ဂျပန်ရဲ့သဘာဝဘေးအန္တရာယ်တိုင်းဖွန်းနဲ့ရေကြီးခြင်း(How to prevent natural disaster Typhoon and flood in Japan)

ဂျပန်မှာကဒီပြင်နိုင်ငံတွေထက်ငလျင်၊ဆူနာမီ၊တိုင်းဖွန်း၊ရေကြီးခြင်းအစရှိသဖြင့်သဘာဝအန္တရယ်များစွာကျရောက်တဲ့နိုင်ငံထဲမှာပါဝင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အဲဒါကြောင့်ဂျပန်ရဲ့မိုးလေဝသဌာနကအမြဲသဘာဝဘေးအန္တရယ်နဲ့ပတ်သက်တဲ့တိုင်းတာမှုနဲ့သတိပေးထုတ်ပြန်ချက်များကိုအရေးပေါ်ထုတ်ပြန်ပေးလေ့ရှိပါတယ်။ဂျပန်ရဲ့ပြည်သူတွေအနေနဲ့သဘာဝဘေးအန္တရယ်နဲ့ပတ်သက်တဲ့လေ့ကျင့်မှုများကိုငယ်ငယ်ကတည်းကလေ့ကျင့်သင်ကြားပေးထားပြီး၊သဘာဝဘေးအန္တရယ်နဲ့ပတ်သက်တဲ့အသိပညာ၊ဗဟုသုတနဲ့ပြည့်စုံစွာသင်ယူထားရပါတယ်။ဖြစ်ပွားလာပါကအရေးပေါ်ဆောင်ရွက်ချက်များ၊မိုးလေဝသဌာနကထုတ်ပြန်တဲ့အရေးပေါ်အချက်များကိုလိုက်နာပြီးအကာကွယ်ပေးနိုင်မယ့်ကယ်ဆယ်ရေးစခန်းများစခန်းအချက်အလက်များရယူပြီးစနစ်ကျစွာပြုမှုဆောင်ရွက်ရမှာဖြစ်ပါတယ်။

တိုင်ဖွန်းနဲ့ပတ်သက်ပြီးလိုက်နာရမယ့်အချက်များ

တိုင်ဖွန်းဆိုတာကရာသီဥတုပြောင်းတဲ့အချိန်လေထုစိုင်ဆုံလိုင်းလို့ခေါ်တဲ့အခြေအနေကနေဖြစ်ပေါ်လာတတ်ပါတယ်။လေဖိအားနည်းနေရာကနေဖြစ်ပွားလေ့ရှိပါတယ်။ဂျပန်ကတိုင်ဖွန်းကမကြာခဏဝင်ရောက်တဲ့နိုင်ငံထဲမှာပါဝင်ပါတယ်။အရမ်းကြီးတဲ့တိုင်ဖွန်ဖြစ်လာပါကမိမိနေထိုင်တဲ့ရပ်ကွက်ရဲ့ကယ်ဆယ်ရေးစခန်းအချက်အလက်များနဲ့စားစရာတွေကိုကြိုတင်ဝယ်ယူစုဆောင်းထားသင့်ပါတယ်။မိုးလေဝသအချက်အလက်အမြဲမပြတ်နားထောင်သင့်ပါတယ်။တိုင်ဖွန်နဲ့ပတ်သက်လို့အရေးပေါ်ထုတ်ပြန်လို့ကယ်ဆယ်ရေးစခန်းဆီသွားရမယ်ဆိုရင်ပထမဦးစားပေးကလေး၊လှုပ်ရှားလို့မရတဲ့လူနာနဲ့သက်ကြီးရွယ်အိုတွေကိုဦးစားပေးအနေနဲ့အန္တရယ်ကင်းစွာရွေ့ပြောင်းသင့်ပါတယ်။တိုင်ဖွန်းတိုက်ပြီးမိုးသည်းထန်စွာရွာလာပြီဆိုရင်နယ်မှာနေတဲ့သူတွေအတွက်မြေပြိုတာနဲ့တောင်ကျရေပါကြီးနိုင်တဲ့အတွက်သတိထားဂရုစိုက်သင့်ပါတယ်။မိမိနေတဲ့ရပ်ကွက်၊မြို့ရဲ့အင်တာနက်ဝက်ဆိုက်တို့ကိုအမြဲမပြတ်သတင်းတွေကိုစောင့်ကြည့်နေသင့်ပါတယ်။အရေးပေါ်မီးပြတ်သွားနိုင်တဲ့အတွက်လက်နှိပ်ဓါတ်မီးနဲ့စားစရာ၊ရေအစရှိသဖြင့်ရှာဖွေစုဆောင်းထားသင့်ပါတယ်။

ရေကြီးခြင်းနဲ့ပတ်သက်ပြီးလိုက်နာသင့်သောအချက်များ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်မြစ်ရေလျှံပြီးရေကြီးမှုများဖြစ်ပေါ်နိုင်ပါသည်။ရေကြီးမှုဖြစ်ပေါ်လာမယ်ဆိုရင်နေထိုင်တဲ့ရပ်ကွက်ကနေထုတ်ပြန်ထားတဲ့ကယ်ဆယ်ရေးနေရာနဲ့အနီးစပ်ဆုံးမြင့်မားပြီး၊စိတ်ချရတဲ့နေရာသို့စောစီးလျှင်မြန်စွာရွေ့ပြောင်းသင့်ပါတယ်။သဘာဝဘေးအန္တရယ်ရေကြီးတဲ့အချိန်မှာအသုံးတင်တဲ့(Hazard map)လိုအသုံးပြုတဲ့အပီလီကေရှင်းများကိုလည်းမိမိရဲ့ဖုန်းထဲမှာဒေါင်းလုတ်ဆွဲထားပြီး၊ရေကြီးတဲ့သတင်းကိုသတိထားစောင့်ကြည့်ပြီးမိမိရဲ့ရပ်ကွက်ရဲ့ကယ်ဆယ်ရေးစခန်းများကိုအလျင်အမြန်သွားရောက်သင့်ပါတယ်။ရေကြီးခြင်းနဲ့အတူမြေပြိုမှုဖြစ်နိုင်တဲ့အတွက်နယ်မှနေထိုင်တဲ့သူနဲ့တော၊တောင်နဲ့နီးတဲ့နေရာမှာနေတဲ့သူတွေအနေနဲ့သတိထားဂရုစိုက်ရမှာဖြစ်ပါတယ်။မြေပြိုပြီးဆိုရင်တောင်နဲ့ကမ်းပါးများပြိုကျခြင်း၊သဲများမျောပါကာအဆောက်အဦးများပျက်စီးစေတဲ့အတွက်ပိုပြီးသတိထားစွာလုပ်ဆောင်ပြီးအချိန်နဲ့အမျှသတင်းအချက်များရယူတတ်ဖို့လိုအပ်ပါတယ်။အသုံးဝင်တဲ့အပီလီဖြစ်တဲ့(Hazard map)လိုအပီလီအချက်အလက်ကိုအမြဲကြည့်ပြီးစိတ်ချရတဲ့နေရာကိုရွေ့ပြောင်းသင့်ပါတယ်။အောက်ပါဝက်ဆိုက်ကနေလည်းလေ့လာလို့ရနိုင်ပါတယ်။

https://www.bing.com/search?form=ANLKDR&q=disportal%20gsi%20go%20jp

ကာကွယ်ရေးနည်းလမ်းများနဲ့ဘေးအန္တရယ်အသုံးပြုနိုင်တဲ့အပီကေရှင်းများ

ကြိုတင်ကာကွယ်လို့ရတဲ့နည်းလမ်းထဲမှသတင်းအချက်အလက်များရယူနိုင်ဖို့ကအရေးကြီးပါတယ်။အခုနောက်ပိုင်းသဘာဝအန္တရယ်နဲ့ဆိုင်တဲ့အသုံးပြုလို့ရတဲ့အပီလီကေရှင်းများပေါ်ပေါက်လာပြီးသတင်းအချက်အလက်များအတွက်အဆင်ပြေပါတယ်။တိုင်ဖွန်း၊မုန်တိုင်းနဲ့ဘေးအန္တရယ်အတွက်မိုးလေဝသWeb၊Safety tips Appနဲ့Japan Official Travel Appတို့ကနေသတင်းအချက်အလက်များရယူပြီးကြိုတင်ကာကွယ်မှုများပြုလုပ်သင့်ပါတယ်။တိမ်ရှောင်တဲ့နေရာမှာလည်းမိမိအိမ်မှမထွက်ခွာမှီအိမ်မှာရှိတဲ့မီးတုန်းများချပြီးမီးဘေးအန္တရယ်ကင်းအောင်ပြုလုပ်ထားသင့်ပါတယ်။နောက်တစ်ခုကမိမိအတွက်အရေးကြီးတဲ့စာရွက်စာတမ်းနဲ့အရေးကြီးတာတွေကိုမိမိနဲ့တပါတည်းယူဆောင်သွားရပါမယ်။ဘေးအန္တရယ်ကာကွယ်ရေးစင်တာတွေနဲ့ဆက်သွယ်ပြီးအချိန်နဲ့တပြေးညီလှုပ်ရှားသင့်ပါတယ်။အပီလီကနေလည်းသဘာဝဘေးအန္တရယ်အချက်အလက်နဲ့ပတ်သက်တဲ့အကြောင်းအရာများနဲ့ကယ်ဆယ်ရေးနေရာနဲ့အရေးပါ်ဆက်သွယ်လို့စင်တာ၊ဥပမာNTTဆိုရင်ဘေးအန္တရယ်အရေးပေါ်ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်(၁၇၁)ကိုဆက်သွယ်ပြီးညွန်ကြားချက်များကိုလိုက်နာကာသတိထားရှောင်ရှားသင့်ပါတယ်။

http://www.bousai.go.jp/kokusai/web/img/14_bousai_guidebook_Web_MM.pdf

သဘာဝဘေးအန္တရယ်အချက်အလက်

http://www.jma.go.jp/jma/en/menu.html

ရေနစ်မြှပ်ခြင်းဘေးအန္တရယ်မှကာကွယ်ရေးအချက်အလက်

https://www.jma.go.jp/en/suigaimesh/inund.html

ဂျပန်မှာသင်ယူရတဲ့ဘေးအန္တရာယ်ကာကွယ်ရေးငလျင်၊ဆူနာမီ(How to learn disaster prevention from Japan Earthquake and Tsunami)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အိမ် / နေရေးထိုင်ရေး/ ဂျပန်ရဲ့သဘာဝဘေးအန္တရာယ်တိုင်းဖွန်းနဲ့ရေကြီးခြင်း(How to prevent natural disaster Typhoon and flood in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ