မီးပန်းပွဲတော်များနဲ့ပျော်ရွင်စရာများအကြောင်း(matsuri, fireworks festival in Japan)

မာတိကာ

ဂျပန်လို Hanabi လို့ခေါ်တဲ့ မီးပန်းပွဲတွေကတော့ နွေရာသီရဲ့ အမှတ်အသားတစ်ခုဖြစ်ပြီး နွေရာသီရောက်ရင်တော့ မီးပန်းပွဲတွေကိုမဖြစ်မနေ သွားသင့်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ ဒါ‌ဆို မီးပန်းပွဲကို သွားတဲ့အချိန် ဘယ်လိုအရာတွေ ပြင်ဆင်ရမလဲ၊ ဘယ်လိုအရာတွေကိုဂရုစိုက်ရမလဲ ဆိုတဲ့ အကြောင်းတွေကို ဒီဆောင်းပါးမှာ စုစည်းတင်ပြသွားပါ့မယ်။

Hanabi ပွဲတော်အကြောင်း

အပေါ် မှာ ပြောခဲ့သလိုပဲ မီးပန်း ကို 花火 ဆိုတဲ့ စကားလုံးနဲ့ရေးပါတယ်။ ဒီစကားလုံးကိုကြည့်လိုက်ရင် 花 ဆိုတာက‌တော့ ပန်း လို့ အဓိပ္ပာယ်ရပြီး 火 ဆိုတာကတော့ မီးလို့ အဓိပ္ပာယ်ရပါတယ်။ မီးပန်းမှာလဲ အမျိုးအစားအများကြီးရှိပါတယ်။ ကျွန်တော်တို့ မီးပန်းပွဲကိုသွားရင်မြင်တွေ့ရတဲ့ မီးပန်း အမျိုးအစားကတော့ အပေါ်ကိုလွှတ်တင်တဲ့ မီးပန်း အမျိုးအစား မျိူးဖြစ်ပြီး ဂျပန်လိုဆိုရင်တော့ ဂျပန်လိုဆိုရင်တော့ uchiage hanabi (打ち上げ花火) လို့ခေါ်ပါတယ်။ လက်ထဲကိုင်ပြီး အလှကြည့်တဲ့ မီးပန်းကတော့ temochi hanabi (手持ち花火) လို့ခေါ်ပါတယ်။ Hanabi ဆိုတဲ့ စကားလုံးကိုတော့ ဖတ်စာအုပ်တွေမှာ‌ရော တချို့ သီချင်းတွေခဲမှာပါကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ အဲဒီအထဲမှာ နာမည်အကြီးဆုံးကတော့ ၂၀၁၇ ခုနှစ်မှာ ထုတ်လွင့်ခဲ့တဲ့ DAOKO နဲ့ Yonezu Kenshi တို့သီဆိုထာတဲ့  打上花火 (Uchiage Hanabi) ဆိုတဲ့သီချင်းဖြစ်ပြီး ဒီသီချင်းကတော့ ဂျပန်နိုင်ငံမှာ နွေရာသီရောက်တဲ့ အချိန်မှာ နေရာတိုင်းမှာ ကြားရတဲ့ သီချင်းဖြစ်ပါတယ်။

Hanabi ဆိုတဲ့ စကားလုံးအပြင် နောက်ထပ် သိထားရမယ့် စကားလုံးတွေကတော့

  • Hanabi taikai (花火大会) - မီးပန်းပြပွဲ။ ဒီမီးပန်းပြပွဲကတော့ အလှကြည့်တဲ့ ပွဲလဲ ဖြစ်နိုင်သလိုမီးပန်းအလှကိုယှဥ်ပြိုင်ကြတဲ့ ပွဲလဲဖြစ်နိုင်ပါတယ်။ 
  • Hanabi kyogi taikai (花火競技大会) - ဆိုတာကတော့ မီးပန်းပညာရှင်တွေ မီးပန်းအလှကို ယှဥ်ပြိုင် ကြတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ 
  • Hanabishi (花火師) - ကတော့ မီးပန်းတွေကိုဖန်တီးတဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။ 
  • Natsu matsuri (夏祭り) ဆိုတာကတော့ ဂျပန်နိုင်ငံရဲ့ နွေရာသီမှာ ဒေသ အလိုက်ကျင်းပလေ့ရှိကြတဲ့ ပွဲတော် ဖြစ်ပါတယ်။ 
  • Yukata (浴衣)- ကတော့ နွေရာသီမှာ ဝတ်လေ့ရှိကြတဲ့ ကီမိုနို အပါးလေးတွေ ဖြစ်ပါတယ်။ 

ဘာလို့ မီးပန်းပွဲတွေကို ကျင်းပရတာလဲ 

မီးပန်းပွဲတွေကို ဂျပန်နိုင်ငံရဲ့ အဲဒို ခေတ်မှာ စပြီး ကျင်းပခဲ့ပြီး ကျင်းပတဲ့နေရာကတော့ တိုကျို Sumida မြစ်နားမှာ ဖြစ်ပြီး ရည်ရွယ်ချက်ကတော့ ဆင်းရဲ နွမ်းပါးပြီး ဆုံးပါးသွားရတဲ့ သူတွေကို အောက်မေ့တဲ့ အနေနဲ့ ကျင်းပတယ်လို့ဆိုပါတယ်။ နောက်ပြီး မကောင်းတဲ့ အရာတွေကိုနှင်လွှတ်ဖို့ ကျင်းပတယ်လို့လဲ ဆိုကြပါတယ်။ 

မီးပန်းပွဲများနဲ့စားသောက်စရာဆိုင်များ

မီးပန်းပွဲရှိရာနေရာသို့သွားတဲ့ဘူတာကနေထွက်လိုက်ပြီးဆိုတာနဲ့စားစရာဆိုင်များနဲ့အဲနားမှာနေတဲ့သူတွေကနေလည်းစားစရာများရောင်းချကြပါတယ်။ကွန်ပနီစတိုးတွေကနေစားစရာများ၊သောက်စရာအအေး၊ဘီယာအစရှိသဖြင့်ရောင်းချကြပါတယ်။ဂျပန်ရိုးရာမုန့်များအပြင်၊ရောင်းချပေးတဲ့ဆိုင်များဟာလည်းစီတန်းပြီးပျော်ရွင်စရာကောင်းလှပါတယ်။မီးပန်းနားပတ်ဝန်းကျင်မှာလည်းယဥ်ရပ်နားစရာနေရာများနဲ့အသေအချာကြည့်နိုင်ဖို့အတွက်လုံခြုံရေးကိုလည်းစနစ်တကျစီစဥ်ထားပါတယ်။အစားအသောက်အရသာများကလည်းများသောအားဖြင့်လာဝယ်မှပြုလုပ်ပေးတဲ့အတွက်ပိုပြီးစားလို့ကောင်းပါတယ်။ဒီလိုအချိန်မိသားစုစုံလင်စွာလာရောက်ကြီးရီမောပျော်ရွင်စွာမီးပန်းပွဲတော်ကိုဆင်နွဲကြပါတယ်။မီးပန်းပွဲကျင်းပတဲ့နေရာမရောက်မီအထိမုန့်များဝယ်စားရတာလည်းပျော်ရွင်စရာကောင်းလှပါတယ်။သူငယ်ချင်း၊မိသားစုနဲ့သွားရောက်ရတဲ့အတွက်နွေးထွေးမှုပိုရစေပြီး၊ပျော်ရွင်စရာကောင်းလှပါတယ်။နောက်တစ်ခုအနေနဲ့မီးပန်းပွဲကိုမသွားခင်ဘူတာမှာကတည်းကအိမ်သာသွားရောက်ခြင်းကပိုပြီးအဆင်ပြေနိုင်ပါတယ်။ပွဲအတွင်းအိမ်သာသွားရောက်သူကပိုပြီးများတဲ့အတွက်ကြောင့်အိမ်သာအခက်အခဲရှိနိုင်တဲ့အတွက်ကြိုတင်သွားရောက်သင့်ပါတယ်။

ရိုးရာဝတ်စုံများနဲ့နေရာအနေအထား

မီးပန်းပွဲတော်ကိုများသောအားဖြင့်yukata(浴衣)လို့ခေါ်တဲ့ဂျပန်ရိုးရာဝတ်စုံနဲ့လာရောက်ကြပါတယ်။မိသားစုများအနေနဲ့မိမိရဲ့သား၊သမီးကိုရိုးရာဝတ်စုံဝတ်ဆင်စေပြီး၊ချစ်သူစုံတွဲများဟာလည်းဆင်တူရိုးရာဝတ်စုံများကိုဝတ်ဆင်ကြပါတယ်။ပုံမှန်အချိန်မှာဂျပန်လူမျိုးများဟာရိုးရာဝတ်စုံဝတ်လေ့ဝတ်ထသိပ်မရှိဘဲဒီလိုပွဲတော်များမှာဝတ်ဆင်ကြပါတယ်။နှစ်ပေါင်းများစွာကတည်းကကျင်းပလာတဲ့ပွဲတော်ဖြစ်ပြီး၊နှစ်စဥ်နှစ်တိုင်းကျင်းပကြလေ့ရှိပါတယ်။နှစ်စဥ်ပွဲတော်ရက်များနီးကပ်လာရင်အစိုးရရုံးပိတ်ရက်များသတ်မှတ်ပေးရပြီး၊ပျော်ရွင်စွာမီးပန်းပွဲတော်ကိုလာရောက်ဆင်နွဲကြပါတယ်။ဒိအချိန်မျိုးမှာလူကြီး၊လူငယ်၊မိသားစုများဟာဘုရားကျောင်းများကိုရိုးရာဝတ်စုံများဝတ်ဆင်ပြီးသွားရောက်တတ်ကြပါတယ်။လူငယ်များဟာလည်းပျော်ရွင်စွာစကားပြောကြရင်းမီးပန်းပွဲများကိုကြည့်ရှုကြပါတယ်။မီးပန်းပွဲကြည့်ဖို့သွားတဲ့နေရာမှာလည်းစောစောသွားသင့်ပါတယ်။ပွဲမှာလူများလာရင်လှမ်းကြည့်ဖို့အလှမ်းဝေးသွားနိုင်တဲ့နေရာကိုစောစောသွားပြီးနေရာဦးသင့်ပါတယ်။ပိုက်ဆံပေးပြီးနေရာစီစဥ်လို့ရနိုင်ပေမယ့်များသောအားဖြင့်လာကြည့်တဲ့လူတော်တော်များများကနေရာဦးပြီးလာကြည့်ကြတဲ့အတွက်စောစောသွားပြီးနေရာယူတာမလုပ်ရင်အဝေးကနေဘဲကြည့်ရမှာဖြစ်ပါတယ်။

မီးပန်းပွဲများနဲ့ကြည့်လို့ရတဲ့နေရာများ

မီးပန်းပွဲကြည့်လို့နေရာမှာအလကားကြည့်လို့ရတဲ့နေရာနဲ့ပိုက်ဆံနဲ့လက်မှတ်ဝယ်ပြီးကြည့်လို့ရတဲ့နေရာဆိုပြီးနှစ်မျိုးရှိပါတယ်။လက်မှတ်ဝယ်ချင်သူများအဖို့ဝက်ဆိုက်များကနေမိမိကြည့်ချင်တဲ့နေရာအနေအထားကိုကြည့်ပြီးလက်မှတ်ဖြတ်ရပါတယ်။လက်မှတ်တန်ဖိုးကတစ်ယောက်အနေနဲ့ဂျပန်ယန်း၂ထောင်ကနေစတင်ပြီးရောင်းချတာမျိုးရှိပါတယ်။လက်မှတ်ဝယ်လို့ရတဲ့နေရာတွေကတော့ကွန်ပနီစတိုးတွေကနေလည်းဝယ်လို့ရနိုင်ပါတယ်။လက်မှတ်ဝယ်ချင်တဲ့သူတွေအတွက်လက်မှတ်မြန်မြန်ကုန်နိုင်တဲ့အတွက်စောစောဝယ်သင့်ပါတယ်။များသောအားဖြင့်ပန်းခြံလိုနေရာမျိုးနဲ့ကွင်းပြင်အကျယ်ကြီးမှာပြုလုပ်ကြပါတယ်။အဲလိုနေရာမှာကကားရပ်နားရတာရော၊အိမ်သာအစရှိသဖြင့်အဆင်ပြေတဲ့အတွက်ကြောင့်ပြုလုပ်ကြခြင်းဖြစ်ပါတယ်။မိသားစုများအနေနဲ့ကလေးများအတွက်ဆော့လို့ရတဲ့အတွက်ကြောင့်အဆင်ပြေပါတယ်။လာကြည့်တဲ့လူဦးရေအရေအတွက်ကထောင်၊သောင်းမကလာကြည့်အတွက်မိမိကြည့်ရှုမယ့်နေရာကိုသေချာမြင်ကွင်းကောင်းတဲ့နေရာမျိုးကိုရွေးချယ်သင့်ပါတယ်။ကြည့်ဖို့သွားတဲ့အချိန်မျိုးမှာလည်းသောက်စရာဂျပန်ရေနွေးကြမ်းနဲ့သူငယ်ချင်းများနဲ့အတူတူသွားရောက်ပါကဘီယာများပါဝယ်ယူပြီးကြည့်ရင်ပိုပြီးပြည့်စုံပါတယ်။ဘီယာအနေနဲ့ကအသက်ပြည့်ပြီးသူသာရောင်းပေးတာပါ။ဒီလိုပွဲမျိုးကိုဂျပန်လူမျိုးများနဲ့နိုင်ငံခြားသားပါမကျန်အချိန်ပေးပြီးသွားရောက်ကြပါတယ်။ဂျပန်ရဲ့နွေရာသီထဲကမီးပန်းပွဲတော်ဟာပျော်ရွင်စရာပွဲတော်တစ်ခုဖြစ်ပါတယ်။

ဂျပန်မှာ ကျင်းပတဲ့ မီးပန်းပွဲတော်များ နှင့် ကျင်းပမယ့် နေရက်များ (၂၀၂၃)

မီးပန်းပွဲတွေကို ဂျပန်နိုင်ငံရဲ့ နေရာအနှံ့မှာ ကျင်းပပြီး အများအားဖြင့် မြစ်နှဘေးမှာ ကျင်းပလေ့ရှိပါတယ်။ အများအားဖြင့်ကတော့ မြေပြင်မှာ ထိုင်ပြီးကြည့်လေ့ရှိပေမယ့် ကျင်းပတဲ့ နေရာအပေါ်မူတည်ပြီးတော့ ကိုယ့် အိမ်မှာ ကြည့်တာတို့၊ စားသောက်ဆိုင်မှာကြည့်တဲ့ သူတွေ ၊ နေရာကိုငှားပြီးကြည့်တဲ့ သူတွေ၊ လဲရှိကြပါတယ်။ 

ဒီဆောင်းပါးမှာတော့ နာမည်ကြီးတဲ့ မီးပန်းပြပွဲတွေ အကြောင်းကို အကျဥ်းချုပ် မိတ်ဆက်ပေးလိုက်ပါတယ်။ 

၁ ကနေ ၃ အထိကတော့ ဂျပန်နိုင်ငံမှာ 日本三大花火大会 (Nihon Sandai Hanabi Taikai) အကြီးဆုံးမီးပန်းပြပွဲ ၃ ပွဲ လို့ နာမည်ကြီးပါတယ်။ 

1 Nagaoka မီးပန်းပွဲတော် (Niigata) August 2 & 3, 2023

 Nagaoka မီးပန်းပွဲတော်ကတော့ ဂျပန်မှာရော Niigata ခရိုင်မှာပါ အကြီးဆုံးပွဲတော် ဖြစ်ပါတယ်။ ဒီပွဲတော်ကတော့ မီးပန်းအကြီးကြီးတွေကြောင့် နာမည်ကြီးပြီးသြဂုတ် ပထမအပတ်မှာတင် Shinano မြစ်နံဘေး မှာ ၂ ညတိုင်တိုင် ကျင်းပလေ့ရှိပါတယ်။ အနီးဆုံးဘူတာကတော့ Nagaoka ဘူတာဖြစ်ပြီး ဘူတာကနေပြီးတော့ မီးပန်းကျင်းပတဲ့ နေရာအထိ မိနစ် ၂၀ လောက်လမ်းလျှောက်ရပါတယ်။ ရုံးဖွင့်တဲ့ ရက်အတွင်း ကျင်းပတာတောင်မှ လူပေါင်းထောင်နဲ့ချီပြီး တက်ရောက်ပါတယ်။ 

https://nagaokamatsuri.com/en/

2 Tsuchiura မီးပန်းပွဲတော် (Ibaraki) - November 4, 2023

Tsuchiura မီးပန်းပွဲတော်ကတော့ ဂျပန်နိုင်ငံမှာ အကြီးဆုံး ၃ ခုထဲမှာပါတဲ့ မီးပန်းပြပွဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲတ်ောကတော့ နွေရာသီမှာ ကျင်းပတာ မဟုတ်ဘဲ နှစ်ကုန်ခါနီးမှာ ကျင်းပတဲ့ ပွဲ ဖြစ်ပါတယ်။ Sakuragawa ဆိုတဲ့ မြစ်နားမှာ ကျင်းပပြီး လူတွေ များတော့ တော်တော်ကြပ်ပါတယ်။ ဝင်ဖို့ လက်မှတ်လဲ လိုပါတယ်။ 

https://www.tsuchiura-hanabi.jp/

3 Omagari မီးပန်း ပွဲတော် (Akita) - August 26, 2023

ပထမဆုံး Omagari မီးပန်း ပွဲတော် ကို ၁၉၁၀ ခုနှစ်မှာ ကျင်းပပြီး နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိတဲ့ မီးပန်းပွဲတော် လဲ ဖြစ်ပါတယ်။ နှစိတိုင်း ကျင်ပလေ့တော့မရှိပေမယ့် ၂၀၂၃ ခုနှစ် မှာတော့ ၉၅ ကြိမ်မြောက် ပွဲ ကိုကျင်းပမယ်လို့ဆိုပါတယ်။ ဒီပွဲကတော့ Oomagari no Hanabi ပန်းခြံ မှာ ကျင်းပပြုလုပ်ပြီးပွဲကျင်းပတဲ့ နှစ်တိုင်း လူပေါင်း ၄သောင်း ကျော် တက်ရောက်တယ်လို့ဆိုကြပါတယ်။ 

https://www.oomagari-hanabi.com/

4 Sumidagawa မီးပန်းပွဲတော် (Tokyo) - July 29, 2023

ဒီမီးပန်းပွဲကတော့ မီးပန်းပွဲတွေ ရဲ့ အစပထမလို့ ပြောလို့ရတဲ့ မီးပန်းပွဲဖြစ်ပါတယ်။ နောက်ပြီး တိုကျိုမှာ နာမည်အကြီးဆုံး မီးပန်းပွဲလဲ ဖြစ်ပါတယ်။ဒီမီးပန်းပွဲကတော့ အမြဲတမ်း ဇူလိုင်လ နောက်ဆုံး အပတ် စနေနေ့မှာ ကျင်းပလေ့ရှိပြီး မီးပန်း အရေအတွက် ၂၀၀၀၀ ကျော် လွင့်တင်လေ့ရှိပါတယ်။ Sumidagawa ရဲ့ အနီးနားမှာရှိတဲ့ ဘူတာတွေကနေ သွားနိုင်ပြီးTokyo Skytree ကနေကြည့်မလား ၊ လှေပေါ်ကနေ ကြည့်မလားရွေးနိုင်ပါတယ်။ နေရာကောင်းကောင်းကနေ ကြည့်ချင်ရင်တော့ ကြိုတင်ပြီး ဘိုကင် တင်ထားဖို့ အကြံပေးပါရစေ။ 

https://www.sumidagawa-hanabi.com/

5 Kamakura မီးပန်းပွဲတော်(Kanagawa) - ကျင်းပမည့် ရက်အတိအကျ မသိရသေး

Kamakura မီးပန်းပွဲတော် ကတော့ လူတိုင်းမျှော်လေ့ရှိတဲ့ ပွဲတော် တစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မြစ်ကမ်းတစ်လျှောက်ကနေ လှမ်းပြီး ကြည့်နိုင်လို့ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ပွဲတော် ကျင်းပ ခြင်းရှိ၊ မရှိတာကိုတော့ မကြေညာသေးပါဘူး၊ ပြီးခဲ့တဲ့ နှစ်တွေကလဲ ကပ်ရောဂါကြောင့် ပွဲတော် ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး၊ ဒါကြောင့် ဒီထုတ်ပြန်ကြေညာချက်မှ မကြားရသေးပါဘူး။

6 Biwako မီးပန်းပွဲတော် - August 8, 2023

နှစ်စဥ် ကျင်းပပေမယ့် ကိုလိုနာကြောင့် မကျင်းပနိုင်ခဲ့တဲ့ Biwako မီးပန်းပွဲတော် ကတော့ ၄ နှစ်အကြာမှာ ပြန်လည် ကျင်းပမှာ ဖြစ်ပါတယ်။ Biwako ဆိုတာကတော့ ဂျပန်နိုင်ငံအကြီးဆုံးရေကန်ဖြစ်ပြီး ဂျပန်နိုင်ငံအ‌ေနာက်ဘက် ဒေသမှာ တည်ရှိပါတယ်။ ဒီပွဲတော် သွာဖို့အတွက် အနီးဆုံးပွဲတော် ကတော့  JR Otsu ဘူတာ နှင့် Biwako-Hamaotsu ဘူတာတို့ဖြစ်ပါတယ်။ ကျိုတိုဘူတာ ကနေသွားရင်လဲ ၁၀ မီနစ်လောက်ပဲ ကြာပါတယ်။ 

https://www.biwako-visitors.jp/hanabi/

 7 Osaka Tenjin Matsuri မီးပန်းပွဲတော် 

နှစ်စဥ် နှစ်တိုင်း အိုဆာကာ Tenmangu ဘုရား‌ကျောင်း မှာ ကျင်းပတဲ့ ဒီမီးပန်းပွဲတော်ကလဲ တော်တော် ကြီးတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ ၂ ရက်ဆက်တိုက်ကျင်းပပြီး Osaka Tenjin Matsuri ဆိုတဲ့ ပွဲ တော်ကတော့ ဂျပန်နိုင်ငံမှာ အကြီးဆုံးပွဲတော် တစ်ခုလို့ဆိုနိုင်ပါတယ်။ ပွဲတော်ရဲ့ နောက်ဆုံးရက်မှာတော့ မြစ်ကမ်းနံဘေးတစ်လျှောက်မှာမီးပန်းလွှတ်တင်ပြီး ပွဲတော် ကိုကျင်းပလေ့ ရှိပါတယ်။ 

8. Kumano မီးပန်းပွဲတော် (Mie) - August 17, 2023

Kumano မီးပန်းပွဲတော် ကတော့ နှစ်စဥ် သြဂုတ်လ ၁၇ ရက်နေ့မှာ ကျင်းပတဲ့ ပွဲတ်ော ဖြစ်ပြီး Mie ခရိုင်ရဲ့ မြောက်ဘက်မှာရှိတဲ့ ဒေသဖြစ်တဲ့ Kumano မှာ ကျင်းပတဲ့ ပွဲတော် တစ်ခုဖြစ်ပါတယ်။ Kumanoshi ဘူတာ ကနေ ၁၀ မိနစ်လောက်လမ်းလျှောက်ရတဲ့ ကမ်းခြေမှာ ကျင်းပတဲ့ မီးပန်းပွဲလဲ ဖြစ်ပါတယ်။ 

https://www.kumano-kankou.info/kumano-fireworks/

မီးပန်းပွဲတော်ကိုသွားတဲ့ အချိန်မှာ ဘာပြင်ဆင်ဖို့လိုအပ်လဲ။

တကယ်လို့မီးပန်းပွဲတော် ကိုသွားမယ်လို့ ပြင်ဆင်ထားရင် သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ 

ကုန်ကျစာရိတ် 

ပထမဆုံးက‌တော့ ကုန်ကျစာရိတ်ဖြစ်ပါတယ်။ တချို့နာမည်ကြီးတဲ့ မီးပန်းပွဲတော် တွေဆိုရင် ကြိုတင်ပြီးတော့ လနဲ့ချိီပြီး နေရာကြိုပြီး ဘိုကင်လုပ်ရတဲ့ အခါတွေလဲရှိပါတယ်။ နေရာကောင်းလေ စျေးကြီးလေဖြစ်ပါတယ်။ တချို့နေရာတွေကလဲ ပိုက်ဆံရှိတိုင်းဝယ်လို့မရလို မဲစနစ်နဲ့ ရောင်းတဲ့နေရာတွေလဲရှိပါတယ် ။ ဒါပေမယ့် တချို့နေရာတွေကတော့ နည်းနည်းဝေးပေမယ့် အခမဲ့ ကြည့်လို့ရတဲ့ နေရာတွေလဲရှိပါတယ်။ လူသိနည်းပြီး အခမဲ ကြည့်လို့ရတဲ့ မြင်ကွင်းကောင်းတဲ့ နေရာတွေကို 穴場 (anaba)လို့ခေါ် လ့ရှိကြပါတယ်။ တချို့နေရာတွေကတော့ တချို့လူတွေ ကြိုတင်ပြီးတော့ ဦးစွာရောက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခမဲ့နေရာတွေကလဲ သိပ်ပြီးတော့ မသေချာပါဘူး။ နေရာဦးနိုင်မှ အဆင်ပြေမှာ ဖြစ်ပါတယ်။ 

ယူသွားရမယ့် ပစ္စည်းများ

  • မီးပန်းပွဲသွားကြည့်ရင် ယူသွားလို့ရနိုင်တဲ့ ပစ္စည်းတွေကတော့
  • ထိုင်မယ့် ဖျာ သို့မဟုတ် ပျော်ပွဲစားထွက်တဲ့အချိန်သုံးမယ့် စောင်၊ 
  • အစားအသောက်များ
  • ရေဗူးများ
  • ကတ်ဂိမ်းများ ( အားနေတဲ့ အချိန်မြန်မြန် ကုန်ဖို့ )
  • အစားအသောက်တွေဝယ်စားဖို့ ပိုက်ဆံ 
  • sunscreen နဲ့ ပိုးသတ်ဆေး 

ဒီအရာတွေအပြင် အဝတ်စားတွေကိုလဲ ပေါ့ပေါ့ ပါးပါးဖြစ်အောင် ဝတ်သွားဖို့လိုအပ်ပါတယ်။ ‌နောက်ပြီးဦးထုပ် နှင့် မျက်နှသုတ် ပုဝါ တို့ကိုလဲ ယူသွားသင့်ပါတယ်။

မီးပန်းပြပွဲ အချိန်

မီးပန်းပြပွဲအချိန်ကတော့ ပွဲအပေါ်မူတည်ပေမယ့် အများအားဖြင့် ၂ နာရီ လောက်ကြာမြင်တတ်ပါတယ်။ ပွဲရဲ့ တဝက်မှာ နားချိန်တွေလဲရှိတတ်ပါတယ်။ 

အသွားအပြန် ရထားတွေကြပ်နေတတ်ပါတယ်။

မီးပန်းပြပွဲတွေကို လူပေါင်းများစွာလာတဲ့အတွက်ကြော့်မို့လို့ အသွားအပြန်အချိန်တွေက ရထားတွေ တော်တော် ကြပ်တတ် သလို နီးနားပတ်ဝန်းကျင်မှာဆိုရင်လဲ လူအု်ပတွေ တိုးနေတတ်ပါတယ်။ ဒါကြောမို့လို့ သူငယ်ချင်းတွေနဲ့ သွားမယ်ဆိုရင် လူစု မကွဲသွား‌အောင် သေချာဂရုပြုဖို့လိုအပ်ပါတယ်။ 

ဂျပန်မှာရောက်နေတုန်း မီးပန်းပွဲတော်သွားကြည့်မယ်ဆိုရင်တော့ ကြိုတင်ပြီးတော့ ပြင်ဆင်ဖို့ရယ်၊ သတိထားရမယ့် အချက်တွေကို သေချာ ဖတ်ရှု ပြီးတော့ သွားကြည့်ဖို့ အကြံ‌ပေးပါရစေ။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ မီးပန်းပွဲတော်များနဲ့ပျော်ရွင်စရာများအကြောင်း(matsuri, fireworks festival in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ