ဂျပန်ခေါက်ဆွဲဟင်းလျာများ(Japanese noodle,Soba, Udon, Somen, Ramen, Yakisoba)

ဂျပန်နေ့လည်စာမှာအစားများတဲ့အဓိကခေါက်ဆွဲများကိုမိတ်ဆက်ပေးပါမယ်။ဂျပန်လူမျိုးများဟာခေါက်ဆွဲစားခြင်းကိုနှစ်သက်ပြီး၊အစားများကြပါတယ်။ဟိုအရင်ကတည်းကဆင်းသက်လာတဲ့ရိုးရာအစားအသောက်တစ်ခုဖြစ်ပါတယ်။ဂျပန်လူမျိုးများသာမက၊နိုင်ငံခြားသားများပါလူကြိုက်များကြပါတယ်။အချို၊အစပ်အရသာများစွာရှိပြီးဂျပန်ရဲ့နေရာဒေသမြို့နယ်များပေါ်လိုက်ပြီးခေါက်ဆွဲအမယ်ပေါင်းများစွာရှိပါတယ်။ဂျပန်ရဲ့ရာသီအလိုက်အစားအများဆုံးအစားအစာဖြစ်ပါတယ်။ခေါက်ဆွဲရဲ့ဟင်းရည်ရဲ့အရသာကအရမ်းအရသာရှိလှပြီး၊ပါဝင်ပစ္စည်းများကလည်းကျန်းမာရေးအရကောင်းမွန်လှပါတယ်။ဂျပန်ရဲ့ဘယ်နေရာမဆိုခေါက်ဆွဲဆိုင်များစွာရှိပြီး၊နေ့လည်စာအဖြစ်မြန်မြန်စားချင်တဲ့အခါမျိုးမှာမြန်မြန်စားရပြီး၊အရသာရှိတဲ့အတွက်လူကြိုက်များပါတယ်။စျေးနှုန်းအနေနဲ့ယန်း၁၀၀၀အောက်ဖြစ်တဲ့အတွက်မည်သူမဆိုစျေးအနေအထားဖြစ်တဲ့အတွက်အဆင်ပြေပြီးစားလို့ကောင်းလှပါတယ်။နိုင်ငံခြားသားများအကြိုက်အစပ်အရသာခေါက်ဆွဲများရှိပြီး၊ဆောင်းရာသီလိုအချိန်အခါမျိုးမှာစားလိုက်ရင်အစပ်အရသာနဲ့အရမ်းအရသာရှိပါတယ်။

そば(SOBA)နဲ့ပက်သက်ပြီး

sobaပန်းဂျုံမှုန့်၊ ရေ၊ tsunagi ကိုအသုံးပြုပြီး ပြုလုပ်ထားပါတယ်။( လုပ်နည်းများအတွက်၊ ဆိုးဘဂျုံမှုန့်ကိုရည်ညွှန်းသည်) tsunagi အမှုန့်ကို အသုံးမပြုပဲ အခြားသောကုန်ကြမ်းကို အသုံပြု၍ ဆိုးဘပြုလုပ်တာလည်းရှိပါတယ်။ tsunagi အမှုန့်ဆိုသည်မှာ ယေဘုယျအားဖြင့် ဂျုံမှုန့်ဖြစ်ပြီး၊ ပန်းဂျုံမှုန့် နှင့် အချိုးကျရောနှောထားခြင်းဖြစ်သည်။ဟင်းရည်အရသာကချိုပြီး၊ကြက်သွန်မြိတ်အရသာနဲ့ပေါင်းစပ်ပြီးအရသာရှိလှပါတယ်။ခေါက်ဆွဲပေါ်မှာအကြော်ပါပြီးတွဲဖက်စားရတာအရသာရှိပါတယ်။sobaအေးလို့ခေါ်တဲ့ပဲငံပြာရည်လိုတို့စားရတဲ့နောက်တစ်မျိုးရှိပြီးအစားများပါတယ်။ကျန်းမာရေးအရလည်းဂျပန်လူမျိုးများဂရုတစိုက်စားသောက်ကြပါတယ်။ခေါက်ဆွဲနဲံအပြိုင်ဂျပန်မှာsobaဟာလည်းနာမည်ကြီးပြီးလူကြိုက်များပါတယ်။နာမည်ကြီးအစားအသောက်ဖြစ်တဲ့ဆူရှီတို့လိုsobaဟာလည်းနာမည်ကြီးပါတယ်။

うどん(UDON)နဲ့ပတ်သက်ပြီး

udonဂျူံလုံးရှည်ရှည်နဲ့ထူထူလေးလှီးထားတဲ့ခေါက်ဆွဲဖြစ်ပါတယ်။ရှေးကတည်းကဂျပန်နိုင်ငံတစ်ဝှမ်းမှာစားသုံးသောအစားအစာဖြစ်ပြီးနှင့်ဂုဏ်ပြုစရာအခမ်းအနားနှင့်ပွဲတော်များတွင်အဓိကစားစရာအဖြစ်အတွက်စားသုံးကြသည်။ (kake udon), (sara udon), (zaru udon),(nabeyaki udon) နှင့် (taradadon) စသည့်နာမည်အမျိုးမျိုး၊ပြုလုပ်ပုံအမျိုးမျိုးဖြင့်စားသုံးလေ့ရှိကြပါတယ်။အလုံးအနေအထားကကြီးမားပြီး၊အကြော်နဲ့တွဲစားရပါတယ်။အဲဒိုခေတ်အရှေ့ကတည်းကပေါ်ပေါက်ပြီး၊ရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။စက်နဲ့လုပ်တဲ့အမျိုးအစားနဲ့လက်နဲ့ပြုလုပ်တဲ့အမျိုးအစားနှစ်ခုရှိပြီး၊လက်နဲ့လုပ်တဲ့အမျိုးအစားအနေနဲ့ဂျုံရယ်ဆားနဲ့ရေကိုရောသမနှယ်ပြီးပြုလုပ်ရပြီး၊ပိုပြီးအရသာရှိပါတယ်။အခုနောက်ပိုင်းကွန်ပနီစတိုးမှာလည်းအလွယ်တကူစားလို့ရတဲ့ဗူးများအထိထုပ်လုပ်လာကြပါတယ်။

そうめん(SOMEN)နဲ့ပတ်သက်ပြီး

Somen (မုန့်ဖတ်နှင့်ဆင်တူသည်)ဂျုံမှုန့်ကို အဓိကကုန်ကြမ်းအဖြစ် ပြုလုပ်ထားပြီး ဂျပန်အပါအဝင်အရှေ့အာရှနိုင်ငံများတွင်စားသုံးကြသောခေါက်ဆွဲတစ်မျိုးဖြစ်ပါတယ်။အအေးခံပြီးစားရသောခေါက်ဆွဲအမျိုးအစားဖြစ်ပြီး၊နွေရာသီတွင်အစားများသောခေါက်ဆွဲဖြစ်ပါတယ်။အထူးသဖြင့်nagashisomenရေစီးကြောင်းအတိုင်းစီးနေသော ဆိုးမင်ခေါက်ဆွဲသည်နာမည်ကြီးပါတယ်။ ယခုခေတ်တွင် ဂျပန်နိုင်ငံရှိ အနောက်ဘက်ပိုင်းဒေသများတွင် အဓိကထားထုတ်လုပ်ပြီး တစ်နိုင်ငံလုံးရှိဒေသများတွင် ပုံစံအမျိုးမျိုးဖြင့်ထုတ်လုပ်ကြပါတယ်။အပေါ်ကနေကနေကြက်ဥ၊အသားများနဲ့ရောပြီးလည်းစားသောက်ကြပါတယ်။နောက်တစ်မျိုးအနေနဲ့အအေးခံပြီးစားသုံးကြပြီးပဲငံပြာရည်နဲ့လည်းတို့စားကြပါတယ်။ဂျပန်ရဲ့နွေရာသီမှာအစားများကြပါတယ်။

ラーメン(RAMEN)နဲ့ပတ်သက်ပြီး

Ramenတရုတ်ခေါက်ဆွဲနှင့်ဟင်းချိုကိုအဓိကချက်ပြုတ်ထားပြီး၊အမျိုးမျိုးသောအဆာပလာများပါဝင်သောခေါက်ဆွဲပြုတ်တစ်မျိုးဖြစ်ပါတယ်။Ramenသည်အဲဒိုခေတ်အကုန်တွင်ဆိပ်ကမ်းများဖွင့်လှစ်ခဲ့သည့်Yokohama၊Kobe၊Nagasaki,Hakodateစသည့်မြို့များ,မဲဂျိခေတ်တွင်စတင်တည်ထောင်ခဲ့သည့်တရုတ်တန်းများတွင်စားသုံးလေ့ရှိသောတရုတ်ခေါက်ဆွဲပြုတ်မှဆင်းသက်လာခြင်းဖြစ်ပါသည်။သို့သော်လည်းNagasakiမြို့တွင်ဆိပ်ကမ်းမဖွင့်မှီကတည်းကပြည်ပမှတရုတ်လူမျိုးအမြောက်အများအခြေချနေထိုင်ခဲ့ကြပြီး၊တရုတ်စားသောက်ဆိုင်များလည်းဖွင့်လှစ်ခဲ့ပါတယ်။ခေါက်ဆွဲအမယ်ပေါင်းများစွာရှိပြီး၊အရသာမှာလည်းအချို၊အစပ်များစွာရှိပါတယ်။စျေးနှုန်းအရလည်းချိုသာပြီး၊နိုင်ငံခြားသားများအကြိုက်ခေါက်ဆွဲစပ်များလည်းရှိပါတယ်။အသီးအရွက်နဲ့ရောစပ်ပြီးကျန်းမာရေးအတွက်ပြုလုပ်ထားတဲ့ခေါက်ဆွဲများစွာလည်းရှိပါတယ်။

焼きそば(YAKISOBA)နဲ့ပတ်သက်ပြီး

Yakisoba (ခေါက်ဆွဲကြော်)ခေါက်ဆွဲအမျိုးအစားတစ်မျိုးဖြစ်ပြီး၊ ပြုတ်ထားသောခါက်ဆွဲ၊ အသား၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ကြက်သွန်နီ နှင့် ပဲပင်ပေါက် စသည့်ဟင်းသီးဟင်းရွက်များစွာ ပါဝင်ပြီး ဆီဖြင့်ကြော်ထားခြင်းဖြစ်ပါတယ်။Worcestershire ဆော့စ်ကို အသုံးပြုထားပြီး ‌‌‌‌ကြော်ထားသော ဆော့စ်ခေါက်ဆွဲကြော်အဖြစ် နာမည်ကျော်ကြားပါတယ်။ လတ်တလောမှာ ဆားအရသာခေါက်ဆွဲကြော် ကိုလည်း တဖြည်းဖြည်းလူကြိုက်များလာပါတယ်။ဂျပန်နိုင်ငံမှာ Yakisoba ကို အိမ်တွင်းဟင်းလျာ၊ စားသောက်ဆိုင်များနှင့်ပွဲစျေးဆိုင်ခန်းများတွင်ရောင်းချကြပြီးလူကြိုက်များတဲ့မီနူးဖြစ်ပါတယ်။မြန်မာပြည်ကခေါက်ဆွဲကြော်နဲ့တူတဲ့အတွက်အိမ်မှာအလွယ်တကူကြော်စားလို့ရနိုင်ပြီး၊အရသာရှိလှပါတယ်။

ဂျပန်နိုင်ငံနှစ်သစ်ကူးအစားအစာများ(Soba, Ozoni, Osechi, Japanese New Year dish)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်ခေါက်ဆွဲဟင်းလျာများ(Japanese noodle,Soba, Udon, Somen, Ramen, Yakisoba)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ