log in ဝင်ပါ
10/09/2020
နိုင်ငံတစ်နိုင်ငံမှာအလုပ်နဲ့ပတ်သက်လို့အခြေခံလစာသတ်မှတ်ချက်ရှိပါတယ်။ဂျပန်နိုင်ငံမှာလည်းအခြေခံလစာသတ်မှတ်ချက်ရှိပါတယ်။ဂျပန်ရဲ့မြို့၊နယ်အလိုက်အခြေခံလစာမတူညီပါဘူး။နယ်ကတော့နည်းနိုင်ပြီး၊တိုကျိုလိုနေရာမျိုးကတော့လုပ်အားခပိုရပါတယ်။တစ်နေ့ကိုဘယ်နာရီလုပ်ရမယ်ဆိုတဲ့အလုပ်လုပ်ချိန်သတ်မှတ်ချက်ရှိပြီးအဲထက်ပိုအလုပ်လုပ်ခိုင်းပါကအချိန်ပိုကြေးရရှိပါသည်။လစာအနေနဲ့လည်းအချိန်ပိုင်းအလုပ်လစာနဲ့အမြဲတမ်းဝန်ထမ်းလစာအစရှိသဖြင့်ကွာခြားပါတယ်။ဂျပန်မှာအနိမ့်ဆုံးလစာစနစ်ရှိပြီး၊အခွန်စနစ်လည်းရှိပါတယ်။လစာမှာအခွန်ဘယ်လောက်ဆောင်ရမယ်ဆိုတဲ့သတ်မှတ်ချက်လည်းရှိပါတယ်။
ဂျပန်မှာကတိုကျိုရဲ့အခြေခံလစာကဒီပြင်နေရာတွေထက်အနည်းငယ်များပြားနိုင်ပါတယ်။အဲဒါကြောင့်ဂျပန်လာမယ်ဆိုရင်ပထမဦးစားပေးတိုကျိုလိုနေရာမျိုးကိုလာချင်ကြပါတယ်။အချိန်ပိုင်းလုပ်အားခအနေနဲ့တစ်နာရီ(၉၈၅)ယန်းရရှိမှာဖြစ်ပါတယ်။ဒါပေမယ့်မိမိရဲ့ဂျပန်စာအရည်အချင်းပေါ်မူတည်ပြီးဒီပိုက်ဆံပမာဏပိုပြီးတော့လည်းရရှိနိုင်မှာဖြစ်ပါတယ်။အိုဆာကာမှာတော့တစ်နာရီ(၉၃၆)ယန်းရရှိမှာဖြစ်ပါတယ်။ဂျပန်ရဲ့ကျန်တဲ့မြို့နယ်အလိုက်ရရှိတဲ့ပမာဏကွဲပြားသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကကျောင်းသားဆိုရင်အလုပ်လုပ်ချိန်(၂၈)နာရီကျော်လုပ်လို့မရနိုင်ဘူး။လုပ်လို့အချိန်တအားကျော်သွားရင်ဗီဇာတိုးတဲ့အခါအခက်အခဲဖြစ်နိုင်ပါတယ်။အချိန်ပိုင်းအလုပ်မှာလည်းပုံမှန်အလုပ်ချိန်ကိုကျော်ပြီးအလုပ်လုပ်ခဲ့ရရင်လည်းမိမိလစာရလာတဲ့အခါအချိန်ပိုကြေးပါထည့်ထွက်ထားမှာဖြစ်ပါတယ်။အောက်ပါဇယားကွက်အရမိမိနေထိုင်တဲ့ဂျပန်ရဲ့မြို့အလိုက်တစ်နာရီလုပ်အားခနဲ့ပတ်သက်လို့ဗဟုသုတအဖြစ်ဖော်ပြလိုက်ပါတယ်။
စာချုပ်ဝန်ထမ်းနဲ့အမြဲတမ်းဝန်ထမ်းဆိုပြီးနှစ်မျိုးရှိပါတယ်။စာချုပ်ဝန်ထမ်းကတော့အချိန်အကန့်အသတ်ဖြင့်စာချုပ်ချုပ်ပြီးအလုပ်လုပ်ရတဲ့ပုံစံဖြစ်ပါတယ်။အမြဲတမ်းဝန်ထမ်းကတော့အချိန်အကန့်အသတ်မရှိအလုပ်လုပ်နိုင်ပါတယ်။ကျောင်းပြီးပြီးချင်းအလုပ်စဝင်တဲ့သူတွေအနေနဲ့အကြင်းဖျင်းအားဖြင့်ဂျပန်ယန်း(၁၈)သောင်းလောက်ရရှိကြပါတယ်။ကုမ္မဏီလိုက်ပြီးကွာခြားမှုရှိနိုင်ပါတယ်။အဲဒီထဲကမှအခွန်များလည်းဖြတ်တောက်မှုရှိနိုင်ပါတယ်။ကျန်တဲ့ဗီဇာတွေဖြစ်တဲ့ထရိန်နင်ဗီဇာနဲ့လည်းလစာပမာဏလည်းအနည်းငယ်ကွဲပြားမှုရှိနိုင်ပါတယ်။ဂျပန်မှာတစ်နှစ်စုစုပေါင်းအလုပ်လုပ်ရက်၂၅၅ရက်ရှိပြီးတစ်နေ့အလုပ်လုပ်ချိန်၈နာရီဆိုပြီးသတ်မှတ်ထားပါတယ်။အဲဒီထဲကနေလစာပမာဏကိုတွက်ချက်ပြီးအနိမ့်ဆုံးအခြေခံလစာများကိုသတ်မှတ်ကြခြင်းဖြစ်ပါတယ်။နောက်တစ်ခုကအမြဲတမ်းဝန်ထမ်းဖြစ်လာပြီဆိုရင်ခြောက်လအထက်အလုပ်လုပ်ခဲ့ပြီးရင်လာစာရခွင့်ရက်ရပါတယ်။
လစာရဲ့နှစ်အလိုက်ရရှိတဲ့ဝင်ငွေနဲ့နောက်တစ်ခုကဘောနပ်ဆိုပြီးပေးတာမျိုးလည်းရှိပါတယ်။ဘောနပ်ကတော့ကုမ္မဏီလိုက်ပြီးကွာခြားတာမျိုးရှိပါတယ်။အကြိမ်အရေအတွက်ကွာခြားမှုရှိနိုင်ပါတယ်။ရတဲ့လစာကလည်းအကုန်လုံးမိမိမရပါဘူး။အခွန်ဖြတ်တောက်ပြီးမှလက်ကျန်ပိုက်ဆံရရှိမှာဖြစ်ပါတယ်။နောက်တစ်ခုဗဟုသုတအနေနဲ့အလုပ်တစ်ခုဝင်မယ်ဆိုရင်အလုပ်ချိန်၊ပိတ်ရက်၊အချိန်ပိုဘယ်နာရီရှိသလဲဆိုတာမေးကြည့်သင့်ပါတယ်။ကုမ္မဏီတော်တော်များများမှာအချိန်ပိုကြေးပါတွက်ချက်ပြီးလစာနဲ့ပေါင်းပြီးပေးတတ်ကြပါတယ်။ခွင့်ရက်အနေနဲ့လည်းခြောက်လပြည့်ပြီးနောက်ပိုင်းခွင့်ရက်ဆယ်ရက်အထိယူခွင့်ရှိပါတယ်။ဂျပန်မှာကမိမိအလုပ်လုပ်လိုက်တဲ့အချိန်ကိုလိုက်ပြီးပေးချေတဲ့စနစ်ကလည်းအလုပ်လုပ်တဲ့သူတွေအတွက်အဆင်ပြေစေပါတယ်။မိနစ်၊စက္ကန့်နဲ့လိုက်ပြီးအလုပ်လုပ်ချိန်အတိုင်းတိတိကျကျကုမ္မဏီဘက်ကပေးဆောင်ပါတယ်။
ဖုန်းမေးလ်မှာအသုံးပြုတဲ့ဂျပန်စာစကား(Japanese business words on phone call and e-mail )
နိုင်ငံတကာမှ ကျောင်းသား၊ကျောင်းသူ တွေ အချိန်ပိုင်းအလုပ်အတွက် ကိုယ်ရေးရာဇဝင် တင်ပြဖို့လိုပါတယ်။ ဂျပန်စာ CV ကို ပထမဆုံးရေးတဲ့အခါ အချို့လူတွေအတွက် အိမ်မှအလုပ်သို့ကြာချိန်ကို ဘယ်လိုရေးရမလဲဆိုတ...
အချို့နိုင်ငံတကာမှကျောင်းသား ကျောင်းသူတွေက ဂျပန်နိုင်ငံရဲ့ Kaigo ပြုစုစောင့်ရှောက်ရေး နဲ့ လူမှုဖူလုံရေးအကြောင်းအရာကို လာရောက်လေ့လာကြပါတယ်။ တကယ်လို့ မိမိရဲ့ဘွဲ့က အဲဒီအကြောင်းအရာနဲ့ဆက်စပ်ခြင်း ...
အလုပ် အချိန်ပိုင်းအလုပ် အထူးကျွမ်းကျင်လုပ်သား၊အလုပ်သင်သင်တန်းသား
ဂျပန်အစိုးရသည် ၂၀၁၈ခုနှစ်ကတည်းက လုပ်ငန်းခွင်ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ လုပ်ငန်းခွင်ဘဝဟန်ချက်ညီမျှလာသည့်အပြင် ဝန်ထမ်း၊ အလုပ်သမားများသည် ပိုမိုကောင်းမွန်သောလုပ်သားဘဝ၊ လုပ်ငန်းခွင်ရေရှည်တည်တံ့ခြင်း၊ အလု...
ဂျပန်နိုင်ငံ၏ ပုံမှန်ရက်သတ္တပတ် အလုပ်ချိန် (Weekly working hours in Japan)
ဂျပန်နိုင်ငံတွင် အလုပ်ချိန်သတ်မှတ်ချက်သည် အချိန်ပိုင်း (သို့မဟုတ်) အချိန်ပြည့် အလုပ်အပိုင်းအခြားပေါ်မူတည်ပြီး ကွဲပြားချက်များရှိကြသည်။ ထို့အပြင် သင်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်လိုပါက မကြာသေးမီ...
နိုင်ငံခြားသားများသည်ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်နိုင်သောဗီဇာရှိလျှင် အလုပ်သွားလုပ်နိုင်ပါသည်။ အလုပ်လုပ်ကိုင်ခွင့်မပြုသောဗီဇာအမျိုးအစားဖြစ်ပါကပြောင်းလဲရန်လိုအပ်ပါသည်။ ထို့ကြောင့် ဂျပန်တွင် အလု...
ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။ Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။
Cookieအသုံးပြုမှုမူဝါဒ