ဂျပန်နိုင်ငံရဲ့အိုကီနဝါနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Okinawa, Japan)

အိုကီနာဝါမြို့ကတော့ထိုင်ဝမ်နဲ့ဟွန်ရှူးကျွန်းကြားထဲမှာရှိပါတယ်။ဂျပန်ရဲ့ပိုင်နက်အတွင်းတည်ရှိပါတယ်။အိုကီနဝါရဲ့ရာသီဥတုကများသောအားဖြင့်အပူပိုင်းရာသီဥတုဖြစ်ပြီး၊ကျယ်ပြန့်သောပင်လယ်ကမ်းခြေ၊သန္တာကျောက်တန်းများနဲ့လှပနေပါသည်။ဂျပန်ရဲ့နေရာတော်တော်များကနေအိုကီနာဝါရဲ့လှပတဲ့ကမ်းခြေများကိုတကူးတကလာရောက်ကြပြီးအပန်းဖြေကြပါတယ်။ပင်လယ်ကမ်းခြေများနဲ့ဝန်းရံထားတဲ့အတွက်အရမ်းလှပပါတယ်။ဂျပန်ရဲ့အခြားနေရာတွေနဲ့မတူတဲ့စိတ်ဝင်စားစရာကောင်းတဲ့စားသောက်မှုပုံစံနဲ့အပူပိုင်းကြိုက်တဲ့ခရီးသွားများအတွက်အဆင်ပြေလှပါတယ်။ဂျပန်ရဲ့အပန်းဖြေနေရာလို့ပြောလို့ရအောင်လာရောက်တည်းခိုဖို့ဟိုတယ်များစွာနဲ့လည်ပတ်စရာများစွာရှိပါတယ်။

အိုကီနာဝါရဲ့စိတ်ဝင်စားစရာအကြောင်းအရာ

အိုကီနာဝါကဂျပန်ရဲ့ကျူရှူးဒေသမှာတည်ရှိပြီး၊ဂျပန်ရဲ့အနောက်ဘက်မှာတည်ရှိပါတယ်။အိုကီနာဝါရဲ့ဘေးပတ်လည်မှာလည်းလှပတဲ့ကျွန်းများစွာတည်ရှိပါတယ်။အိုကီနဝါရဲ့အစားအသောက်အနေနဲ့နာမည်ကြီးတာက「ゴーヤーチャンプルー」ကြက်ဟင်းခါးသီးကြော်ကိုကြိုက်နှစ်သက်တဲ့အသားတစ်မျိုးမျိုးနဲ့ကြော်စားတာဖြစ်ပါတယ်။「沖縄そば」ကလည်းနာမည်ကြီးပါတယ်။ခေါက်ဆွဲထက်ကြီးတဲ့ဆိုဘပေါ်မှာအသားပြားတင်ထားပြီးစားချင်စရာကောင်းလှပါတယ်။များသောအားဖြင့်ဝက်နံရိုး၊ဝက်သားပြားကိုအသုံးပြုပါတယ်။「スクガラス豆腐」ကတော့တိုးဖုပေါ်မှငါးကိုတင်ပြီး၊ငရုတ်သီး၊ကြက်သွန်မြိတ်နဲ့စားရတဲ့ထူးဆန်းတဲ့အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ရာသီဥတုအပူချိန်အနေနဲ့ခုနှစ်လပိုင်း၊ရှစ်လပိုင်းနဲ့ကိုးလပိုင်းသွားမယ်ဆိုရင်နှစ်ဆယ့်ငါးဒီဂရီ၊သုံးဆယ့်ဒီဂရီအထက်ရှိနိုင်တာကြောင့်ပင်လယ်ကမ်းခြေနဲ့လိုက်ဖက်ပါတယ်။အိုကီနာဝါရဲ့အလှကတော့ဂျပန်ကနေအခြားနေရာတစ်ခုရောက်သွားသလိုပင်လယ်ကမ်းခြေတွေနဲ့အပန်းဖြေဖို့အတွက်အသင့်တော်ဆုံးဖြစ်ပါတယ်။

အိုကီနာဝါရဲ့နာမည်ကြီးနေရာများ

တိုကျိုကနေအိုကီနာဝါအထိလေယဥ်စီးမယ်ဆိုရင်သုံးနာရီနီးပါးကြာမြင့်မှာဖြစ်ပါတယ်။လေယဥ်လက်မှတ်အနေနဲ့စျေးအသက်သာဆုံးယန်း၆၁၀၀ကနေ၁၄၂၁၀ယန်းအထိအသွားသက်သက်အပြန်အတွက်သက်သက်လေယဥ်လက်မှတ်စျေးဖြစ်ပါတယ်။ဟိုတယ်ခအနေနဲ့လည်းအခုလိုအချိန်ကမ်းပိန်းလုပ်နေတဲ့အတွက်တစ်ရက်တာတည်းခိုစရိတ်ကငါးထောင်အထက်ပဲကုန်ကျမှာဖြစ်ပါတယ်။အခန်းသီးသန့်စျေးနှုန်းဖြစ်ပါတယ်။「国際通り」ကစည်းကားတဲ့လမ်းမကြီးရှိပြီး၊စားသောက်ဆိုင်များ၊အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များနှင့်အိုကီနာဝါ၏အရသာကိုခံစားနိုင်သည့်အထွေထွေစတိုးဆိုင်များနှင့်အတူ၀န်းကျင်တွင်လမ်းလျှောက်ခြင်းနှင့်ဈေးဝယ်ခြင်းတို့ကိုပြုလုပ်နိုင်တဲ့နေရာဖြစ်တဲ့အတွက်ပျော်ရွင်စရာကောင်းလှပါတယ်။「真栄田岬(まえだみさき)・青の洞窟」ကတော့အပြာရောင်ပင်လယ်ထဲရေငုတ်တာတွေပြုလုပ်လို့ရတဲ့အတွက်လူကြိုက်များတဲ့နေရာဖြစ်ပါတယ်။「沖縄美ら海水族館」ငါးပြတိုက်ဖြစ်ပြီး၊ငါးမျိုးစုံပြသထားတဲ့နေရာဖြစ်ပြီး၊ပြတိုက်ဖွင့်ချိန်ကမနက်၈နာရီခွဲကနေညနေ၆နာရီခွဲအထိဖြစ်ပါတယ်။「古宇利島(こうりじま)」ကတော့အိုကီနာဝါရဲ့ဟွန်းဂျီမားကျွန်းမြောက်ဘက်မှာရှိတဲ့အစိမ်းရောင်ပင်လယ်ပတ်လည်ဝိုင်းထားတဲ့ရှစ်ကီလိုမီတာသာကျယ်ဝန်းတဲ့သေးငယ်တဲ့ကျွန်းဖြစ်ပါတယ်။ကိုအုရိတံထားကနေကားဖြင့်ပင်လယ်ကိုဖြတ်ပြီးသွားရတဲ့ကျွန်းဖြစ်ပါတယ်။ကမ်းခြေပတ်ဝန်းကျင်နားမှာရေကူးခြင်းများကိုလည်းပြုလုပ်လို့ရနိုင်ပါတယ်။

အိုကီနာဝါသွားတဲ့အခါကြိုတင်ပြင်ဆင်မှုများ

အိုကီနာဝါသွားမယ်ဆိုရင်ကြိုတင်ပြင်ဆင်ပြီးသွားသင့်ပါတယ်။လေယဥ်လက်မှတ်နဲ့ဟိုတင်အပါအဝင်ပြင်ဆင်ရမှာဖြစ်ပါတယ်။လေယဥ်လက်မှတ်ကိုလည်းမိမိသွားချင်တဲ့ရက်မှာစျေးနှုန်းအပြောင်းအလဲရှိနိုင်တဲ့အတွက်သေချာကြည့်သင့်ပါတယ်။လေယဥ်အပေါ်လိုက်ပြီးတော့လည်းစျေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်။ဟိုတင်အတွက်လည်း၁/၂/၃ရက်မိမိတည်းမယ့်ရက်အပေါ်မူတည်ပြီးစျေးနှုန်းကွာဟမှုရှိနိုင်တဲ့အတွက်ဂရုစိုက်သင့်ပါတယ်။နောက်တစ်ခုအရေးကြီးတာကနေရာတော်တော်များများကလှပတဲ့အတွက်မိမိသွားချင်တဲ့နေရာတွေကိုမှတ်ထားပြီးဘယ်အချိန်မှာဘယ်ကိုသွားမယ်ဆိုပြီးအစီအစဥ်လိုက်ရေးဆွဲထားသင့်ပါတယ်။ပြတိုက်တွေကြည့်မယ်ဆိုလည်းဖွင့်ချိန်ပိတ်ချိန်တွေကိုကြိုကြည့်ထားသင့်ပါတယ်။နောက်တစ်ခုကပြီးပြည့်စုံအောင်သွားနိုင်ဖို့ကားမောင်းတတ်မယ်ဆိုရင်ကားတစ်စီးဌားပြီးသွားတာအကောင်းဆုံးဖြစ်ပါတယ်။အိုကီနာဝါကအခြားနေရာနဲ့မတူညီတဲ့အတွက်ရောက်ခဲ့မယ်ဆိုရင်ရေကူး၊ရေငုတ်တာကိုအတွေ့အကြုံရအောင်ပြုလုပ်သင့်ပါတယ်။အိုကီနာဝါရဲ့အရသာရှိတဲ့အစားအစာကိုလည်းစားသောက်သင့်ပါတယ်။

ဟိုကိုင်းဒိုးနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Hokkaido, Japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဂျပန်နိုင်ငံရဲ့အိုကီနဝါနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Okinawa, Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ