ဂျပန်မှာရထားဘယ်လိုစီးမလဲ

ဂျပန်မှာ ရထားဘယ်လိုစီးကြမလဲ။ 

ဂျပန်ရဲ့ရထားကကမ္ဘာကနေစိတ်ဝင်စားခံရတဲ့ရထားများစွာရှိပါတယ်။နည်းပညာမြင့်မားပြီးပုံမှန်ထက်မြန်တဲ့ရထားတွေ၊ဂျပန်ရဲ့မြို့တစ်မြို့ကနေနောက်တစ်မြို့ကိုပုံမှန်အချိန်အကြာကြီးသွားရမယ့်နေရာမှာအမြန်ဆုံးသွားလို့ရမယ့်ကျည်ဆန်ရထားတွေလဲရှိပါတယ်။မြို့ထဲတစ်နေရာကနေနောက်တစ်နေရာသွားတဲ့အခါမှာလည်းရိုးရိုးရထား၊အမြန်ရထားအစရှိသဖြင့်ခွဲခြားထားပါတယ်။နောက်တစ်ခုအနေနဲ့ရထားကအမြဲတမ်းအချိန်မှန်ပြီးဆိုက်ရောက်တာကအံ့သြဖို့ကောင်းလှပါတယ်။ဘူတာဝန်ထမ်းတွေရဲ့မနက်ကနေညအထိကောင်းမွန်တဲ့ဝန်ဆောင်မှုနဲ့၊ဂျပန်ရဲ့နေရာတော်တော်များများကိုရထားနဲ့သွားရောက်နိုင်ပါတယ်။ဂျပန်ရဲ့နေ့စဥ်ဘဝရုံးတက်ရုံးဆင်းနဲ့အခြားကိစ္စတော်တော်များများမှာရထားကိုအသုံးပြုကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဓိက ဘတ်စ်ကားကိုအသုံးပြုကြပေမယ့် ဂျပန်နိုင်ငံမှာတော့ ရထားက အဓိကကျတဲ့ အများပြည်သူသုံးယဥ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်ရောက်လာရင် ရထားစီးရမလဲဆိုတာကို သိထားဖို့အင်မတန် အရေးကြီးပါတယ်။ နောက်ပြီး နယ်မြို့တွေမှာ ရထားစီးရတာလွယ်ကူပေမယ့် တိုကျိုလိုမြို့ကြီးတွေမှာတော့ ရထားလိုင်းတွေလဲ များပြားပြီး အင်မတန်ရှုပ်ထွေးပြီး ခက်ခဲလှပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ရထားစီးတဲ့အချိန်မှာ သိထာသင့်တဲ့ အခြေခံအချက်လေးတွေကို မျှဝေပေးသွားပါ့မယ်။ နောက်ပြီး ဂျပန်မှာ ရထားကိုအသုံးပြူတဲ့အချိန်မှာအသုံးဝင်မယ့် အချက်အလက်တွေအကြောင်းအရာတွေအပြင် ရထားစီးတဲ့အချိန်မှာ သိထားသင့်တဲ့ အမူအရာတွေ၊ ယဥ်ကျေးမှုတွေကိုပါ ရေးသားသွားပါ့မယ်။ 

မာတိကာ 

ရထားစီးပုံစီးနည်း

ဒါဆိုရထားဘယ်လိုစီးရမယ်ဆိုတာကို ပြောပြပေးသွားပါ့မယ်။ 

လမ်းကြောင်းဘယ်လိုရှာမလဲ။

ရထားစီးမယ် ဆိုကတည်းက လမ်းကြောင်း ဒါမှမဟုတ် ကိုယ်သွားချင်တဲ့နေရာကို သိထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ပထမဆုံး ကိုယ်သွားမယ့် နေရာရဲ့ အနီးဆုံးဘူတာ ကိုအရင်ရှာပါ။ အနီးဆုံးဘူတာ ကိုသိပြီဆိုရင် ကိုယ်စထွက်မယ့် ဘူတာနဲ့ သွားလိုတဲ့ ဘူတာကို လမ်းကြောင်းရှာထားဖို့လိုအပ်ပါတယ်။ ဒါဆို လမ်းကြောင်းရှာတဲ့အချိန်မှာ အနီးဆုံးဘူတာ ကိုဘယ်လိုစကားလုံးတွေနဲ့ရှာမလဲ? လူအများစုကတော့ Google ကနေ ရှာကြမယ်ထင်ပါတယ်။ Google ကနေရှာတဲ့အချိန်မှာ Keywords တွေထည့်လိုက်ရုံနဲ့ ရှာတွေ့နိုင်ပါတယ်။ ဥပမာ တိုကျိုတာဝါကိုသွားမည်ဆိုပါစို့။ တိုကျိုတာဝါ ရဲ့အနီးဆုံးဘူတာကို ရှာချင်ရင် 

東京タワー最寄り駅(もよりえき)tokyo tower nearest station အစသဖြင့် ဘာသာစကားအမျိုးမျိုးနဲ့ရှာဖွေနိုင်ပါတယ်။ ဒါမှမဟုတ် Google Map ကနေ တိုက်ရိုက် Tokyo Tower လို့ရိုက်ထည့်လိုက်ရင် သင်နဲ့ အနီးဆုံးဘူတာကနေ Tokyo Tower အထိ ရထားလမ်းကြောင်း၊ ကျသင့်ငွေတွေကိုပါတခါတည်းဖော်ပြပါတယ်။ရထားလမ်းကြောင်းရှာတဲ့အချိန် အသုံးဝင်တဲ့ အက်ပလီကေးရှင်းတွေလဲ အများကြီးရှိပါတယ်။ လူအသုံးများတဲ့ အက်ပလီကေးရှင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

လက်မှတ်ဘယ်လိုဝယ်မလဲ 

သွားရမယ့်နေရာ၊ ဘူတာလဲသိပြီဆိုတော့ လက်မှတ်ဝယ်ဖို့ လိုလာပါပြီ။ လက်မှတ်မပါပဲ ရထားစီးလို့မရပါဘူး။ ရထားလက်မှတ်ဝယ်ရပါတယ်။ မြန်မာပြည်မှတော့ ရန်ကုန်မြို့ပတ်ရထားဆိုရင် ဘူတာရုံးဝန်ထမ်းဆီမှာ ပြောပြီးဝယ်လို့ရပေမယ့် ဂျပန်မှာတော့ ကိုယ့်ဘာသာကိုယ်လက်မှတ် ဝယ်စက်မှာ ဝယ်ရပါတယ်။ သွားတဲ့ အကွာအဝေးအပေါ် မူတည်ပြီး လက်မှတ်စျေးလဲကွာသွားတာမို့ မိမိသွားလိုတဲ့နေရာအထိ လက်မှတ်စျေးနှုန်းကိုသိဖို့လိုပါတယ်။ လက်မှတ်စျေးနှုန်းကိုတော့ ဘူတာရဲ့ ဆိုင်းဘုတ်တွေမှာ၊ လက်မှတ်ဝယ်စက်တွေရဲ့ အပေါ်မှာ ကပ်ထားလေ့ရှိပါတယ်၊ မိမိသွားလိုတဲ့ဘူတာရဲ့ အောက်မှာ ဖော်ပြထားလေ့ရှိပါတယ်။ လက်မှတ်စျေးနှုန်းကိုသိရပြီဆိုပါက လက်မှတ်ဝယ်စက်မှာ လက်မှတ်ကိုထုတ်ပြီး ရထားစီးဖို့ သွားလို့ရပါပြီ။ နောက်ပြီး အရေးကြီးတဲ့အချက်တချက်က ခရီးစဥ် အစကနေ အဆုံးအထိ လက်မှတ်ကိုမပျောက်အောင် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ မတော်တဆ လက်မှတ်ပျောက်သွားရင် နောက်ထပ် ‌ရောက်သွားတဲ့ဘူတာမှာ လက်မှတ်ထပ်ဝယ်ရပြီး ပိုက်ဆံ နှစ်ခါကုန်တတ်ပါတယ်။ 

IC Card အသုံးပြုပြီးစီးခြင်း

နောက်ပိုင်း ဂျပန်မှာတော့ လက်မှတ် ဝယ်တဲ့ အချိန်သက်သာပြီး ရထားစီးရအဆင်ပြေတဲ့ IC Card တွေအသုံးပြုလာကြပါတယ်။ IC Card တွေကတော့ ငွေဖြည့်ထားရုံတဲ့ ရထား၊ဘတ်စ်ကား စတဲ့ အများပြည်သူသုံးယာဥ်တွေကိုအသုံးပြုလို့ရနိုင်တဲ့အပြင် စတိုးဆိုင်တွေမှာ စျေးတယ်တဲ့အချိန်တွေအထိပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြူနိုင်ပါတယ်။ နောက်ပြီး ငွေလဲ အလွယ်တကူဖြည့်နိုင်ပါတယ်။ ဘူတာမှာလဲဖြည့်နိုင်ပြီး တခြား ၂၄ နာရီစတိုးဆိုင်တွေမှာလဲငွေဖြည့်နိုင်ပါသေးတယ်။ IC Card တွေကို ဘူတာတွေမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။ 

မြို့အပေါ် လိုက်ပြီး အသုံးများတဲ့ IC Card အမျိုးအစားတွေလဲကွာခြားပါတယ်။ 

တိုကျိုမှာလူအသုံးများတဲ့ IC Card တွေကတော့ 

အိုဆာကာမှာ အသုံးများတဲ့ IC Card တွေကတော့ 

လက်မှတ်မှားဝယ်မိရင်ဘယ်လိုလုပ်မလဲ?

 IC Card ကိုအသုံးပြုတဲ့အချိန်မှာတော့ ဒီလိုမျိုးမရှိပေမယ့် လက်မှတ်ဝယ်ပြီးစီးတဲ့အချိန်မှာတော့ စျေးနှုန်းအကြည့်မှားပြီး လက်မှတ်ဝယ်မိတာဖြစ်စေ၊ လက်မှတ်ဝယ်ထားတဲ့ ဘူတာနဲ့ ဆင်းချင်တဲ့ ဘူတာ မတူတော့ဘဲ အစီအစဥ်ပြောင်းသွားတဲ့ ဖြစ်စေ အဲလိုအချိန်မှာဆို လက်မှတ်နဲ့စီးတဲ့သူတွေအဖို့ အဆင်မပြေမှုတွေရှိတတ်ပါတယ်။ ဘာလို့လဲဆို ဂျပန်မှာက ဘူတာအကွာအဝေးအပေါ်မူတည်ပြီး လက်မှတ်စျေးနှုန်းကွာလို့ဆိုတာကို အပေါ်မှာလဲပြောခဲ့ပြီးသားဖြစ်ပါတယ်။ ဒါဆို အဲလိုအခြေအနေမျိုးမှာဘယ်လိုလုပ်မလဲ။ ဒီလိုအခြေအနေမျိုးမှာဆို မိမိ ဆင်းမယ့် ဘူတာ မှာ လက်မှတ်စျေးနှုန်းကိုပြောင်းတဲ့ စက်ရှိပါတယ်။ ဂျပန်လိုတော့ 精算機(せいさんき)လို့ခေါ်ပါတယ်။ ဒီစက်မှာ မလောက်တဲ့ ပမာဏ ကို ထပ်ပေးပြီး ဘူတာကနေ ထွက်လို့ရပါတယ်။ တကယ်လို စစ်အသုံးပြုပုံနဲ့ပတ်သက်ပြီးဖြစ်စေ၊ ဘာသာစကားအပိုင်း အခက်အခဲရှိခဲ့ပါက အနီးနားမှာရှိတဲ့ ဘူတာရုံဝန်ထမ်းကို လှမ်းခေါ်ပြီးအကူအညီတောင်းနိုင်ပါတယ်။ ဂျပန်နိုင်ငံက ဘူတာရုံဝန်ထမ်းတွေက အင်မတန်သဘောကကောင်းပြီး ကူညီတတ်ကြပါတယ်။ 

ရထားစီးတဲ့အချိန် သိထားသင့်တဲ့အမူအကျင့်များ

တန်းစီပါ 

ဂျပန်နိုင်ငံမှာတော့ ဘယ်နေရာမှာမဆို တန်းစီတဲ့စနစ်ရှိပါတယ်။ ရထားစီးတဲ့အချိန်မှာလဲ တန်းစီရပါတယ်။ လက်မှတ်ဝယ်ပြီး စီးရမယ့် ပလက်ဖောင်းကိုသွားပြီး ရထားအလာကိုစောင့်ရပါမယ်။ ပလက်မောင်း အများကြီးရှိတဲ့ ဘူတာကြီးတွေလဲရှိသလို ပလက်ဖောင်းတစ်ခုပဲရှိတဲ့ ဘူတာတွေလဲရှိပါတယ်။ မိမိသွားရမယ့် ဘူတာကိုရှာတဲ့အချိန်မှာ ဘယ်ပလက်ဖောင်းကနေစီးရမလဲဆိုတာ တခါတည်းပါပြီးသားမို့လို့ သေချာ ကြည့်ပါ။ ပလက်ဖောင်းမှားစီးရင် မိမိသွားလိုတဲ့နေရာကို မရောက်ဖြစ်တတ်ပါတယ်။ ပလက်ဖောင်းမှာ တန်းစီးတဲ့အချိန်မှာလဲ သတ်မှတ်ထားတဲ့ မျဥ်အတွင်း ကနေ တန်းစီးဖို့လိုပါတယ်။ ရထားလမ်းက နီးကပ်ကပ်မှာ တန်းစီမယ်ဆိုရင် နည်းနည်းအန္တာရယ်များလို့ အတွင်းဘက်ကနေ ဝင်ပြီး တန်းစီဖို့သတ်မှတ်ထားပါတယ်။

အသက်ကြီးတဲ့သူနဲ့ မသန်စွမ်းတဲ့သူ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ဦးစားပေးပါ 

 ရထားစီးတဲ့အချိန်မှာလဲ ရထားကြပ်တဲ့အချိန်မှာဆို လူကြီးတွေ၊ မသန်စွမ်းသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးသင့်ပါတယ်။ ဦးစားပေးထိုင်ခုံတွေကိုအသုံးပြူတော့မယ်ဆိုရင် သတ်မှတ်ထားတဲ့သူတွေရထားထဲဝင်လာပါကထိုင်ခုံကနေ ဖယ်ပေးသင့်ပါတယ်။ နောက်ပြီး ဒီအတိုင်း နေမကောင်းတဲ့သူတွေကို အမြင်နဲ့ ဆုံးဖြတ်လို့မရတဲ့အခြေအနေတွေရှိပါတယ်။ ဂျပန်မှာတော့ အစိုးအရကနေ Help Mark တွေထုတ်ထားပါတယ်။ ဒါ‌ကြောင့် ဒိလိုအမှတ်အသားတွေကိူ မြင်ရင် ထိုင်ခုံနေရာပေးလိုက်တာဟာ ကောင်းမွန်တဲ့ အမူအရာပါ။ 

အမျိုးသမီးသီးသန့်ရထားတွဲများ 

ဂျပန်မှာတော့ တချို့နေရာတွေမှာ အမျိုးသမီးသီးသန့် ရထားတွဲတွေရှိပါတယ်။ အမျိုးသမီးသီးသန့်ရထားတွဲတွေတော့ သာမန်အမျိုးသားတွေ စီးခွင့်မရှိပါဘူး။ ကျန်းမာရေးအခြေအနေ မကောင်းမွန်တဲ့သူတွေ မူလတန်းကလေးတွေမျှသာ အသုံးပြုခွင့်ရှိပါတယ်။ ဒီလိုမျိုးသတ်မှတ်ချက်တွေကလဲ အချိန်သတ်မှတ်ချက်တွေရှိပါတယ်။ ရထားလိုင်းအပေါ်မူတည်ပြီး ကန့်သတ်ချက်တွေ ကွာခြားနိုင်ပါတယ်။ 

ရထားတွဲ အတွင်း စကားကျယ်ကျယ်မပြောပါနဲ့။ 

ရထားတွဲအတွင်းမှာတော့ စကားတိုးတိုးပြောလေ့ရှိပြီး ဖုန်းလဲပြောလေ့မရှိပါဘူး။ ဒါကြောင့် ရထားစီးတဲ့အချိန်မှာ စကားကိုတိုးတိုးပြောပြီး ဖုန်းကို Silent Mode တင်ထားသင့်ပါတယ်။ 

ဒီအထိရောက်လာရင်ဂျပန်မှာရထားဘယ်လိုစီးရမလဲဆိုတာနဲ့ ရထားစီးတဲ့အချိန်မှာ သိသင့်တဲ့ အမူအရာတွေကို သိပြီထင်ပါတယ်။ ဒီဆောင်းပါးက ဂျပန်ကိုလာပြီး ရထားပထမဆုံးစီးတဲ့အချိန်မှာ အသုံးဝင်မယ်လို့ထင်ပါတယ်။ ရထားစီးတဲ့အချိန်မှာ လိုက်နာသင့်တဲ့ အမူအကျင့်လေးတွေကို ကြိုတင်ဖတ်သွားရင်လဲ အသုံးဝင်တာမို့ ရထားစီတဲ့အချိန်မှာ ဒီဆောင်းပါးက အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ လမ်းပန်းဆက်သွယ်ရေး/ ဂျပန်မှာရထားဘယ်လိုစီးမလဲ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ