ဂျပန်ယဥ်ကျေးမှုနဲ့အတုယူစရာစည်းကမ်းများ(About Japanese culture and discipline)

နိုင်ငံတစ်နိုင်ငံမှာယဥ်ကျေးမှုနဲ့ရိုးရာဓလေ့များစွာရှိပါတယ်။မတူတဲ့အယူအဆနဲ့ကွဲပြားခြားနားတဲ့စည်းကမ်းများစွာလည်းရှိပါတယ်။ဂျပန်ရဲ့ယဥ်ကျေးမှုနဲ့စည်းကမ်းများဟာလည်းအတုယူစရာ၊စိတ်ဝင်စားစရာကောင်းလှပါတယ်။ဥပမာအားဖြင့်ဂျပန်မှာဆိုရင်နှုတ်ဆက်စကားကမိမိနဲ့သိတဲ့လူဖြစ်စေမသိတဲ့လူဖြစ်စေနှုတ်ဆက်ကြလေ့ရှိပါတယ်။ထိုနည်းတူစွာဘဲလုပ်ငန်းခွင်မှာလည်းအလုပ်စစဝင်ချင်းမှာကတည်းကနှုတ်ဆက်စကားပြောရလေ့ရှိရပြီး၊အလုပ်ပြန်တဲ့အခါမှာလည်းနှုတ်ဆက်စကားပြောကြလေ့ရှိပါတယ်။နောက်တစ်ခုအနေနဲ့ကအချိန်ကိုလေးစားမှုဖြစ်ပါတယ်။အလုပ်ချိန်ကိုမိနစ်ပိုင်းကနေစပြီးအတိအကျလိုက်နာလေ့ရှိပါတယ်။မူလတန်းကျောင်းကနေအချိန်နဲ့ပတ်သက်လို့ရော၊အခြားအခြေခံအချက်များကိုငယ်စဥ်ကတည်းကလိုက်နာတတ်အောင်လေ့ကျင့်သင်ကြားပေးထားပါတယ်။

ဂျပန်ရဲ့လူနေမှုပတ်ဝန်းကျင်

ဂျပန်မှာတစ်ခုခုသွားဖို့ရထား၊ကားစီးတဲ့အခါမျိုးမှာလည်းမှာလည်းအသက်ကြီးရွယ်အို၊ဒဏ်ရာရတဲ့သူတွေအတွက်နေရာဖယ်ထားတဲ့ပုံစံကလည်းအတုယူစရာကောင်းလှပါတယ်။ရထားစီးတဲ့နေရာမှာလည်းဂျပန်မှာကတန်းစီးပြီးရထားထဲဝင်ရပါတယ်။အဲဒါနဲ့အတူစားသောက်ဖို့အတွက်လက်မှတ်ဝယ်တဲ့နေရာမှာသော်လည်းကောင်းတန်းစီပြီးအလှည့်ကျစနစ်ကကောင်းမွန်လှပါတယ်။နောက်တစ်ခုကအမှိုက်ပစ်တဲ့နေရာဖြစ်ပါတယ်။အမှိုက်ကနေ့ရက်အလိုက်ခွဲပြီးပစ်ရပါတယ်။ပစ်တဲ့နေရာမှာလည်းစနစ်တကျအမှိုက်အမျိုးအစားခွဲပြီးပစ်ရပါတယ်။နောက်တစ်ခုကအလုပ်မှာသော်လည်းကောင်း၊အိမ်နားပတ်ဝန်းကျင်သော်လည်းကောင်းဂျပန်လူမျိုးများကနှုတ်ဆက်တတ်ကြပါတယ်။ဒီလိုမျိုးမိမိနဲ့သိသည်ဖြစ်စေ၊မသိသည်ဖြစ်စေနှုတ်ဆက်စကားပြောခြင်းဟာလည်းဆက်ဆံရေးတိုးတက်ကောင်းမွန်စေပါတယ်။

လုပ်ငန်းခွင်အချိန်လေးစားမှုနဲ့ပတ်သက်ပြီး

ဂျပန်ရဲ့အချိန်လေးစားမှုနဲ့ပတ်သက်ပြီးနိုင်ငံခြားသားတယောက်အနေနဲ့ဂျပန်ကိုစစရောက်ချင်းအချိန်တိကျမှုကိုသတိပြုမိမှာဖြစ်ပါတယ်။နိုင်ငံခြားသားတယောက်အဖို့ဂျပန်စာသင်ကျောင်းစတက်ကည်းကအချိန်မှန်မှန်သွားရပြီး၊အချိန်နောက်ကျခဲ့ရင်ကျောင်းခေါ်ချိန်ထဲကနှုတ်ပြီးကျောင်းခေါ်ရာခိုင်နှုန်းကျဆင်းမှုအဖြစ်အချိန်ရဲ့တန်ဖိုးကိုနားလည်အောင်ပြုလုပ်ထားပါတယ်။အချိန်ပိုင်းအလုပ်စလုပ်ပြီဆိုလည်းနောက်ကျတဲ့မိနစ်ကနေပိုက်ဆံဖြတ်တာမျိုးရှိပါတယ်။ပထမစစချင်းမှာဂျပန်ရဲ့အချိန်တိကျမှုနဲ့အသားမကျပေမယ့်တဖြည်းဖြည်းအချိန်လေးစားတတ်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုကတခုခုအမှားလုပ်မိရင်တောင်းပန်တတ်ခြင်းဘဲဖြစ်ပါတယ်။သူတပါးအမှားကြောင့်ဖြစ်စေ၊မိမိကြောင့်အမှားတစ်ခုခုဖြစ်သွားရင်လည်းဂျပန်လူမျိုးများရဲ့တောင်းပန်တတ်တဲ့အလေ့အကျင့်ကအတုယူစရာကောင်းလှပါတယ်။

အဖွဲ့အစည်းနဲ့အလုပ်လုပ်တတ်ခြင်း

ဂျပန်ရဲ့မူလတန်းကတည်းကစနစ်တကျအဖွဲ့အစည်းနဲ့လုပ်တတ်တဲ့အလေ့အကျင့်ဖြစ်အောင်လေ့ကျင့်ပေးထားပါတယ်။စည်းကမ်းကိုဘယ်လိုလိုက်နာရမယ်ဆိုတာတွေနဲ့အခြေခံအနေနဲ့ဘယ်လိုအခြေအနေများရှိတယ်ဆိုတာလေ့ကျင့်သင်ကြားပေးထားပါတယ်။အဲဒါနဲ့နောက်ဆက်တွဲလုပ်ငန်းခွင်ဝင်သွားတဲ့အခါအဖွဲ့အစည်းနဲ့အလုပ်လုပ်တတ်သွားပြီးအထက်လူကြီးနဲ့လည်းထိတွေ့ဆက်ဆံမှုကောင်းသလို၊အောက်လက်အောက်ငယ်သားနဲ့ဆက်ဆံရေးကောင်းမွန်စေပါတယ်။အလုပ်အတွင်းစည်းကမ်းများလိုက်နာတတ်ခြင်း၊ပေါင်းသင်းဆက်ဆံရေးအတွက်ပါအထောက်အကူပြုစေပါတယ်။ကျောင်းမှာကတည်းကအဖွဲ့အတူခရီးသွားခြင်း၊အတူတူဆွေးနွေးမှုမျိုးရှိသကဲ့သို့၊ကုမ္မဏီလုပ်ငန်းခွင်မှာလည်းအစည်းအဝေးများစွာပြုလုပ်ပြီး၊မိမိရဲ့အကြံဥာဏ်နဲ့အဖွဲ့ရဲ့အကြံဥာဏ်ပေါင်းစပ်ပြီးကောင်းတဲ့အစီအစဥ်များကိုချမှတ်ပြုလုပ်လေ့ရှိကြပါတယ်။ဒီလိုအမူအကျင့်များကဂျပန်ကနေအတုယူလေ့လာသင့်တဲ့အမူအကျင့်များဖြစ်ပါတယ်။

ဂျပန်မှာအမှိုက်ပစ်ပုံပစ်နည်း(How to take out the trash in Japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်လူမျိုး၏နေ့စဉ်ဘဝ/ ဂျပန်ယဥ်ကျေးမှုနဲ့အတုယူစရာစည်းကမ်းများ(About Japanese culture and discipline)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ