အလုပ်မဝင်ခင်သတိထားသင့်တဲ့အချက်များ(How to learn before you get a job)

အလုပ်မဝင်ခင်ပြင်ဆင်မှုအနေနဲ့အလုပ်မှာစီနီယာနဲ့အထက်လူကြီးနဲ့ဆက်ဆံရေးကောင်းမှအလုပ်လုပ်ရတာအဆင်ပြေနိုင်မှာဖြစ်တဲ့အတွက်လူမှုဆက်ဆံရေးပြေပြစ်အောင်လုပ်သင့်ပါတယ်။စကားအပြောအဆိုနေရာမှာလည်းတဖက်သားနားလည်လွယ်တဲ့စကားအသုံးအနှုန်းနဲ့ယဥ်ယဥ်ကျေးကျေးပြောဆိုသင့်ပါတယ်။ဂျပန်ရဲ့လုပ်ငန်းခွင်စည်းကမ်းကိုစနစ်တကျလိုက်နာမှုနဲ့အတူ၊မိမိလုပ်ကိုင်နေတဲ့ပတ်ဝန်းကျင်နဲ့ဆက်ဆံရေးပြေပြစ်လာမယ်ဆိုရင်မိမိတစ်ယောက်တည်းအတွက်မဟုတ်ဘဲ၊ကုမ္မဏီအရည်အသွေးပါတိုးတက်လာမှာဖြစ်ပါတယ်။ဂျပန်မှာလုပ်ငန်းခွင်စည်းကမ်းများကိုတလေးတစားလိုက်နာကြပါသည်။ဥပမာအနေနဲ့အတူတူအလုပ်လုပ်မယ့်လုပ်ဖော်ကိုင်ဖက်နဲ့လိုက်လျောညီထွေတဲ့ဆက်ဆံရေးရှိဖို့အတွက်မိမိကြောင့်မိမိရဲ့လုပ်ဖော်ကိုင်ဖက်စိတ်အနှောင့်ယှက်မဖြစ်အောင်ဂရုစိုက်သင့်ပါတယ်။စိတ်နှောင့်အယှက်နဲ့အမှားပြုလုပ်လိုက်တာကနောက်ထပ်နောက်ထပ်တွဲလုပ်ရမယ့်အလုပ်တွေအတွက်စိတ်မသက်မသာဖြစ်စေပါတယ်။ဒီလိုမျိုးတွေကအခြေခံအဆင့်လိုက်နာသင့်ပါတယ်။အဖွဲ့အစည်းနဲ့အလုပ်လုပ်တတ်တဲ့အနေအထားမျိုးလေ့ကျင့်သင့်ပါတယ်။မိမိနားမလည်တဲ့အချက်အလက်ကိုမှတ်သားပြီး၊နားမလည်တဲ့အခါသေချာမေးသင့်ပါတယ်။လုပ်ငန်းအတွက်လိုအပ်တဲ့အီးမေးလ်ပို့ရမယ့်ကုမ္မဏီ၊လူပုဂ္ဂိုလ်အစရှိသဖြင့်အမှားအယွင်းမရှိအောင်မှတ်သားထားသင့်ပါတယ်။လုပ်ငန်းခွင်မဝင်ခင်အောက်ပါအချက်အလက်များလိုက်နာသင့်ပါတယ်။

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

နှုတ်ဆက်စကားပြောခြင်းနဲ့အရေးပါမှု

ဂျပန်မှာနှုတ်ဆက်စကားပြောဆိုခြင်းဟာအရေးကြီးပါတယ်။ပုံမှန်လူမှုပတ်ဝန်းကျင်မှာတောင်မသိတဲ့သူအချင်းချင်းတောင်နှုတ်ဆက်မှုပြုလုပ်ကြပါတယ်။ယဥ်ကျေးရာလည်းကျသလို၊ဆက်ဆံရေးလည်းတိုးတက်စေပါတယ်။အဲဒါကြောင့်မိမိလုပ်ငန်းခွင်မဝင်ခင်မိမိဘက်မှကြိုနှုတ်ဆက်တတ်တဲ့အကျင့်ကိုလေ့ကျင့်ထားသင့်ပါတယ်။နှုတ်ဆက်ခြင်းဟာစီးပွားရေးလုပ်ငန်းရဲ့အခြေခံစည်းမျဥ်းဖြစ်ပါတယ်။ဂျပန်မှာအလုပ်လာရင်ဖြစ်ဖြစ်၊ညအလုပ်ပြန်ရင်ဖြစ်ဖြစ်နှုတ်ဆက်မှုကိုတလေးတစားပြုလုပ်ကြပါတယ်။ဒီလိုမျိုးနှုတ်ဆက်ခြင်းဖြင့်လုပ်ဖော်ကိုင်ဖက်အချင်းချင်းဆက်ဆံရေးတိုးတက်စေပြီး၊နွေးထွေးစေပါတယ်။မနက်စောစောအလုပ်စဆင်းရင်မိမိဘက်မှ「おはようございます」မင်္ဂလာနံနက်ခင်းပါဆိုပြီးပြောလိုက်ရင်မိမိရဲ့လုပ်ဖော်ကိုင်ဖက်ဆီကနေမင်္ဂလာနံနက်ခင်းပါဆိုပြီးပြန်ပြောမှာဖြစ်တဲ့အတွက်အချင်းချင်းနွေးထွေးမှုရစေပြီး၊တနေ့တာအလုပ်လုပ်ဖို့အတွက်ရင်နှီးမှုရစေမှာဖြစ်ပါတယ်။အလုပ်ကပြန်ခါနီးအချိန်မှာလည်း「お先に失礼いたします」မိမိကစောစောအရင်ဆုံးပြန်ပါ့မယ်ဆိုပြီးပြောခြင်းအားဖြင့်မိမိရဲ့လုပ်ဖော်ကိုင်ဖက်ဆက်လုပ်နေတဲ့သူတွေအပေါ်လေးစားရာကြပါတယ်။အလုပ်ပြန်ခါနီးအချိန်မှာလုပ်ဖော်ကိုင်ဖက်အချင်းချင်း「お疲れ様です」လို့ပြောခြင်းဖြင့်တစ်နေ့တာလုံးပင်ပင်ပန်းပန်းလုပ်ခဲ့ပါတယ်အစရှိသဖြင့်ပြောခြင်းဖြင့်အချင်းချင်းရင်နှီးစေပြီး၊အလုပ်အတွက်အထောက်အကူပြုစေပါတယ်။

အချိန်လေးစားလိုက်နာမှုနဲ့ပတ်သက်ပြီး

ဂျပန်ကိုလာမယ်ဆိုရင်အရင်ဆုံးအချိန်ကိုတိကျဖို့လိုအပ်ပါတယ်။ရထားချိန်နောက်ကျလို့မရသလို၊အလုပ်ချိန်နောက်ကျလို့မရပါဘူး။ဂျပန်လူမျိုးတွေဟာအချိန်ကိုတန်ဖိုးထားပြီး၊မိမိကအမြဲနောက်ကျမယ်ဆိုရင်လည်းသူများကိုအနှောင့်အယှက်ပေးသလိုဖြစ်ပြီး၊ယုံကြည်မှုကင်းမဲ့သွားနိုင်ပါတယ်။တကယ်လို့မဖြစ်မနေအရေးကြီးကိစ္စရှိလို့နောက်ကျမယ်ဆိုလည်းနောက်ကျမယ့်အကြောင်းအရာကိုစနစ်တကျသေချာရေးပြီးကြိုတင်မေးလ်ပို့သင့်ပါတယ်။ဒီလိုမျိုးမေးလ်ပို့တဲ့နေရာမှာလည်းကြိုသိတဲ့ကိစ္စမျိုးဆိုရင်၁/၂ရက်အလိုကတည်းကဒီလိုမျိုးကိစ္စရှိတဲ့အတွက်ခွင့်ပြုပေးပါဆိုပြီးကြိုတင်အသိပေးပြီးခွင့်တောင်းသင့်ပါတယ်။အလုပ်စတက်ချိန်ကိုများသောအားဖြင့်နောက်ကျမှုတွေရှိတဲ့အတွက်ဂရုစိုက်သင့်သလို၊အစည်းအဝေးနဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ချိန်းဆိုမှုတွေမှာစနစ်တကျအချိန်ကိုလေးစားလိုက်နာဖို့လိုအပ်ပါတယ်။တကယ်လို့နောက်ကျမယ်ဆိုလည်းဘာကြောင့်နောက်ကျမယ်ဆိုတာကြိုတင်တောင်းပန်ပြီးအကြောင်းကြားသင့်ပါတယ်။တခုခုချိန်းရင်မိမိဘက်ကသွားရမယ့်အကွာအဝေး၊ရထားချိန်အစရှိသဖြင့်တွက်ချက်ထားသင့်ပါတယ်။သွားရမယ့်နေရာသို့၁၀/၁၅မိနစ်ကြိုရောက်နေတာကောင်းပါတယ်။အဲဒါမှမိမိဘက်မှလိုအပ်တဲ့အလုပ်အတွက်ပြင်ဆင်ချိန်ထွက်လာမှာဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်းလိုအပ်သောတိုင်ပင်ဆွေးနွေးမှုနဲ့ပတ်သက်ပြီး

ဂျပန်ရဲ့အလုပ်မှာအဖွဲ့အစည်းရဲ့အဆုံးအဖြတ်ကိုအဓိကဦးစားပေးပါတယ်။စာသင်ကျောင်းမှာကတည်းကအဖွဲ့အစည်းနဲ့လုပ်တတ်တဲ့အကျင့်နဲ့ပြုစုပျိုးထောင်ထားပြီးလုပ်ငန်းခွင်မှာလည်းအများနဲ့လှုပ်ရှားတတ်တဲ့အလေ့အကျင့်များရှိတတ်ကြပါတယ်။လုပ်ငန်းခွင်အတွင်းအရေးကြီးကိစ္စများကိုအထက်လူကြီးများထံသို့စနစ်တကျအစီအရင်ခံခြင်းများပြုလုပ်တတ်အောင်လေ့ကျင့်ထားသင့်ပါတယ်။အထက်လူကြီးမှတခုခုခိုင်းထားလို့ပြီးဆုံးသွားရင်စနစ်တကျအစီရင်ခံအကြောင်းကြားပေးရပါတယ်။အလုပ်လုပ်ပြီးတဲ့အချိန်အဲဒီအလုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာနဲ့ပတ်သက်တာတွေကိုစနစ်တကျပြန်ပြီးမိမိရဲ့အထက်လူကြီးကိုအစီအရင်ခံသင့်ပါတယ်။အချိန်မရခဲ့ရင်တောင်ရတဲ့အချိန်လေးကိုအကြောင်းကြားသင့်ပါတယ်။ဒါမမဟုတ်ရင်မလိုလားအပ်တဲ့ဆုံးရှုံးမှုဖြစ်တတ်တဲ့အတွက်တိုင်ပင်ဆွေးနွေးခြင်းကလုပ်ငန်းအတွက်အဆင်ပြေချေမွေ့စေပါတယ်။မိမိရဲ့ဆုံးဖြတ်ချက်ဖြင့်ပြုလုပ်လို့မရပါ။အခက်အခဲရှိရင်ဘဲဖြစ်ဖြစ်၊ဆုံးရှုံမှုဖြစ်သွားရင်ဖြစ်ဖြစ်အစီအရင်ခံမှုကိုစနစ်တကျပြုလုပ်ပြီးဆွေးနွေးမှုများပြုလုပ်သင့်ပါတယ်။အဲလိုမလုပ်ရင်အမှားတွေများလာမှာဖြစ်ပါတယ်။အထက်လူကြီးမှာမိမိရဲ့အမှားကိုတခုချင်းမသိနိုင်တဲ့အတွက်မိမိကနေဆွေးနွေးတိုင်ပင်မှုများပြုလုပ်သင့်ပါတယ်။ဒီလိုအချက်လေးတွေကိုကြိုတင်လေ့လာခြင်းအားဖြင့်လုပ်ငန်းခွင်အတွင်းမြန်မြန်ဆန်ဆန်အလုပ်နဲ့အသားကျလာပြီး၊အလုပ်လုပ်ရတာပိုပြီးအဆင်ပြေလာမှာဖြစ်ပါတယ်။

ကုမ္ပဏီများတွင် အလုပ်လျှောက်ရာတွင် သိသင့်သောအဆင့်များ(Job Hunting in Japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ ကြိုသိထားသင့်သည့်လုပ်ငန်းခွင်ယဉ်ကျေးမှု (manners၊ လစာ၊ career)/ အလုပ်မဝင်ခင်သတိထားသင့်တဲ့အချက်များ(How to learn before you get a job)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ