ဂျပန်ပွဲတော်များအကြောင်းဗဟုသုတ(Festival in Japan)

နိုင်ငံတစ်နိုင်မှာယဥ်ကျေးမှု၊ပွဲတော်များရှိသကဲ့သို့ဂျပန်နိုင်ငံမှာလည်းစိတ်ဝင်စားစရာပွဲတော်များစွာရှိပါတယ်။ပွဲတော်များကိုများသောအားဖြင့်ဘုရားကျောင်းများတွင်ကျင်းပကြလေ့ရှိကြပါသည်။ဂျပန်တစ်နိုင်ငံလုံးမှာပွဲတော်များစွာရှိသကဲ့သို့မြို့အလိုက်ပွဲတော်များကလည်းကွဲပြားပါတယ်။ပွဲတော်များတွင်ပါဝင်သူများသည်လည်းတက်ညီလက်ညီပါဝင်ဆင်နွဲကြသည်မှာလည်းပျော်ရွင်စရာကောင်းလှပါသည်။ထူးခြားလှတဲ့အပြင်အဆင်နဲ့ရှေးရိုးရာပုံစံနဲ့ယဥ်ကျေးမှုများကိုတွေ့မြင်နိုင်ပါတယ်။ရိုးရာအကများနဲ့ရိုးရာဝတ်စုံများနဲ့အကများကလည်းစိတ်ဝင်စားစရာကောင်းလှပါတယ်။နိုင်ငံခြားခရီးသွားများအနေနဲ့လည်းဂျပန်ရဲ့ရိုးရာယဥ်ကျေးမှုကိုစိတ်ဝင်စားပြီးတကူးတကလာရောက်လေ့လာကြတာမျိုးလည်းရှိပါတယ်။ဂျပန်မှာကခရီးသွားအနေနဲ့အစိုးရရုံးပိတ်ရက်ရှည်များကိုခရီးသွားလာမှုများပြားစွာသွားလာကြပါတယ်။

အအိုမိုရိနဲဘုတပွဲတော်(အအိုမိုရိမြို့)

ဤပွဲတော်ကိုနှစ်စဉ်ကျင်းပကြသည်။နဲဘုတဟုခေါ်သည့်ရောင်စုံမီးပုံးများကိုအအိုမိရိ၏အလယ်ဗဟိုရှိ လမ်းများတွင် ချိတ်ဆွဲထားကြသည်။ ပွဲတော်ကို ဩဂုတ်လ ၂ ရက် မှ ၇ ရက်အထိ နှစ်စဉ်ကျင်းပသည်။ ပွဲတော်သည် လာရောက်လည်ပတ်သူသန်းပေါ်းများစွာကိုဆွဲဆောင်မှုရှိသည်။ဤပွဲတော်အတွင်းကြီးမားသည့် နဲဘုတမီးပုံးများ ၂၀ ခုကို အအိုမိုရိ ဘူတာအနီးရှိ လမ်းများတစ်လျှောက် ပြသထားသည်။ မီးပုံးများကို သစ်သားအောက်ခံ၊ သတ္ထုကိုယ်ထည်ဖြင့် ပြုလုပ်ထားသည်။ ဝရှိဟု ခေါ်သည့် ဂျပန်စာရွက်များကို ကိုယ်ထည်တွင် အလှဆင်ထားကြသည်။ပုံစံဒီဇိုင်းများကဝင့်ကြွားပြီးဟိုအရင်ခေတ်စစ်တိုက်ထွက်တဲ့ပုံစံဒီဇိုင်းများကအသက်ဝင်လှပါတယ်။ပါဝင်ဆင်နွဲသူများပြားပြီး၊မီးပုံးများရဲ့အလင်းနဲ့ကိုယ်ထည်ပုံစံကဆွဲဆောင်မှုရှိလှပါတယ်။

ဆပ်ပိုရိုနှင်းပွဲတော် (ဟော့ခိုင်ဒိုစီရင်စု)

ဆပ်ပိုရိုပွဲတော်သည် ဆပ်ပိုရိုတွင်ကျင်းပသည့် ကြီးမားသည့်ပွဲတော်များထဲမှ တစ်ခု ဖြစ်သည်။ ဖေဖော်ဝါရီလတွင်တစ်ပတ်ကြာကျင်းပသည်။ဆပ်ပိုရို၏ဗဟိုတွင်တည်ရှိသောပန်းခြံမှာပြုလုပ်ပြီးနှင်းများဖြင့်အရုပ်များကိုပြုလုပ်ခဲ့ကြသည့်အချိန်၁၉၅၀ခုနှစ်တွင်စတင်ကျင်းပခဲ့သည်။ပွဲတော်သည်ယခုအခါအလွန်စည်ကားလျက်ရှိပါတယ်။ကြီးမားသည့်ပန်းပုရုပ်တုတစ်ဒါဇင်ကို ပွဲတော်အတွက် တည်ဆောက်ကြပြီး သေးငယ်သည့် နှင်းနှင့် ရေခဲစသည်တို့ဖြင့် ပြုလုပ်ထားသည့် ရုပ်တုများသည် ထိုအရုပ်တစ်ဒါဇင်ကို ဝန်းရံလျက်တည်ရှိသည်။ပွဲတော်တွင်ဖျော်ဖြေမှုများနှင့်အခြားသောအရာများကိုလည်းကျင်းပကြသည်။လှပသောရေခဲရုပ်တုဒီဇိုင်းများနဲ့ရဲတိုက်ဒီဇိုင်းများကခမ်းနားလှပါတယ်။ညဘက်မှာပြုလုပ်တဲ့ရုပ်တု၊ဒီဇိုင်းများကိုမီးစလိုက်များဖြင့်ရောင်စုံပြသထားသည်မှာအလွန်လှပပါတယ်။

အဝအိုဒိုးရီအက (တိုခုရှိမားမြို့)

နှစ်စဥ်၈လပိုင်း၁၂ရက်နေ့ကနေ၁၅ရက်နေ့အထိကျင်းပပြီးအင်ဒိုခေတ်အပါအဝင်နှစ်ပေါင်းလေးရာဆက်လက်ပြီးတည်တံ့လာတဲ့ယဥ်ကျေးမှုဖြစ်ပါတယ်။ဝတ်စုံတူညီစွာဝတ်ဆင်ပြီး၊လာကြည့်တဲ့ပရိသတ်ကြားထဲမှာကရတပုံစံဖြစ်ပါတယ်။တူရိယာကိရိယာများနဲ့အသံပြိုင်တူအော်ပြီးပြောင်မြောက်လှတဲ့ကကွက်များနဲ့မီးအိမ်လေးများကိုလည်းလမ်းတလျှောက်ထွန်းညှိထားပါတယ်။အဖွဲ့လိုက်ကတဲ့အပေါ်မူတည်ပြီးထူးခြားမှုရှိနိုင်ပါတယ်။ခေါင်းမှာလည်းခမောက်ပုံစံဆောင်းထားပြီးလက်ကိုအပါ်မြောက်ပြီးအဖွဲ့လိုက်တူညီစွာကရတဲ့အကဖြစ်ပါတယ်။အိုဘုန်းရဲ့ဝမ်းနည်းမှုအတွက်အိုဘုန်းပြီးတဲ့နောက်ရက်အနည်းအငယ်အကြာမှာပြုလုပ်တဲ့ပွဲတော်ဖြစ်ပါတယ်။မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှပြီးကြည့်ရတဲ့ပရိသတ်အတွက်စိတ်ကြည်နူးမှုရစေမှာဖြစ်ပါတယ်။

အခိတခန်တိုပွဲတော်(အခိတမြို့)

နှစ်စဥ်သြဂုတ်လ၃ရက်နေ့မှ၆ရက်နေ့အထိနှစ်စဥ်ကျင်းပတဲ့ပွဲတော်ဖြစ်ပါတယ်။ဝါးလုံးတိုင်တစ်ချောင်းပေါ်တွင်မီးအိမ်လေးများစွာထွန်းညှိထားပြီး၊ခါး၊ပုခုံးများဖြင့်နေရာတွင်ထမ်းထားပါတယ်။ဆန်၊စပါးရိတ်သိမ်းတဲ့အခါမှာပိုမိုဖြစ်ထွန်းရန်အတွက်ရည်ရွယ်ပြီးပြုလုပ်ခြင်းဖြစ်ပါတယ်။ဝါးတိုင်လေးတွေကစပါးနှံများကိုရည်ရွယ်ပြီးမီးအိမ်လေးများကဖြစ်ထွန်းအောင်မြင်စေတဲ့အဓိပ္ပာယ်ဖော်ဆောင်ခြင်းဖြစ်ပါတယ်။မီးတိုင်များကိုလည်းလေးမျိုးခွဲခြားထားပြီးအကြီးဆုံး၊အလယ်အလတ်၊အငယ်ဆုံး၊သေးသွယ်တဲ့အမျိုးအစားဖြင့်ခွဲခြားထားပါတယ်။အကြီးဆုံးတိုင်ရဲ့အရှည်အလျားအနေနဲ့အရှည် ၁၂ မီတာရှိပြီးအလေးချိန် ၅၀ ကီလိုဂရမ်ရှိပြီးမီးတိုင် ၄၆ခုကိုချိတ်ဆွဲထားနိုင်ပါသည်။မီးတိုင်ကို၄မိနစ်ကနေ၆မိနစ်အထိဟန်ချက်ညီစွာထိန်းပြီးလက်ဖဝါး၊ပခုံး၊ခါးတို့ကိုလွဲပြောင်းပြီးယှဥ်ပြိုင်ကြပါတယ်။အကြီးဆုံးအဖွဲ့ကနေပြိုင်ပွဲဝင်များရဲ့ဂီတသမားများရဲ့တစ်ဦးချင်းပြိုင်ဆိုင်မှုကလည်းစိတ်ဝင်စားစရာကောင်းပြီး၊ပျော်ရွင်စရာကောင်းလှပါတယ်။

ဂျပန်ဘုရားကျောင်းများအကြောင်းမိတ်ဆက်ပေးခြင်း(Todaiji, Kofukuji, Toshogu, Sensoji-Asakusa, Famous Shrine in Japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဂျပန်ပွဲတော်များအကြောင်းဗဟုသုတ(Festival in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ