ဖူဂျီတောင်နဲ့ပတ်သက်ပြီးဗဟုသုတသိကောင်းစရာ(Fuji Mountain in Japan)

ဂျပန်ကိုရောက်ရင်ဖူဂျီတောင်ကိုတစ်ခေါက်လောက်သွားရောက်သင့်ပါတယ်။ဂျပန်နိုင်ငံရဲ့အမြင့်ဆုံးတောင်ထဲတစ်ခုအပါအဝင်ဖြစ်ပြီး၊ဂျပန်နိုင်ငံရဲ့သင်္ကေတစ်ခုလူသိများပါတယ်။မီးတောင်အမျိုးအစားတောင်တစ်ခုဖြစ်ပြီး၊နွေရာသီမှာဖူဂျီတောင်ကိုရှင်းလင်းစွာမြင်ရပြီး၊အလွန်လှပပါတယ်။ဖူဂျီတောင်မှာ၂၀၁၃ခုနှစ်မှာကမ္ဘာ့အမွေအနှစ်မှတ်တမ်းဝင်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့သဘာဝနဲ့ယဥ်ကျေးမှုနေရာတစ်ခုအဖြစ်လည်းတင်စားခေါ်ကြပါတယ်။ဖူဂျီတောင်ကရှိဇူအိုကာနဲ့ရာမနရှိကြားထဲမှာတည်ရှိပြီးဂျပန်ရဲ့တော်တော်များများနေရာကနေတွေ့မြင်နိုင်ပါတယ်။အမြဲခရီးသွားဧည့်သည်များနဲ့ပြည့်နှက်နေပြီး၊သွားရောက်လည်ပတ်ရတာပျော်ရွင်စရာကောင်းပါတယ်။

ဖူဂျီတောင်သွားရောက်ပုံနဲ့ပတ်သက်ပြီး

ဖူဂျီတောင်က(富士駅)ဘူတာမှာရှိပါတယ်။တိုကျိုကနေဆိုရင်တစ်နာရီခွဲလောက်အချိန်ပေးရင်ရောက်ရှိမှာဖြစ်ပါတယ်။ဖူဂျီတောင်ရဲ့အမြင့်ပေ(၃,၇၇၆)မီတာမြင့်မားပါတယ်။တောင်တက်မယ်ဆိုလည်းနားလည်တဲ့တောင်တက်သမားနဲ့နွေရာသီအချိန်မျိုးကိုရွေးချယ်ပြီးတက်သင့်ပါတယ်။တောင်ခြေမှာလည်းအများပြည်သူလာလည်ပတ်သူတွေနဲ့နိုင်ငံခြားခရီးသွားများစွာလာရောက်လည်ပတ်ကြပါတယ်။အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များနဲ့စားစရာမုန့်ဆိုင်များစွာရှိပါတယ်။နိုင်ငံခြားခရီးသွားများအဖို့တောင်ထိပ်ကနေကြည့်ရတဲ့မြင်ကွင်းကအရမ်းလှပပြီး၊အမှတ်တရဓါတ်ပုံရိုက်ဖို့လည်းအရမ်းလှပတဲ့နေရာဖြစ်ပါတယ်။ဖူဂျီတောင်ရဲ့အနီးတဝိုက်မှာဟနနော့မိဘခိုပန်းခြံလည်းရှိပါတယ်။ပန်းမျိုးစုံရှိပြီး၊အဲကနေမှဖူဂျီတောင်ကိုလှမ်းမြင်ရတဲ့အတွက်ပန်းများကိုလည်းကြည့်ပြီးတောင်ကိုကြည့်ရတာလည်းအရမ်းလှပါတယ်။ဖူဂျီတောင်နားမှာဘဲဖူဂျီရှိဘဆာကူရာပွဲတော်ဆိုပြီးဧပြီလလယ်မှမေလကုန်အထိကျင်းပတဲ့ပွဲတော်ရှိပါတယ်။ဆာကူရာပန်းအရောင်နဲ့တူတဲ့ပန်းဖြစ်ပြီးမြေပြင်ကျယ်မှာပွင့်နေတဲ့ပန်းနဲ့ဖူဂျီတောင်ရဲ့အလှကတင့်တယ်လှပလွန်းပါတယ်။

တောင်တက်ချင်သူများအတွက်

ဖူဂျီတောင်ကိုတက်မယ်ဆိုရင်ခုနှစ်လပိုင်းအတက်အများဆုံးဖြစ်ပါတယ်။ဒီပြင်ရာသီတက်ချင်တယ်ဆိုရင်ရာသီဥတုဆိုးရွားနိုင်တဲ့အတွက်တက်ချင်တဲ့အကြောင်းပြချက်နဲ့အတူတောင်တက်မယ့်အစီအစဥ်အားလုံးကိုတင်ပြရမှာဖြစ်ပါတယ်။တောင်တက်တဲ့အခါတောက်တက်ဖူးတဲ့အတွေ့အကြုံရှိတဲ့ဂိုက်သို့မဟုတ်တောက်တက်ဖူးသူတွေနဲ့အဖွဲ့ဖွဲ့ပြီးတက်သင့်ပါတယ်။နွေရာသီနောက်ပိုင်းမှာဂျပန်ရဲ့ဆောင်းရာသီအချိန်မျိုးတွေအခက်အခဲရှိနိုင်တာကြောင့်အစီအစဥ်မရှိဘဲတက်မယ်ဆိုရင်အရမ်းအန္တာရယ်များတဲ့အတွက်၊နွေရာသီနောက်ပိုင်းတောင်တက်ခြင်းကိုတားမြစ်ထားပါတယ်။နောက်တစ်ခုတောင်တက်နေစဥ်အတွင်းတောင်ပေါ်မှာပန်းခူးတာမျိုးကိုပြုလုပ်လို့မရပါဘူး။ဖူဂျီတောင်ပေါ်မှကျောက်တုံးများကိုသယ်သွားခွင့်မရှိပါဘူး။တောင်ပေါ်ရှိကျောက်တုံးများပေါ်မှာလည်းစာတမ်းတွေခြစ်တာမျိုးလုပ်လို့မရပါဘူး။ရပ်နားနေစဥ်မီးဖိုခြင်းနဲ့မီးနဲ့ပတ်သက်တဲ့အရာတွေပြုလုပ်လို့မရပါဘူး။နောက်ဆုံးတစ်ခုကအိမ်မွေးတိရိစ္ဆာန်လေးတွေခေါ်လာခွင့်မရှိပါဘူး။တောင်တဲ့အခါဒီအချက်လေးတွေလိုက်နာရမှာဖြစ်ပါတယ်။တောင်တက်တဲ့အချိန်ကတော့မရပ်မနားဘဲတက်မယ်ဆိုရင်သုံးနာရီခွဲကြာမြင့်မှာဖြစ်ပါတယ်။

နိုင်ငံခြားသားများအတွက်လာရောက်လည်ပတ်စရာနေရာတစ်ခု

ဂျပန်ကိုရောက်ပြီဆိုရင်နိုင်ငံခြားသားတော်တော်များများမဖြစ်မနေလာရောက်လည်ပတ်ကြပါတယ်။ဂျပန်မှာတင်နာမည်ကြီးတာမဟုတ်ဘဲနိုင်ငံခြားအထိပါဖူဂျီတောင်ကနာမည်ကျော်ကြားပါတယ်။နိုင်ငံခြားများအတွက်ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုဖြစ်ပြီး၊ခရီးသွားဝန်ဆောင်မှုဝင်ငွေကိုရရှိတဲ့နေရာဖြစ်ပါတယ်။အမြဲတစေလာရောက်လည်ပတ်သူတွေနဲ့စည်းကားပြီး၊ဂျပန်ရဲ့သမိုင်းဝင်ယဥ်ကျေးမှုနေရာဖြစ်ပါတယ်။ကျောင်းလေ့လာရေးအနေနဲ့လာရောက်ကြသလို၊တကူးတကလည်းလာရောက်လည်ပတ်ကြပါတယ်။တောင်ပေါ်ြကကည့်ရတဲ့မြင်ကွင်းကလည်းစိတ်ကိုလန်းဆန်းစေပါတယ်။နေ့ချင်းပြန်ခရီးစဥ်နဲ့လာကြသလို၊တစ်ချို့လည်းအနီးအနားကဟိုတယ်မှာအနားယူကြပြီးအနီးအနားကကစားကွင်းနဲ့ပန်းခြံတွေမှာရှိတဲ့ပန်းပွဲတော်ကိုလည်းသွားရောက်လည်ပတ်ကြတာမျိုးရှိပါတယ်။ခရီးသွားများအဖို့ဆောင်းရာသီလာခဲ့မယ်ဆိုရင်ဂျပန်ရဲ့နာမည်ကြီးတဲ့အွန်စမ်းလို့ခေါ်တဲ့ရေပူစမ်းစိမ်းရတာလည်းခန္ဓာကိုယ်အတွက်ကောင်းမွန်လှတဲ့အတွက်နာမည်ကြီးလူကြိုက်များပါတယ်။ဂျပန်ရဲ့အရသာရှိတဲ့အစားအစာများကိုစားသောက်ကြရင်းဖူဂျီတောင်ကိုသွားရောက်လည်ပတ်ကြရအောင်။

ကာမကုရဘုရားနဲ့အင်နိုရှီမားကျွန်းသို့သွားရောက်ခြင်း(The Great Buddha of Kamakura and Enoshima in Japan )

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဖူဂျီတောင်နဲ့ပတ်သက်ပြီးဗဟုသုတသိကောင်းစရာ(Fuji Mountain in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။ Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ