ဂျပန်ပေါင်မုန့်အကြောင်း(Japanese bread, anpan, melon pan, curry pan, yakisoba pan, katsu sando)

ဂျပန်မှာလည်းစိတ်ဝင်စားစရာပေါင်မုန့်အမျိုးအစားများစွာရှိပါတယ်။မနက်စာအတွက်မရှိမဖြစ်အစားအစာဖြစ်ပါတယ်။အချိန်လည်းမရမ်းမကြာဘဲကျောင်းသွား၊အလုပ်သွားအတွက်ပေါင်မုန့်ကမြန်မြန်ဆန်ဆန်စားလို့ရတဲ့အတွက်အဆင်ပြေလှပါတယ်။ဂျပန်တစ်နိုင်ငံမှာလည်းမြို့နယ်အလိုက်ပေါင်မုန့်များစွာရှိပြီး၊ကင်တာတစ်မျိုး၊အသီးအရွက်နဲ့ကြပ်တာတစ်မျိုးအမျိုးမျိုးပြုလုပ်စားသောက်ကြပါတယ်။ဂျပန်ရဲ့ပေါင်မုန့်စားသောက်ခြင်းမှာဆီများပါဝင်နှုန်းနည်းတဲ့အတွက်ကျန်းမာရေးအရလည်းကောင်းမွန်လှပါတယ်။ယခင်ခေတ်ကတည်းကစားသုံးကြပြီး၊အခုနောက်ပိုင်းပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့စားချင်စရာပေါင်မုန့်များပြုလုပ်ရောင်းချလာကြပါတယ်။

 あんパン (ပဲပေါင်မုန့်)

ပေါင်မုန့်အထဲမှာ ပဲအနီ ထည့်ထားသောဂျပန်မုန့်တစ်မျိုးဖြစ်ပါတယ်။ပဲပေါင်မုန့် ကို ၁၈၇၄ ခုနှစ် တွင် Kimuraya (ယခု Kimuraya ဆိုင်) မှစတင်ရောင်းချခဲ့ပြီး Ibaraki စီရင်စုမှ Yamura Kimura နှင့် သူ၏ဒုတိယသားအလတ် Eisaburo Kimura က စဥ်းစားတီထွင်ရောင်းချခဲ့ပါတယ်။ဧပြီလ ၄ ရက်နေ့သည် "Anpan Day" ဖြစ်ပါတယ်။

メロンパン (မဲလွန်ပေါင်မုန့်)

ပေါင်မုန့်အသားပေါ်တွင်ဘီစကွတ်မုန့်အသားအချို(cookieမုန့်အသား)တင်ပြီးဖုတ်ထားသောပေါင်မုန့်ဖြစ်ပါတယ်။ထိုမဲလွန်ပေါင်မုန့်၏ထူးခြားချက်မှာဘီစကွတ်မုန့်အသားသည်အခြားပေါင်မုန့်အသားကိုမမြင်ရလောက်အောင် အသားထူပြီးအရွယ်အစားကြီးသောပေါင်မုန့်ဖြစ်ပါတယ်။

カレーパン (ခါရေးပေါင်မုန့်)

ခါရေး(မဆလာဟင်း) ကို ကုန်ကြမ်းအဖြစ်အသုံးပြုထားသောပေါင်မုန့်တစ်မျိုးဖြစ်ပါတယ်။ပေါင်မုန့်ထဲတွင်ထည့်ထားသော ခါရေး(မဆလာဟင်း)မှာ ကီးမားခါရေး(ကီးမားမဆလာဟင်း) ကိုအသုံးများပါတယ်။ကြော်ထားသောပေါင်မုန့်ကို ခါရေးဒိုးနတ် ဟုလည်းခေါ်သည့်အပြင်၊ ကြော်ထားသော ခါရေးပေါင်မုန့်၊မုန့်ဖုတ်ထားသောခါရေးပေါင်မုန့်စသည့်ဖြင့်အမျိုးမျိုးရောင်းချလေ့ရှိသောဆိုင်များလည်းရှိပါတယ်။

焼きそばパン (ခေါက်ဆွဲကြော်ပေါင်မုန့်)

အသားညှပ်ပေါင်မုန့်ရှည်ကြားတွင် ခေါက်ဆွဲကြော်ညှပ်ထားသော ပေါင်မုန့်တစ်မျိုးဖြစ်ပါတယ်။ ဂျပန်လူမျိုးများတီထွင်ထားသောပေါင်မုန့်ဖြစ်ပါတယ်။ ထိုပေါင်မုန့်မှာ အသားညှပ်ပေါင်မုန့်ရှည်ကို အလျားလိုက် ဖြတ်ပြီး၊ အလယ်တွင် ခေါက်ဆွဲကြော်ကို ညှပ်ထားခြင်းမှာ ပုံမှန်ဖြစ်ပါတယ်။ ထိုပေါင်မုန့်ကို စားချင်စိတ်ဖြစ်ပေါ်စေရန် ပေါင်မုန့်ကြားတွင် ထည့်သော ခေါက်ဆွဲကြော်၏ ဆော့စ်ကြောင့် စိုစိုစိစိမဖြစ်စေရန် ထောပတ်နှင့် မာဂျရင်း ကိုသုတ်ပြီးမှ ခေါက်ဆွဲကြော်အသားကိုထည့်လေ့ရှိပါတယ်။

カツサンド (အသားကြော်ညှပ်ပေါင်မုန့်)

ပေါင်မုန့်ကြားတွင် ဂျပန်စတိုင်မုန့်နှစ်ကပ်ကြော်ထားသော(ဝက်သားကြော်၊ အမဲသားကြော်၊ ကြက်သားကြော်) ကိုညှပ်ထားသေ အသားညှပ်ပေါင်မုန့်ဖြစ်ပြီး၊ ကုန်ကြမ်းနှင့် ပြုလုပ်အမျိုးမျိုးရှိပါတယ်။ပုံမှန် အသားကြော်ညှပ်ပေါင်မုန့်မှာ အသင့်စားပေါင်မုန့်ထဲတွင် ဝက်သားမုန့်နှစ်ကြော်ကိုညှပ်ပြီး၊ ရှည်မျောမျောပုံစံ သို့ တြိဂံပုံစံ လှီးဖြတ်ထားပြီးရောင်းချလေ့ရှိပါတယ်။ အရသာပိုရှိအောင် ဝက်သားကြော်ဆော့စ်၊ mustard တို့ဖြင့်တွဲဖက်စားသုံးနိုင်ပါတယ်။ ချွင်းချက်အနေဖြင့် ထိုပေါင်မုန့်ကို မီးကင်စား၍မရပါ။ ပါးပါ'လှီးထားသောဂေါ်ဖီများညှပ်၍စားသုံးနိုင်ပါတယ်။

ဂျပန်ကျောင်းတွေရဲ့အစားအစာဆိုင်ရာပညာပေးမှုများ(School lunch in Japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ ဂျပန်ပေါင်မုန့်အကြောင်း(Japanese bread, anpan, melon pan, curry pan, yakisoba pan, katsu sando)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ