတင်ထားသင့်ပါတယ်။အဲဒါမှအလုပ်နဲ့ပတ်သက်တဲ့အချက်အလက်တွေဝင်လာပြီး၊ကိုယ်နဲ့နီးစပ်တဲ့အလုပ်ကိုတွေ့ရှိမှာဖြစ်ပါတယ်။ကျောင်းမှာရှိတဲ့ဆရာ၊ဆရာမများနဲ့လည်းတိုင်ပင်ပြီးအကြံညဏ်ယူသင့်ပါတယ်။အင်တာဗျူးရဲ့ဖြေပုံဖြေနည်းများနားမလည်ခဲ့ရင်လည်းကျောင်းမှာရှိတဲ့ဆရာ၊ဆရာများရဲ့အကူအညီရယူပြီးလေ့ကျင့်နိုင်သလို၊အင်တာနက်တွေမှာဖြေပုံဖြေနည်းနဲ့မလုပ်သင့်တဲ့အပြုအမှုများကိုရှင်းပြထားတဲ့အတွက်စနစ်တကျလေ့လာသင့်ပါတယ်။အင်တာဗျူးဖြတဲ့အချိန်မှာမိမိရဲ့ဂျပန်စကားကိုလည်းယဥ်ကျေးတဲ့အသုံးအနှုန်းများကိုသေချာသုံးတတ်ဖို့လိုအပ်ပါတယ်။

ကျောင်းပြီးခါနီးပြင်ဆင်သင့်သောအချက်များ

ကျောင်းပြီးခါနီးဂျပန်စာအရည်အချင်းကိုမြင့်နိုင်သလောက်မြင့်အောင်ပြင်ဆင်ပြီးအခြားအောင်လက်မှတ်ပါကိုင်ဆောင်ထားသင့်ပါတယ်။ဂျပန်စာအရည်အချင်းအပြင်ကားမောင်းလိုင်စင်အစရှိသဖြင့်လိုအပ်ပါတယ်။မိမိကိုယ်ပိုင်သုံးတဲ့အီးမေးလ်အကောင့်တစ်ခုဖွင့်ထားရန်လိုအပ်ပါတယ်။အဲဒီအီမေးလ်ကနေအလုပ်နဲ့ပတ်သက်တဲ့ကြည့်လို့ရအောင်ပြုလုပ်ထားသင့်ပါတယ်။အလုပ်နဲ့ပတ်သက်တဲ့ဆီမီနာများများသွားသင့်ပါတယ်။ဂျပန်လူမျိုးကျောင်းသားများတောင်အလုပ်ပွဲများစွာသွားပြီးမိမိလုပ်ချင်တဲ့အလုပ်ကိုရွေးချယ်မှုများပြုလုပ်ကြပါတယ်။တတ်နိုင်သလောက်အလုပ်ရှာဖွေမှုကိုစောစောရှာသင့်ပါတယ်။တက္ကသိုလ်ကျောင်းသားတွေအနေနဲ့တတိယနှစ်လောက်ကတည်းကရှာသင့်ပြီးတော့စိတ်ဝင်စားတဲ့ကုမ္မဏီရှိခဲ့ရင်Internshipသွားရောက်ဆင်းကြည့်ပြီးမိမိနဲ့ကိုက်ညီမှုရှိမရှိကိုအတည်ပြုသင့်ပါတယ်။ဆန်းမွန်းကျောင်းသားတွေအနေနဲ့စောစောရှာသင့်ပါတယ်။

လုပ်ငန်းခွင်မဝင်ခင်ပြင်ဆင်သင့်သောခြေခံစည်းကမ်းများ

လုပ်ငန်းခွင်စဝင်မယ့်သူတွေအတွက်စည်းကမ်းတွေကိုလိုက်နာတတ်ဖို့လိုအပ်ပါတယ်။ဂျပန်စကားပြောနဲ့နှုတ်ဆက်စကားပြောခြင်း၊တတ်နိုင်သလောက်ပြုံးထားဖို့လို့အပ်ပြီးနဲ့စီနီယာနှင့်အထက်လူကြီးရဲ့သင်ပေးမှုကိုလည်းလိုက်နာတတ်ဖို့လိုအပ်ပါတယ်။တက်တက်ကြွကြွနဲ့လုပ်တတ်ဖို့လိုအပ်ပြီး၊မိမိနားမလည်တဲ့အကြောင်းအရာများကိုလည်းစနစ်တကျမေးတတ်ဖို့လိုအပ်ပါတယ်။မိမိအမြဲလုပ်ရမယ့်အကြောင်းအရာများကိုမှတ်စုစာအုပ်နဲ့စနစ်တကျမှတ်သားထားပြီး၊လုပ်ငန်းနဲ့ပတ်သက်တဲ့အီးမေးလ်ပေးပို့များကိုလည်းအမှားမရှိအောင်ဂရုစိုက်သင့်ပါတယ်။လုပ်ငန်းခွင်သုံးဂျပန်စကားပြောနဲ့အလုပ်နဲ့ပတ်သက်တဲ့ကွန်ပြူတာအသုံးပြုမှုများကိုလည်းလေ့လာသင့်ပါတယ်။

ကုမ္ပဏီများတွင် အလုပ်လျှောက်ရာတွင် သိသင့်သောအဆင့်များ(Employment in japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်ရှာဖွေခြင်း (အင်တာဗျူး၊ ကိုယ်ရေးရာဇဝင်၊ စာမေးပွဲ)/ ကျောင်းပြီးပြီးနောက်အလုပ်ရှာပုံရှာနည်း(Job Hunting in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ